အင်အားပေါင်းခြင်း၊ ပူးပေါင်းကြံစည်မှု
Vol. 8 Ch. 158
“အစ်ကိုကြီး.. အစ်ကိုကြီးနဲ့သာဆိုရင် ကျွန်တော်က ဘာကြောက်ရမှာလဲ” ပေထင်းဟွမ်သည် စိတ်ပါလက်ပါရယ်မောလိုက်ကာ မြို့ဝန်အိမ်တော်၏ တံခါး ပေါက်ဆီသို့ ဦးဆောင်လျှောက်သွားလေသည်။
သူမသည် ဟန်မုကို အလေးတယူ မတွေးသည့်ပုံပင်။ ထိုအရာကြောင့်ပင် ဟန်မုသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး မုန်းတီးစွာဖြင့် အံကြိတ် လေသည်။ “ကောင်လေး မင်းပြောတာ တစ်ခုမှန်တယ်.. အဲဒီပြိုင်ဘက်ကင်း ပါရမီရှင်တွေက စောစောကျတတ်တယ်”
“ရှင်က ဟန်မုလား.. ရှင်းထျန်ကြေးစားအဖွဲ့ရဲ့ခေါင်းဆောင်လေ”
ထိတ်လန့်သွားမှုနှင့်အတူ ဟန်မုနောက်ပြန်လှည့်လိုက်သည်။ သူ့အနောက်တွင် ရှိနေသည်မှာ အစေခံမိန်းကလေးဖြစ်သည်။ သူမသည် မြို့ဝန် အိမ်တော်၏ တူညီဝတ်စုံအတိုင်း ဝတ်ဆင်ထားသည်။ သူ စိတ်အေးသွားသည်။ အမျိုးသားနှစ်ယောက်သည် အကြည့်ချင်းဖလှယ်လိုက်ကြကာ ဟန်မုသည် အစေခံမိန်းကလေးနောက်လိုက်ပြီး လူရှင်းသည့်ထောင့်ဆီသို့ ဦးတည်သွားလေ သည်။
မြင့်မားသောပရုပ်ပင်၏အောက်တွင် အသက်အရွယ်ရှိသည့် အမျိုးသမီး ကြီးရှိနေသည်။ လရောင်သည် ရေကဲ့သို့ကြည်လင်နေကာ သစ်ပင်၏အကိုင်း အခက်များသည် ထိုလရောင်ကို ကာထားလေသည်။ အရိပ်အောက်တွင်ဆိုပါ က လုံခြုံသည့်ခံစားချက်ကို ပေးစွမ်းသည်။
“ဟန်မု ကျွန်မက မြို့စားအိမ်တော်က သခင်မနန်ကုန်းရဲ့လူပါ.. ကျွန်မက သခင်မနန်ကုန်းကိုယ်စား ရှင်နဲ့ပူးပေါင်းဖို့လာတာပါ” အမျိုးသမီးကြီး၏ ခေါင်း သည် ခပ်မြင့်မြင့်မော့ထားသည်။ သူမ၏မျက်လုံးများသည် မကြီးသော်လည်း အကြည့်များမှာတော့ အလွန်တရာထက်ရှလှသည်။
“ပူးပေါင်းမယ်ဟုတ်လား” ဟန်မုသည် သူဤနေရာသို့ ရောက်နေရခြင်း ရည်ရွယ်ချက်ကို ခန့်မှန်းမိသွားသည်။ သို့သော် အရင်ကမသိဖူးသည့်လူများကို အဘယ့်ကြောင့်ယုံရမည်နည်း။ သူသည် နှာမှုတ်ကာ ခေါင်းခါလိုက်သည် “ခင်ဗျားတို့က ဘာလို့ ကျုပ်နဲ့ ပူးပေါင်းချင်လဲဆိုတာ နားမလည်ဘူး”
“ဟီး ဟီး” အမျိုးသမီးကြီးသည် ကောက်ကျစ်တတ်သည်မှာ အထင်းသား ပင်။ သူမ၏မျက်လုံးများသည် သားရဲရိုင်းတစ်ကောင်ကဲ့သို့ လှုပ်ခါသွားသည် “အမှန်အတိုင်းပြောရရင် ကျွန်မသခင်မရဲ့ မောင်အရင်းက အဲကောင်စုတ်လေး ပေယဲ့လက်ထဲမှာသေသွားရတာ.. သခင်ဟန်မုက ရှင့်သားကိုဘယ်သူသတ် သွားလဲဆိုတာ မသိူဘးမလား.. ကျွန်မတို့က ရန်သူတူနေတာ ကောင်းကောင်း သိနေတယ်”
ဟန်မုသည် သုံးနှစ်အရွယ်ကလေးမဟုတ်ပေ။ သူ ခေါင်းခါလိုက်သည် “ကျုပ်သားကို ဝိညာဉ်ခွဲတောင်ကြားမှာရှာနေတာ ၇ ရက်ကြာပြီ.. သူ ပျောက် သွားတာနဲ့ ပေယဲ့လက်ထဲမှာသေသွားတယ်လို့ မဆိုလိုဘူးလေ”
ဟန်မုသည် “ပေယဲ့” ဆိုသည့် စကားလုံးပြောချိန်တွင် အံကြိတ်ထား၏။ သူသည် စိတ်ထဲတွင် ယုံကြည်ပြီးသားဖြစ်သော်လည်း ထိုလူ၏ခွန်အားကို စမ်းသပ်ရန်လိုနေသေးသည်။
အမျိုးသမီးသည် ခေါင်းကိုနောက်ပြန်လှည့်လိုက်သည်။ တံတိုင်းနှင့် မျက်နှာချင်းဆိုင်ထောင့်မှ စစ်သည်တစ်ယောက်သည် လူတစ်ဦးကို ခေါ်လာ သည်။ ထိုလူသည် တတ်နိုင်သမျှရုန်းကန်နေရပုံပေါ်ကာ သူ့ပါးစပ်ကိုလည်း အဝတ်စုတ်ဖြင့် ပိတ်ထားသည်။ သူ ဟန်မုကိုမြင်လိုက်ရချိန်တွင် ထိုလူ၏ တစ်ကိုယ်လုံးသည် တုန်ယင်ပြီး မျက်နှာတွင်လည်း ကြောက်ရွံ့မှုများဖြင့် ပြည့် သွား၏။
“သောက်ကောင် သခင့်ကိုပစ်ပြီး ထွက်ပြေးလာတဲ့ကောင်” သေချာတာ ပေါ့… ဟန်မုသည် သားဖြစ်သူအဖွဲ့ထဲမှ သူ့လူကိုမှတ်မိသည်။ သူ့ရှေ့တွင် ထို လူအသက်ရှင်လျက်ပေါ်လာသည်ကိုကြည့်ပြီး ဟန်မုဒေါသထွက်သွားသည်။ သူသည် ထိုလူ၏ရင်ဘတ်ကို ကန်လိုက်သည် “မင်း ငါ့ကိုပြော သခင်လေး ဘယ်မှာလဲ.. သခင်လေးဘယ်မှာလဲ”
ဟန်မုသည် သားဖြစ်သူမရှိတော့ကြောင်းကို ခန့်မှန်းမိသည်မှာ ကြာပြီ ဖြစ်သည်။ ဤလူသည် ရုပ်ဆိုးဆိုးအဘွားကြီး လက်ထဲကျရောက်သွားသည်။ သားဖြစ်သူသာ အသက်ရှင်နေသေးလျှင် အဘွားကြီးက သူ့ကိုမည်သို့ရှာနိုင် မည်နည်း။ သူ့မျက်လုံးထဲတွင် မျှော်လင့်ချက်ကင်းမဲ့ခြင်းများဖြစ်ပေါ်လာသည်။ သူသည် ထိုလူ၏ တုန်ယင်နေသောအသံကိုကြားလိုက်ရသည် “သခင်လေး သခင်လေး…”
“ဘယ်သူလုပ်တာလဲ” ဟန်မုသည် ပြင်းပြင်းထန်ထန်ပြောပြီး ထိုအဖွဲ့ဝင် ကိုဆုပ်ကိုင်လိုက်သည် “သခင်လေးအသက်ကို ဘယ်သူယူသွားတာလဲ”
သူသည် ထပ်မေးသော်လည်း ထိုလူသည်ဘာမှမပြောပေ။ ဟန်မုသည် ဒေါသထွက်လွန်းသဖြင့် သူ့ကိုသေသည်အထိ ထိုးပစ်ချင်သည်။ သို့သော် သူ သည် တစ်ခုတည်းသောသဲလွန်စဖြစ်သည် “ပေယဲ့လား အဲကောင်ပေယဲ့လား”
ထိုလူ၏ကံသည် ငရဲကျကံပါလျှင် မပြောပါက ငရဲကျသည်ထက် ပိုဆိုး သွားမည်။ ထိုလူသည် ဟန်မုကို နတ်မိစ္ဆာတစ်ကောင်ဟုပင် ထင်လိုက်သည်။ သူသည် ဘာမှမတွေးတော့ဘဲ ခေါင်းညိတ်လိုက်သည်။ ငွေရောင်အလင်းတန်း သည် မိုးပေါ်မှကျလာပြီး ညအမှောင်ထက်မည်းနက်သောအလုံးသည် ထိုလူကို လွှမ်းခြုံလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ ထိုလူသည် သူ့မြင်ကွင်းမှ ပျောက်သွားလေသည်။
“ကောင်းရော အဲကောင်က လျှို့ဝှက်ချက်ထိန်းထားဖို့ အကုန်လုံးကို သစ္စာဆိုခိုင်းထားတာပဲ” ဟန်မုသည် အံကြိတ်ကာ လက်ဖဝါးများကို ပွတ်လိုက် သည်။ သူသည် ပေထင်းဟွမ်ကို ချက်ချင်းပင် လက်စားချေချင်မိသည်။
***