← Chapters

ရင်ဆိုင်ခြင်း၊ ထပ်မံတိုက်ခိုက်ခြင်း

Vol. 8 Ch. 151

ရင်ဆိုင်ခြင်း၊ ထပ်မံတိုက်ခိုက်ခြင်း

Vol. 8 Ch. 151

လန်ချန်ဖုန်း၏ တစ်ကိုယ်လုံးတွင် ချွေးအေးများဖြင့် စိုရွှဲသွားလေ၏။ သူသည် အလျင်အမြန်ပင် လက်မြှောက်ကာ မှိန်းဖြင့်ဓားပျော့ကို အားပါပါထိုး လိုက်ရာ မီးပွားများလွင့်စင်ထွက်သွားသည်။ နှင်းဖြူဓားသည် လှိုင်းလုံးကဲ့သို့ တဟုန်ထိုးဝင်လာရာ ပေထင်းဟွမ်ဆီသို့ အင်အားကြီးတစ်ခုလိမ့်တက်လာလေ သည်။ ပေထင်းဟွမ်သည် ထိတ်လန့်သွားသည်။ သူမ၏ခြေထောက်အောက်မှ တိုက်ခိုက်ရေးဖိနပ်သည် အသက်ဝင်နေပြီဖြစ်ကာ တိမ်တိုက်ဖြူများသည် သူမ ကို အလျင်အမြန်ပင် သယ်ဆောင်သွားလေသည်။

လန်ချန်ဖုန်း၏ မိုးပျံကန်ချက်မှာ လွဲသွားသည်။ သူသည် ပေထင်းဟွမ် အား အေးစက်သောအကြည့်ဖြင့်ကြည့်ပြီး စိတ်ထဲမှ နှာမှုတ်မိသည်။ ဤ ကလေး၏လွတ်မြောက်နိုင်သော စွမ်းရည်မှာထိပ်တန်းအဆင့်ဖြစ်သည်။ တစ်ဖက်တွင် ပေထင်းဟွမ်သည် မျက်ခုံးပင့်ပြီး လန်ချန်ဖုန်းကို ခပ်သဲ့သဲ့ပြုံးပြ လေသည်။ အရူး… သူမ မပြေးရင် သူလာကန်တာကို စောင့်နေရမှာလား။ ပေထင်းဟွမ်၏ ဝိညာဉ်စွမ်းအားသည် ဒြပ်စင်စွမ်းအားအဖြစ်ပြောင်းသွားသဖြင့် ကြယ် ၄ ပွင့်နှင့် ကြယ် ၉ ပွင့်ကြားရှိ ကွာခြားမှုသည် မကြီးမားပေ။

ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီး၏ ခွန်အားသည် အထင်ကြီးလောက်စရာ ဖြစ်နေတုန်းပင်။ သူမ လန်ချန်ဖုန်းနှင့် ထိပ်တိုက်ရင်ဆိုင်ရချိန်တွင် သူမသည် အနည်းငယ် နိမ့်ကျနေတုန်းပင်။

ပထမအချီတိုက်ခိုက်မှုအပြီးတွင် နှစ်ယောက်လုံးသည် ရှေ့သို့ကိုင်းကာ နိုးနိုးကြားကြားရှိနေကြသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက်၏ ခွန်အားကို နားလည်ပြီးဖြစ်ကာ သူတို့၏မျက်ခုံးနှစ်ခုကြားတွင် လေးနက်သော အမူအရာရှိနေပြန်သည်။

ရွှမ်း

သူသည် အနည်းငယ်ခေါင်းစောင်းပြီး ပခုံးတွင်ပေါ်နေသည့် အောက်ခံ အင်္ကျီအဖြူရောင်ပေါက်ရာကိုကြည့်လိုက်သည်။ လန်ချန်ဖုန်းသည် တုန်ယင် လာသည်။ ယခုအဖြစ်အပျက်သည် အလွန်အန္တရာယ်များလွန်းသည်။ သူသာ အချိန်မှီမတုံ့ပြန်လိုက်လျှင် ပေထင်းဟွမ်၏ဓားသည် သူ့လည်ပင်းကို လှီးဖြတ် သွားနိုင်သည်။ ထိုကောင်လေးသည် တိုက်ခိုက်ရာတွင် တည်ငြိမ်နေကာ ရက်စက်သလို သူ၏တိုက်ခိုက်မှုရှုထောင့်များသည်လည်း ဉာဏ်များသည်။ ထိုအရာများကပင် လူအများကို ကျောရိုးထဲထိ အေးစိမ့်သွားစေသည်။

ဤကလေးသည် ၁၄ နှစ်သာရှိသေးသော်ကြောင့် ငယ်ရွယ်ပုံပေါ်သော် လည်း သူသည် လေးရာသီတိုက်ခိုက်ရေးသမားဖြစ်သည်။

ပေထင်းဟွမ်အနေနှင့် အစောကတိုက်ရိုက် ရင်ဆိုင်လိုက်ခြင်းသည် သူမ နှင့် ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီးတို့အကြားမှ ကွာခြားချက်ကို သိသွားစေ သည်။ သို့သော် ကွာခြားချက်များလေလေ သူမ၏စိတ်ထဲမှ တိုက်ခိုက်လိုစိတ် ပြင်းထန်လေဖြစ်သည်။ သူမ၏ မျက်လုံးများသည် အေးစက်နေကာ သူမ ခြေထောက်အောက်မှ မိုးကြိုးတိုက်ခိုက်ရေးဖိနပ်ကို အသက်သွင်းကာ လန်ချန်ဖုန်းဆီသို့ အလင်း၏အရှိန်ဖြင့် တဟုန်ထိုးပြေးလေသည်။

ထပ်တိုက်ခိုက်ပြန်ပြီ။

သူမသည် အလွန်အမင်းမြန်ဆန်သောအရှိန်ဖြင့် လှုပ်ရှားရာ အနောက် တွင် ပုံရိပ်များကျန်ခဲ့လေသည်။ ပေထင်းဟွမ်၏ ပုံရိပ်အစစ်ကို မည်သူမှမမြင် နိုင် ပေ။ သူမသည် ခြေထောက်အောက်ရှိ အဖြူရောင်တိမ်တိုက်နှစ်ခုကို နင်းကာ အေးစက်ပြီး ဖုန်ထူသည့်ပတ်ဝန်းကျင်ကို ခေါက်တုံ့ခေါက်ပြန်သွားကာ သူ့ကို တိုက်ခိုက်ပြီးရင်းတိုက်ခိုက်လေသည်။

လန်ချန်ဖုန်းသည် စိတ်ထဲမှ ထိတ်လန့်နေမိသည်။ ဒီကောင်လေးက ဘာလို့ ဒီလောက်တောင် မြန်နေတာလဲ။ ဤကဲ့သို့အမြန်နှုန်းသည် ကောင်းကင် အဆင့်အောက်ရှိသောလူများ မည်သို့မှမယှဉ်နိုင်သည့် အမြန်နှုန်းဖြစ်သည်။

ချွင်း ချွင်း

ငွေရောင်ဓားပျော့နှင့် မှိန်းတို့သည် အပြင်းအထန်တိုက်ခိုက်ပြန်ကြသည်။ လက်နက်များ တိုက်ခိုက်သံကိုကြားသောအခါ အားလုံး၏နှလုံးခုန်သံများ တင်းကျပ်လာသည်။ သူတို့၏ ရင်မှာအကြမ်းအရမ်း တုန်ယင်လာသည်။ စစ်မြေပြင်သို့ သွားရသည်ထက် စိတ်လှုပ်ရှားမှုသည် ပို၍နာကျင်ဖွယ်ကောင်း လေသည်။

ပုံရိပ်နှစ်ခုသည် သူတို့၏ရောင်ဝါကို သယ်ဆောင်ကာ စစ်မြေပြင်တွင် တစ်ခါပြီးတစ်ခါ ပြင်းထန်သော အလဲအလှယ်ကို လုပ်ခဲ့ကြသည်။ နေရာတိုင်း တွင် ပြန့်ကျဲလာသော မီးတောက်များကြောင့် ဝိညာဉ်သခင်ကြီးအောက်နိမ့် သောလူများသည် သူတို့၏တိုက်ပွဲကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။ သူတို့ နှစ်ယောက် နဂါးကဲ့သို့ အမြန်ဆုံးနှုန်းဖြင့် လှုပ်ရှားနေသည်ကိုသာ မြင်ရလေ သည်။ အသံကြားသည့်အချိန်တိုင်းတွင် အားကောင်းသည့် တိုက်ခိုက်မှု ထွက်ပေါ်လာပြန်ပြီဟု နားလည်လိုက်သည်။

“မိုးနတ်မင်းရေ ကြယ် ၄ ပွင့်ဝိညာဉ်သခင်ကြီးက တကယ်ကြီး ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီးကို ယှဉ်နိုင်နေတာပဲ… တစ်ခုခုလွဲနေတာများရှိလား.. ကြယ် ၅ ပွင့်တောင် ကွာတာလေ”

“စကားမပြောနဲ့ တိတ်တိတ်နေ.. ငါတို့ကြည့်နေတုန်းရှိသေးတယ် အရမ်း ကို စိတ်လှုပ်ရှားဖို့ကောင်းတာပဲ”

မရေမတွက်နိုင်သော ကြေးစားနှင့် စွန့်စားသူများသည် လူနှစ်ယောက် ကြားမှ တိုက်ပွဲကြောင့် ရဲရဲတောက်နေသည်။ သူတို့သည်လည်း တိုက်ခိုက်ရန် တစ်စုံတစ်ယောက် သို့မဟုတ် မှော်သားရဲကိုရှာတွေ့လိုသဖြင့် လက်ဖဝါးများကို ပွတ်သပ်လျက်ရှိသည်။

“လန်ချန်ဖုန်းက လန်မိသားစုရဲ့ ထင်ယောင်ထင်မှားရွှေအခန်းကနေ ထွက်လာနိုင်တဲ့ တစ်ဦးတည်းသောလူငယ်မျိုးဆက်ဖို.. သူ့ခွန်အားက အရမ်းကို သာလွန်နေပြီ.. ညီလေးပေယဲ့က သူနဲ့အပြိုင်တိုက်ခိုက်နိုင်လိမ့်မယ်လို့ ထင် မထားဘူး.. ဒါ တကယ်ကို… မထင်မှတ်လောက်စရာပဲ” မုဖုန်းသည် မျက်လုံးများထဲတွင် မယုံကြည်မှုများ၊ လေးစားမှုဖြင့် ပြည့်နှက်နေကာ ခေါင်းခါ မိ၏။

***

All Chapters