← Chapters

ရွှေနတ်စွမ်းအား

Vol. 8 Ch. 155

ရွှေနတ်စွမ်းအား

Vol. 8 Ch. 155

လက်သီးသည် ပေထင်းဟွမ်၏မျက်နှာနှင့် လက်တစ်ချောင်းစာသာ ဝေးကွာတော့သည်။ လျှပ်တပြက်အတွင်းမှာပင် ပေထင်းဟွမ်၏ခန္ဓာကိုယ်ကို ရွှေအလင်းအလွှာတစ်ခု လွှမ်းခြုံလိုက်သည်။ အတားအဆီးကဲ့သို့ပင် လန်ချန်ဖုန်း၏လက်သီးကို တားလိုက်သည်။ ရွှေရောင်အလင်းသည် ရုတ်တရက်တောက်ပလာပြီး ကမ္ဘာမြေကြီးကို တုန်ခါစေသည့်ရောင်ဝါသည် လန်ချန်ဖုန်းအား တွန်းထုတ်လိုက်သည်။

“ရွှေရောင်လား နတ်စွမ်းအားလား” ကြောက်လန့်နေသောအသံသည် ရင်ပြင်ထဲတွင် ထွက်လာသည်။ ထိုအခိုက်အတန့်တွင် ပုံမှန်တည်ငြိမ်တတ် သော သန့်စင်သောသားတော်ဂူဟောက်သည် မနေနိုင်တော့ဘဲ ရင်ပြင်အလယ် ဆီသို့ တိုးလိုက်သည်။ ဟုတ်သည် သူ မြင်သည်မှာမမှားပေ။ ဤစွမ်းအားသည် အမှန်တကယ်ပင် ရွှေရောင်ဖြစ်သည်။ ရွှေရောင်စစ်ပင်။ ထိုအရာသည် နတ် စွမ်းအားဖြစ်သည်။

ကောင်းကင်ဘုံအထက်တွင် နတ်ဘုံရှိသည်။ ဤတိုက်တွင် လူတစ်ဦး တည်းကသာ နတ်ဘုံသို့ တက်နိုင်မည်။ စီရင်ချက်ဗိမာန်၏ နတ်သခင်ပင်လျှင် နတ်ဘုံနှင့် ခြေတစ်လှမ်းကွာဝေးနေသေးသည်။ ဤကောင်လေးသည် ထိုလူနှင့် ဆက်စပ်နေသလိုပင်။

ဂူဟောက်သည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ သည်လိုသာဆိုလျှင် သူသည် သည်တစ်ခေါက်တော့ ပေထင်းဟွမ်၏အသက်ကို ယူရန်မဖြစ်နိုင်တော့ပေ။ ဂူဟောက်သည် လှုပ်ရှားမည်အပြုတွင် လန်ချန်ဖုန်းမှ အရင်လှုပ်ရှားလေသည်။ မဟုတ်လျှင် နတ်စွမ်းအားကြောင့် လွင့်သွားမည်မှာ ဂူဟောက်ပင်ဖြစ်လိမ့်မည်။

နတ်အင်အားပေါ်လာသည်နှင့် မည်သူမှတားနိုင်မည်မဟုတ်ပေ။

ရုတ်တရက် သွေးစီးကြောင်း‌ ထွက်ပေါ်လာကာ ရင်ပြင်အား ဖြန်းပက် လိုက်သည်။ ထိုအခိုက်တွင် လန်ချန်ဖုန်း၏ခန္ဓာကိုယ်သည် စုတ်ပြတ်သွားကာ အနောက်သို့လွင့်သွားသည်။

သူ့ခန္ဓာကိုယ်ပေါ်မှ အထွတ်အမြတ်သားရဲချပ်ဝတ်တန်ဆာသည် ဝိညာဉ် စွမ်းအင်ကုန်သွားကာ မထိန်းထားနိုင်တော့ပေ။ သခင်ဖြစ်သူဒဏ်ရာရသွား သောကြောင့် မူလကကြီးကျယ်ခမ်းနားသော မီးလျှံမြင်းသည် မြေပြင်ပေါ်တွင် လဲကျသွားသည်။ အသက်မဲ့သောမျက်လုံးများသည် ဘေးပတ်ပတ်လည်ကို ကြည့်ပြိးနောက် စိတ်ပျက်လက်ပျက်ဖြင့် မှိတ်သွားလေသည်။

စာချုပ်သားရဲသည် ဝိညာဉ်သခင်နှင့် ကံကြမ္မာတစ်ခုတည်းကို ဝေမျှကြ သည်။ ထိုအခိုက်အတန့်တွင် နတ်စွမ်းအားဖြင့် တိုက်ခိုက်ခံရပြီးနောက် သခင် ဖြစ်သူ၏ အသက်ရောင်ဝါသည် တဖြည်းဖြည်းမှေးမှိန်သွားသည်ဟု သူ ခံစားရ သည်။ အထွတ်အထိပ်ကောင်းကင်ရွှေမသေမျိုးပင်လျှင် သူ့ကို ကယ်နိုင်မည် မထင်တော့ပေ။

သခင်တစ်ဦးသေဆုံးသွားလျှင် သူ၏စာချုပ်သားရဲလည်း သေချာပေါက် သေမည်။

ဘုန်း..

ကြီးမားသောအရာဝတ္ထုပြုတ်ကျသည့်အသံသည် ရင်ပြင်တစ်ခုလုံးကို လှုပ်ယမ်းလိုက်သလိုပင်။ တုန်ခါသောအသံနှင့်အတူ လန်ချန်ဖုန်းသည် သွေးများ အန်ထွက်လေသည်။ ကိုယ်တွင်းအင်္ဂါများ စုတ်ပြဲသွားသည်နှင့်အတူ အားပါပါချောင်းဆိုးလိုက်သည်။ ထိုအချိန်တွင် ရင်ပြင်၌ လန်ချန်ဖုန်း၏ အသံ အပြင်တခြားဘာမှမကြားရပေ။

အားလုံးသည် ပေထင်းဟွမ်အား မကောင်းဆိုးဝါးသဖွယ် ကြည့်ကြလေ သည်။

နတ်စွမ်းအား.. အဲဒါကြောင့် ဖြစ်သွားတာလား။ ပေထင်းဟွမ်သည် ယန်မြို့တော်မှဖြစ်သည်။ ယန်မြို့ဝန်၏ ကာကွယ်မှုကိုရချင်လျှင်… ဤတိုက် တွင် သူမကို မည်သူရန်စရဲတော့မည်နည်း။ ရှန်းမျိုးနွယ်သည် အထင်ကြီး လောက်စရာဖြစ်သော်လည်း ယန်မြို့နှင့်ယှဉ်လျှင် မလုံလောက်သေးပေ။ ယန်မြို့သည် စီရင်ချက်ဗိမာန်နှင့် အမှောင်နတ်မိစ္ဆာခန်းမတို့ ကြောက်ရွံ့ လောက်အောင် ဖိအားပေးနိုင်သည်။ ဒီတိုက်မှာ ဘယ်သူက သူနဲ့ ယှဉ်ရဲတော့ မှာလဲ။

“ပေယဲ့ အဆင်ပြေရဲ့လား” မုယန်းသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ သူသည် ပေထင်းဟွမ်အားဆွဲပြီး ခေါင်းအစခြေအဆုံး ကည့်လေသည်။ ပေထင်းဟွမ်သည် မည်သူဖြစ်စေ၊ မည်သို့သန်မာပါစေ သူမ အသက်ရှင်နေသရွေ့ အဆင်ပြေသည်။

“အဆင်ပြေနေတာကောင်းတယ်” ချင်းယွိသည် မောဟိုက်နေသည်။ သူ၏ နူးညံ့သောအကြည့်သည် ပေထင်းဟွမ်ဆီရောက်နေကာ သူမ၏ပခုံးကို တင်းကြပ်စွာကိုင်ထားသည်။ ထိုအခိုက်တွင် သူ မည်မျှ စိုးရိမ်သွားသည်ကို မည်သူမှ မသိနိုင်ကြပေ။ ခြုံခိုတိုက်ခံရသူမှာ ပေထင်းဟွမ်မဟုတ်ဘဲ သူသာဖြစ် လိုက်ချင်မိသည်။

ထိုသို့ဖြစ်ရသည်မှာလည်း ပေထင်းဟွမ်သည် နှင်းဝံပုလွေအဖြွ့ကို ကယ်ခဲ့ ခြင်းကြောင့်သာဖြစ်သည်။ မြင်မြင်ချင်းပင် ပေထင်းဟွမ်အား ရင်းနှီးသလိုခံစား ခဲ့ရသည်။ သူသည် သူမအား သူ့လက်အောက်တွင် ကာကွယ်ထားချင်မိသည်။

ပေထင်းဟွမ် မတုံ့ပြန်ခင်တွင် လန်ချန်ဖုန်း၏ ခြုံတိုက်ခိုက်စဉ်၊ သေရေး ရှင်ရေးကြုံရသည့်အခိုက်တွင် သူမလက်ထဲမှဓားတိုသည် ရုတ်တရက် ရွှေရောင် တောက်လာခဲ့သည်။ ၎င်းအလင်းရောင် သူမ၏တစ်ကိုယ်လုံးကို လွှမ်းခြုံလိုက် ချိန်တွင် လန်ချန်ဖုန်းကိုပါ တိုက်ခိုက်ခဲ့သည်။

ဓားတိုသည် ယန်ယဲ့သန့်စင်ထားသည့် အဆင့်မြင့်ဝိညာဉ်လက်နက်ဖြစ် သည်။ ထိုထဲမှ ရွှေရောင်အလင်းသည် ယန်ယဲ့ချန်ထားခဲ့ခြင်းဖြစ်သည်။ သူသည် သူမကို ကာကွယ်ရန်တခြားနည်းလမ်းကို သုံးခဲ့သည်။

ကံမကောင်းစွာပင် သူမသည် သတိထားလွန်းနေသည်။ သူမသည် ခန္ဓာ ကိုယ်ထဲမှ ဒြပ်စင်စွမ်းအင်အားလုံးကို အကုန်သုံးခဲ့သည်။ လျှပ်စီးနှင့် မိုးကြိုး သည် သူမခန္ဓာကိုယ်ပေါ်မှ ချပ်ဝတ်တန်ဆာအခြေအနေကို မထိန်းသိမ်းနိုင်ခဲ့ ပေ။ သို့သော် သူမသည် သတိလက်လွတ်ဖြစ်သွားသည်ဟု မဆိုလိုပေ။ ဝိညာဉ် စွမ်းအင်ကုန်ခမ်းနေသော လန်ချန်ဖုန်းတွင် သန်မာသည့်ပေါက်ကွဲစွမ်းအားရှိနေ လိမ့်မည်ဟု သူမ ထင်မထားပေ။

သူမ တိုက်ကြီးအတွင်း ခရီးသွားစဉ်တွင် သတိမထားခဲ့ပေ

သူမ မသိသည်မှာ အင်ပါယာမြို့တော်သို့ သွားသည့်လမ်းတစ်လျှောက် တွင် ဦးချိုအဖြူမြင်းဆွဲသော ရထားလုံးတစ်ထဲတွင် ခရမ်းရောင်ဝတ်ထားသော ပြိုင်ဘက်ကင်းခန့်ညားသူကြီးသည် ရုတ်တရက် တုန်ယင်သွားသည်။ အတန် ကြာပြီးနောက် သူ့စိတ်ထဲမှကြောက်ရွံ့မှုသည် တဖြည်းဖြည်းတည်ငြိမ်သွား သည် “ချုံချီ သွားကြည့်လိုက် သူမ ဘယ်လိုနေလဲ”

***

All Chapters