← Chapters

တိုက်ပွဲပြီးနောက် ကျော်ကြားလာခြင်း

Vol. 8 Ch. 153

တိုက်ပွဲပြီးနောက် ကျော်ကြားလာခြင်း

Vol. 8 Ch. 153

“ဟေ့ကောင်လေး မင်းမှာ အလယ်အလတ်အဆင့်ဝိညာဉ်လက်နက်ရှိတာ နဲ့ပဲ ငါ့ရှေ့မှာ နိုင်ထက်စီးနင်းပုံစံ လာလုပ်လို့ရမယ်ထင်လား” လန်ချန်ဖုန်းသည် လက်ထဲတွင် ဓားတိုကိုကိုင်ထားကာ ပေထင်းဟွမ်၏လည်ပင်းဆီသို့ တစ်လက်မချင်းစီ တိုးသွားသည်။ သူ့မျက်လုံးထဲမှ သွေးဆာနေသောအကြည့် များသည် ပြင်းထန်နေကာ ပေထင်းဟွမ်အား မျက်လုံးနှင့်သတ်ချင်နေသကဲ့သို့ အေးစက်သောအလင်းတန်းများထွက်လျက်ရှိသည်။

ဤတိုက်ပွဲတွင် သူနိုင်ခဲ့လျှင်တောင် အားလုံး၏မျက်လုံးထဲတွင် သူ ရှုံးနေ ပြီးသားဖြစ်သည်။

သူခြေချော်သွားသည်နှင့် ပေထင်းဟွမ်၏ခန္ဓာကိုယ်သည် မထင်မှတ် သော ရှုထောင့်မှ လန်ချန်ဖုန်းကို ဖြတ်ကျော်သွားလေသည်။ ပေထင်းဟွမ် ဤမျှမြန်ဆန်လိမ့်မည်ဟု လန်ချန်ဖုန်း မထင်မိပေ။ သူ၏ဓားတိုသည် ပေထင်းဟွမ်နောက်သို့ လိုက်လသည်။

လန်ချန်ဖုန်းသည် မြန်ဆန်သည်။ သို့သော် ပေထင်းဟွမ်သည် ပိုသွက်၏။ သူမ၏ မည်းနက်သော မျက်လုံးများတွင် မီးလျှံများ ကလျက်ရှိ၏။ သူမ၏ တိုက်ခိုက်လိုစိတ်သည် သူမ၏မျက်လုးထဲတွင် မထင်မှတ်သောနည်းလမ်းဖြင့် ပေါ်လာသည်။ သူမသည် ဤအခိုက်အတန့်ကို စောင့်နေခြင်းဖြစ်သည်။

သူမသည် ခြေဖျားထိပ်နှင့် မြေကြီးကို အသာထောက်ကာ မိုးကြိုးတိုက်ပွဲ ဖိနပ်ဖြင့် အရှိန်ကိုမြှင့်လိုက်သည်။ သူမ၏သွက်လက်သော ဇာမဏီအရိပ်နှင့် တွဲဖက်လိုက်သောအခါ ပေထင်းဟွမ်သည် ပျံတက်ကာ ဓားတိုကိုင်ထားသော လန်ချန်ဖုန်း၏ လက်ကောက်ဝတ်ကို ကန်လိုက်သည်။ သူ့လက်နက်များတွင် နောက်ဆုံးဓားတိုသည် လူအုပ်အနောက်ဘက်သို့ လွင့်သွားလေသည်။

“မင်းမှာ အစွမ်းအစရှိရင် ငါ့လက်နက်ကိုယူလိုက်” ပေထင်းဟွမ်သည် အံကြိတ်ထားသည်။ အားလုံး၏အမြင်တွင် သူမ၏ အေးစက်သောအမူအရာ သည် စစ်နတ်ဘုရားတစ်ဦးအသွင်ပြင်။

အားကောင်းသော တိုက်ကွက်ဖြင့် တိုက်ခိုက်ပြီးနောက် ပေထင်းဟွမ်၏ ပုံရိပ်သည် လေပေါ်သို့ပြန်ရောက်သွားသည်။ သူမ၏ ခြေထောက်နောက်တစ် ဖက်သည် လှည့်စားပြီး အညှာတာမဲ့စွာဖြင့် လန်ချန်ဖုန်း၏ဦးခေါင်းကို ကန်လိုက်၏။

ဘုန်း…

သူသည် မျက်နှာကို လက်ဖြင့်ကာလိုက်သော်လည်း ပေထင်းဟွမ်၏ လွှမ်းမိုးနိုင်သောခွန်အားကို မခုခံနိုင်ပေ။ ပေထင်းဟွမ်၏ အားအပြည့် တိုက်ခိုက်မှုအပြီးတွင် လန်ချန်ဖုန်း၏ခန္ဓာကိုယ်သည် လျင်မြန်စွာပင် အနောက် သို့ ရောက်သွားလေသည်။ ကန်ချက်အားသည် ကြီးမားလွန်းကာ ရင်ပြင်အစွန်း သို့မရောက်ခင်အထိ မရပ်ပေ။ ထိုအခိုက်အတန့်တွင် သူသည် တိုက်ပွဲစည်း အပြင်သို့ရောက်သွားပြီဖြစ်ကာ ပေထင်းဟွမ်ကို တိုက်ခိုက်ရန် အရည်အချင်း မပြည့်မီတော့ပေ။

သူ ရှုံးသွားလေပြီ။

သူသည် နှစ်ကြိမ်ဆက်တိုက် လက်နက်ကိုဆုံးရှုံးလိုက်ရကာ စစ်မြေပြင်မှ ကန်ထုတ်ခံရသည်။

ဘယ်လောက် ရှက်ဖို့ကောင်းလိုက်လဲ။ ကြယ် ၉ ပွင့် ဝိညာဉ်သခင်ကြီး အဆင့်ရှိသည့် လန်ချန်ဖုန်းသည် ကြယ် ၄ ပွင့်ဝိညာဉ်သခင်ကြီးကို ရှုံးသွားလေ ပြီ။

ရင်ပြင်တစ်ခုလုံးမှာ တိတ်ဆိတ်နေသည်။ အားလုံး၏ ဆာလောင်နေ သည့်အကြည့်များသည် တရားစီရင်ရေးနတ်ဘုရားရုပ်ထု၏ အောက်မှလူငယ် ကို စိုက်ကြည့်နေကြသည်။ သူ၏ခန္ဓာကိုယ်သည် အပြည့်အဝမကြီးထွားသေး သဖြင့် ပိန်ပါးနေသည်။ သူ၏ခန္ဓာကိုယ်မှ ငွေရောင်ချပ်ဝတ်ဆန်ဆာသည် တလက်လက်တောက်ပနေသည်။ နှင်းဖြူရောင်မျက်နှာဖုံးသည် သူမ၏ လှပ သောမျက်နှာကို ဖုံးအုပ်ထားသော်လည်း ခန္ဓာကိုယ်မှ မောက်မာသောရောင်ဝါ ကို မဖုံးဖိနိုင်ပေ။ သူသည် ပြင်းထန်သော ရောင်ဝါထုတ်နိုင်သည့် ရှေးဟောင်း စစ်နတ်ဘုရားကဲ့သို့ ဂုဏ်သိက္ခာရှိခြင်း၊ မြင့်မြတ်ခြင်း၊ အေးစက်ခြင်းနှင့် ကျက်သရေအပေါင်းတို့နှင့် ပြည့်စုံနေသည်။

သူ၏ ဆံနွယ်ရှည်နှင့် ဝတ်ရုံသည် လေအခတ်တွင် လွင့်ပါသွားသည်။

ထိုအခိုက်အတန့်တွင် ရင်ပြင်ထဲမှလူများအားလုံးသည် ပေယဲ့ဆိုသည့် အမည်နာမကို မှတ်မိသွားကြလေပြီ။

အားပေးသံများ ညံသွားသည်။ မိုးကြိုးသွား၏ အသံသည် ရင်ပြင်အထက် ကောင်းကင်ယံမှ ထွက်လာသည်။ လူတစ်ဦး၏နာမည်ကို အကြိမ်ပေါင်းထောင် ချီ အော်ဟ်စနေကြသည်။ “ပေယဲ့ ပေယဲ့” မရေမတွက်နိုင်သောလူများသည် ရင်ပြင်ဆီသို့ ချီတက်လာပြီး နောက်ဆုံးအဆင့်တွင်ရပ်ကာ သူတို့မျက်လုံးထဲမှ သူရဲကောင်းကို ကာကွယ်ကြသည်။

ပင်မတိုက်ကြီး၏ သမိုင်းဝင် မွန်မြတ်သောသားရဲနှစ်ကောင်ပိုင်ဆိုင်သည့် အငယ်ဆုံးဝိညာဉ်သခင်ကြီးသည် သူ့ထက် ၅ ဆင့်မြင့်သော ဝိညာဉ်သခင်ကြီး ကို အနိုင်ယူခဲ့သည်။ တောက်ပခြင်းသည် လူတိုင်း၏အိပ်မက်ဖြစ်သည်။ ထို အခိုက်အတန့်တွင် ပေထင်းဟွမ်ပေါ်သို့ မီးမောင်းထိုးပြလိုက်သလိုပင်။ တရားစီရင်ရေးနတ်ဘုရားရုပ်ထုရှေ့မှ ပိန်ပါးသောလူငယ်သည် လျစ်လျူရှုခံရ နိုင်သည်။ သို့သော် ဤအခိုက်အတန့်တွင် အားလုံး၏အကြည့်များသည် သူမ၏ ပုံရိပ်ဆီသို့ ရောက်နေကြသည်။

သူမသည် ငယ်ရွယ်သည်။ ၁၄ နှစ်သာရှိသေးသည်။ ယနေ့ပြီးသည့်နောက် တွင် သူမ၏နာမည်သည် ရာယာအင်ပါယာတွင် ပျံ့နှံ့သွားလေ၏။ အနီးဆုံး အနာဂတ်တွင် သူမ၏နာမည်ကို ပင်မတိုင်းပြည်အတွင်း အားလုံးကသိကြလိမ့် မည်ထင်သည်။ သူမသည် မရေမတွက်နိုင်သော ကျွမ်းကျင်သူများကို ဖိနှိပ်ကာ ဤတိုက်၏ထိပ်ဆုံးတွင် လွှမ်းမိုးနိုင်သော ဟန်ပန်ဖြင့် သေချာပေါက် ရပ်နိုင်လိမ့်မည်။

***

All Chapters