← Chapters

မော့ယုကျူး

Vol. 8 Ch. 107

မော့ယုကျူး

Vol. 8 Ch. 107

ဟန်လိသည် အပြာရောင်ဝတ်စုံလူငယ်နှင့် အပေါ်ထပ်အဝါရောင် အင်္ကျီနှင့်လူတို့၏ အပြန်အလှန် ပြောစကားများကို မသိတာ သဘာဝပင်။ သူသည် ခုမှ ကပ်ဘေးကနေ လွတ်လာသည်ဟု ခံစားမိကာ ဝမ်းမြောက်နေတုန်း ဖြစ်၏။ အပြာရောင်ဝတ်စုံလူငယ်က သူ့ကို အရေးမစိုက်သည့်အပေါ် ဒေါသထွက်မိသော်လည်း ဟန်လိသည် သူတို့နှစ်ယောက်ကြား ခွန်အားကွာခြားမှုကို ကောင်းကောင်း သိသည်။ အခု သူက သေခြင်းကနေ လွတ်မြောက်လာခဲ့ရသလိုကို ခံစားမိ၍ အင်မတန် စိတ်သက်သာရာ ရနေ၏။

ထိုသူနှင့် တွေ့ကြုံပြီးနောက် ဟန်လိသည် စိတ်တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။ သို့ဖြစ်၍ သူ့ငြိမ်းချမ်းနေသော စိတ်အခြေအနေကို ပြန်မရနိုင် ဖြစ်နေ၏။ သက်ပြင်းချကာ ဟန်လိက ထရပ်၏။ သူလည်း ဒီစားသောက်ဆိုင်ကနေ ထွက်ဖို့ ဟန်ပြင်လိုက်သည်။

ထိုအခိုက်တွင် စားသောက်ဆိုင်၏ အပြင်ဘက်၌ မြင်းခွာသံများ ရုတ်တရက် ဟိန်းထွက်လာ၏။

ထိုအခါ ထရန် ဟန်ပြင်ပြီးမှ သူ ပြန်ထိုင်ချလိုက်၏။ သူ့အကြည့်က လမ်းမပေါ် ထပ်ရောက်သွားသည်။ စွန်းအာကုံး၏ တင်ပြချက်အရ ဒီမြင်းခွာသံများသည် မော့အိမ်တော်၏ သမီးအကြီးဆုံး၊ မော့ယုကျူး မြို့အပြင်ဘက် ခရီးသွားရာကနေ ပြန်လာခြင်း ဖြစ်သည် ဟူ၍ပင်။မော့အိမ်တော်၏ အဖိုးတန်အမျိုးသမီးလေးက သက်တူရွယ်တူ တခြားအမျိုးသမီးများကဲ့သို့ နေထိုင်ပြုမူခြင်းကို မနှစ်သက်ဟု ဆိုကြ၏။ သူမသည် ငယ်စဉ်တည်းက ဓားလှံများကို စိတ်ဝင်စားကာ ဂိုဏ်းခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့သည်။ သို့ဖြစ်၍ သူမ၏ အကြီးအကဲများက သူမကို သိုင်းပညာရပ်များ သင်ပေးဖို့ ရေလွှမ်းနဂါးအဖွဲ့မှ ကျွမ်းကျင်သူတစ်ယောက်ကို တာဝန်ပေးခဲ့သည်။

ထိုအမျိုးသမီးမော့မှာ အမျိုးသားများသာ လုပ်ဆောင့်လေ့၊ဝါသနာပါလေ့ ရှိသည်ဟု သတ်မှတ်ထားသော အမဲလိုက်ခြင်းကိုလည်း နှစ်သက်သူ တစ်ယောက် ဖြစ်နေသေးသည်။ သူမက မြို့အပြင်ရှိ တောအုပ်တွင် တပါတ်မှာ နှစ်ရက်၊သုံးရက် အမဲလိုက်တတ်သည်။ ဤသည်က သူမကို ပိုးပန်းနေသော ဂိုဏ်းအမျိုးမျိုးမှ သခင်လေးများအတွက် ခွင်တစ်ခု ဖြစ်လာကာ သူမနှင့် အမဲလိုက်ရာသို့ သူတို့က လိုက်ပါလေ့ ရှိသည်။ သူတို့က သူမ၏ အထင်အမြင်ကောင်းရဖို့ သိမ်းငှက်များ၊အမဲလိုက်ခွေးများကိုပါ ခေါ်ယူလာတတ်၏။ ပုံမှန်အားဖြင့် သခင်လေးဝူမှာလည်း သည်အမဲလိုက်ခြင်းတွင် ပါဝင်မြဲပင်။

ဟန်လိသည် ထိုသတင်းများကို ကြားပြီးနောက် မော့အိမ်တော်၏ အကြီးဆုံးသမီးဖြစ်သူနှင့် ပတ်သတ်၍ သိချင်စိတ် ဖြစ်မိ၏။ တကယ်တော့ ထိုသို့သော အကျင့်စရိုက်ရှိသော မိန်းကလေးတစ်ယောက်ကို မြင်ရခဲသည် မဟုတ်လား။ သူသည် ထိုအမျိုးသမီးက သူ့ကို စိတ်မပျက်စေဖို့ မျှော်လင့်သည်။

အခု လမ်းအဆုံးကနေ မြင်းသမားဆယ်ယောက်ကျော်ကို လှမ်းမြင်ရလေပြီ။ သူတို့က မြင်းများကို ကဆုတ်ပေါက် စီးနင်းလာည်။ ရှေ့ဆုံးမှ စီးနင်လာသူများမှာ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ ဖြစ်၏။ ထိုအမျိုးသားဖြစ်သူမှာ ဖြောင့်တန်းသောမျက်ခုံး၊ တောက်ပသော အကြည့်ဓာတ်၊ ကျစ်လစ်သော ခန္ဓာကိုယ် ပိုင်ဆိုင်ထားကာ လူချောတစ်ယောက်ပင်။ အမျိုးသမီးငယ်မှာလည်း နီရဲရဲ အမဲလိုက်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမ၏မျက်နှာကိုလည်း ခရမ်းရောင်ဇာပုဝါဖြင့် ဖုံးအုပ်ထားသည်။

မျက်စိတမှိတ်အတွင်း ထိုအမဲလိုက်အုပ်စုသည် တည်းခိုးခန်းရှေ့ကနေ ဖြတ်သွားကြသည်။ ဟန်လိ၏ မြင်ကွင်းကနေ ဖြတ်ကျော်သွားကြကာ နောက်ဆုံး၌ မော့အိမ်တော်ဂိတ်တံခါးဝတွင် ရပ်သွားသည်။

ဂိတ်တံခါးဝတွင် စောင့်နေသော လူကောင်ထွားထွားအစောင့်နှစ်ယောက်က သူတို့ကို ချက်ခြင်း နှုတ်ဆက်ကြသည်။ ထိုသက်တော်စောင့် နှစ်ယောက်ထဲမှ မျက်နှာကျောက်ပေါက်မာ အပြည့်ဖြင့် တစ်ယောက်သည် တလေးတစား နှုတ်ဆက်သည်။

“အကြီးဆုံးသခင်မလေးနဲ့ သခင်လေးဝူတို့နှစ်ယောက်ကို နှုတ်ဆက်ပါတယ်။ ဒီနေ့ အမဲလိုက်ရတာ အခြေအနေ ကောင်းပါရဲ့လား…”

“မဆိုးပါဘူး…ထျန်အာ..။မြင်းကို ခေါ်သွားလိုက်…” အမဲလိုက်ဝတ်စုံဖြင့် ထိုအမျိုးသမီးက အမိန့်ပေးလိုက်၏။ သူမက မြင်းပေါ်ကနေ မဆင်းခင် မျက်နှာပုဝါကို ဖယ်ရှားလိုက်သည်။ ထိုအခါ ယောက်ျားသားတို့၏ စိတ်ဝိညာဉ်ကို မင်သက်လှုပ်ရှားစေမည့် လှပသောမျက်နှာလေးကို မြင်ရလေ၏။

“အမိန့်အတိုင်းပါ…သခင်မလေး…” ထျန်အာဟု ခေါ်သော အစောင့်က ထိုအမျိုးသမီး၏ မျက်နှာအလှကို မကြည့်ဝံ့ပေ။ သူက မြင်းဇာတ်ကြိုးကို ဆွဲကာ ဂိတ်တံခါးထဲ အလျင်အမြန် ဝင်ရောက်သွား၏။

စားသောက်ဆိုင်နှင့် မော့အိမ်တော်သည် အလှမ်းကွာဝေးသော်လည်း ဟန်လိက ထိုမိန်းကလေး၏ အလှတရားကို ခုနစ်ဆယ်၊ရှစ်ဆယ်ရာခိုင်နှုန်းလောက် တွေ့မြင်လိုက်ရတုန်းပင်။ သူ အသက်ရှုပင် မှားမိသွား၏။ မော့ယုကျူးက တောက်ပကြည်လင်ပြီး ဖြူဝင်းသော အသားအရည်၊ ဖြောင့်ဆင်းသော နှာတံ၊ ရွှန်းလဲ့နက်ဆိုနေသော မျက်ဝန်း၊ ပတ္တမြားအလား နီရဲနေသော နှုတ်ခမ်းတစုံကို ပိုင်ဆိုင်ထားသူလေး မဟုတ်လား။

“ဒီအမျိုးသမီးက မော့ယုကျူးပဲ ဖြစ်ရမယ်။ သူမက ကျားယွမ်မြို့ထဲ လူငယ်သခင်လေးတွေကို အရူးအမူး စွဲလမ်းအောင် လုပ်နိုင်တာ အံ့အားသင့်စရာ မရှိတော့ဘူး။ ဒီလောက်လှမှတော့ ဒီလိုဖြစ်တာ မထူးဆန်းပါဘူးလေ…”

ဟန်လိသည် သူမအကြောင်းကို ထိုသို့ မတွေးလိုက်မိဘဲ မနေနိုင် ဖြစ်သွား၏။

သည့်နောက် ချောမောသော လူငယ်နောက်မှ တခြားအမဲလိုက်သူများမှာလည်း မြင်းများပေါ်မှ ဆင်းလာကြ၏။ အစေခံများ ရောက်လာကာ သူတို့၏ မြင်းများကို ခေါ်သွားပေး၏။

ချောမောသောလူငယ်က မော့ယုကျူးရှေ့ ရှောက်လာပြီး သူမကို တစုံတစ်ခု ပြော၏။ မော့ယု၏မျက်နှာမှာ နီမြန်းသွားချေသည်။ သူမက ထိုလူငယ်၏ ပုခုံးကို ခပ်ဖွဖွ ပုတ်ကာ ရှက်သွေးဖြန်းဟန်ဖြင့် တချက် ကြည့်သည်။ ထို့နောက် ဂိတ်တံခါးအတွင်း ပြေးဝင်သွားတော့သည်။ လူငယ်သည်လည်း ရယ်မောကာ ထိုအလှပဂေးလေးနောက်သို့ လိုက်လာတော့၏။

“ဒီလူက ဝူကျန်းမင်ပဲ ဖြစ်ရမယ်။ သူက တကယ်ပဲ မိန်းကလေးတစ်ယောက်ကို ဘယ်လို ကြွေအောင် လုပ်ရမလဲ သိတဲ့ကောင်ပဲ။ ဘာပဲဖြစ်ဖြစ် သူ့ရုပ်ရည်ကလည်း ကြည့်ကောင်းသားပဲ…” ဟန်လိက စိတ်ထဲကနေ အချဉ်ပေါက်ပေါက်ဖြင့် ရေရွတ်မိ၏။ သူသည် ရုပ်ရည်ချင်းသာ ယှဉ်ရပါက သူ့အနေဖြင့် ထိုလူငယ်ကို မည်သို့မျှ မယှဉ်နိုင်သည်ကို ကောင်းကောင်း သိသည်။

“မော့ယုကျူးနဲ့ ဒီရုပ်ချောချောလူငယ်တို့က ပတ်သတ်မှု နက်ရှိုင်းပုံပဲ…” ဟန်လိသည် မျက်မှောင်ကြုတ်ကာ သူက အနည်းငယ် ဖိအားဖြစ်မိသလို ခံစားမိ၏။ မော့မိသားစု၌ သူ ဖြေရှင်းရမည့် ပြဿနာသည် သူ စိတ်ကူးထားသလို မလွယ်တော့မည့်ပုံ ရ၏။

“ဘာပဲဖြစ်ဖြစ်လေ၊ ငါ အဖိုးတန်ယန်ကျောက်စိမ်းပြားကို ရကိုရရမယ်။ တကယ်တော့ ငါ့ကိုယ်ထဲက ယင်အဆိပ်ဟာ ထင်ထားတာထက် ပိုစောပြီး အစွမ်းပြလာနိုင်တယ်…”

ဟန်လိသည် သူ မိထားသော အဆိပ်အတွက် အတော်လေး သောကဗျာပဒ ရောက်နေ၏။

သူက မော့အိမ်တော်နှင့် ပတ်သတ်၍ သုံးသပ်နေပြီးနောက် ငွေရှင်းရန် စားပွဲထိုးကို လှမ်းခေါ်၏။ ထို့နောက် သူသည် သူ တည်းနေသော တည်းခိုခန်းထံ ပြန်လာခဲ့သည်။

သူသည် အသေအချာ အချိန်ယူ၍ စဉ်းစားပြီးနောက် တိုက်ရိုက်ကျသော၊ သက်ရောက်မှုအရှိဆုံးဖြစ်သော နည်းလမ်းကို လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူသည် ညသန်းခေါင်၌ မော့အိမ်တော်ထဲ ဝင်ကာ ရေလွှမ်းနဂါးအဖွဲ့၏ ခေါင်းဆောင်းဟောင်း၏ ဇနီးဖြစ်သူ၊ အမျိုးသမီးယန်ထံ သွားလည်မည်ဟု စီစဉ်သည်။ သူက သမားတော်မော့ သူ့အတွက် ချန်ထားပေးခဲ့သော ပစ္စည်းများကို အသုံးပြုကာ မော့အိမ်တော်၌ အယောင်ဆောင်ဝင်ရောက်နေသူကို ဖော်ထုတ်မည်ဟု ကြံစည်ထားသည်။ သူက အဖိုးတန်းယန်ကျောက်စိမ်းပြားကို ရဖို့အတွက်ကမူ စောင့်ကြည့်၍ တဆင့်ချင်း လှုပ်ရှားမည် ဖြစ်သည်။

သူက စိတ်ထဲ၌ ထိုသို့ ပြင်ဆင်ပြီးသည်နှင့် သူ့ဆုံးဖြတ်ချက်၏ အကျိုးဆက်များနှင့် ပတ်သတ်၍ ပူပန်မနေတော့ပေ။ သူက မျက်လုံးမှိတ်ကာ သည်ည၌ လှုပ်ရှားရမည့် ကိစ္စအတွက် စိတ်ပိုင်းဆိုင်ရာ စတင်ပြင်ဆင်သည်။

သို့ပေမည့် မော့ယုကျူး၏ မျက်နှာလှလှလေးက သူ့စိတ်ထဲ၌ ရစ်သီဝဲနေဆဲပင်။ သူ မည်သို့ပင် ပြုလုပ်ပါစေ သူမအကြောင်း တွေးမိနေခြင်းကို မဖယ်ထုတ်ပစ်နိုင် ဖြစ်ရ၏။

“ငါ အဲ့မိန်းကလေးကိုများ ချစ်မိသွားတာလားဟ…” ဟန်လိက သူ့ကိုယ်သူ မေး၏။

သူ့ကိုယ်သူ ဖြေရှင်းချက် ပြန်ထုတ်သည်။ “ဒီလိုအလှပဂေးတစ်ယောက်ရဲ့ စွဲဆောင်မှု ခံရတာ ပုံမှန်ပါပဲ။ ငါ သူမကို ချစ်မိ၊မချစ်မိကတော့ မသေချာပါဘူး…”

ကျင့်ကြံခြင်းလမ်းကြောင်းအပေါ် ခြေလှမ်းတဝက် ချနင်းပြီးသော တစုံတစ်ယောက်အနေဖြင့် ဟန်လိသည် အချစ်ရေးကိစ္စများကို ရှောင်နိုင်ဖို့ အကောင်းဆုံး ကြိုးစားနေခဲ့သည်။ သူ့အနေဖြင့် သည့်အရင်တုန်းကလည်း အချစ်ရေးအချစ်ရာကိစ္စများ မရှိခဲ့ဖူးပေ။

ဝေလီဝေလင်းအချိန်၊ နံနက်သုံးနာရီလောက်၌ ဟန်လိက ဝတ်ရုံနက်ကို လဲဝတ်ကာ တည်းခိုးခန်းထဲမှ ခြေသံလုံလုံဖြင့် ထွက်လာတော့သည်။

သူသည် အိမ်ခေါင်မိုးများပေါ်မှ ကိုယ်ဖော့၍ အမြန်သွားလာသည့်အတွက် လမ်းမများပေါ်ရှိ ကင်းသမားများကို လွယ်ကူစွာ ရှောင်ကွင်းမိပြီးသား ဖြစ်၏။ ခပ်မြန်မြန်ပင် သူသည် မော့အိမ်တော်၏ အပြင်ဘက်သို့ ရောက်လာ၏။ သူက သူ့ကိုယ်သူ တချက်စစ်ဆေးကြည့်ပြီးနောက် ပြုံး၍ အခိုးအငွေ့အဖြစ်သို့ ပြောင်းလဲသည်။ သူက အစောင့်များ၏ မျက်လုံးရှေ့ကနေပင် ဖြတ်ကျော်လာခဲ့ပြီး မော့အိမ်တော်၏ အနောက်ဘက်ခြံဝန်းထဲ ဝင်လာခဲ့သည်။ သူ ရောက်လာသည်ကို မော့အိမ်တော်၏ အစောင့်များက လုံးဝ သတိမပြုမိပေ။

All Chapters