← Chapters

သန့်စင်သောသားတော်ဂူဟောက်ကို သူမ မှတ်မိနေလိမ့် မယ် *

Vol. 8 Ch. 156

သန့်စင်သောသားတော်ဂူဟောက်ကို သူမ မှတ်မိနေလိမ့် မယ် *

Vol. 8 Ch. 156

သူမသည် အေးစက်သောမျက်လုံးတစ်စုံဖြင့် သူမကို ကြည့်နေသော လန်ချန်ဖုန်းကို ကြည့်လိုက်သည်။ ပေထင်းဟွမ်သည် သူမဘေးမှ အပေါင်း အဖော်ကို ပုတ်ပြီးပြောလိုက်သည် “အစ်ကိုကြီးချင်း အစ်ကိုကြီးမု ကျွန်တော် အဆင်ပြေပါတယ်”

ထိုသို့ပြောပြီးနောက် ပေထင်းဟွမ်သည် ဝတ်ရုံကိုခါကာ လန်ချန်ဖုန်းဆီ သို့ လျှောက်သွားလေသည်။

သူမ၏ကျောပြင်ကိုကြည့်ပြီး ချင်းယွိသည် ခေတ္တမျှ စိတ်လွတ်သွားလေ သည်။ သူသည် လော့ပေမြို့မှ လူငယ်ကို ပြန်တွေ့လိုက်ရသလိုပင်။ သူသည် “ရှောင်ကျို့” ဟုခေါ်မည်အလုပ်တွင် ရှောင်ကျို့သည် ဝိညာဉ်သခင်မဟုတ်ဘဲ ဓားသခင်ဖြစ်သည်ကို သတိရသွားသည်။

သူတို့နှစ်ယောက်သည် ပေထင်းဟွမ်၏ ဘယ်ဘက်နှင့် ညာဘက်မှ ကပ်လျက်လိုက်သွားကြသည်။ သူတို့သည် သူမဆီမှ ခြေတစ်လှမ်းမှမခွာတော့ ပေ။ အန္တရာယ်ထပ်ကျလာလျှင် သူမကို ကာကွယ်ရန် လက်လွတ်ခံတော့မည် မဟုတ်ပေ။

အနက်ရောင်ပိုးဖိနပ်တစ်စုံသည် သူ့ရှေ့တွင် ရပ်လိုက်သည်။ သူသည် မျက်ခွံကို ရုန်းကန်ဖွင့်ကာ ပေထင်းဟွမ်အား ကြည့်လိုက်သည်။ သူ့မျက်နှာ သည် စက္ကူသဖွယ်ဖြူဖျော့နေကာ သွေးများသည် သူ့နှုတ်ခမ်းထောင့်မှ စီးကျ လာသည်။ “ဟားဟား မင်း ကံကောင်းလို့သာမဟုတ်ရင် အခုမြေပေါ်မှာ လှဲနေ ရမှာ ငါဖြစ်မယ်လို့ထင်နေလား”

ဘယ်လောက်တောင် နောင်တရလိုက်လဲ။

ပေထင်းဟွမ်သည် သေအံ့ဆဲဆဲလူနှင့် ငြင်းခုံမနေပေ။ သူမသည် နှာမှုတ် ပြီးပြောလိုက်သည် “ကံကောင်းမှုကလည်း ခွန်အားတစ်မျိုးပဲလေ”

သူမသည် လန်ချန်ဖုန်း၏မျက်နှာကို သူမ၏ခြေဖျားဖြင့် အနည်းငယ် ပင့်မြှောက်ကာ မျက်နှာချင်းဆိုင်လိုက်၏။ သူမ ခေါင်းငုံ့ကာ မြေပေါ်မှလူကို ကြည့်လိုက်သည်။ သူ၏မျက်နှာထားကို ကြည့်ပြီး ပေထင်းဟွမ်သည် သူမ၏ ခေါင်းကို အသာခါယမ်းမိသည် “ဆရာကြောင့် ငါ မင်းအသက်ကို မယူချင်ဘူး.. မင်း ငါ့ကိုသေစေချင်တာကို သိရဲ့သားနဲ့ ငါ မင်းကို သတ်ဖို့မရည်ရွယ်ဘူး.. မင်း အရမ်းကြီးစိတ်ထဲစွဲမနေဖို့ မျှော်လင့်ပါတယ်.. ဒီကိစ္စက မင်းကိုယ်တိုင်လုပ်ခဲ့ တာပဲ”

“ဟင်း” နောက်တစ်ခဏအတွင်း သေတော့မည်ကို လန်ချန်ဖုန်း သိသော်လည်း နောင်တမရပေ “ပြိုင်ဘက်ကင်း ပါရမီရှင်ဆိုတာ တစ်ယောက်ပဲ ရှိတယ်.. ငါသာ မင်းဆိုရင် ငါက သေကိုသေရမှာပဲ”

“ပြိုင်ဘက်ကင်း ပါရမီရှင်ဟုတ်လား” ပေထင်းဟွမ်၏ မျက်လုံးထဲမှ အကြည့်သည် ဓားသွားသဖွယ်ချွန်ထက်နေကာ အေးစက်စွာတောက်ပနေသည် “အဲလိုပါရမီရှင်တွေက အကျနာတတ်တယ်ဆိုတာ မသိဘူးလား.. အရူး.. မင်းက အသုံးချခံနေရတယ်ဆိုတာကိုတောင် မသိဘူး”

လန်ချန်ဖုန်းသည် နာကျင်မှုကြောင့် တဖြည်းဖြည်း သေသွားတော့မည်ကို ပေထင်းဟွမ် မြင်နေရသည်။ သူမသည် ခြေချောင်းများကို ပြန်ရုတ်ပြီး ခေါင်း လှည့်ကာကြည့်လိုက်သည်။ လူအုပ်အနောက်တွင် ကောင်းကင်ပေါ်မှ တိမ်တိုက်ကဲ့သို့ ဖြူစွတ်နေသည့် ပုံရိပ်တစ်ခုသည် သူမကို ကြည့်နေသည်။ သူမ၏မျက်လုံးထဲတွင် တောက်ပသောအလင်း ဖြတ်ကနဲလက်သွားသည်။ ဂူဟောက်.. သူမ ဤလူကို မှတ်ထားရမည်။ တစ်နေ့ သူမ သူ့အသက်ကို သေချာပေါက်ယူမည်။

သူသည် ပေထင်းဟွမ်၏မျက်လုံးထဲမှ အကြည့်ကို နားလည်နေသည့် အလား ဂူဟောက်သည် ပြုံးပြီး မြေပေါ်မှ သေခါနီး လန်ချန်ဖုန်းကို စိုက်ကြည့် နေသည်။ ထိုအကြည့်မှာ သူ့အသက်ကိုလိုချင်လျှင် ရှန်းမျိုးနွယ်ကို အရင်ရှင်းရ မည်ဆိုသည့် အဓိပ္ပာယ်ပါဝင်နေသည်။

သူမက ရှန်းမျိုးနွယ်ကို ကြောက်နေလို့လား။ သူတို့ရောက်မလာရင်တော့ မသိဘူး။ ဒါပေမဲ့ လန်ချန်ဖုန်းရဲ့ သေဆုံးမှုကြောင့် သူမဆီရောက်လာရင်တော့ အဲလူတွေကို ပြန်လမ်းမရှိအောင် လုပ်ပေးလိုက်မယ်။

လန်ချန်ဖုန်း၏ ဖုန်ပေနေသောအလောင်းကို မြို့ဝန်အိမ်တော်မှလူများမှ လျင်မြန်စွာရှင်းလင်းခဲ့သည်။ အရှုံးသမားကို မည်သူမှမမှတ်ထားမည်မဟုတ် ပေ။ အထူးသဖြင့် ရှုံးပြီးနောက် ချောင်းမြောင်းတိုက်ခိုက်သူကိုဆို ပြောရန်ပင် မလိုတော့ပေ။ အားလုံးသည် ၁၄ နှစ်အရွယ် သူရဲကောင်း ပေထင်းဟွမ်ကိုသာ ကြည့်နေကြသည်။

“သခင်ပေယဲ့ သခင်ပေယဲ့ အရမ်းကိုမိုက်တာပဲ သွားသောက်ရအောင်” ခေါင်းဆောင်နှင့် တိုင်နွန်သည် နှင်းဝံပုလွေကြေးစားအဖွဲ့ဝင်များကို ဦးဆောင် ကာ ပေထင်းဟွမ်အား ကာကွယ်သည့် အနေအထားဖြင့် ဝိုင်းလိုက်ကြသည်။

အားလုံး၏ ချစ်ခင်သောအကြည့်များသည် ပေထင်းဟွမ်ပေါ် စုပြုံကျလာ ကာ ပေထင်းဟွမ်လှည့်ပတ်ကြည့်ချိန်တွင် တောက်လောင်နေသောမျက်လုံး များကို မြင်ရလေ၏။ သူမသည် လက်မြှောက်ကာ အားပါပါဝေ့ယမ်းလိုက်၏။ ဘုရင်တစ်ပါး၏ရောင်ဝါသည် ချက်ချင်းပင် ပေါ်ထွက်လာသည် “ဟုတ်ပြီ ဒီနေ့ည သွားသောက်ကြတာပေါ့”

သူသည် မမူးခင်ပြန်မည်မဟုတ်ပေ။

အားပေးသံများ ရင်ပြင်တွင် ထပ်မံညံသွားသည်။ ထိုအခိုက်အတန့်တွင် ရိုးရှင်းပြီး သွေးဆူသည့်ကြေးစားများသည် တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ သူတို့သည် ပေထင်းဟွမ်အား ဝိုင်းပြီး သူမအား မြို့ဝန် အိမ်တော်၏ တံခါးပေါက်ဆီသို့ ခေါ်ဆောင်သွားကြသည်။ သူတို့၏ သူရဲကောင်း တိုက်ခိုက်ချင်လျှင် သူတို့သည် လူမြင်ကွင်းတွင် တိုက်ခိုက်ရမည်။ ရှက်စရာကောင်းသော ချောင်းမြောင်းတိုက်ခိုက်မှုကို သူတို့ ခွင့်ပြုမည်မဟုတ် ပေ။

***

All Chapters