ပါရမီရှင် ပြန်လာပြီ
Vol. 1 Ch. 4
လီဖူချန်းက မျက်လွှာကို ပင့်ပြီး လီယွန်ဟီကို ကြည့်လိုက်ပြီး
“လီယွန်ဟီ မင်းကတော့ ဒီနေ့ အနည်းဆုံး အရိုး သုံးချောင်းလောက်မှ မကျိုးရင် နေလို့ထိုင်လို့ မကောင်း ဖြစ်နေမယ်ထင်ပါရဲ့"
လီဖူချန်းက ယခုအချိန်မှာ လီယွန်ဟီကို မျက်စိထဲပင် မထည့်ထားတော့ချေ။ ဒီကောင်က လူသား နယ်ပယ်အဆင့် ငါးကို ရောက်နေပေမဲ့လည်း ကျင့်ကြံခြင်း အဆင့်တွေကို တစ်ခါတစ်ရံမှာ အရာရာကို ဆုံးဖြတ်ပေးနိုင်တာ မဟုတ်ချေ။
သိုင်းအသိစိတ်နဲ့ အခွင့်အရေးကို ကွက်တိ အသုံးချနိုင်ခြင်းက ဒီအဆင့် ကွာခြားချက်တွေကို လျှော့ချပေးနိုင်သည်လေ။
“စောက်စကားပဲ ပြောမနေနဲ့။ အခု ဓားထုတ်လိုက်စမ်း"
လီယောင်ဟီက ဓားကို လက်မှာ ဆွဲကိုင်ထားရင်နဲ့ စိန်ခေါ်လိုက်သည်။
“မင်းဆန္ဒ အတိုင်းပဲ"
လီဖူချန်းက လေ့ကျင့်ရေးကွင်းထဲကို ဝင်လာခဲ့ပြီး လီယွန်ဟီနဲ့ ငါးမီတာအကွာမှာ ရပ်လိုက်တယ်။
“လီဖူချန်း။ ငါ့ရဲ့ ခြောက်ထောင့်ချိုး ဓားသိုင်းက ကနဦးအဆင့်ကို ရောက်သွားပြီကွ”
(အကြို ပြီးပြည့်စုံခြင်း အဆင့်တောင် မရောက်သေးဘူး)
မင်းကို ငါ့ရဲ့ ခြေနင်းခုံအဖြစ် အသုံးချခွင့် ပေးပါ။ လီယွန်ဟီက သူ့ရဲ့ ဓားသိုင်းကို ထုတ်လိုက်သည်။
သူ့ရဲ့ သံမဏိဓားက ရေ အလျဉ်လိုပဲ ညင်သာစွာဖြင့် လီဖူချန်းကို တိုက်ခိုက်လိုက်သည်။
လွန်ခဲ့တဲ့ လဝက်လောက်က ဆိုရင်တော့ လီဖူချန်းက ဒီဓားကွက် တစ်ကွက်တည်းနဲ့ ကောင်းကောင်းကြီး ဘဝပျက်သွားနိုင်တယ်။
အခုတော့ လီဖူချန်းရဲ့ မျက်လုံးထဲမှာ လီယွန်ဟီရဲ့ ဟာကွက်တွေကို ကောင်းကောင်းကြီး မြင်နေရပေသည်။
သူက ခန္ဓာကိုယ်ကို အနည်းငယ် ယိမ်းလိုက်ပြီး လီယွန်ဟီရဲ့ ဓားချက်ကို လှလှပပ ရှောင်တိမ်းလိုက်သည်။
“မင်းက ရှောင်ရဲတယ်ပေါ့လေ"
လီယွန်ဟီက သူ့ဓားကို အရှိန်မြှင့်ပြီး ထပ်မံ တိုက်ခိုက်လိုက်သည်။ သူ့ဓားရဲ့ အမြန်နှုန်းက ပိုမြန်လာ သော်လည်း လီဖူချန်းက သူ့ရဲ့ လက်နှစ်ဖက်ကို အနောက်ကိုပင် ပစ်လိုက်ပြီး
လေထဲမှာ ကနေသကဲ့သို့ ရှောင်တိမ်းနေလေသည်။ လီယွန်ဟီရဲ့ ဓားချက်တွေက လီဖူချန်းရဲ့ အရိပ်ကိုတောင်မှ ထိအောင် မခုတ်နိုင်ချေ။
“ဒါကလုံးဝ မဖြစ်နိုင်ဘူး"
လီယွန်ဟီက သူ့မျက်လုံးကိုတောင် သူမယုံနိုင်ဘူး ဖြစ်သွားတယ်။ သူက အံကိုတင်းတင်း ကြိတ်လိုက်ပြီး ခြောက်ထောင့်ချိုး ဓားသိုင်းကို အစွမ်းကုန် ထုတ်သုံးဖို့ ပြင်လိုက်တယ်။
ဒါပေမဲ့ သူ နောက်ကျသွားလေပြီ။
“လီယွန်ဟီ ငါ တိုက်ဖို့လည်း အလှည့်ပေးပါဦးဟ။ စကားပြောပြီးသည်နှင့် လီဖူချန်းက သူ့ဓားကို ထုတ်လိုက်ပြီး တိုက်ခိုက်လိုက်တယ်။
“ထန်”
လီယွန်ဟီရဲ့ လက်ထဲက ဓားက လွတ်ကျသွားတယ်။ သွေးတွေကလည်း သူ့ပါးစပ်ကနေ ထွက်လာခဲ့တယ်။ သူ့ရဲ့ ရင်ဘတ်အနား တစ်ဝိုက်မှာ အင်္ကျီစတွေက စုတ်ပြဲနေပြီး
လက်ဝါးရာကြီးက အထင်းသား ပေါ်နေလေသည်။
“လီယွန်ဟီ ရှုံးသွားတာလားဟ"
လေ့ကျင့်ရေး ကွင်းပြင်မှာ ကြည့်နေကျတဲ့ လူတွေအားလုံးကလည်း ကြောင်ကုန်ကြတယ်။
“ဘယ်လိုတွေ ဖြစ်ကုန်တာလဲဟ။
လွန်ခဲ့တဲ့ လဝက်လောက်ကပဲ လီဖူချန်းက လီယွန်ဟီ စင်ပေါ်က ပစ်ချတာကို ခံထားရတာလေ။ ဒီ နှစ်ပတ်လောက် အတွင်းမှာ သူ့ပါရမီတွေ ပြန်ရကုန်တာလားဟ”
“သူ့ပါရမီတွေ ပြန်ရကုန်တယ် ဆိုရင်တောင် လဝက်လောက်နဲ့ လီယွန်ဟီကို ဆော် လိုက်တယ် ဆိုတော့ နည်းနည်းများ လွန်မနေဘူးလားဟ"
လီဖူချန်းက သူ့ဓားကို ဓားအိမ်ထဲ ပြန်ထည့် လိုက်ပြီး
“လင်ဟွန်ဟီ အရင်ကတည်းက မင်းက ငါ့ကို ယှဉ်နိုင်ခဲ့တာ မဟုတ်ဘူး။
အခုဆိုရင်တော့ မင်း တွေးတောင်မတွေးကြည့် နေနဲ့တော့။ မင်းအိပ်မက်ထဲက နိုးထလာဖို့ ငါ မျှော်လင့်ပါတယ်” ဟု ပြောပြီး လှည့်ထွက် သွားလေတော့သည်။
လီဖူချန်း ထွက်သွားပြီး မကြာခင်မှာပဲ ဒီကိစ္စကြောင့် လီကလန် တစ်ခုလုံးဟာ ဆူညံ ပွက်လော ရိုက် သွားကုန်တယ်။
***
“ဖူချန်း မင်းပါရမီတွေ ပြန်ရလာပြီဆို"
ညစာစားနေရင်းနဲ့ လီရှန်းဟန်က သူ့သားဖြစ်သူကို မေးလိုက်သည်။ လီဖူချန်းရဲ့ အမေဖြစ်သူကတော့ နွေးထွေးတဲ့ အကြည့်တွေနဲ့ လီဖူချန်းကို စိုက်ကြည့်နေလေသည်။
“အဖေ အမေ”
“သားရဲ့ပါရမီ တွေက လွန်ခဲ့တဲ့ နှစ်ပတ်လောက် တည်းက ပြန်ရနေပါပြီ။ အဖေတို့ကို ရုတ်တရက် ပျော်အောင် လုပ်ချင်လို့ ဘာမှ မပြောပဲ နေခဲ့တာပါ" လို့ လီဖူချန်းက ပြန်ဖြေလိုက်သည်။
“ဦးနှောက်မရှိတဲ့ကောင်။ မင်းရဲ့ပါရမီတွေ ပြန်ရလာပြီဆိုလည်း စောစောကတည်းက ပြောပါလားကွ။ မင်းအမေက မင်းစိတ်နဲ့ အစားမစားနိုင်ပဲ ပိန်ညောင်နေတာ မတွေ့ဘူးလား"
လီရှန်းဟန်က ကျေနပ်နေသည့် လေသံကြီးဖြင့် လီဖူချန်းကို ဆူလိုက်သည်။
“ဟားဟားဟား”
“နောက်ဆုံးတော့ မိုးနတ်မင်းကြီးက ငါ ဆိုတဲ့ လီရှန်းဟန်ကို စိတ်မပျက်စေခဲ့ဘူးပဲ"
လီရှန်းဟန်က အားရပါးရကို ရယ်နေသည်။ သူ့စိတ်ထဲမှာ အပြစ်ရှိသလို ခံစားနေရတဲ့ ခံစားချက်ကြီး ကလည်း ပျောက်ကွယ် သွားသည်။ လီဖူချန်းကို သူများတွေ အနိုင်ကျင့်နေတဲ့ အချိန်မှာ
လီဖူချန်း ခံစားနေရသလို သူလည်း ခံစားခဲ့ရတာ ဖြစ်သည်။
သူ့ရဲ့ ခေါင်းဆောင်ဆိုသော အဆင့်အတန်းကြီးကို ဖယ်ထားပြီး ကလေးတွေ ရန်ပွဲကြား ဝင်ပါရအောင်လည်း အဆင်မပြေချေ။ နောက်ပြီးတော့သူ တို့ရဲ့ လီကလန်က အခုနောက်ပိုင်း တစ်စထက်တစ်စ ဆုတ်ယုတ်လာပြီ ဖြစ်သည်။ သူတို့ရဲ့ သြဇာ အာဏာ လွှမ်းမိုးမှုက ယန်ကလန်ရဲ့ အနောက် တော်တော်များများမှာ ပြတ်ကျန်နေခဲ့ပြီး ကောင်းကလန် ကတောင် သူတို့ကို သာလုနီးပါး ဖြစ်နေပြီလေ။
မူလအစက လီယွန်ဟိုင်နဲ့ လီဖူချန်းတို့ နှစ်ယောက်က လီကလန် ရဲ့ မျှော်လင့်ချက်တွေ ဖြစ်သည်။
သူတို့မှာ မိုးပြာရောင်ဂိုဏ်းရဲ့ တပည့် ဖြစ်ဖို့အတွက် အခွင့်အရေး တော်တော် များလေသည်။ သူတို့ နှစ်ယောက်စလုံးကသာ မိုးပြာရောင်ဂိုဏ်းရဲ့ တပည့်တွေ ဖြစ်သွားခဲ့ရင် လီကလန်ရဲ့ သြဇာ အရှိန်အဝါတွေ ကလည်း အရင်လိုထိပ်တန်း အဆင့်ကို ပြန်ရောက်လာဖို့ မျှော်လင့်လို့ရတယ်။ အနည်းဆုံးတော့ အခုလက်ရှိနေရာမှ ရပ်ကျန်နေခဲ့မှာ မဟုတ်တော့ဘူးလေ။ ဘယ်အဖေကများ သူ့ကလေးရဲ့ အနာဂတ်ကို အမြင့်ဆုံးအထိ မမျှော်မှန်းပဲ နေနိုင်မှာလဲ။ လီဖူချန်း ပါရမီတွေ ပျောက်ဆုံး သွားကတည်းက အပေါ်ယံမှာတော့ သူက အေးဆေး တည်ငြိမ်နေသလို ဟန်ဆောင်နေပေမယ့် ရင်ထဲမှာတော့ ဗလောင်ဆူနေတာ ဖြစ်သည်။ အခုတော့ သူ စိတ်အေးသွား ရပြီ။
“ဒါနဲ့ နေပါဦး။ ဖူချန်း မင်းဘယ်လို လီယွန်ဟီကို အနိုင်ယူလိုက်တာလဲ” မင်းသိုင်းပညာကို မလေ့ကျင့်တာ တစ်နှစ်ကြာခဲ့ပြီလေ” သူ့အမေဖြစ်သူ ရှန်းယုယန်က သိချင်စိတ်အပြည့်ဖြင့် လီဖူချန်းကို မေးလိုက်သည်။
“သားရဲ့ ပါရမီတွေ ပြန်ရလာကတည်းက ဓားသိုင်းအပေါ် အာရုံစိုက်နိုင်စွမ်းက အရင်ကထက် ဆယ်ဆလောက် ပိုကောင်းလာတာကို သိလိုက်ရတယ်လေ။ ပြီးတော့ လီယွန်ဟီက အရမ်း ညံ့နေလို့လည်း နေမှာပါ”
“အကောင်းနဲ့ အဆိုးဆိုတာ အမြဲ ဒွန်တွဲနေတာပဲ သူက တစ်နှစ်လောက် မလေ့ကျင့်နိုင်ပဲ နေခဲ့ရတာအတွက် သူ့ပါရမီတွေ ပြန်ရလာတဲ့အခါ မိုးနတ်မင်းကြီးက လျော်ကြေးအနေနဲ့ ပြန်ပေးလိုက်တာပေါ့ မိန်းမရာ" လီရှန်းဟန်က သူ့သားကိုကြည့်ရင်းမိန့်မိန့်ကြီး ပြောလိုက်သည်။
***
ထိုအချိန်
တခြား ညစာ စားပွဲတစ်ခု မှာတော့ စိတ်ပျက်ခြင်း ဆူပူအော်ဟစ်ခြင်းတွေနဲ့ ပြည့်နှက်နေသည်။
"ယွန်ဟီ”
“ဘာဖြစ်ခဲ့တာလဲဆိုတာ ငါ့ကို သေသေချာချာ ရှင်းပြစမ်း"
လီတိုင်းဟန်က လီယွန်ဟီကို မေးလိုက်တယ်။ လီယွန်ဟီက ကြောက်လန့်နေပြီး “ကျွန်တော် မသိဘူးအဖေ။ တကယ်မသိတာ … ကျွန်တော် သူ့ဓားကို မြင်တောင် မမြင်လိုက်ရဘူး" သူ့ရဲ့ညီလေ ဖြစ်ပျက်နေတာကို ကြည့်ပြီး လီယွန်ဟိုင်က “ငါအစတည်းက မင်းကို မပြောခဲ့ဘူးလား။ မင်းရဲ့ဓားသိုင်းမှာ ဟာကွက်တွေ အများကြီး ဖြစ်နေတယ်ဆိုတာ”
မင်းကတကယ့် စိတ်ပျက်စရာ ကောင်ပဲ။
"တော်တော့ ယွန်ဟိုင်။ သူက မင်းညီလေးနော်။ သူ့ကို မင်းက အားပေးရမှာလေ”
သူတို့ရဲ့ အမေဖြစ်သူက ဆူပူနေတဲ့ လီယွန်ဟိုင်ကို တားမြစ်လိုက်တယ်။
“မင်းက ဒီလိုကောင်ကိုတောင် မနိုင်ရင် နောက်ကျရင် တခြားသူတွေကို ဘယ်လို နိုင်မလဲ"
လီတိုင်းရှန် ကတော့ သူ့သားဖြစ်သူ လီယွန်ဟီကို မကျေမနပ် ဖြစ်နေတုန်းပဲ။ သူက လီရှန်းဟန်နဲ့ ငယ်စဉ်ကတည်းက ယှဉ်ပြိုင်လာတာ ဖြစ်သည်။ လီကလန် ခေါင်းဆောင်နေရာကို လီရှန်းဟန်က ရသွားပေမဲ့လည်း သူ့သားတွေ လက်ထက်ကျရင် ကလန်ခေါင်းဆောင် နေရာကို ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်ချက်ထားခဲ့တာ ဖြစ်သည်။ သူ့ရဲ့ သားအကြီးက ကလန်ရဲ့ ပါရမီရှင် တစ်ယာက်ဖြစ်ခဲ့ပြီး မိုးပြာရောင် ဂိုဏ်းရဲ့ တပည့် ဖြစ်ဖို့ အတွက်လည်း မျှော်လင့်ချက် ရှိပေသည်။ သူ့သားငယ်ကလည်း ဒီနှစ်ထဲမှာ အတော်လေး တိုးတက်လာဖြင့် သူက အတော် ပျော်နေခဲ့တာ။ ဒီနေ့တော့ သူ့သားငယ်က ဟိုကောင် လီရှန်းရန်ရဲ့ သားကို မရှုမလှ အရေးနိမ့်ခဲ့ချေပြီ။
သူ့အဖေ စိတ်မချမ်းမသာ ဖြစ်နေတာကို သိတဲ့ လီယွန်ဟိုင်က “အဖေ တစ်နေ့ အခွင့်အရေး ကြုံလာခဲ့ရင် ညီလေးက လီဖူချန်းကို ပြန်ဆုံးမနိုင်အောင် ကျွန်တော် ကူညီ ပေးပါမယ်"
သူက လီဖူချန်းကို ဟိုးအရင်ကတည်းက မျက်စိထဲ ထည့်သည် မဟုတ်ချေ။ သူ့ရဲ့ပါရမီက လီဖူချန်းထက် အများကြီး သာသည်ဟုလည်း ယုံကြည်ထားသည်။
“ဘန်း ဘန်း"
လီဖူချန်းက အသက်ကို ပင်ပန်းကြီးစွာ ရှူထုတ်နေသည်။ သူတစ်ခါတစ်ခါ အသက်ရှူ လိုက်တိုင်းမှာ သူ့ရဲ့ ဝမ်းဗိုက်နားမှာ အနီဖျော့ဖျော့လေး တစ်ခုက ပေါ်လာသည်။ မနှစ်တုန်းကတည်းက လီဖူချန်းက လူသားနယ်ပယ် အဆင့်လေးရဲ့အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပြီးသား ဖြစ်သည်။
ကြားထဲမှာ တစ်နှစ်လောက် မလေ့ကျင့်ပဲ နေလိုက်ရသည့် အတွက် သူ့ရဲ့ အတွင်းအားတွေက လူသားနယ်ပယ် အဆင့်ငါးကို တက်ရောက်ဖို့အတွက် မလုံလောက်ဘူး ဖြစ်နေသည်။
တစ်နှစ်လောက် အတွင်းအားမကျင့်ပဲ နေခဲ့တယ်ဆိုတဲ့ အရာက သာမန်ကိစ္စ တစ်ခုမဟုတ်ပေ။
လီဖူချန်ရဲ့ အသိစိတ် နယ်ပယ်ထဲမှာတော့ အစိမ်းဖျော့ရောင် ဖြစ်နေသည့် သူ့စိတ်ဝိညာဉ်က အစိမ်းရောင် ကြိုးလေးတွေကို ထုတ်လွှတ်လိုက်ပြီး ရွှေရောင် လက်ဖွဲ့အဆောင်ကို ရစ်ပတ်နေသည်။
ညက နက်သထက် နက်လာခဲ့ပြီ။ လီဖူချန်းရဲ့ ဝမ်းဗိုက်မှာ ဖြစ်နေသည့် အနီရောင် အမှတ်ကလေးက ကွဲထွက်သွားပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးက သွေးကြောတွေထဲကို ရောက်သွားလေသည်။ သွေးကြော အသစ်ငါးခု ကလည်း ဖြစ်ပေါ်လာသည်။
“ကျောက်စိမ်းနီ ပညာရပ်ရဲ့ ပဉ္စမ အဆင့်"
အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လီဖူချန်းက သူမျက်လုံးတွေကို ဖွင့်လိုက်သည်။ ပညာရပ်တစ်ခုမှာ အဆင့်တစ်ခုတက်သွားတာက သူ့ရဲ့ကျင့်ကြံနှုန်းကို ပိုမြန်လာစေပြီး သူ့ရဲ့ အတွင်းအားတွေ ကိုလည်း သိပ်သည်း သွားစေတယ်လေ။
***