သရုပ်မှန်က ပြောဖို့ခက်တယ်
Vol. 8 Ch. 157
မုယန်းနှင့်ချင်းယွိတို့နှင့် ဘေးချင်းယှဉ်လျက်လျှောက်ရင်းနှင့် ပေထင်းဟွမ်သည် ခံစားချက်အတော်ကောင်းနေသည်။ သူမသည် ရင်းနှီးသော အစ်ကိုများနှင့်တွေ့ရသလို သူတို့၏ ကာကွယ်ခြင်းကိုလည်းခံနေရသည်။ ဤ နွေးထွေးသောခံစားချက်သည် သူမကို လုံခြုံသွားသလိုခံစားရသည်။
“ပေယဲ့ မင်း မမူးရင် လုံးဝမပြန်ရဘူး.. ခဏနေ မင်းကို ညီအစ်ကိုချင်းယွိနဲ့ သောက်ခွင့်မပေးနိုင်ဘူး ငါ မင်းအတွက်သောက်ပေးမယ်” မုယန်းသည် ပြုံးပြီး ပြောလေသည်။
အစောက သူ့ကို ကြည့်သည့်မျက်လုံးများ ဘယ်လောက်ရှိလဲဆိုတာ ဒီကောင်လေးသိရဲ့လား။ သူနဲ့ လာသောက်ချင်တဲ့သူ ဘယ်လောက်ရှိလိုက် မလဲ။ ကောင်မလေးတွေ သူ့ကို သဘောကျသွားတာရော သိရဲ့လား။ အခမ်းအနားမစခင် ကောင်မလေးတွေက ရေချိုးအလှပြင်ဖို့ အိမ်ကိုအမြန်ပြန် သွားတာကိုရော မြင်ရဲ့လား။
ပေထင်းဟွမ်သည် လုံးဝမသိပေ။ သူမ သိသည်မှာ အစ်ကိုချင်းယွိကို နောက်တစ်ကြိမ် ပြန်တွေ့ရသည်ကိုပင်။ သူမသည် ချင်းယွိ၏လက်မောင်းကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာဖက်ပြီး မှီလိုက်သည်။ သူမသည် စိတ်ပိုင်းဆိုင် ရာ ဝန်ထုတ်ဝန်ပိုးမရှိဘဲ ပြောလိုက်သည် “ကိစ္စမရှိဘူး.. ကျွန်တော် အများကြီး လည်းမသောက်နိုင်ဘူး အစ်ကိုချင်းရှိနေတာပဲ ဘယ်လိုပဲဖြစ်ဖြစ် သူ ကျွန်တော့် အတွက်သောက်ပေးလိမ့်မယ်”
ချင်းယွိ၏ နှလုံးမှာ တဆတ်ဆတ်တုန်သွားသည်။ သူသည် မှီခိုခံရသည့် ခံစားချက်ကို မကြိုက်ခြင်းမဟုတ်ဘဲ အလွန်သဘောကျသည်။ သူသည် လက် တစ်ဖက်မြှောက်ကာ သူမ၏နဖူးကို နူးညံ့စွာပွတ်လိုက်သည်။ သူ ပြုံးပြီး ပြော လိုက်သည် “ဟုတ်ပြီ အစ်ကိုကြီးချင်းက မင်းကို ကူသောက်ပေးမယ်”
“ကဲပါ ကဲပါ ကျွန်တော်က ဒီအတိုင်းပြောလိုက်တာပါ အစ်ကိုကြီးကို တစ်ယောက်တည်းထားမသွားပါဘူး.. တကယ်ပြောတာ ကောင်လေး မင်းက တစ်ခွက်တည်းနဲ့မူးတတ်တယ်လို့ မပြောခဲ့ဘူးလား” မုယန်းသည် ခေါင်းကုတ် ကာ စိတ်မရှည်သလိုကြည့်လေသည်။ သို့သော် ပေထင်းဟွမ်သည် သူ့၏ ပြုံးနေသောမျက်လုံးထဲမှ သည်းခံမှုနှင့် အလိုလိုက်ခံရခြင်းများကို မြင်နေရ၏။
“ဟား ဟား” အူလှိုက်သည်းလှိုက်ရယ်သံသည် ရှေ့မှထွက်ပေါ်လာသည်။ ပေထင်းဟွမ်နှင့်တခြားသူများသည် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ မြို့ဝန်မုဖုန်းသည် မြို့ဝန်အိမ်တော်သို့ ကြိုရောက်နှင့်နေကာ မြို့ဝန်အိမ်တော် သို့ ပေထင်းဟွမ်တင်လာသည်ကို ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုလျက်ရှိသည်။ “သခင်ပေယဲ့ ဒီနေ့တိုက်ပွဲကတော့ တော်တော်ကို စိတ်လှုပ်ရှားဖို့ကောင်းတာပဲ မှော်သားရဲစီးကြောင်းစစ်ပြွမျာ ပါဝင်မယ့် စစ်သည်တွေအကုန်လုံးအတွက် အတုယူစရာဖြစ်သွားပြီ… ကျုပ်က သခင်ပေယဲ့ကို ကျုပ်သဘောထားကို ပြဖို့ အတွက် ဒီရောက်နေတာပါ.. ကျေးဇူးပြုပြီး မြို့ဝန်အိမ်တော်ရဲ့ အခမ်းအနား သွားဖို့ ကျုပ်နောက်လိုက်ခဲ့ပါ.. မနက်ဖြန် တိုက်ပွဲအတွက် အားတင်းကြတာပေါ့”
မြို့ဝန်၏ ကိုယ်တိုင်ကြိုဆိုမှုကို လက်ခံပြီးနောက် ပေထယဲ့၏ အမည် သည် နတ်မိစ္ဆာသားရဲစီးကြောင်းတိုက်ပွဲတွင် ဝင်နွှဲကြမည့် စစ်သည်များအကြား တွင် ပြန်ပြောင်းပြောစရာဖြစ်သွားသည်။ ပေထင်းဟွမ်သည် မုယန်းဘေးမှ လျှောက်လာသည်ကိုကြည့်ပြီး သူမ၏ပုံရိပ်သည် အားလုံး၏မျက်လုံးထဲတွင် ကြီးထွားလာသလိုခံစားလိုက်ရသည်။
ဟန်မုသည် လူအုပ်ထဲမှလိုက်လာသည်။ သူသည် ပေထင်းဟွမ်အား မကြည်မလင်မျက်လုံးဖြင့် ကြည့်နေသည်။ သူ့မျက်လုံးနှင့်သာ ကိုယ်တိုင်မမြင် ခဲ့လျှင် ကြယ် ၄ ပွင့်ဝိညာဉ်သခင်ကြီးသည် ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီးကို အနိုင်ယူခဲ့သည်ကို ဟန်မုသည် ယုံရခက်သွားမည်။ အဲလိုသာဆိုရင် ကြယ် ၄ ပွင့် ဝိညာဉ်သခင်ကြီးဖြစ်တဲ့ ပေထင်းဟွမ်က သူတို့အဖွဲ့ထဲက အစိမ်းရောင်ဝတ် အကြီးအကဲကို သတ်ဖို့ လွယ်သွားပြီမဟုတ်ဘူးလား။
သံသယဝင်ဖွယ်ရာမရှိသလို သားဖြစ်သူနှင့် သူဦးဆောင်သောအဖွဲ့သည် ဤလူငယ်လက်အောက်တွင် သေသွားခြင်းဖြစ်မည်။
ဟန်မု၏အကြည့်မှာ ဆက်တိုက်ဆိုသလိုဖြစ်နေ၍လားမသိပေ ပေထင်းဟွမ်သည် တဖြည်းဖြည်းလှည့်ကြည့်လာသည်။ သူမ လူအုပ်ထဲမှ ထိုပုံရိပ်ကိုမြင်သောအခါ သူ့မျက်လုံးထဲမှ ဖုံးဖိမရသော အမုန်းတရားကို မြင် လိုက်ရသည်။
ပေထင်းဟွမ်သည် ခေတ္တမျှ မှင်တက်သွားသည်။ သူမ ဤလူကို မည်သည့် အချိန်က ပြစ်မှားမိသည်ကို သူမ မမှတ်မိပေ။ သူဘေးတွင် ချင်းယွိ၏ တိုးညင်း သောအသံထွက်ပေါ်လာသည် “ပေယဲ့ ငါ မင်းကို ပြောဖို့အချိန်မရှိဘူး.. သူက ရှင်းထျန်ကြေးစားအဖွဲ့ရဲ့ ခေါင်းဆောင်ဟန်မုပဲ.. သူက ဝိညာဉ်ခွဲတောင်ကြား က ကိစ္စကို တိုင်နွန်တို့ဆီက ကြားပြီးသွားပြီ.. မင်း စိတ်ပူဖို့တော့မလိုပါဘူး.. ဟန်မု မင်းကို ထိခိုက်အောင် လုပ်ခွင့်မပြုဘူး”
ချင်းယွိသည် သူမ မည်သူဖြစ်သည်ကို ပေထင်းဟွမ် ရုတ်တရက် သဘော ပေါက်လိုက်သည်။ သူမသည် အပြစ်မကင်းသလိုခံစားလိုက်ရသည်။ သူမ အစ်ကိုချင်းယွိနှင့် စကားမပြောခင်မှာပင် ဂူဟောက်နှင့် လန်ချန်ဖုန်းတို့နှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုအချိန်က လူအလွန်များသဖြင့် ပေထင်းဟွမ်သည် ဘာမှ မပြောနိုင်ခဲ့ပေ။
ထို့အပြင် သူမ၏သရုပ်မှန်သည် ခန္ဓာကိုယ်ထဲမှ ကစဥ့်ကလျားနတ် အရင်းအမြစ်နှင့် ဆက်စပ်လက်ရှိသည်။ သူမ ပေထင်းမိသားစုမှ ထွက်လာပြီး နောက်တွင် မိသားစုသည် သူမကို အလွတ်ပေးမည်မဟုတ်ပေ။ သူမသည် စကားပြောရန် သီးသန့်နေရာတစ်ခု ရှာရမည်။
သို့သော် ချင်းယွိသည် သူမ၏သရုပ်မှန်ကို မမေးပေ။ သူမသည် ပေထင်းဟွမ်အစစ်မဟုတ်သည်ကို သူ မသိပေ။ သို့သော် သူ၏ကာကွယ်မှု အောက်တွင် ထားခဲ့ပြန်သည်။ ထိုခံစားချက်သည် ပေထင်းဟွမ်အနေနှင့် ဝိုင်ပုလင်းထဲတွင် နစ်မြှုပ်နေသလိုခံစားလိုက်ရသည်။
***