မင်းအဖော်ပြုပေးတာကိုမလိုဘူး *
Vol. 8 Ch. 160
“အဲလိုလား” လီလာ၏မျက်နှာမှာ စိတ်ပျက်ခြင်းများစွာနှင့် ပြည့်နှက်သွား ၏။ ပေထင်းဟွမ် အမှန်ပြောနေသည်ဟု သူမ မထင်ပေ။ ထိုအစား ပေထင်းဟွမ် သည် သူမကို ငြင်းရန်အကြောင်းပြချက်ရှာနေသည်ဟု ထင်ထားသည်။ ကံကောင်းစွာပင် ဤကဲ့သို့ရဲရင့်သောအလှပဂေးများသည် ဂရုမစိုက်တတ်ကြ ပေ။ လီလာသည် ပေထင်းဟွမ်ဆီသို့ ဆွဲဆောင်မှုရှိသောအပြုံးဖြင့် ကိုယ်ကို ကိုင်းညွှန်လာသည်။ သူမ ကိုယ်ကိုင်းလိုက်သောအခါ သူမ၏ပြည့်မောက်နေ သော ရင်အုံသည် ပေထင်းဟွမ်၏ပိန်ပါးသော ခန္ဓာကိုယ်အား လာထိလေသည် “သခင်ပေယဲ့ ရှင်ဘယ်အချိန်ပြလိုအပ်ပါစေ ကျွန်မဆီလာလို့ရပါတယ်”
ပေထင်းဟွမ်သည် ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းများထသွား ကာ မှိုင်တွေစွာဖြင့် ခေါင်းညိတ်လိုက်ရသည်။ လီလာထွက်သွားပြီးနောက် သူမ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
သေစမ်း သူမက မှော်သားရဲထက်တောင် ကြောက်ဖို့ကောင်းသေးတယ်။
သို့သော် လီလာထွက်သွားသည်နှင့် ထိုနေရာမှာ တိတ်ဆိတ်သွားခြင်းမရှိ ပေ။ ခန်းမထဲမှ မိန်းကလေးတိုင်းသည် ပေထင်းဟွမ်ဆီသို့ အကြည့်ရောက်နေ ကြသည်။ မိန်းကလေးများ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။ အစတော့ ပေထင်းဟွမ်သည် အသားမကျပေ။ သို့သော် သူမသည် ကမ္ဘာပေါ် တွင် မြင်မြင်သမျှလူကို ကြင်နာနေမည်မဟုတ်ပေ။ အေးစက်သောအမူအရာ ဖြင့်နေလိုက်ရာ သူမရှေ့တွင် မည်သူမှ ဝံ့ကြွားခြင်းမပြုရဲကြတော့ပေ။
နာထာလိသည် ပန်းရောင်ချစ်သူများခွက်ကိုကိုင်ကာ ဘေးတွင် တိတ်တိတ်လေးလာထိုင်သည်။ သူမမှာ ၁၅ ကြိမ်မြောက်ဖြစ်သည်။ ၁၅ ကြိမ် မြောက်မိန်းကလေး ပေထင်းဟွမ်ဘေးသို့ လာထိုင်သည့်အချိန်မှာ အခမ်းအနား သည် တစ်ဝက်ကျိုးနေပြီဖြစ်သည်။ ဂုဏ်သရေရှိသူထံမှ ဖိတ်ကြားခြင်းကို ငြင်းပယ်ပြီးနောက် နာထာလိသည် ပေထင်းဟွမ်ဆီသို့ လျှောက်သွားခဲ့သည်။
သူမသည် မှော်သားရဲခံတပ်တွင် အလှဆုံးမိန်းကလေးဖြစ်သည်။ သူမ တွင် နတ်ဆိုးကဲ့သို့ပုံရိပ်ရှိပြိး နေရောင်ထက်ပင် ပို၍လှပသည်။ သူမ၏ နောက်တွင် မှော်သားရဲခံတပ်ရှိ အားအကောင်းဆုံးမိသားစုရှိသည်။ မှော်သားရဲ ခံတပ်ထဲမှ ယောက်ျားသားများအားလုံးသည် သူမကို ဦးညွှတ်ရသည်။
ဤအချိန်၌ ထိုမိန်းကလေး၏ နှလုံးသားထဲတွင် ယောက်ျားတစ်ယောက် ရှိမည်ဆိုပါက ထိုလူသည် ပေထင်းဟွမ်ဖြစ်လိမ့်မည်။
သူမသည် နှစ်သက်ဖွယ်ကောင်းလောက်အောင် လျှောက်လှမ်းလာသည်။ ခန်းမတစ်ခုလုံးတွင် အားလုံး၏ မျက်လုံးများသည် ထိုလူရှင်းသောထောင့်ဆီကို သာ အကြည့်ရောက်နေကြသည်။ သူတို့သည် မြို့ထဲတွင် အလှဆုံးမိန်းကလေး မှ လူငယ်ဆီသို့ ဦးစွာလျှောက်သွားသည်ကို ကြည့်နေကြသည်။ အသံအမျိုးမျိုး ထွက်လာကြသည်။ အားလုံးသည် အရွယ်မရောက်သေးသည့်ကလေး ပေထင်းဟွမ်ကို အားကျပြီး မနာလိုမိကြသည်။
“မိုးနတ်မင်းရေ အလှလေးနဲ့ သူရဲကောင်း.. မိန်းကလေးနာထာလိက ငါ့ကိုကြည့်မယ်ဆိုရင် ကျေနပ်ပါပြီ”
“သခင်ပေယဲ့က မိန်းကလေးနာထာလိကို စောင့်နေတာများလား”
“မိန်းကလေးနာထာလိက မျိုးရိုးမြင့်ပဲ.. ငါ့ကို မျိုးရိုးမြင့်မိန်းကလေးက မျက်နှာသာပေးရင် သေပျော်ပါပြီ”
မည်သည့်အရာက ယောက်ျားသားတစ်ဦး၏ အာရုံကိုဆွဲဆောင်ပြီး ကျေနပ်စေသနည်း။ ခံစားချက်၊ စွမ်းအား၊ ငွေကြေးမဆိုထားနှင့် လှပသော မိန်းကလေးများသည် ယောက်ျားများ၏ နှလုံးသားကိုဆွဲဆောင်နိုင်သည်။
အထူးသဖြင့် ကျွမ်းကျင်သူ၏ နှလုံးသားကိုဖြစ်သည်။
ပေထင်းဟွမ်သည် ငယ်ရွယ်သော်လည်း အားလုံး၏မျက်လုံးထဲတွင် သူမ သည် ယောက်ျားလေးဖြစ်နေတုန်းပင်။
“သခင်ပေယဲ့ ကျွန်မကိုထိုင်ဖို့မဖိတ်တော့ဘူးလား”
ပေထင်းဟွမ်၏မျက်နှာနှင့် မျက်လုံးမှာ အလွန်တရာအေးစက်နေသည်။ ချင်းယွိနှင့် မုယန်းတို့နှင့်စကားပြောခြင်းအပြင် တခြားအရာများသည် သူမ၏ အာရုံကို မဖမ်းစားနိုင်ပုံပေ။ သို့သော် နာထာလိသည် ယုံကြည်ချက်ရှိသည်။ သူမသည် မျိုးရိုးမြင့်မိန်းကလေးဖြစ်သည်။ သူမသည် အလှတရား၊ စိတ်နေ သဘောထားနှင့် ကြွယ်ဝမှုတို့ ပေါင်းစပ်ထားသူဖြစ်သည်။ သူမ၏ ပိုက်ကွန်မှ မည်သူမှ ရုန်းမထွက်နိုင်ကြပေ။
ပေထင်းဟွမ်သည် အသာခေါင်းဆတ်လိုက်သည်။ သူမ၏လက်ထဲရှိ ပင်လယ်နက်ရှိုင်းကျောက်စိမ်းပြာသည် အပြာရောင်နတ်မိစ္ဆာနက်ရှိုင်းလောက် အရသာမရှိသော်လည်း ထိပ်တန်းအဆင့်သေရည်ဖြစ်သည်။
သူမ၏ မျက်လုံးများသည် အေးစက်လျက်ရှိသည်။ သူမရှေ့တွင်ရှိနေ သော်လည်း ဝေးကွာနေသည်ဟု နာထာလိ ခံစားရသည်။ နာထာလိသည် ပြုံး ပြီး သူမဆီသို့ ချဉ်းကပ်လာသည်။ သူမ၏အသံမှာ နူးညံ့နေပြီး သေရည်ကဲ့သို့ မူးယစ်လောက်စရာပင်။ သူမသည် ဘေးတွင် ကျောက်ချထိုင်နေသော ချင်းယွိ ကို ကြည့်လေသည် “သခင်ပေယဲ့ သခင်ချင်းယွိနဲ့ အကြာကြီးစကားပြောနေ တာ လုံလောက်ပါပြီ ကျွန်မ ရှင့်ကို အဖော်ပြုပေးမယ်လေ”
သူမသည် ပေထင်းဟွမ်နှင့် နီးကပ်လွန်းသည်။ ဤနေရာမှာ မတည်မငြိမ် ဖြစ်နေပြီဖြစ်သည်။ ပေထင်းဟွမ်သည် မတ်တတ်ရပ်လိုက်သည်။ သူ သူမ၏ ဖိတ်ကြားချက်ကို လက်ခံတော့မည်ဟု ထင်လိုက်ချိန်တွင် ပေထင်းဟွမ်၏ အေးစက်သောအသံကို ကြားလိုက်ရသည် “တောင်းပန်ပါတယ် ခင်ဗျား အဖော် ပြုပေးဖို့ မလိုပါဘူး”
***