လေနှင့်တိမ်တိုက်များ ပြောင်းလဲခြင်း *
Vol. 8 Ch. 146
“ဘေးဖယ် ဘေးဖယ် မြို့ဝန်ထွက်လာပြီ”
မြို့ဝန်အိမ်တော်၏ ဝင်ပေါက်မှ ဗဟိုရင်ပြင်သို့သွားရာလမ်းတွင် လူအုပ် ကြီးသည် ဘေးနှစ်ဖက်သို့ နောက်ဆုတ်ပြီး လမ်းဖန်တီးပေးလေသည်။ သားဖြစ်သူမုယန်းသည် မြို့ဝန်မုဖုန်းကို အဖော်ပြုကာ လျင်မြန်စွာလျှောက်လာ သည်။ သူသည် တိုက်ပွဲကို ကြည့်ရန်လာသည်မှာ ထင်ရှားလွန်းသည်။ သူတို့ အနောက်တွင် ကြီးမားသောလူအုပ်ကြီးရှိသည်။ သူတို့အားလုံးသည် မှော်သားရဲ ခံတပ်၏ နာမည်ကြီးမျက်နှာဖုံးများဖြစ်သည်။ မုယန်းသည် လန်ချန်ဖုန်းနှင့် သဘောတူညီချက်ယူပြီးနောက် မုဖုန်းဆီသို့ အမြန်ပြေးကာ တင်ပြသည်။ အိမ်တော်တွင် အခမ်းအနားလာတက်သောလူများသည် နိုးနိုးကြားကြားရှိနေ သည်။
“မိုးနတ်မင်းရေ မြို့ဝန်တောင်မှ သတိပေးနေတယ်”
လူအုပ်သည် အော်ဟစ်ပြီး မြို့ဝန်၏ ရောက်ရှိမှုကို လက်ခုပ်များတီးကာ ကြိုဆိုကြသည်နှင့် မုဖုန်းသည် အားလုံးဆီသို့ လက်သီးဆုပ်ဖြင့် အရိုအသေပြန် ပြုသည်။ သူ၏လက်အောက်ငယ်သားနှစ်ယောက်သည် ဧရိယာကိုထိန်းချုပ်ပြီး အသံတိတ်ရန် လက်ဟန်ဖြင့်ပြလေသည်။ “အားလုံးပဲ တိတ်တိတ်နေပေးကြပါ သခင်ပေယဲ့နဲ့ သခင်လန်ချန်ဖုန်းတို့ တစ်ဦးချင်းတိုက်ပွဲကို မနှောင့်ယှက်ကြပါနဲ့”
မြို့ဝန်မုဖုန်းသည် ပေယဲ့၏နာမည်ကို လန်ချန်ဖုန်း၏နာမည်ရှေ့မှ ထုတ် ပြောလေသည်။ ဤသည်မှာ သူသည် သခင်ပေယဲ့ကို သခင်လန်ချန်ဖုန်းထက် တန်ဖိုးထားသည်ဟု အချက်ပြလိုက်ခြင်းဖြစ်သည်။ အားလုံးသည် စိတ်ထဲတွင် သံသယများမြင့်တက်သွားသည်။ ဒီကောင်လေးရဲ့ သရုပ်မှန်ကဘာလဲ။ သူက မြို့ဝန်ကိုတောင် ခွဲခြားဆက်ဆံအောင် လုပ်နိုင်တယ်။
မြို့ဝန်ငယ်မုယန်းသည် ထိုလူငယ်ကို တံခါးပေါက်ထိ ကိုယ်တိုင်သွားကြို ခဲ့သည်ကို တချို့လူများမှတ်မိသေးသည်။ လူအများ မရဖူးသည့် ဂုဏ်တစ်ခုပင် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်အားကြည့်သည့်အကြည့်များ ပြောင်း သွားကြတော့သည်။ သို့သော် ကြယ် ၁ ပွင့်ဝိညာဉ်သခင်ကြီးသည် ကြယ် ၇ ပွင့် ဝိညာဉ်သခင်ကြီးကို နိုင်ပါ့မလားဟု အားလုံးသိချင်နေကြသည်။
ကိုယ့်ထက်အဆင့်မြင့်သူများကို စိန်ခေါ်ဖူးခြင်းမျိုး ရှိကြသော်လည်း အဆင့် ၅ ဆင့်အထက် ကွာခြားနေသည်မှာတော့ အနည်းငယ်ကြောက်စရာ ကောင်းသည်။
အခမ်းအနားသို့လာကြသူများအားလုံး ရောက်နေပြီဖြစ်သည်။ ရင်ပြင် တစ်ခုလုံးမှာ အဆင့်အတန်းမြင့် စွမ်းအင်များပြည့်နှက်နေသည်။ စူးရှသော မျက်လုံးတစ်စုံသည် ရင်ပြင်ထဲမှလူနှစ်ယောက်ဆီသို့ ရောက်နေကာ မျှော်လင့် ချက်အပြည့်ဖြင့် စောင့်နေသည်။ လန်ချန်ဖုန်း၏ စိတ်မှာ အတော်ပင် ကျေနပ် သွားသည်။ သူသည် မျက်နှာချင်းဆိုင်တွင်ရှိသော လူငယ်ကို ကြမ်းကြုတ်စွာ ကြည့်လိုက်သည်။ ပေထင်းဟွမ်၏စိတ်သည် လေနှင့်ရေကဲ့သို့ ငြိမ်နေကာ မျက်နှာမှာလည်း မလှုပ်မယှက်ရှိသဖြင့် သူ့စိတ်ထဲမှ နှာမှုတ်မိသည်။ ဟန်ဆောင်နေ.. ဟန်ဆောင်နေလိုက် ဆက်ဟန်ဆောင်နေလိုက်.. ခဏနေရင် မင်း မြေပေါ်ကို မျက်ရည်စက်လက်နဲ့ ဒူးထောက်ပြီး ငါ့ကို အဘိုးလို့ခေါ်စေရ မယ်။
ရုတ်တရက်ဆိုသလိုပင် တစ်ဖက်လူ၏ မည်းနက်နေသောမျက်လုံးထဲမှ စူးရှသောအကြည့်ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် ပေထင်းဟွမ် တစ်ကိုယ်လုံး၏ရောင်ဝါသည် အလွန်တရာကြီးမားစွာ ပြောင်းလဲသွားလေ၏။ မူကတည်ငြိမ်သော လူငယ်သည် သံမဏိသွေးရောင်ဝါဖြင့် ပြည့်နှက်သွား၏။ စစ်မြေပြင်မှ စစ်သည်၏ရောင်ဝါသည် တလိပ်လိပ်တက်လာပြီး အားလုံး၏ မျက်လုံးထဲတွင် ပေါ်လာလေသည်။
ချက်ချင်းဆိုသလိုပင် အားလုံးသည် သူမကို တောင်လောင်သော မျက်လုံး များဖြင့် ကြည့်ကြလေသည်။ လန်ချန်ဖုန်း၏ပုံရိပ်သည် မဆိုးလှပေ။ သို့သော် ပေထင်းဟွမ်နှင့်ယှဉ်လျှင် ရင်ပြင်မှမိန်းကလေးများ၏ နှလုံးသားသည် သူတို့၏ ကိုယ်ခံပညာသိုင်းအဆင့်ကိုပင် မေ့မေ့ပျောက်ပျောက်ဖြစ်စေသည်။ ခြွင်းချက် မရှိဘဲ သူတို့အားလုံးသည် ဘေးထင်ဟွမ်ဘက်မှလိုက်ပြီး အော်ကြလေသည် “သခင်ပေယဲ့ ကြိုးစားထား”
“သခင်ပေယဲ့က အရမ်းခန့်တာပဲ” ပေထင်းဟွမ်၏ အေးစက်ပြီး သတိမမူ သည့် မျက်နှာထားကိုကြည့်ပြီး ခေါင်းဆောင်သည် သက်ပြင်းချမိသည်။
လန်ချန်ဖုန်းသည် ဓားနှင့်ထိုးစိုက်ခံရသလို ရုတ်တရက်ခံစားလိုက်ရ သည်။ ပေထင်းဟွမ်၏ မျက်လုံးများသည် သူ့စိတ်ကို အနှောင့်အယှက်ပေးနေ သည်။ ရင်ပြင်အပြင်မှ အော်ဟစ်သံများသည် လန်ချန်ဖုန်းကို ဒေါသထွက်စေ သည်။ သူသည် အရှက်ရခြင်းကြောင့် ဒေါသထွက်ပြီး ပျံလိုက်လေသည်။ သူသည် ထပ်မစောင့်ချင်တော့ပေ။
သူ ပေထင်းဟွမ်ကို အနိုင်ရပြီး သူ့ခြေထောက်အောက်တွင် ဒူးထောက် တောင်းပန်မည့်မြင်ကွင်းကို မြင်ရန်မစောင့်နိုင်တော့ပေ။ ယခုအချိန် ကြီးကျယ် နေသည့် ပေထင်းဟွမ်သည် ခဏနေ အရှုံးနှင့်ရင်ဆိုင်ရသည့်အခါ မည်သို့ အရှက်ကွဲမည်ကို သူ မြင်ချင်သည်။
လန်ချန်ဖုန်း၏ တစ်ကိုယ်လုံးတွင် အဖြူရောင်ဝိညာဉ်စွမ်းအင်အလွှာများ ဖုံးလွှမ်းသွားသည်။ မျက်စိစူးလောက်သည့် ငွေရောင်အလင်းတန်းသည် သူ့ကို လွှမ်းခြုံလိုက်သည်။ လန်ချန်ဖုန်း၏ခြေထောက်အောက်တွင် မွန်မြတ်သော ဓား ၉ လက်သည် ယပ်တောင်အသွင်ပေါ်လာသည်။ သူ့ဘေးတွင် မီးပြင်းမြင်း တစ်ကောင်သည် အားလုံးရှေ့၌ပေါ်လာသည်။
***