အားလုံးကိုထိတ်လန့်သွားစေတဲ့ရူးလောက်တဲ့စွမ်းအား
Vol. 8 Ch. 148
“သခင်ပေယဲ့က ဘယ်လိုလုပ် အဆင့် ၄ ဝိညာဉ်သခင်ကြီးဖြစ်နေတာလဲ ဝိညာဉ်နဂါးမောက်သီးတစ်လုံးက တစ်ခါတည်း အဆင့် ၄ ဆင့် ၅ ဆင့်ခုန်တက် အောင်လုပ်မပေးနိုင်ဘူးမလား” ခေါင်းဆောင်သည် သူ့မျက်လုံးကို ခပ်နာနာ ပွတ်လေသည်။ သူ့ကိုယ်သူ မထိခိုက်မိစေရန်အတွက် ပေထင်းဟွမ်ပတ်ပတ် လည်မှ ဒြပ်စင်စွမ်းအင်ကို အစကတည်းက လျစ်လျူရှုထားခဲ့သည်။ သူသည် ပေထင်းဟွမ်ကို သာမန်လူကဲ့သို့ မကြည့်နိုင်တော့သည်ကို ရုတ်တရက် သတိ ထားမိလိုက်သည်။
ဘာလဲ… လွန်ခဲ့တဲ့ ၇ ရက်ကမှ သူက ကြယ် ၉ ပွင့်ဝိညာဉ်သခင်အဆင့်ပဲ ရှိသေးတာ။ ၇ ရက်လောက်မတွေ့လိုက်တာနဲ့ အဆင့် ၄ ကြယ်ဝိညာဉ်သခင် ကြီးအဆင့်ကို ခုန်တက်သွားတာပဲ။ မိုးနတ်မင်းရေ.. ကျန်တဲ့လူတွေက ဘယ်လို အသက်ရှင်သွားရတော့မှာလဲ။ ချက်ချင်းဆိုသလိုပင် ခေါင်းဆောင်ပြောသည့် စကားကို ကြားသွားသည့် ဘေးနားမှလူများသည် သူ့ကိုမကြင်နာသောမျက်လုံး များဖြင့် ကြည့်လေသည်
ကြယ် ၄ ပွင့်ဝိညာဉ်သခင်ကြီးတွင် ဒြပ်စင်စွမ်းအင်ရှိနေသည်ကပင် ကြောက်ဖို့ကောင်းနေပြီဖြစ်သည်။ ဒီလူက ဘယ်လိုဖြစ်နေတာလဲ။ ဒီလို သတင်းကို ပြောပြီး သူများကို ဓားနဲ့ထိုးမှဖြစ်မှာလား။ သူ တမင်များလုပ်နေ တာလား။ သူ တမင်လုပ်နေတာများလား။
“ဟီးဟီး ငါက အမှန်တရားကိုပဲပြောတာပါ ငါ ဝိညာဉ်ခွဲတောင်ကြားမှာ သခင်ပေယဲ့ကိုတွေ့တုန်းက သူက ကြယ် ၉ ပွင့်ဝိညာဉ်သခင်ပဲရှိသေးတာ တိုင်နွန် သက်သေလိုက်နိုင်တယ်” ခေါင်းဆောင်သည် အားလုံး၏ ဓားကဲ့သို့ စူးရှသော မျက်လုံးများကို ထိတ်လန့်နေပြီဖြစ်သည်။ သူသည် သခင်လေး ချင်းယွိဆီသို့ပင် ကြောက်ရွံ့စွာကိုယ်ကိုင်းလိုက်သည်။ အရမ်းကြောက်ဖို့ ကောင်းတာပဲ။ သခင်ပေယဲ့က အရမ်းကြောက်ဖို့ကောင်းတာပဲ။ သူ့ရဲ့ ပုံမှန် မဟုတ်တဲ့ ကျင့်ကြံရေးအစွမ်းအစက အကုန်လုံးကို ထိတ်လန့်စေတာပဲ။
“သူက ၇ ရက်တည်းနဲ့ ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကနေ ကြယ် ၄ ပွင့် ဝိညာဉ်သခင်ကြီးအဆင့်ကိုတက်သွားတယ်ဟုတ်လား.. သူက အဲလောက် တောင် ကြောက်ဖို့ကောင်းနေတာလား” ထိုသတင်းသည် နေရာတစ်ခုလုံးကို လေကဲ့သို့ ပျံ့နှံ့သွားသည်။ ဆွေးနွေးမှုများသည် ဒီရေသဖွယ်စီးဆင်းသွားသည်။ အားလုံး၏မျက်လုံးထဲမှ ကြောက်ရွံ့မှုများသည် အဆုံးစွန်ထိရောက်သွားသည်။ ဤလူငယ်ကို မည်သို့ကြည့်ရတော့မည်ကိုပင် မသိတော့ပေ။
မုဖုန်းသည် မနေသာတော့ဘဲ ရှေ့သို့တိုးသွားလိုက်၏။ သူသည် ပို၍ ရှင်းရှင်းလင်းလင်းကြည့်ချင်သည်။ ဖခင်ဖြစ်သူ၏ မျက်နှာမှ ကြောက်ရွံ့မှုကို မြင်သောအခါ မုယန်းသည် ခံစားရအနည်းငယ် သက်သာသွားသည်။ နောက်ဆုံးတော့ သူ့ကို သဘောကျသွားပြီပဲ။ သူတစ်ယောက်တည်း ဒီကောင်လေးကို ကြောက်နေတာမဟုတ်ဘူး။ ပေထင်းဟွမ်က တစ်ခါတည်း အဆင့် ၃ ဆင့်တက်သွားတယ်ဆိုတာကို ပြောသင့်သလား သူ မသိပေ။ အားလုံး ၏ ကြောက်ရွံ့သော မျက်နှာထားကိုကြည့်ပြီး မုယန်း ထိန်းချုပ်ထားလိုက်၏။ ထားလိုက်ပါတော့ ဒီလူတွေလည်း အသက်ရှင်ရဦးမယ်။
“သခင်ပေယဲ့ အဲလောက်တောင် ကြောက်ဖို့လိုလို့လား”
“ဟုတ်တယ် ၁၄ နှစ်အရွယ်ဝိညာဉ်သခင်ကြီး.. မဟုတ်သေးဘူး ကောင်းကင်အဆင့်ဝိညာဉ်သခင်လား.. ငါ ဘာပြောရမလဲကိုမသိတော့ဘူး.. မြေကြီးအဆင့်ဝိညာဉ်သခင်မှာ ဘယ်လိုလုပ်ဒြပ်စင်စွမ်းအင်ရှိနေတာလဲ”
“သခင်ပေယဲ့က ကောင်းကင်အဆင့်တက်ဖို့ နောက် ၅ ရက်တောင်ကြာ မှာမဟုတ်ဘူးလို့ ငါ လောင်းရဲတယ်.. အဲအချိန်ကျရင် အသက် ၂၀ မပြည့်ခင်မှာ ကောင်းကင်အဆင့်ဝိညာဉ်သခင်ဖြစ်နေလိမ့်မယ်”
“မိုးနတ်မင်းရေ ငါ သခင်ပေယဲ့ကို အရမ်းသဘောကျတာပဲ.. အာ ငါ သူ့ကို လက်ထပ်ချင်လိုက်တာ…”
ချင်းယွိသည် ကွင်းထဲမှလူငယ်များကို ငေးငိုင်စွာစိုက်ကြည့်ပြီး သူ၏ နှုတ်ခမ်းထောင့်သည် တဖြည်းဖြည်းတွန့်ကွေးသွားလေသည်။ သူသည်လည်း ဤကောင်လေးကို ကြောက်သည်။ အဲဒါကြောင့် သူက လန်ချန်ဖုန်းကို ထိပ်တိုက်တိုက်ခိုက်ရဲတာကိုး။ သူ ဒီတိုက်ပွဲကိုနိုင်ပြီးရင် နာမည်ကြီးလာမှာပဲ။
ပေထင်းဟွမ်တွင် မွန်မြတ်သောသားရဲနှစ်ကောင်ရှိသည်ဟု တိုင်နွန်တို့ထံ မှ ချင်းယွိကြားခဲ့သည်။ မွန်မြတ်သောသားရဲနှစ်ကောင် ပိုင်ဆိုင်ထားသော အပြာရောင်ဒြပ်စင်စွမ်းအင်ရှိသည့် ကြယ် ၄ ပွင့်ဝိညာဉ်သခင်ကြီးသည် မွန်မြတ် သောသားရဲတစ်ကောင်သာရှိသည့် ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီးနှင့် တိုက်ခိုက် နေသည်။ သူမ အနိုင်ရရန် ယုံကြည်မှုမရှိလျှင်တောင် အနည်းဆုံးတော့ သေမည်မဟုတ်ပေ။
ချင်းယွိသည် နောက်ဆုံးတွင် စိတ်သက်သာရာရသွားသည်။ ပေထင်းဟွမ် တိုက်ပွဲတွင်ရှုံးလျှင်တောင် အရှက်ကွဲမည်မဟုတ်ပေ။ အသက် ၁၄ နှစ်အရွယ် လူငယ်၏ခွန်အားသည် ဤတိုက်ကြီးတွင် သူမ၏နာမည်ကိုကဗ္ပည်းထိုးနိုင် လောက်အောင် ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။
ဟွမ်ယွမ်သည် သွေးများဆူပွက်လာသဖြင့် သူ့မျက်နှာမှာ ပိုပိုပြီး မည်းနက်လာသည်။ သူသည် စိတ်မသက်မသာဖြင့် မတ်တတ်ရပ်ကာ လက်နှစ် ဖက်ကို အဆက်မပြတ်ပွတ်သပ်နေသည်။ သူသည် ရင်ပြင်ကို အခုပင် ပြေးသွား ပြီး ပေထင်းဟွမ်ကို ကိုယ်တိုင်သွားခေါ်ချင်မိသည်။
ဟန်မုတစ်ယောက်သာ ပေထင်းဟွမ်အား ကြမ်းကြုတ်သောမျက်လုံးများ ဖြင့် ကြည့်နေသည်။ ဤလူ၏ခွန်အားသည် ကြောက်စရာကောင်းလောက် အောင်ဖြစ်ပါက သားဖြစ်သူ၏အသက်သည် သူ့လက်ထဲတွင်ရောက်သွားသည် လား။
အဖြေသည် ရှိပြီးသားပင်။ ဟန်မု၏နှလုံးသားသည် နာကျင်လာသည်။ ဤကောင်လေးသည် ဤတိုက်ပွဲတွင်မသေပါက သူ အခွင့်အရေးယူပြီး သူ့ကို သေခိုင်းရမည်။
သူသည် သားဖြစ်သူအတွက် လက်စားချေရမည်။
***