ဒီမွန်မြတ်တဲ့သားရဲကို ကောက်ခဲ့တာလား
Vol. 8 Ch. 149
ဂူဟောက်သည် ကွင်းထဲကို မှိုင်တွေစွာကြည့်နေသည်။ ကုန်သွယ်ရေး အဖွဲ့အစည်းထဲတွင် ပဋိပက္ခများဖြစ်ခဲ့စဉ်က ဤလူသည် ကြယ် ၁ ပွင့်ဝိညာဉ် သခင်ကြီးအဆင့်သာရှိခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ကြယ် ၄ ပွင့်ထိတက်သွားခဲ့သည်။ ဒြပ်စင်စွမ်းအားရှိသည့် သခင်ကြီးတစ်ဦးပင်ဖြစ်ခဲ့ သည်။ သူက ဝိညာဉ်သခင်ကြီးရော ဟုတ်သေးရဲ့လား။ မြေကြီးအဆင့်နှင့် ကောင်းကင်အဆင့်ကြားမှ ကွာခြားမှုသည် ဝိညာဉ်စွမ်းအင်နှင့် ဒြပ်စင်စွမ်းအင် ကြားမှကွာခြားမှုကို ရောင်ပြန်ဟပ်သည်။ ယခု ဤကလေးသည် ဝိညာဉ်သခင် ကြီးလား သို့မဟုတ် ကောင်းကင်အဆင့်ဝိညာဉ်သခင်လားဆိုသည်ကို မည်သို့ ဆုံးဖြတ်ရတော့မည်နည်း။
ဒီကလေး အသက်ရှင်လို့မဖြစ်ဘူး။
ဂူဟောက်သည် နှစ်ပေါင်းများစွာ ယန်ယဲ့၏ဂုဏ်သတင်းအောက်တွင် ဖိနှိပ်ခံခဲ့ရသည်။ သူသည် ယန်ယဲ့နှင့် ယှဉ်ပြိုင်ရန် လက်လျော့ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ယခုအခါ ယန်ယဲ့ထက်ပင် ပိုကြောက်မက်ဖွယ်ကောင်းသည့်လူ ပေါ် လာသည်။ သူ ဘယ်လို အသက်ရှင်နိုင်တော့မှာလဲ။
ဂူဟောက်သည် ထပ်မကြည့်ရဲတော့ပေ။ အပြာရောင်ဒြပ်စင်စွမ်းအင်နှင့် ပုံမှန်မဟုတ်သောအဆင့်တက်နှုန်းသည် မပြီးနိုင်သေးဟု သူ ကြိုတင်သတိပေး ချက်ရနေသလိုပင်။
ငွေရောင်ပုံစံအစီအရင်ထဲတွင် သစ်တတ်ကျားသည် တဖြည်းဖြည်း ပုံပေါ် လာကာ အားလုံးရှေ့တွင် ပေါ်လာသည်။ ၎င်းမှာမည်းနက်ပြီး ဖဲသားနှင့်တူ သောအမွေးများသည် လေအတိုက်တွင်လှုပ်ယမ်းနေကာ လှိုင်းများကဲ့သို့ လှိမ့် ထ,နေသည်။ ရင်ပြင်အထက် ကောင်းကင်တွင် မာန်ဟိန်းသံပဲ့တင်ထပ်သွား၏။ မှော်သားရဲများနှင့် ဝိညာဉ်သခင်များအားလုံးသည် စိတ်နှလုံးထဲတွင် ကြောက် စိတ်လှိုင်းကြီးကို ခံစားလိုက်ရသည်။ မွန်မြန်သောသားရဲ၏ ဖိအားသည် သားရဲ နေရာမှ မှော်သားရဲများကို တုန်ယင်စေသည်။ ထိုအခိုက်တွင် ဝိညာဉ်သခင်များ ၏ ခြေရင်း၌လိုက်လာသော မှော်သားရဲများသည် ရင်ပြင်တွင်တပ်ပြီး ခေါင်းများ ကို လက်များဖြင့် အုပ်ထားကာ အရှုံးပေးသည့်အနေအထားဖြင့်ရှိနေသည်။
ကြယ် ၇ ပွင့်မွန်မြတ်သောသားရဲများသည် သူတို့၏အမြန်နှုန်းကြောင့် လူသိများကြကာ ခုခံသည့်အင်အားမှာလည်း ထပ်တူညီစွာပင် ထူးချွန်၏။ သူတို့၏ အလုံးစုံခွန်အားသည် မီးလျှံမြင်းထက်မမြင့်သော်လည်း မွန်မြတ်သော သားရဲများအကြားတွင် အကောင်းတကာ့အကောင်းဆုံးဖြစ်သည်။
ရင်ပြင်တွင် တစ်ညီတစ်ညာတည်းဖြစ်နေသည်ကို မြင်ရသည်မှာ ရှားပါး သည်။ အားလုံးသည် ရင်ပြင်ပေါ်ရှိ တောင်ငယ်တစ်လုံးစာရှိသည့် ကြယ် ၇ ပွင့် မွန်မြတ်သောသားရဲ သစ်တတ်ကျားကို ပါးစပ်မှာအဟောင်းသားဖြင့် ကြည့်နေ ကြသည်။ ၎င်းသည် ရင်ပြင်ကို အထင်းသေးစွာငုံ့ကြည့်နေသည်။
မီးလျှံမြင်းသည်လည်း အဆင့်မြင့်ကြယ်မွန်မြတ်သောသားရဲဖြစ် သော်လည်း အရှိန်ကိုနှိုင်းယှဉ်ရမည်ဆိုပါက သစ်တတ်ကျားကို မည်သို့နိုင်မည် နည်း။ ၎င်း၏ ခြေလေးချောင်းပေါ်မှ အဖြူရောင်တိမ်တိုက်နှစ်ထုသည် ၎င်း၏ ထူးခြားသောစွမ်းရည်ကို အထင်အရှားပြသနေသည်။ ၎င်း၏ လျှပ်စီးကဲ့သို့ အမြန်နှုန်းကို တွေးရန်ခက်ခဲသည်။
တစ်ဖက်တွင် လန်ချန်ဖုန်း၏ မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်နေလေပြီ။ သူသည် ပေထင်းဟွမ်ထက် အဆင့် ၅ ဆင့်မြင့်နေသဖြင့် ဤတိုက်ပွဲတွင် တစ်ပန်းသာသည်ဟု ထင်ခဲ့သည်။ သို့သော် အပြာရောင်ဒြပ်စင်စွမ်းအင်ကို ဆန့်ကျင်ပြီး အသာစီးရနိုင်ပါ့မလား မသိပေ။
ပေထင်းဟွမ်၏ ပခုံးပေါ်တွင် အပြာရောင်ဒြပ်စင်စွမ်းအင်ရှိနေကာ ဘယ်ဘက်ပခုံးတွင် အဖြူရောင်ခွေးပေါက်လေးကို လွှမ်းခြုံထားသည်။ ရင်ပြင်ထဲတွင် အေးစက်သောအသံထွက်ပေါ်လာသည် “လျှပ်စီး ငါ့အပေါင်းအဖော်လေး အတူတိုက်ခိုက်ရအောင်”
သူမ၏ ခြေထောက်အောက်တွင် ထောင့်လေးထောင့်ကြယ် ထပ်မံပေါ် ထွက်လာသည်။ ပေထင်းဟွမ်၏ပခုံးရှိ ချစ်စရာကောင်းသော ခွေးပေါက်လေး သည် ရှေ့သို့ခုန်ထွက်လာသည်။ ၎င်း၏ခန္ဓာကိုယ်မှ ချက်ချင်းဆိုသလိုပင် လျှပ်စီးလက်သလို ဖြာထွက်လာသည်။ လအရိပ်နတ်မိစ္ဆာဝံပုလွေသည် ကောင်းကင်ပေါ်မှ အေးစက်သည့်လအား ခေါင်းထောင်ကာ မာန်ဟိန်းလေ သည်။ ကြယ် ၉ ပွင့်မွန်မြတ်သောသားရဲ၏ ဖိအားသည် ရင်ပြင်တစ်ခုလုံးကို ဖုံးအုပ်လိုက်သည်။ မွန်မြတ်သောသားရဲနှစ်ကောင်ဆီမှ တစ်ပြိုင်နက် ထုတ်လွှတ်သော ဖိအားသည် ရှိနေသော နတ်မိစ္ဆာသားရဲများအားလုံးကို အသက်ရှုမရအောင် ဖြစ်စေသည်။
“ဘာတွေဖြစ်နေတာလဲ မွန်မြတ်သောသားရဲနှစ်ကောင်… ငါ့ကိုများ လာနောက်နေတာလား.. ငါ အမြင်မှားတာလား ငါ အမြင်မှားတာပဲဖြစ်မယ်”
ဆူညံသံများထပ်မံ ထွက်လာသည်။ ရင်ပြင်တွင် အမြင်ရှိသူများသည် ကြောက်ရွံ့နေကြကာ ထိုသက်ရောက်မှုကို ခံနိုင်ရည်မရှိတော့ဘဲ စိတ်ထဲတွင် စုစည်းနေသည့် နာကြည်းမှုများကို ထုတ်ဖော်ပြောချင်နေကြသည်။
“ငါ့မှာ ဝိညာဉ်သားရဲတစ်ကောင်တောင် မရှိဘူး.. ဒီကောင်လေးက တစ်ခါ တည်း မွန်မြတ်တဲ့သားရဲနှစ်ကောင်ထုတ်လိုက်တယ်.. ငါ့ကိုသတ်ဖို့ကြိုးစားနေ တာလား”
“မတရားဘူး လုံးဝကိုမတရားတာပဲ.. ငါတို့တွေက လူအချင်းအတူတူကို ဒီကလေးကကျ ဘာလို့ ငါ့ထက် အဆပေါင်း တစ်သောင်းလောက် ကံကောင်း နေတာလဲ”
“ဒီမွန်မြတ်တဲ့သားရဲက လမ်းပေါ်မှာ ကောက်လို့တောင်မရဘူးလေ ဟုတ်တယ်မလား သူ အဲဒါကို ဘယ်ကနေကောက်လာတာလဲ သခင်ပေယဲ့ ငါ့ကိုပြောပါဦး ငါလည်း သွားကောက်ချင်လို့”
အားလုံး၏ စိတ်ထဲမှ အားကျမှု၊ မနာလိုမှုနှင့် မုန်းတီးမှုများသည် ဒီရေ ကဲ့သို့ တက်လာ၏။
***