ရေနက်အဖွဲ့၏တရားဝင်ဧည့်သည် *
Vol. 8 Ch. 145
ဟန်မုသည် ပေထင်းဟွမ်နှင့်ဟွမ်ယွမ်အား ပြက်ရယ်ပြုချင်သဖြင့် ထိုသို့ ပြောခြင်းဖြစ်၏။ ဟွမ်ယွမ်သာ ပေထင်းဟွမ်ကို ရေနက်ကြေးစားအဖွဲ့၏ ဧည့်သည်အကြီးအကဲအဖြတ် ဖိတ်ကြားပါက သူ့ဦးနှောက်သည် ကြော်လိုက်ရုံ သာရှိတော့မည်။
မထင်မှတ်စွာပင် ဟွမ်ယွမ်သည် ဟန်မု၏စကားလုံးများထဲမှ ပေါ့ပျက် ပျက် လှောင်ပြောင်မှုကို သတိထားမိပုံမရပေ။ အစောကတောက်ပနေသည့် မျက်လုံးများသည် စင်ပေါ်မှပေထင်းဟွမ်၏ ပုံရိပ်တွင်စွဲကပ်နေသည်။ ထို အကြည့်မှာ ထောင်ပေါင်းများစွာသော တောင်များကို သွားလာပြီး နောက်ဆုံး တွင် သူရှာနေသည့်ရတနာတစ်ပါးကိုတွေ့လိုက်ရသလိုပင်။ သူသည် လက်မလွှတ်ချင်ပေ။ သူ့မျက်လုံးမှတောက်လောင်သောမျက်နှာထားသည် ကြောက်မက်ဖွယ်ကောင်းလေသည်။ ဒီလိုရတနာကြီးကို ဘာလို့ ရှင်းပစ်ရမှာ လဲ။
သူ ကြည့်လေလေ ဟွမ်ယွမ်သည် စိတ်လှုပ်ရှားလေဖြစ်သည်။ အတိတ် ကို လျစ်လျူရှုပြီး ဟန်မု၏ပခုံးကို တစ်ခုလုံးကျွံကျသွားမတတ် သူ၏ အသားမာတက်နေသော လက်ဖြင့်ရိုက်လေသည်။ “အိုး ခင်ဗျားပြောမှ ကျုပ် သတိရတော့တယ်… အဲဒီအကြံလည်းကောင်းတာပဲ ဧည့်သည်အကြီးအကဲ… ဟုတ်တယ် ဧည့်သည်အကြီးပဲ.. သခင်ပေယဲ့ကို ကျုပ်တို့ကြေးစားအဖွဲ့ရဲ့ ဧည့်သည်အကြီးအကဲဖြစ်လုပ်ဖို့ နည်းလမ်းရှာရမယ်”
ဒီလူကြီးက ရူးများနေသလား။ ပခုံးပေါ်မှ နာကျင်မှုကိုလျစ်လျူရှုပြီး ဟန်မုသည် ဟွမ်ယွမ်အား ငတုံးတစ်ယောက်ကိုကြည့်လေသည်။ သူ ထင်ယောင်ထင်မှားဖြစ်နေသလားဟု တွေးပြီး မယုံကြည်စွာဖြင့် မေးလေသည် “တကယ်ကြီးပြောနေတာလား”
ဖြန်း…
နောက်ထပ်ပျော်ရွှင်သော ရိုက်ချက်… ဟန်မု၏ခန္ဓာကိုယ် တစ်ဝက်မှာ ပုဝင်သွားလေသည်။ သူ၏ပခုံးမှာနာကျင်မှုကြောင့် ပူလောင်သွားလေသည်။ သို့သော် ဟွမ်ယွမ်၏ ရူးသွပ်သည့်ခံစားချက်ကိုမြင်သောအခါ ဦးနှောက်တွင် ဝက်အူချောင်နေသည့် ဤလူကြီးနှင့် ငြင်းခံရသည်မှာ သူလည်း တစ်ခန်းလွတ် သွားသလိုခံစားလိုက်ရသည်။
ဟွမ်ယွမ်သည် မိုက်ကန်းခြင်းမဟုတ်သလို ရူးလည်းမရူးပေ။ သေချာတာ တော့ သူသည် ဟန်မု၏အတွေးကိုသိသည်။ ဟန်မုမှ ဦးနှောက်ခြောက်ရန် ကြပ်နေချိန်တွင် သူသည် ဟန်မုကို အကောင်းမကြိုက်တတ်သည့်အတွက် အထင်သေးမိသည်။ အဲဒါကြောင့် သူက နှင်းဝံပုလွေကြေးစားအဖွဲ့ ဖိနှိပ်တာကို နှစ်ပေါင်းများစွာခံနေရတာ။ တကယ်တော့ သူ၏ ခွန်အားသည် ရေနက်အဖွဲ့နှင့် မယှဉ်နိုင်ပေ။ ထို့အပြင် ရေနက်အဖွဲ့သည် နာမည်ရလာသည်မှာ ၅ နှစ်၊ ၆ နှစ် သာရှိပြီး ရှင်းထျန်အဖွဲ့၏နောက် ၁၀ နှစ်ကျော်မှ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ဟွမ်ယွမ်ဦးဆောင်သော ရေနက်ကြေးစားအဖွဲ့သည် ပင်မတိုက်ကြီးတွင် အဓိကကြေးစားအဖွဲ့ကြီးသုံးဖွဲ့မှ တစ်ဖွဲ့ဖြစ်သည်။ သူသည် ဓားသခင်အဖြစ် မွေးဖွားခဲ့သော်လည်း ကြေးစားအဖွဲ့ကို ဤတိုက်၏ထိပ်ဆုံးရောက်အောင် ဆွဲခေါ်နိုင်ခဲ့သည်။ ဤလူ၏ စိတ်သထောထားနှင့် ခွန်အားကို မှန်းကြည့်၍ရနိုင် သည်။
သူသည် ပေထင်းဟွမ်၏ အလားအလာကို စိတ်ဝင်စားသည်။ သူသည် ၁၄ နှစ်အရွယ် ကြယ် ၄ ပွင့်ဝိညာဉ်သခင်ကြီးဖြစ်သည်။ ပြီးခဲ့သည့် နှစ်တစ်သောင်း အတွင်း၌ ဤတိုက်ကြီးတွင် သူမအကြောင်းကို မကြားဖူးခဲ့ပေ။ ထို့အပြင် သူသည် ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီးကို တိုက်ခိုက်ရန် မာနနှင့်သတ္တိရှိသည်။ ဤကဲ့သို့ သဘောထားနှင့် သူသည် အနာဂတ်တွင် ဤတိုက်၏ထိပ်ဆုံးတွင် ရပ်တည်နိုင်မည်လား။
၆ နှစ်အတွင်းတွင် ဤကောင်လေးသည် ကောင်းကင်အဆင့်သို့ တက်နိုင် သည်။ ထိုအချိန်တွင် သူသည် ညအရှင်အားယှဉ်နိုင်သည့် ပြိုင်ဘက်ကင်းပါရမီ ရှင်ဖြစ်နိုင်သည်။
ထို့အပြင် သူ၏ထူးခြားသောအသွင်အပြင်နှင့် မျက်နှာပေါ်မှ မျက်နှာဖုံးကို ကြည့်လျှင် အားကောင်းသောနောက်ခံရှိနိုင်သည်။ ဤကဲ့သို့ လူနှင့် ရင်းနှီးမှု ရယူထားလျှင် ရေနက်ကြေးစားအဖွဲ့အတွက် အကျိုးကျေးဇူးရှိနိုင်သည်။
“ဦးလေးယွမ် သူ ခဏနေဆင်းလာရင် အတူသွားရှာကြတာပေါ့.. ကျွန်တော်လည်း သူ့ကိုပြောစရာရှိနေတာ” ချင်းယွိသည် ပြုံးပြီးပြောလေ၏။ နှင်းဝံပုလွေကြေးစားအဖွဲ့သည် ထိုလူငယ်ကို ကျေးဇူးကြွေးတင်နေသည်။ သို့သော် ချင်းယွိသည် သူ့ကို ကျေးဇူးအကြောင်းမပြောချင်ပေ။ သူသည် ရှောင်ကျို့နှင့် ဆင်သည်။ ထို့ကြောင့် သူသည် ရှောင်ကျို့ကဲ့သို့ တည့်တိုးပြော တတ်သောလူပင်ဖြစ်လိမ့်မည်။
တစ်စုံတစ်ဦးကို နှလုံးသားနှင့်မိတ်ဖွဲ့ခြင်းသည် ကျေးဇူးဆပ်သည်ထက် သာလွန်သည်။
“ဟင်း သူ အပေါ်ကနေ ဆင်းလာနိုင်မှပြောပါဦး” ဟန်မုသည် နှာမှုတ်လေ သည်။ ဟွမ်ယွမ်နှင့် ချင်းယွိတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ပြီး လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ဟန်မုသာ မကျေနပ် စရာတစ်စုံတစ်ခုပြောလာပါက ထိုနေရာတွင် လဲကျသွားအောင်လုပ်ပစ်မည်။
ကံကောင်းစွာပင် ဟန်မုသည် သူ့ကိုယ်သူ ထိန်းချုပ်နိုင်သည်။ သူသည် ဤနှစ်ယောက်နှင့် ငြင်းခုံနေရန်မလိုဟု ခံစားမိသည်။ နောက်ဆုံးရလဒ်သည် သူတို့ကို “ထိတ်လန့်” သွားစေလိမ့်မည်။ ထိုသို့ဖြစ်သည့်အချိန်မှ သူတို့မျက်နှာ ကို သွားကြည့်လိုက်ဦးမည်။
***