← Chapters

အလှလေးနှင့်ငြိတွယ်ခြင်း

Vol. 8 Ch. 159

အလှလေးနှင့်ငြိတွယ်ခြင်း

Vol. 8 Ch. 159

“ထိုင်ပါ” အမျိုးသမီးကြီး လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် သူမဘေးနားမှ လူများသည် ထွက်သွားကြသည်။ သခင်မနန်ကုန်းသည် မြို့ဝန်အိမ်တော်၏ တစ်ဦးတည်းသော သခင်မဖြစ်သည်။ သူမသည် ကြင်ယာတော်အဆင့်သာရှိ သော်လည်း သခင်မချိန်ကျို့ဆုံးသွားသည်မှာ ကြာပြီဖြစ်သည်။ ဤနှစ်များ အတွင်းတွင် နန်ကုန်းမိသားစုမှ အတင်းဆွဲသွင်းထားသည့်အမျိုးသမီးမှလွဲပြီး မုဖုန်းသည် သူ့ဘေးတွင် တခြားမိန်းကလေးမထားခဲ့ပေ။

အမျိုးသားများ တောက်လောင်သည့်အချိန်ဆိုသည်မှာ ရှိစမြဲပင်။ ကျင့်ကြံသူများပင် ထိုအရာကိုရှောင်လွဲ၍မရပေ။ သူမနှင့် တစ်ကြိမ်၊နှစ်ကြိမ်မျှ အတူရှိနေပြီးနောက်တွင် သခင်မနန်ကုန်းသည် အလိုလိုပင် မြို့ဝန်အိမ်တော် ၏ သခင်မဖြစ်လာခဲ့သည်။

ဤအမျိုးသမီးကြီးသည် နန်ကုန်းမိသားစုမှပါလာခြင်းဖြစ်ပြီး အလွန် ပါးနပ်သည်။ သူမသည် လက်နှစ်ဖက်ကိုရှေ့တွင်ချထားပြီး အစွမ်းအစရှိပုံ လည်းပေါ်လသည် “ကျွန်မတို့မှာ အစီအစဉ်ရှိတယ်.. အဲကောင်လေးကို ပြန် တိုက်ခိုက်မယ်ဆိုရင် လူနှစ်ယောက်က ဘာမှမလုပ်ဘဲထိုင်နေမှာမဟုတ်ဘူး ဆိုတာ သိထားရမယ်.. တစ်ယောက်က နှင်းဝံပုလွေကြေးစားရဲ့ သခင်လေးနဲ့ နောက်တစ်ယောက်က မြို့ဝန်ငယ်လေး…”

နှင်းဝံပုလွေကြေးစားအဖွဲ့မှ ပေထင်းဟွမ်ကို ကာကွယ်ပေးထားသည့် အကြောင်းမှာ ရင်ပြင်အလယ်တွင် ထုတ်ဖော်ပြီးနှင့်သားဖြစ်သည်။ မုယန်းနှင့် ချင်းယွိတို့သည် ပေထင်းဟွမ်နှင့် ထပ်ကြပ်မခွာလိုက်လာကြသည်။ သူ့အပေါ် တွင်ထားရှိသည့် သူတို့၏ချစ်ခင်မှုနှင့် ကာကွယ်မှုတို့မှာ သိသာလွန်းသည်။

နက်နက်ရှိုင်းရှိုင်းပြောရန်လိုသဖြင့် အမျိုးသမီးကြီးသည် ဟန်မုကို ခြံဝန်း အနောက်ထဲသို့ခေါ်သွားသည်။ သူတို့နှစ်ယောက်နောက်တွင် ကြောင်မည်း လေးတစ်ယောက်လိုက်လာသည်ကို သတိမထားမိကြပေ။

ခန်းမကို မီးပုံးများ အရောင်စုံခေါင်းစည်းစာတန်းများဖြင့် အလှဆင်ထား သည်။ ကြည်လင်သောအလင်းတန်းများသည် ရေနှင့်တူသော အလင်းနှင့် အရိပ်များကို ဖြစ်ပေါ်စေသည်။ တောက်ပသောအလင်းသည် အခမ်းအနား တစ်ခုလုံး၏ လေထုကို အထူးကောင်းမွန်စေသည်။

အရောင်အမျိုးမျိုးနှင့် သေရည်များ ထူးခြားကောင်းမွန်သည့် အစားအစာ များကို ဘေးနှစ်ဖက်ရှိ စားပွဲများတွင်ခင်းကျင်းထားသဖြင့် မွှေးရနံ့များ လွှင့်ပျံ နေသည်။ သို့သော် ထိုအခိုက်အတန့်တွင် မြို့ဝန်အိမ်တော်၏ ခန်းမအတွင်းရှိ မျိုးရိုးမြင့်များနှင့် ဂိုဏ်းအသီးသီးမှ ကိုယ်စားပြုများသည် သေရည်ကောင်း ကောင်းနှင့် အရသာရှိဖွယ်များကို စိတ်ထဲတွင်ရှိမနေပေ။

သူတို့၏မျက်လုံးများသည် ထောင့်တွင်ရှိသောလူငယ်အပေါ်သို့သာ ကျ ရောက်နေကြသည်။ ထိုအချိန်တွင် သူမသည် သေရည်ခွက်ကိုကိုင်ထားကာ လူငယ်နှစ်ယောက်၏ ဝန်းရံခြင်းကိုခံထားရသည်။ သို့သော် သူမ၏ ကျက်သရေ ကိုမည်သူမှ ဖုံးထား၍မရပေ။

ပေထင်းဟွမ်မှာ လူဝိုင်းလျက်ရှိသည်။ ဂုဏ်ပြုပြီးနောက် သူမသည် ခွက် ယူကာ ထောင့်တစ်ထောင့်ဆီသို့ လျှောက်သါားလိုက်သည်။ သူမ လာသည်ကို မြင်သည်နှင့် ချင်းယွိနှင့် မုယန်းတို့သည် ခပ်မြန်မြန်ပင် မတ်တတ်ရပ်လိုက်ကြ သည်။ သူတို့နှစ်ယောက်သည် စနောက်ကြလေသည် “ဘယ်လိုလဲ.. မှော်သားရဲ ခံတပ်က အလှလေးတွေရဲ့ စွမ်းအားက ကြယ်ဝိညာဉ်နည်းပညာနဲ့ယှဉ်နိုင်ရဲ့ လား”

“ဟား” ပေထင်းဟွမ်သည် ကျယ်လောင်စွာ ရယ်မိလေသည်။ အမြဲတမ်း လေးလေးနက်နက်ရှိတတ်သည့် ချင်းယွိပါ စနောက်နေလိမ့်မည်ဟု ထင်မထား ပေ။ သူတို့နှစ်ယောက်အကြားတွင်ထိုင်ပြီး ပေထင်းဟွမ်သည် အနောက်ကို မှီထိုင်ထားကာ မျက်လုံးမှိတ်ပြီး အနားယူလျက်ရှိသည်။ ကာကွယ်ခံရသည်မှာ ခံစားချက်ကောင်းကာ စိတ်ပူရန်မလိုပေ။

“သခင်ပေယဲ့ ကျွန်မ ဂုဏ်ပြုပါရစေ” ခြေတံရှည်သောအလှလေးတစ်ဦး သည် လျှောက်လာသည်။ သူမသည် မျက်နှာတွင် မျက်နှာချေအပြည့် လိမ်းခြယ်ထားကာ သားရေတိုဝတ်စုံကိုဝတ်ဆင်ထားပြီး သူမ၏နှစ်မွှာအသည်း ကို လစ်ဟာပြထားသည်။ သူမ၏ ထင်ပေါ်နေသော ခြေတံရှည်များသည် ကျောက်စိမ်းကောက်ကြောင်းနှင့်တူသည်။ သူမကို မြင်သည့်ယောက်ျားတိုင်း သွေးများဆူပွက်နိုင်ကာ ဗုံတီးကသကဲ့သို့ ရင်ခုန်နိုင်သည်။

ပေထင်းဟွမ် သက်ပြင်းချလိုက်သည်။ ချင်းယွိနှင့် မုယန်း၏ အဓိပ္ပာယ်ပါ သော အပြုံးများအောက်တွင် သူမသည် ရွေးချယ်စရာမရှိတော့ဘဲ ခွက်မြှောက် ကာ အလှလေး၏ အထိမခံနိုင်သောအပိုင်းကို ရှောင်ရှားရန်ကြိုးစားလိုက်၏။ သူမသည် ခွက်အစွန်းကို လက်ဖြင့်အသာခေါက်နေသည်။ ပေထင်းဟွမ်သည် တစ်ကျိုက်သောက်လိုက်သည်။ သူမ ခွက်ပြန်ထားချိန်တွင် အလှလေးသည် ထွက်မသွားရုံတင်မကဘဲ ပေထင်းဟွမ်ဆီသို့ ကပ်လာသည်။

ခြေတံရှည် အလှလေးသည် ပေထင်းဟွမ်ပေါင်ပေါ်တက်ထိုင်တော့မည် အပြုတွင် အိမ်ရှင်ဖြစ်သည့် မုယန်းသည် ရွေးချယ်စရာမရှိတော့ဘဲ မတ်တတ် ရပ်ကာ အလှလေးအတွက် လမ်းဖယ်ပေးရသည်။ အလှလေးသည် ပေထင်းဟွမ်ဘေးတွင်ထိုင်လိုက်ရာ မွှေးရနံ့များ လွင့်ပျံလာ၏။ ပေထင်းဟွမ် သည် နှာချေချင်စိတ်ကို အောင့်ထားရသည်။

“သခင်ပေယဲ့ ကျွန်မနာမည်ကလီလာပါ ဒီနေ့ညအားလား.. ကျွန်မတို့ သီးသန့်နေရာလေးမှာ သွားစကားပြောကြမလား” လီလာသည် ချင်းယွိ၏ တည်ရှိမှုကို လုံးဝလျစ်လျူရှုထားသည်။ သူမ၏မျက်လုံးများသည် ဝံပုလွေရိုင်း ကဲ့သို့ ပေထင်းဟွမ်အား စိုက်ကြည့်နေသည်။ သူမသည် အချိန်ကြာမြင့်စွာ ဆာလောင်နေသည်နှင့်တူသည်။ သူမ ရှေ့တွင်ခန့်ညားသောအမျိုးသားကို မြင် လိုက်ချိန်တွင် လူအများရှေ့သာမဟုတ်ပါက သူ့ဆီသို့ ခုန်အုပ်မည့်သဘောရှိ သည်။

ပေထင်းဟွမ်သည် ချွေးအေးများပြန်လာသည်။ သူမသည် တိုက်ပွဲများကို မကြောက်ရွံ့ပေ။ သူမသည် လီလာနှင့် ဝေးသွားစေရန် ချင်းယွိ၏ဘက်သို့ တိတ်တိတ်လေးတိုးသွားသည်။ သူမ ပြုံးပြီး ခေါင်းခါပြလိုက်သည် “တောင်းပန် ပါတယ် မနက်ဖြန်က မှော်သားရဲတွေနဲ့ တိုက်ခိုက်ရမှာရှိတယ်.. ကျွန်‌တော် ဒီနေ့ ကောင်းကောင်းအနားယူချင်ပါတယ်”

***

All Chapters