← Chapters

မင်းခွန်အားကိုပြလေ *

Vol. 8 Ch. 147

မင်းခွန်အားကိုပြလေ *

Vol. 8 Ch. 147

ချက်ချင်းဆိုသလိုပင် ရင်ပြင်ထဲမှလူအားလုံးသည် လေအေးများကို အလိုလို ရှိုက်သွင်းမိကြလေသည်။ ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီးကတော့ ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီးပါပဲ။ အသက် ၂၂ နှစ်အရွယ် ကြယ် ၉ ပွင့် ဝိညာဉ် သခင်ကြီး။ ဤကဲ့သို့ အလွန်မြင့်သောအဆင့်အတန်းသည် သန့်စင်သောသား တော် ဂူဟောက်နှင့်ပင်ယှဉ်နိုင်သည်။

သခင်လန်ချန်ဖုန်းသည် ကြယ် ၇ ပွင့်ဝိညာဉ်သခင်ကြီးမဟုတ်ဘဲ ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီးဖြစ်နေသည်။

ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီးတွင် ကြယ် ၉ ပွင့်မွန်မြတ်သောသားရဲရှိနေ သည်။ ထိပ်တန်းခွန်အားနှင့်ပေါင်းစပ်လိုက်သောအခါ သူတို့ကို မည်သူက ယှဉ်နိုင်တော့မည်နည်း။

အားလုံးသည် ပေထင်းဟွမ်အား သနားသောအကြည့်ဖြင့် ကြည့်ကြလေ သည်။ ချင်းယွိပင်လျှင် ငြိမ်မနေနိုင်တော့ပေ။ သူသည် လက်သီးကို ကျစ်ကျစ်ပါ အောင်ဆုပ်ထားကာ ပေထင်းဟွမ်ကို အချိန်မရွေးကယ်ရန် အသင့်ပြင်ထား သည်။ သူရှိလျှင် ပေထင်းဟွမ်၏ အသက်အန္တရာယ်အဖြစ်ခံမည်မဟုတ်ပေ။

လန်ချန်ဖုန်းသည် ရှန်းမျိုးနွယ်၏ ဆက်ခံသူလောင်းဖြစ်ထိုက်သည်။ သူ သည် လှုပ်ရှားမှုများကို အလွန်ချင့်ချိန်သည်။ သူသည် ပေထင်းဟွမ်ကို ချေမွပစ် ရန် ခွနအားရှိသော်လည်း တိုက်ခိုက်ချိန်တွင် စိတ်လွတ်လက်လွတ်မဖြစ်ပေ။ ထိုအစား သူအော်လေသည် “လျိုရှီ ချပ်ဝတ်တန်ဆာအပြည့်ပြောင်းမယ်”

ကြယ် ၉ ပွင့်ဝိညာဉ်သားရဲသည် ငွေရောင်အလင်းတန်းအဖြစ်ပြောင်းကာ လန်ချန်ဖုန်း၏ခန္ဓာကိုယ်ပေါ်သို့ ခုန်အုပ်လေသည်။ သူ၏လက်ရာမြောက်သော ငွေရောင်ချပ်ဝတ်တန်ဆာသည် သူ၏တစ်ကိုယ်လုံးနှင့် လည်ပင်းကိုဖုံးအုပ်ကာ သူ၏ ပိန်ပါးသောခန္ဓာကိုဘ်ကို ပို၍ထူးခြားအောင် ပြည့်စွက်ပေးနေသည် ။ ငွေ ရောင်ပုံစံသည် ကွင်းပြင်အလင်းအောက်တွင် တဖြည်းဖြည်းချင်းစီးဆင်းနေ၏။ သူသည် ညာဘက်လက်ကိုဝှေ့ယမ်းလိုက်ရာ လက်ထဲတွင်ငွေရောင်မှိန်းပေါ် လာသည်။ သူသည် ခပ်ကြမ်းကြမ်းခါရာ လေဝှေ့သံများထွက်လာပြီး ရောင်ဝါ လည်းတိုးလာသည်။

လန်ချန်ဖုန်း ချပ်ဝတ်တန်ဆာဆင့်ခေါ်ပုံကို မြင်သောအခါ တခြားသူများ သည် ထိတ်လန့်နေကြသော်လည်း ဂူဟောက်သည် ခေါင်းအသာညိတ်လေ၏။ ဤလူငယ်နှင့်ပတ်သက်ပြီး မသိသေးသည့်အရာများ များစွာရှိသေးသည်။ နာရီ အနည်းငယ်အတွင်းမှာပင် ထိုကောင်လေးဆီမှ စွမ်းအားအတက်အကျ သန်မာ ပုံကိုမြင်ခဲ့သည်။ သူ့အနေနှင့်ပြောရလျှင် ဤကောင်လေး၏ စွမ်းအားသည် ကြယ် ၂ ပွင့်ထက် တိုးလာခြင်းဖြစ်မည်။

ဤကဲ့သို့ ကြောက်မက်ဖွယ်ကော်ငးသော အဆင့်တက်မှုသည် လန်ချန်းမို ကဲ့သို့ ပြိုင်ဘက်ကင်းသောကျွမ်းကျင်သူအတွက် အထောက်အပံ့ကောင်းဖြစ် လိမ့်မည်။ ဤအရာကသာ သူမအတွက် အလုံခြုံဆုံးဖြေရှင်းနည်းဖြစ်လိမ့်မည်။

“လာလေ ကောင်လေး မင်းခွန်အားကိုပြလိုက် ငါက အားနည်းတဲ့သူကို အနိုင်ကျင့်တယ်လို့ သူများတွေမပြောစေနဲ့” လန်ချန်ဖုန်းသည် လက်ထဲမှ ငွေရောင်မှိန်းဖြင့် ပေထင်းဟွမ်အား ညွှန်ပြလေသည်။ တိုက်ပွဲသည် မစသေး ပေ။ လက်နက်သုံးလိုက်ခြင်းဖြင့် သူ၏ရောင်ဝါသည် ပေထင်းဟွမ်၏ အရိုင်းဆန်သော တိုက်ခိုက်ရေးရောင်ဝါနှင့် ယှဉ်နိုင်သည်။

“ဝိညာဉ်စွမ်းအား” ဆိုသည့် အပြာဖျော့ဖျော့စာလုံးသည် ပေထင်းဟွမ်၏ ခန္ဓာကိုယ်မှထွက်လာပြီး သူ့ကိုလွှမ်းမိုးသွားလေသည်။ ညအချိန်ဆိုသော်ငြား ရင်ပြင်တွင် ဝိညာဉ်စွမ်းအား၏အရောင်များဖြင့် ရောင်ပြန်ဟပ်ပြီး နေ့အချိန် ကဲ့သို့ လင်းထိန်နေသည်။ အားလုံးသည် မျက်လုံးများကို ပွတ်ကြည့်ကြသည်။ ဟုတ်တယ် အဲဒါအပြာအလင်းပဲ။ သူတို့ မမှားနိုင်ဘူး။ အဲဒါ အပြာရောင်ပဲ။ ဒီကောင်လေးက ကောင်းကင်အဆင့်ကျွမ်းကျင်သူလား။

လန်ချန်ဖုန်း၏ ဝင်သက်ထွက်သက်သည် လည်ချောင်းတွင် တစ်သွား သည်။ သူသည် ရှင်းလင်းစွာမြင်နေရသည်။ “ဝိညာဉ်စွမ်းအား” ထုတ်လွှတ် လိုက်သည်နှင့် ကြီးမားသောဖိအားရောက်လာသည်။ ဤဖိအားသည် ကောင်းကင်အဆင့်သခင်များတွင်ရှိသည့် အရာဖြစ်သည်။ ဤဖိအားသည် ၁၄ နှစ်အရွယ်ကောင်းလေးဆီမှ ထွက်လာသည်။ သူသည် အနည်းငယ် သံသယဝင် မိသည်။ ဒီကလေးက ငယ်ချင်ယောင်ဆောင်နေတဲ့ လူအိုကြီးများလား။

ဝိညာဉ်စွမ်းအားမရှိတော့ဘဲ ဒြပ်စင်စွမ်းအားသာရှိသည်။ ဒြပ်စင်စွမ်းအား သည် ကောင်းကင်အဆင့်ကျွမ်းကျင်သူများ ပိုင်ဆိုင်သည့်အရာဖြစ်သည်။

ကွင်းအပြင်ရော အတွင်းပါ လေထုသည် အလွန်ငြိမ်ကျသွားသည်။ အားလုံး၏ အကြည့်သည် ထိတ်လန့်မှုမှ ကြောက်ရွံ့မှုအဖြစ်ပြောင်းသွားကာ ကွင်းထဲမှ လူငယ်ကို စိုက်ကြည့်နေကြသည်။ သူ၏ အနက်ရောင်တိုက်ခိုက်ရေး ဝတ်ရုံသည် ခန္ဓာကိုယ်တွင် ချပ်ရပ်စွာရှိနေပြီး အပြာရောင်ဒြပ်စင်စွမ်းအင်သည် သူ့ကို ရစ်ပတ်နေသည်။ သူ၏ဆံပင်သည် ဒြပ်စင်စွမ်းအားအတက်အကျ ကြောင့် လှုပ်ယမ်းနေသည်။ ခဏအကြာတွင် ထောင့် ၄ ထောင့်ကြယ်ပုံစံ ဖွဲ့အစည်းမှုသည် သူ့ခြေထောက်အောက်တွင် ပေါ်လာသည်။ မွန်မြတ်သော ဓား ၄ လက်သည် ယပ်တောင်ငယ်တစ်ခုအသွင်ပြောင်းလေသည်။ ထိုအခိုက် အတန့်တွင် ခံစားချက်ကို မည်သို့ဖော်ပြရမည်ကို မည်သူမှမသိကြပေ။

သူက ကြယ် ၁ ပွင့်ဝိညာဉ်သခင်ကြီးမဟုတ်ဘူးလား။ ဘယ်လိုလုပ် ကြယ် ၄ ပွင့်ဝိညာဉ်သခင်ကြီးဖြစ်နေတာလဲ။ ပြီးတော အဲဒီအပြာရောင်စွမ်းအားက ဘာလဲ။ ဒြပ်စင်စွမ်းအင်မဟုတ်ဘူးလား။ ကြယ် ၄ ပွင့်ဝိညာဉ်သခင်ကြီးက ဒြပ်စင်စွမ်းအင်ကို လှုပ်နှိုးနိုင်နေတာပဲ။ ဒီရူးလောက်တဲ့လူက ဘယ်ကနေလာ တာလဲ။

***

All Chapters