← Chapters

သိုင်းစာကြည့်တိုက်

Vol. 1 Ch. 3

သိုင်းစာကြည့်တိုက်

Vol. 1 Ch. 3

“သခင်လေးဖူချန်း ဘာအကြောင်း ကြောင့်များ ဒီကို ရောက်လာ ရတာလဲ"

လီဖူချန်းက ဒီနေ့ သိုင်းစာကြည့်တိုက်ဆီကို ရောက်ချလာသည်။ ဝင်ပေါက်မှာ စောင့်ကြပ်နေသည့် အစောင့်များက သူ့ကို မြင်လိုက်တာနဲ့ အရိုအသေ ပေးလိုက်ကြသည်။

သိုင်းစာကြည့်တိုက်က လီကလန်အတွက် အရေးကြီးတဲ့ နေရာ တစ်ခုဖြစ်သည်။ ဒီစာကြည့်တိုက်ထဲမှာ အရေအတွက် အတော်များတဲ့ သိုင်းကျမ်း စာအုပ်တွေ ရှိတာ ဖြစ်သည်။ သာမန် လီကလန်ရဲ့ တပည့်တစ်ယောက်က ဒီစာကြည့်တိုက်ထဲ ဝင်မယ်ဆိုရင် ခွင့်ပြုချက် လိုအပ်တာဖြစ်တယ်။ လီဖူချန်းကတော့ ခြွင်းချက်ပေါ့လေ။

လီဖူချန်းက ကျိတ်ရယ်လိုက်ပြီး “ဘာလဲ ငါဒီကို လာလို့ မရဘူးလား"

“ဟာ မဟုတ်တာ သခင်လေးရယ်။ လာလို့ရပါတယ် ခင်ဗျာ”

အစောင့်တွေက လမ်းဖယ်ပေးလိုက်ပြီး တောင်းပန်တဲ့ အပြုံးနဲ့ လီဖူချန်းကို ပြုံးပြလိုက်ကြတယ်။ လီဖူချန်း အထဲကို ဝင်သွားတဲ့ အခါမှာတော့ အစောင့်တစ်ယောက်က တိုးတိုးလေး ပြောလိုက်သည်။

“ထူးဆန်းလိုက်တာ သခင်လေးဖူချန်းက သိုင်းလေ့ကျင့်လို့ မရတဲ့ ပြဿနာ ရှိနေတာ မဟုတ်ဘူးလား။ ဘာကြောင့် ဒီနေ့ ဒီကို ရောက်လာခဲ့တာပါလိမ့်။ ပြီးတော့ ဒီနေ့ သခင်လေးရဲ့ မျက်နှာက ရွှင်ပျနေပြီးတော့ တခြားနေ့တွေနဲ့လည်း မတူပါလား"

“ကြည့်ရတာ သူဒီကို မရောက်တာ ကြာပြီဆိုတော့ သိုင်းကျမ်းတွေကို ကြည့်ရုံ သက်သက် လာတာနေမှာ ပါကွာ"

တခြားတစ်ယောက်က လီဖူချန်းကို ကရုဏာ သက်သော အသံဖြင့် တုံ့ပြန်လိုက်သည်။

***

စာကြည့်တိုက်ထဲ မှာတော့ အထပ် သုံးထပ် ရှိနေတာဖြစ်သည်။ ပထမ အထပ်မှာတော့ အဝါရောင် အမျိုးအစား အဆင့်နိမ့် သိုင်းကျမ်းတွေကိုပဲ ထားရှိသည်။ ဒုတိယထပ်မှာတော့ အလယ်အလတ်အဆင့် တွေရှိပြီး တတိယထပ်မှာတော့ အဆင့်မြင့် သိုင်းကျမ်းတွေကို ထားထားတာ ဖြစ်သည်။

လီဖူချန်းက ဒုတိယထပ်ကို တိုက်ရိုက် တက်သွားလိုက်ပြီး ဓားသိုင်း ကျမ်းစာအုပ်တွေကို စတင် ဖတ်ရှု လိုက်သည်။ သူက အဝါရောင် အဆင့်နိမ့် ဓားသိုင်းနှစ်ခုကို လေ့ကျင့် အောင်မြင်ပြီးပြီ ဖြစ်သည်။ ကျားစွယ်ဓားသိုင်းပြီးရင် လခြမ်းကွေး ဓားသိုင်းကိုလည်း သူတတ်မြောက် ထားသေးသည်လေ။ သူ့ပါရမီတွေ မပျောက်သွားခင် ကတည်းက ဒီလခြမ်းကွေး ဓားသိုင်းက ပြီးပြည့်စုံခြင်းအဆင့် အထိ လေ့ကျင့် ခဲ့ပြီးပြီ။

ကျားစွယ်ဓားသိုင်းက ပိုရှုပ်ထွေးနက်နဲပြီး ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်အောင် ပိုအချိန်ယူခဲ့ရတယ် ဆိုပေမဲ့ ဒီတစ်ခါမှာတော့ သူ့ရဲ့ နားလည် သဘောပေါက် နိုင်စွမ်းကို စမ်းသပ် ကြည့်ချင်နေတယ်။

အလယ်အလတ် အဆင့် ဓားသိုင်း တစ်ခုကို ကျင့်ဖို့ ဘယ်လောက် ကြာမလဲ ဆိုတာကိုပေါ့။

လေပြည်ဓားသိုင်း - လျင်မြန်မှုကို ဦးစားပေးပြီး ဓားအတွင်းအား အတော်များများ လိုအပ်သည်။ တစ်ဖက်လူက ဓားကိုတောင် မမြင်လိုက်ရပဲ လေပြည်လေညင်း တိုက်ခတ်နေသကဲ့သို့ ခံစားလိုက်ရမည်။

သိမ်းငှက် လေဝဲ ဓားသိုင်း- ကောင်းကင်ပေါ်က သိမ်းငှက်တစ်ကောင် တိုက်ခိုက်သလို အစွမ်း ရရှိမည်။

အစွန်းရောက် ဓားသိုင်း - နာမည်အတိုင်းပဲ တိုက်ခိုက်မှု သီးသန့်ကိုသာ အားပေးတဲ့ ဓားသိုင်းဖြစ်သည်။ ခုခံကွက်မပါပေ။

“တိမ်ပင်လယ် ဓားသိုင်း"

“ခြောက်ထောင့်ချိုး ဓားသိုင်း"

“ကြက်ခြေခတ်ဓားသိုင်း"

“ရှစ်ကွက်အင်း ဓားသိုင်း"

***

စာကြည့်တိုက်ထဲမှာ ရှိတဲ့ အဓိက သိုင်းကျမ်း တော်တော်များများဟာ ဓားသိုင်း ကျမ်းတွေပဲ ဖြစ်တယ်။

လီဖူချန်းက ဓားသိုင်းကျမ်းတွေ အကုန်လုံးကို လေ့လာပြီးသွားတဲ့ အခါမှာတော့ လေပြည်ဓားသိုင်း စာအုပ်နဲ့ အစွန်းရောက် ဓားသိုင်းကို ရွေးလိုက်တယ်။ လေပြည်ဓားသိုင်းက ဒီမှာ ရှိနေတဲ့ ဓားသိုင်း အားလုံးထက် ရှုပ်ထွေးခက်ခဲ နက်နဲတာကြောင့် ဒီသိုင်းကို သူရွေးလိုက်ရခြင်း ဖြစ်ပြီး

အစွန်းရောက် ဓားသိုင်းကို ကျတော့ ပြင်းထန်လွန်းလို့ ရွေးလိုက်တာ ဖြစ်သည်။

လီဖူချန်းက ခြေသိုင်းစာအုပ် တစ်အုပ်ဖြစ်တဲ့ လေပွေမုန်တိုင်း ကန်ချက် ကိုလည်း ရွေးလိုက်သေးသည်။

ဒီခြေသိုင်းက အမြန်နှုန်းကို ဦးစားပေးတာ ဖြစ်တဲ့ အတွက် လေပြည်ဓားသိုင်းနှင့်တွဲသုံးဖို့ သူစိတ်ကူးထားသည်။ သူ့ရဲခြေကန်ချက်တွေကလည်း မြန်လာနိုင်ပြီး နောက်ဆုံး မနိုင်ရင် ထွက်ပြေး တဲ့နေရာမှာပါ အသုံးချလို့ရသည်လေ။

***

“တစ်ခါတည်းနဲ့ သိုင်းကျမ်း သုံးခု ယူသွားမလို့လား"

သိုင်းစာကြည့်တိုက်ရဲ့ အကြီးအကဲက လီဖူချန်းကို မေးလိုက်သည်။ ထိုအကြီးအကဲ နာမည်က လီဒါရှင်းဖြစ်ပြီး သူ့ရဲ့ အဘိုးဝမ်းကွဲ တော်စပ် လေသည်။ မွဲခြောက်ခြောက် ဆံပင်တွေကို ပိုင်ဆိုင်ထားသည့် အဘိုးအိုက မျက်ခုံးတွန့်လိုက်ပြီး  “ဖူချန်း အဘိုးက မင်း သိုင်းပြန်ကျင့် နိုင်ပြီလား မကျင့်နိုင်သေးဘူးလား ဆိုတာတော့ မသိဘူး။ ဒါပေမဲ့ သိုင်းပညာရပ် အမျိုးမျိုးကို တစ်ပြိုင်နက်တည်း လေ့ကျင့်တာက မင်းကို ဘာမှ ကောင်းကျိုး ဖြစ်လာစေမှာ မဟုတ်ဘူးနော်"

“သိုင်းပညာရဲ့ အနှစ်သာရက အရေအတွက် မဟုတ်ဘူး။ အရည်အချင်းပဲ"

လီဖူချန်းက ခေါင်းငုံ့ အရိုအသေ ပေးလိုက်ပြီး  …

“ဟုတ်ကဲ့ပါ အကြီးအကဲ"

“ကျွန်တော် နားလည်ပါတယ်။ ဒါတွေကို ကျွန်တော်က တစ်ချက်လောက် ကြည့်ရုံသက်သက် ပါပဲ"

“ဒီလိုဆိုရင်လည်း ငါမင်းကို မတားတော့ပါဘူး”

လီဖူချန်းက သိုင်းလေ့ကျင့်လို့ မရဘူးဆိုတဲ့ အတွေးက လီဒါရှင်းကို သနားကရုဏာ သက်စေတယ်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းကဆိုရင် လီဖူချန်းရဲ့ ပါရမီက ကလန်ရဲ့ ပြိုင်ဘက်ကင်း လီယွန်ဟိုင်နဲ့တောင် ယှဉ်လို့ရခဲ့တာလေ။

"အင်း နှမြောစရာ ကောင်းလိုက်တာ"

နောက်တစ်နေ့ မနက်မှာတော့ လီဖူချန်းက သူ့ရဲ့ သံမဏိ ဓားရှည်ကို ယူဆောင်ပြီး တောင်ပေါ်ကို ပြန်တက် သွားပြန်တယ်။

“လေပြည်ဓားသိုင်း” အသေးစိတ် ကျလွန်းပြီး ရပ်တန့် နိုင်ဖို့ခက်ခဲတယ်။ အကြို ပြီးပြည့်စုံခြင်း အဆင့် မှာတောင် မျက်စိတစ်မှိတ် အတွင်းမှာ ဓားချက် သုံးချက် ခုတ်နိုင်တယ်။ ပြီးပြည့်စုံခြင်း အဆင့်မှာ ဆိုရင်တော့ မျက်စိ တစ်မှိတ်အတွင်းမှာပဲ အနည်းဆုံး ဓားချက်ခြောက်ချက် ခုတ်နိုင်မှာ ဖြစ်တယ်။

လီဖူချန်းက စပြီး မလေ့ကျင့်ခင်မှာပဲ သူ့ရဲ့ ဓားအမြန်နှုန်းကို စမ်းသပ်လိုက်တယ်။ သူက မျက်စိတစ်မှိတ် အတွင်းမှာ ဓားချက် နှစ်ချက်ကို သူထုတ်သုံးနိုင်သည်။ ဒါက သူ့ရဲ့ အစွမ်းဆောင်နိုင်ဆုံးပင် ဖြစ်သည်။

တိုက်ခတ်နေတဲ့ လေကို ခံစားဖို့ရန် သူမျက်လုံးကို မှိတ်လိုက်လေသည်။ ထို့နောက် သူ့စိတ်ထဲမှာ လေပြည်ဓားသိုင်းကို ပုံဖော်ကြည့်လိုက်သည်။

ထမင်းအိုး တစ်ချက်လောက် အကြာမှာတော့ လီဖူချန်းက သူ့ရဲ့မျက်လုံးကို ဖွင့်လိုက်ပြီး စတင် လှုပ်ရှားလိုက်တယ်။ သူ့လက်ထဲက သံမဏိဓားက အလွန်လျင်မြန်စွာ လှုပ်ရှားနေတယ်။

လေတွေက လုံးဝ မရပ်မနား တိုက်ခတ်နေသလို လီဖူချန်း လက်ထဲက ဓားကလည်း တစ်စထက်တစ်စ ပိုပိုမြန်လာတော့သည်။ တဖြည်းဖြည်းနဲ့ သူ့ရဲ့ လက်ထဲကဓားက လေစီးကြောင်းထဲမှာ အလိုက်သင့် လိုက်ပါနေရင်း အသားကျ လာတော့သည်။ သူ့ရဲ့ အတွင်းအားတွေ အကုန်လုံး ကုန်သွားတဲ့ အခါမှာတော့ ရဲ့ချန်က သူ့လက်ထဲကဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်လေသည်။

သူ့တစ်ကိုယ်လုံးတွင် ချွေးများ ရွှဲရွှဲ စိုလျက် ရှိပြီး အသက်ကိုပင် အငမ်းမရ ရှူနေရလေသည်။

“ထင်ထားတဲ့အတိုင်းပဲ လေပြည်ဓားသိုင်းက အတွင်းအား အရမ်းကုန်တာပဲ"

ဓားသိုင်းတစ်ခုက အဆင့်ပိုမြင့်လာတာနဲ့ အမျှ အတွင်းအား ထုတ်သုံးရမှုကလည်း ပိုပို များလာတာ ဖြစ်သည်။

လီဖူချန်းရဲ့ လက်ရှိ အဆင့်နဲ့ ဆိုရင် အဝါရောင် အမျိုးအစား အလယ်အလတ် အဆင့်ဓားသိုင်းကို ထုတ်သုံးဖို့အတွက် အားကုန်နီးပါး စိုက်ထုတ်ဖို့ လိုအပ်လေသည်။ တကယ်လို့သာ အဆင့်မြင့် ဓားသိုင်းဆိုရင်တော့ ဓားဆယ်ချက်လောက် ခုတ်လိုက်သည်နှင့် သူ့အတွင်းအားတွေ အကုန်ကုန်သွား မှာလေ။

အတွင်းအားတွေ ပြန်လည် ပြည့်လာသောအခါ လီဖူချန်းက သူ့ဓားသိုင်းကို ပြန် လေ့ကျင့်လိုက်တယ်။

ဒီလိုနဲ့ ငါးရက်တောင် ကုန်လွန်ခဲ့ပြီ။

“ဟိတ်”

လေပြည်လေညင်းနဲ့ အတူ လီဖူးချန်းရဲ့ ဓားချက် တစ်ရာလောက်က လိုက်ပါ စီးမျောနေသည်။

သူ့ရဲ့ ဓားချက်တွေက အရမ်းမြန်လွန်းလို့ မျက်စိနဲ့တောင် လိုက်ကြည့်လို့ မမြင်နိုင်တော့ဘူး။

နေရောင်အောက်မှာ လေ့ကျင့် နေတဲ့ လီဖူချန်းဆီကနေ ဓားရိပ် ဓားယောင်တွေကိုပဲ မြင်နေရတော့တယ်။

“မျက်စိ တစ်မှိတ်အတွင်းမှာ ဓားချက် လေးချက်"

လီဖူချန်းက လေပူ တစ်ချက် မှုတ်ထုတ်လိုက်ပြီး ဓားကို ဓားအိမ်ထဲ ပြန်သိမ်းလိုက်သည်။

သူက လေပြည်ဓားသိုင်းရဲ့ အဆီအနှစ်ကို ရဖို့ အတွက် လမ်းစပေါ်သို့ ရောက်နေပြီ ဖြစ်သည်။ လူပြိန်းစကား ပြောရရင် သူ့ရဲ့ဓားက သဘာဝရဲ့ လေပြည်လေညင်း အတိုင်း လှုပ်ရှားနေနိုင်ပြီ။

ဓားရယ် အတွင်းအားရယ် လေထုရယ်က တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီ။

ဒီကိစ္စက ပြောတာတော့ လွယ်သည်။ တကယ် လုပ်တဲ့အခါတွင်တော့ အတော်လေး ခက်တာဖြစ်သည်။ တကယ်လို့သာ သူ့မှာ အစိမ်းဖျော့ရောင် စိတ်ဝိညာဉ်နှင့် နားလည် သဘောပေါက် နိုင်စွမ်းတွေသာ မရှိဘူးဆိုရင် နှစ်လကြာရင်တောင် အကြို ပြီးပြည့်စုံခြင်းအဆင့် ကိုတောင် ရောက်နိုင်သေးမှာ မဟုတ်ပါဘူး။

မနက်အစောကြီး ထပြီး တောင်ပေါ် တက်လိုက် ညနေခင်းကျရင် ပြန်သွားလိုက်နဲ့ အချိန်တွေက လျင်မြန်စွာပင် ကုန်ဆုံးသွားကြသည်။

***

ဆယ်ရက်မြောက်နေ့ရဲ့ နေ့လယ်ခင်း အခါမှာတော့

“ဘန်း"

လက်ဝါးရိုက်ချက် သစ်ပင်ကို ထိလိုက်သည်နှင့် သစ်ရွက်များက တဖြုတ်ဖြုတ် ကြွေကျ လာလေသည်။

ထို့နောက်မှာတော့ ဓားရောင် တစ်ချက် လက်သွားပြီး ကြွေကျလာတဲ့ သစ်ရွက်တွေ အားလုံးက အပိုင်းပိုင်း ဖြစ်ကုန်တယ်။ မျက်စိတစ်မှိတ် အတွင်းမှာပဲ လီဖူချန်းက ဓားချက် ခြောက်ချက် ခုတ်လိုက်တာ ဖြစ်သည်။

“နောက်ဆုံးတော့ အလုံးစုံ ပြီးပြည့်စုံခြင်း အဆင့် ရောက်ခဲ့ပြီပဲ" လေပြည်ဓားသိုင်းက လျင်မြန်မှုဖြင့် တစ်ဖက်လူကို အနိုင်ယူတဲ့ ဓားသိုင်းဖြစ်သည်။ အသုံးပြုသူရဲ့ သွက်လက်မှုကို အဆုံးစွန်ထိ မြှင့်တင်ပေးသည်။ တစ်ဖက်လူက မဖြစ်နိုင်လောက်ဘူး ထင်တဲ့ အလျင်မျိုးနဲ့ ရှုထောင့် အမျိုးက အမြန် တိုက်ခိုက်ရတဲ့ဓားသိုင်း ပညာရပ်လည်း ဖြစ်သည်။

ဒီဓားကွက်မှာ လျင်မြန်မှုက အဓိက သော့ချက်ပင်။

လီဖူချန်းက လေပြည်ဓားသိုင်းကို အလုံးစုံပြည့်စုံခြင်း အဆင့်ကို ရောက်ခဲရုံမက ထောင်ပေါင်းများစွာသော ဓားသမားတို့ လိုချင်တဲ့  ဓားရဲ့သဘော သဘာဝကိုလည်း အနည်းငယ် ရိပ်စားမိခဲ့သေးသည်။

ဓားရဲ့ သဘော သဘာဝကို ရဖို့ ဆိုတာ ပါရမီနဲ့ မဆိုင်ဘူး။

သဘောပေါက် နားလည်မှု အရမ်းမြင့်တာနဲ့လည်း မဆိုင်ဘူး။

တချို့ဓားပညာမှာ ပါရမီမပါတဲ့ ဓားသမားတွေဟာ ဓားပညာရပ်မှာ အရှုံး မပေးပဲ နှစ်ပေါင်းများစွာ ဓားသိုင်း တစ်ခုတည်းကိုသာ တစိုက်မတ်မတ် လေ့ကျင့်ရာမှ ရုတ်တရက် ဓားသဘောသဘာဝကို ဖမ်းဆုပ်မိပြီး အတော်ဆုံး ဓားသမားတွေ ဖြစ်လာတတ်ကြတယ်။

ဒါပေမဲ့ လီဖူချန်းလို သက်သက်သာသာနဲ့ ဓားသဘော သဘာဝနားလည်ခဲ့တဲ့ ဓားသမားကတော့ မရှိသလောက် ရှားတာဖြစ်တယ်။

***

လီကလန်ကို ပြန်တဲ့ အခါမှာတော့ လီဖူချန်းဟာ ခါတိုင်းလိုပဲ လေ့ကျင့်ရေးကွင်းကို ဖြတ်ကျော်သွားတယ်။

လေ့ကျင့်ရေးကွင်းထဲ မှာတော့ လီကလန်က တပည့် အတော်များများဟာ တစ်ယောက်နဲ့ တစ်ယောက် လက်ရည်စမ်း နေကြတယ်။ လီဖူချန်းက ထိုတပည့်တွေကို ကြည့်ပြီး စိတ်ထဲမှာ အရမ်း စိတ်ပျက်သွားတယ်။ တပည့်တွေက ကြိုးစားပမ်းစား တိုက်ခိုက်နေကြပေမဲ့ လီဖူးချန်းရဲ့ ထိုးထွင်း သိမြင်နိုင်စွမ်းကြောင့် သူတို့ရဲ့ ပြည့်နှက်နေတဲ့ ဟာကွက်တွေကို မြင်နေရတယ်။ တကယ်လို့ သူသာအားနေရင် ဒီကောင်တွေကို နည်းပေါင်း တစ်ရာလောက်နဲ့ ပညာပေးလို့ ရသည်။

လူအုပ်ကြားထဲမှာ ရပ်နေတဲ့ လီယွန်ဟီက လီဖူချန်းကို မြင်သွားတယ်။

“ဟေး လီဖူချန်း ဒီတစ်ခါတော့ မင်း ငါစိန်ခေါ်တာကို မငြင်းတော့ဘူးမလား။

“လီယွန်ဟီက ကောက်ကျစ်တဲ့ အပြုံးနဲ့ လီဖူချန်းကို ပြုံးပြီး လက်ရည်စမ်းဖို့ ဖိတ်ခေါ်လိုက်တယ်။

လီဖူချန်းက ခေါင်းခါပြလိုက်ပြီး

“မင်းက ငါနဲ့ လက်ရည်မညီဘူး"

လီယွန်ဟီက ကြောင်အအ ဖြစ်သွားတယ်။

“ဒီကောင် ဘာ ဘာပြောလိုက်တာလဲ"

"ငါ နားကြားများ မှားသွားသလား"

လက်ရည်စမ်းနေတဲ့ တပည့်တွေက တိုက်ခိုက်နေတာကို ရပ်လိုက်ကြပြီး

“ပွဲဟေ့”

“ပွဲဟ။ လီဖူချန်းက လီယွန်ဟီကို မတူ မတန်သလို ပြောလိုက်လို့ လီယွန်ဟီ ဒေါသထွက်နေပြီ။ လီဖူချန်းကတော့ ဆော်ခံရတော့မယ်” ဟု အချင်းချင်း လှမ်းသတင်း ပေးလိုက်ကြတယ်။

ချက်ချင်းပဲ လေ့ကျင့်ရေး ကွင်းပြင်တစ်ခုလုံးက တိတ်ဆိတ်သွားတယ်။

“လီဖူချန်း မင်းပြောလိုက်တာက ငါ့ဘဝမှာ ကြားဖူးတဲ့ ဟာသတွေထဲမှာ အစုတ်ပြတ်ဆုံးပဲ"

မင်းဒီလို ရူးချင်ယောင်ဆောင်ပြီး ငြင်းလိုက်တာနဲ့ မင်းဒီနေ့ ဒီနေရာကနေ ထွက်သွားလို့ရမယ် ထင်နေလား"

လီယွန်ဟီ က လီဖူချန်းကို တကယ် ဆော်ဖို့ ပြင်နေလေပြီ။

All Chapters