← Chapters

ချောင်းမြောင်းတိုက်ခိုက်တယ် အရှက်မရှိဘူး

Vol. 8 Ch. 154

ချောင်းမြောင်းတိုက်ခိုက်တယ် အရှက်မရှိဘူး

Vol. 8 Ch. 154

“ကောင်းလိုက်တာ.. သခင်ကြီးပေယဲ့က ဒီတစ်ခါ မှော်သားရဲစီးကြောင်း ကို ဦးဆောင်ပြီးခုခံပေးလိမ့်မယ်.. ဘာကြောက်ဖို့လိုသေးလဲ”

ဤတိုက်ပွဲသည် နတ်မိစ္ဆာသားရဲစီးကြောင်းမတိုင်ခင် တိုက်ခိုက်ခြင်းဖြစ် သည်။ တိုက်ပွဲတစ်ခုလုံး၏ မြင်ကွင်းသည် လူတိုင်း၏သွေးများကိုဆူပွက်စေပြီး သူတို့၏တိုက်ခိုက်ရေးစိတ်ဓာတ်ကို လှုံ့ဆော်ပေးသည့်အရာတစ်ခုလိုဖြစ်နေ သည်။ အများ၏စိတ်ထဲတွင် မနက်ဖြန် တိုက်ပွဲကြီးတွင် ပါဝင်တိုက်ခိုက်ရန် မစောင့်နိုင်တော့ပေ။

“ဟုတ်တယ် ဟား ဟား သခင်ပေယဲ့နဲ့ အတူတိုက်ခိုက်မယ်ဆို ငါ့ဘဝမှာ အကြီးဆုံးဂုဏ်ပဲ”

“ငါရောပဲ သခင်ပေယဲ့က ပင်မတိုက်မှာ အကောင်းဆုံးဝိညာဉ်သခင်ဖြစ် လိမ့်မယ်.. သူနဲ့သာ အတူတိုက်ခိုက်ရမယ်ဆိုရင် ဒီတစ်ခါလာလိုက်တာ ရွေးချယ်မှုမှန်သွားတာပဲ”

“ဝိုး ငါ သခင်ပေယဲ့ကို အရမ်းသဘောကျတာပဲ.. ငါသူ့ကိုအရမ်းကြိုက် တယ် ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ”

…..

များပြားလှသော ချီးမွမ်းမှုများသည် လန်ချန်ဖုန်း၏ နားထဲသို့တိုးဝင်လာ ကြသည်။ ထိုအချိန်တွင် သူသည် ရင်ပြင်၏ဘေးတွင် အားလုံးနှင့်အတူရပ်နေ သည်။ သို့သော် သူတို့မျက်လုံးထဲတွင် သူဆိုသည်မှာ မရှိပေ။ သူ့ကိုကျော်ဖြတ် သွားသူများသည် သူ့ကို လေလွင့်ခွေးသဖွယ် သာမန်ကာလျှံကာပင်ကြည့်သွား ကြလေသည်။

သူ့စိတ်ထဲမှ ဒေါသနှင့်အရှက်ရမှုသည် အဆိပ်ကဲ့သို့ ဆူပွက်လာသည်။ ပေထင်းဟွမ်အားကြည့်သည့် သူ၏ ရက်စက်သောအကြည့်သည် အဆိပ်ပြင်း သောမြွေကဲ့သို့ မုန်းတီးမှုအပြည့်နှင့်ပင်။ ပေထင်းဟွမ်ကြောင့်သာမဟုတ်လျှင် သူသည် ဤတိုက်တွင် ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်နိုင်သည်။ ပေထင်းဟွမ် ကြောင့်သာမဟုတ်လျှင် ချီးမွမ်းမှုခံရမည်မှာ သူဖြစ်လိမ့်မည်။

သူမရှေ့မှ အနက်ရောင်ဝတ်ထားသည်လူငယ်ကိုကြည့်ပြီး ငွေရောင် ချပ်ဝတ်တန်ဆာနှင့် မိုးကြိုးတိုက်ပွဲဖိနပ်များသည် အလင်းတန်းအဖြစ်ပြောင်း ပြီး သူမပခုံးပေါ်သို့ရောက်နေပြီဖြစ်သည်။ သူမ၏ပခုံးပေါ်တွင် ကြောင်နှင့် ခွေး တစ်ကောင်ရှိနေသည်။ သူတို့သည် မျက်လုံးများကို ကျဉ်းမြောင်းပြီး ငိုက်မျဉ်း နေသည်။ မွန်မြတ်သောသားရဲ၏ ပုံစံတုသည် အိမ်မွေးတိရစ္ဆာန်လေးကဲ့သို့ပင်။ လန်ချန်ဖုန်း၏နှုတ်ခမ်းထောင့်များသည် လှောင်ပြုံးကဲ့သို့ ကွေးတွန့်သွား၏။ သူသည် ခြေဖျားထိပ်ဖြင့် မြေကြီးကိုထောက်ကာ ခန္ဓာကိုယ်ကိုလှံတံအဖြစ် ပြောင်းပြီး ပေထင်းဟွမ်ဆီသို့ ခုန်အုပ်လေသည်။

“သခင်ပေယဲ့ သတိထား”

“အာ…”

“ညီလေး ပေယဲ့”

ဤသို့ဖြစ်လာလိမ့်မည်ဟု ရင်ပြင်ထဲမှမည်သူမှ မျှော်လင့်မထားကြပေ။ ချောင်းမြောင်းတိုက်ခိုက်မှုသည် ကိုယ်ခံစွမ်းအားကို ထောက်ခံပြီး သန်မာသူကို လေးစားသည့် ပင်မတိုက်ကြီးတွင် စက်ဆုတ်ဖွယ်အကောင်းဆုံးအရာ ဖြစ်သည်။

အားလုံးသည် နေရာတွင်ရပ်ကာ လက်နက်ကိုတိုက်ပွဲချပ်ဝတ်တန်ဆာ အဖြစ်ပြောင်းပြီး ပေထင်းဟွမ်ဆီသို့ လာနေသောလူကိုကြည့်ကြသည်။ ချွန်ထက်သောလက်နက်နှင့် တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာအဖြစ်ပြောင်း လိုက်သော မွန်မြတ်သောသားရဲတို့အကြားတွင် ကွာဟချက်ကြီးရှိသည်။

သူမကို လန်ချန်ဖုန်း ထိသွားသည်နှင့် မသေလျှင်တောင် တစ်ပိုင်းသေ သွားနိုင်သည်။

လန်ချန်ဖုန်းပေါ်သို့ ပုံရိပ်နှစ်ခုသည် အညှာတာကင်းစွာ ခုန်အုပ်လေ သည်။ မုယန်းနှင့် ချင်ယွိတိတို့သည် လန်ချန်ဖုန်းအား လက်နက်ဖြင့် တိုက်ခိုက် ကြလေသည်။ သူတို့တွင် ထက်ရှသောရောင်ဝါရှိသည်။ သူတို့ကိုယ်သူတို့ ဒိုင်းကာအဖြစ်သုံးလျှင် လန်ချန်ဖုန်းသည် ပေထင်းဟွမ်အား နည်းနည်းမှထိနိုင် မည်မဟုတ်ပေ။

ဤအဖြစ်အပျက်များသည် ရုတ်တရက်ဖြစ်ပျက်သွားခြင်းဖြစ်သည်။ မုယန်းနှင့်ချင်ယွိတို့သည် အားလုံး၏လေးစားမှုကို လက်ခံနေသည့် ပေထင်းဟွမ်ကို ထိခိုက်မည်စိုးသဖြင့် ရှေ့မတိုးပေ။ ထိုအခိုက်တွင် သူတို့အား ကုန်သုံးပြီး လုလျှင်တောင် ခြေတစ်လှမ်းနောက်ကျသွားပြီဖြစ်သည်။

ပေထင်းဟွမ်ပေါ်သို့ လွှမ်းမိုးနိုင်သည့် ဖိအားတစ်ခုကျရောက်လာသည်။ သူမ နောက်ပြန်လှည့်ကြည့်မိသည်။ သူမခန္ဓာကိုယ်မှ ဒြပ်စင်စွမ်းအင်သည် အစောက တိုက်ပွဲတွင်ကုန်ခမ်းသွားပြီဖြစ်သည်။ သူမသည် ခုခံရန် စွမ်းအားပင် မစုနိုင်ပေ။ သေဆုံးခြင်းအရိပ်သည် သူမ၏ဦးခေါင်းပေါ်သို့ သေမင်းသဖွယ် ကျရောက်လာပြီဖြစ်သည်။

ပေထင်းဟွမ်အားတိုက်ခိုက်သည့် လန်ချန်ဖုန်း၏ လက်သီးကို အဖြူ ရောင်ဝိညာဉ်စွမ်းအားဖြင့် လွှမ်းပတ်ထားသည်။ သူသည် ပေထင်းဟွမ်ထက် မသာလွန်နိုင်ပေ။ သို့သော် ရှန်းမျိုးနွယ်၏ လျှို့ဝှက်နည်းပညာသည် သူ၏ အသက်အဆီအနှစ်ကို လောင်ကျွမ်းပြီး နောက်ဆုံးဝိညာဉ်စွမ်းအားကို အသုံးပြုပြီး ဤနေရာတွင် ပေထင်းဟွမ်ကိုသတ်ရန်လုံလောက်သည်။

***

All Chapters