← Chapters

ရဲစွမ်းသတ္တိရှိသောလူငယ်

Vol. 8 Ch. 144

ရဲစွမ်းသတ္တိရှိသောလူငယ်

Vol. 8 Ch. 144

သားဖြစ်သူရှာမတွေ့သဖြင့် ဟန်မုသည် စိန်ခေါ်မှုကိုကြည့်ချင်စိတ်လည်း မရှိပေ။ သူသည် မျက်မှောင်ကြုတ်ပြီး ထိုအလိုက်မသိသည့်အဖွဲ့ဝင်ကို အပြစ် ပေးတော့မည်အပြုတွင် ထိုအဖွဲ့ဝင်ပြောသည့်စကားကိုကြားလိုက်ရသည် “အဲဒီကောင်လေးနာမည်က ပေယဲ့ဆိုပြီး နှင်းဝံပုလွေကြေးစားအဖွဲ့ကလူတွေ ပြောတာကြားလိုက်တယ်.. သူက ဝိညာဉ်ခွဲတောင်ကြားမှာ နှင်းဝံပုလွေ ကြေးစားအဖွဲ့ကိုကယ်ခဲ့တာပဲ.. အဲဒီနေရာက သခင်လေးတို့သွားခဲ့တဲ့နေရာ မလား”

ထိုအဖွဲ့ဝင်ကို နှင်းဝံပုလွေကြေးစားအဖွဲ့၏ လှုပ်ရှားမှုများကို စောင့်ကြည့် ရန် ဟန်မုမှလွှတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်နှင့်တိုင်နွန်တို့ ချင်းယွိကို အစီရင်ခံသည့်အကြောင်းများကိုပါ မကျန်ဘဲတင်ပြလေသည်။ ခေါင်းဆောင်နှင့် တိုင်နွန်တို့ ပေထင်းဟွမ်အပေါ်ထားရှိသည့် စိတ်အားထက် သန်လှသည့် လေးစားမှုကိုပင် သူ မြင်နေရသည်။ သူသည် ဟန်မုကို အားလုံး တင်ပြလေသည်။

“သခင်ကြီး ဒီအရူးနှစ်ယောက်အားနဲ့ဆိုရင် သခင်လေးနဲ့ အကြီးအကဲတို့ ကို ထိခုက်အောင်လုပ်ဖို့က မဖြစ်နိုင်ဘူး.. တစ်ဖက်မှာ သခင်ပေယဲ့ရဲ့ ခွန်အား ကလည်း အဲလောက်သန်မာနေတာမဟုတ်ဘူး.. သူက လှည့်ကွက်များပြီး ကောက်ကျစ်တာသိသာတယ်.. သခင်ကြီး ဘာလို့ကိုယ်တိုင်သွားမကြည့်ရမှာ လဲ”

ထိုလူသည် အမှန်တရားကို မတော်တဆဖော်ထုတ်မိသွားသည်ဟု ပြောရ သည်။

သားဖြစ်သူ၏ပျောက်ဆုံးမှုကြောင့် ပူပန်နေသည့် ဟန်မုသည် ထိုစကား ကိုကြားသောအခါ အော်လေသည် “သွားမယ်” သူသည် ကွင်းပြင်ဆီသို့ ပြေး သွားလေသည်။

နှင်းဝံပုလွေကြေးစားအဖွဲ့နှင့် ရေနက်ကြေးစားအဖွဲ့တို့ အတူတကွ ရပ်နေကြသည်ကို အဝေးမှ သူမြင်နေရသည်။ ရေနက်ကြေးစားအဖွဲ့၏ ခေါင်းဆောင်ဟွမ်ယွမ်တွင် မုတ်ဆိတ်ရှိပြီး ဆံပင်တိုများမှာ ထောင်လျက်ရှိ သည်။ သူ၏တိုလှသောအင်္ကျီသည် ဝက်ဝံနှင့်တူသောခန္ဓာကိုယ်ကြီးကို ရစ်ပတ် ထားသည်။ သူ၏ကျောတွင် လေးလံသောဓားကြီးရှိပြီး သူ၏ လက်ဖဝါးမှာ ကြိမ်ယပ်တောင်နှင့်တူသည်။ သူသည် ချင်းယွိ၏ခန္ဓာကိုယ်ကို ညင်သာစွာပုတ် ပြီး ပြုံးကာစကားပြောနေသည်။

ချင်းယွိသည် အဖြူရောင်ဝတ်ရုံရှည်ကြီးဝတ်ထားသည်။ သူသည် ချောမောပြီး သန်မာသလို စိတ်သဘောထားမှာလည်း ထူးခြားသည်။ ခေါင်းဆောင်နှင့် တိုင်နွန်တို့သည် သူ့ကိုဘေးနှစ်ဖက်မှ ဝန်းရံထားရာ သူ့ကို ပို ထူးခြားစေသည်။ သားဖြစ်သူသည် နှင်းဝံပုလွေကြေးစားအဖွဲ့လက်ထဲတွင် သေဆုံးသွားသည်ဟု ဟန်မုတွေးမိလိုက်ချိန်တွင် သူ့နှလုံးသားကို ဓားနဲ့ အပိုင်း ပိုင်းလှီးလိုက်သလိုပင်။ သူသည် နှင်းဝံပုလွေကြေးစားအဖွဲ့ကိုလည်း သူ့သား နောက်လိုက်ခိုင်းမည်။

ဟန်မုသည် မှော်သားရဲတောထဲတွင် ၇ ရက်တိုင်တိုင်ရှာခဲ့သည်။ သူသည် ဝိညာဉ်ခွဲတောင်ကြားတစ်ခုလုံးကို ရှာခဲ့သည်။ ဝိညာဉ်တောင်တန်းအနက်ထဲထိ ပင် ရောက်သည်။ သူသည် သားဖြစ်သူအသက်ရှင်မည့်အရေးကို လက်လျှော့ ထားသည်မှာ ကြာပြီဖြစ်သည်။ အဖွဲ့ငယ်လေးတစ်ဖွဲ့သည် အစအနမရှိ ပျောက် သွားခဲ့သည်။ လုံးဝအပြတ်ရှင်းခံလိုက်ရသည်မှတပါး တခြားဖြစ်နိုင်ခြေကို စဉ်းစားမရပေ။

“အစ်ကိုကြီး အစ်ကိုပေယဲ့ကိုသိတယ်ပေါ့.. ကျွန်တော်နဲ့သူ့ကိုလည်း မိတ်ဆက်ပေးလေ.. အဲလိုမျိုးရဲစွမ်းသတ္တိရှိတဲ့လူငယ်ကို ကျွန်တော် မသိခဲ့ဘူး”

ဟွမ်ယွမ်၏အသံသည် လူအုပ်ထဲမှထိုးထွက်လာသည်ကို အဝေးမှနေ၍ ဟန်မုကြားလိုက်ရသည်။ သူသည် နှာမှုတ်ကာ ကွင်းအလယ်တွင်ရပ်နေသော ပိန်ပါးသည့်ပုံရိပ်ကို စိုက်ကြည့်နေသည်။ ၁၄ နှစ်အရွယ်ကောင်လေးက ဒီမှာ သေတော့မှာကို ဘာရဲစွမ်းသတ္တိရှိတာတွေ လာပြောနေတာလဲ။

ထို့အပြင် လန်ချန်ဖုန်း၏နာမည်သည် ရာယာအင်ပါယာတစ်ခုလုံးတွင် ပျံ့နေပြီးသားဖြစ်သည်။ ပေယဲ့၏နာမည်မှာ.. သူပင် မကြားဖူးပေ။

ထိုကောင်လေးသည် သားဖြစ်သူပျောက်ဆုံးမှုနှင့် ပတ်သက်လိမ့်မည်ဟု တွေးမိသည်နှင့် ဟန်မုသည် ပေထင်းစွမ်အားကြည့်ကာ ဟွမ်ယွမ်အား ပြုံးပြီး ပြောလေသည် “ဘာလဲ အစ်ကိုကြီးဟွမ်ယွမ် ဒီကောင်လေးကို ရေနက် ကြေးစားအဖွဲ့အတွက် ဧည့်သည်အကြီးအကဲအဖြစ်ခန့်ချင်လို့လား”

ကြေးစားအဖွဲ့အတွင်းတွင် ဧည့်သည်အကြီးအကဲ၏ လုပ်ပိုင်ခွင့်သည် ပုံမှန်အကြီးအကဲထက်ပင် ပိုကြီးမားသည်။ ၎င်းသည် ဒုတိယ်ခေါင်းဆောင် ရာထူးကဲ့သို့ပင်။ သူတို့သည် ကြေးစားအဖွဲ့ငယ် ၁၀ ဖွဲ့ကို စည်းရုံးနိုင်ခွင့်နှင့် တိုက်ကြီးရှိ ကြေးစားအဖွဲ့များ၏ အရင်းအမြစ်ကို ခံစားခွင့်ရှိသည်။ သို့သော် ပုံမှန်အချိန်များတွင် ကြေးစားအဖွဲ့၏တာဝန်များကို ပါဝင်ခွင့်မရှိပေ။ သူတို့ သည် ကြေးစားအဖွဲ့အန္တရာယ်များသည့်အချိန်မှသာ လှုပ်ရှားကြရသည်။

ထိုလူသည် လုပ်ပိုင်ခွင့်များကို ခံစားရသော်လည်း တာဝန်များကို ဖြည့်ဆည်းရန်မလိုပေ။ ဤကဲ့သို့ရာထူးမျိုးကို အလွန်အမင်းအားကောင်းပြီး၊ ရာထူးနှင့် စွမ်းအားရှိသူများကိုသာ ပေးအပ်သည်။ ပေထင်းဟွမ်ကဲ့သို့ အမည် မသိလူငယ်တစ်ဦးကို ဧည့်သည်ရာထူးပေးအပ်မည်မှာ ဟာသတစ်ပုဒ်သာဖြစ် သည်။

***

All Chapters