← Chapters

Vol. 15 Ch. 211

Vol. 15 Ch. 211

Vol. 15 Ch. 211

Vol. 15 Ch. 211

ရန်ရွှေနှင့် ၀မ်ရိရွှမ်တို့ကတော့ တခြားသူများ၏ အမူအရာများကို သတိမထားမိဘဲ အချင်းချင်း ဆက်ပြောနေကြခဲ့၏။

"ဒါပေါ့ဟဲ့ နင်က တစ်ချိန်လုံး ဘာတွေ လျှောက်တွေးနေတာ...သူ့ကို တကယ်ကြီး ချမ်းသာတဲ့ ဒုတိယမျိုးဆက်လို့ ထင်နေတာလား.."

ရန်ရွှေ မေးလိုက်သည်။

"ဘာလို့လဲဆိုတော့ သူက ပြိုင်ကားကြီး မောင်းတာကိုးရှင့်..အဲ့တော့ အထင်လွဲမိတာက ပုံမှန်ပဲလေ.."

၀မ်ရိရွှမ် ပြောလိုက်ပြီး "နောက်ပြီး ဆရာမရန်က အရမ်းအသက်ကြီးသေးတာလည်း မဟုတ်ဘဲနဲ့ ဆွဲ‌ဆောင်မှုက ရှိနေတုန်းပဲလေ..သာမန်လူသာဆို ဆရာမရန်ရဲ့ အမြင်ကို ဘယ်လိုလုပ် ဖမ်းစားနိုင်မှာ.."

"ချူး ချူး ချူး ..ဒီကလေးမကတော့ ဘာတွေ ပေါက်တတ်ကရ ပြောနေမှန်းကို မသိဘူး.."ရန်ရွှေ ပြောလိုက်ပြီး "အရှင်းဆုံး ပြောလိုက်မယ်..သူက ဘာမှ ချမ်းသာတဲ့ ဒုတိယမျိုးဆက်မဟုတ်ဘူး...နင်ကသာ အတွေးတွေ လွန်နေတာ..."

"အွန်း.ဆရာမပြောတာ မှန်တယ်..သမီးကိုက နည်းနည်းလေး အတွေးလွန်နေတာ ဟီးဟီး..."

ထို့နောက် ၀မ်ရိရွှမ် ရန်ရွှယ်၏ နားအနားကပ်၍ "နောက်ပြီး အထင်လွဲလည်း လွဲချင်စရာပဲလေ...

ဟိုရွှိုက်ကောက ဘော်ဒီတောင့်တောင့်နဲ့ အရမ်းချောတဲ့ ရှောင်ကောကောကိုပဲ..ဆရာမရန်က အရမ်းမြင်တတ်တယ်နော်..သမီးတော့ ဆရာမဆီကနေ အများကြီး သင်ယူဖို့ ‌လိုနေသေးတာပဲ.."

"ချူး ချူး ဘာတွေ ပြောနေပြန်ပြီလည်း မသိညူး..သွား..ကိုယ့်ရဲ့ ပီယာနိုကိုပဲ အသံသွားစမ်းနေလိုက်..."

"ခစ်ခစ် တို့ဆရာမ ရှက်နေရင်လည်း မပြောတော့ပါဘူးရှင့်..."

၀မ်ရိရွှမ်ကို စကားဖြတ်ပြီးနောက် ရန်ရွှေ လင်းရီထံသို့ လျှောက်လာပြီး အလှမ်းသိပ်မဝေးသော နေရာရှိ ပီယာနိုကို ညွှန်ပြကာ "နင်တီးရမယ့် ပီယာနိုက ဟိုရဲ့ဟာပဲ...သွားပြီး စမ်းကြည့်လိုက်ဦးလေ...ငါက‌ တခြားလုပ်စရာလေးတွေ ရှိသေးတယ်..တစ်ခုခု လိုအပ်ရင် ခေါ်လိုက်နော်..ဘာမှ အားနာမနေနဲ့ သိလား..."

"ဟုတ်ကဲ့ပါဗျ..."

ပွဲတွင် တေးပြဆရာမဖြစ်သည့်အလျောက် ရန်ရွှေမှာ သဘာ၀အလျောက် အလုပ်အများဆုံးပင်။ သူမ လင်းရီကို အကြံအနည်းငယ် ပေးပြီးနောက် သူမလုပ်ရမည့် အလုပ်များကို ဆက်လုက်နေလိုက်သည်။

လင်းရီ ထိုင်ခုံတစ်ခုံပေါ်တွင် ထိုင်လိုက်ပြီး အချိန်ဖြုန်းရန် ဖုန်းကစားနေလိုက်၏။

သူ၏ လက်ရှိ ပီယာနိုလယ်ဗယ်နှင့် ဆိုပါက ယခုလို ပွဲများကို အသာလေး ထိန်းချုပ်သွားနိုင်သည်။ အထွေထူး အချိန်ပေး၍ လေ့ကျင့်နေရန် မလိုတော့ချေ။

ရန်ရွှေ ထွက်သွားပြီးနောက် လူတိုင်း ၀မ်ရိရွှမ်အနားသို့ဝိုင်းအုံလာကြပြီး "ရွှမ်ရွှမ် ဘာတွေ ဖြစ်နေတာလဲ ...ဆရာမရန် ပြောသံကြားတာတော့ သူက အီရန်ဘွိုင်းကြီးဆို..."

"အွန်း..ဟုတ်တယ်လေ..ဆရာမက အစားထိုးဖို့ လူပို ရှာမတွေ့တာနဲ့ မေ့ထွမ်ရဲ့ အီရန်အက်ပ်ကနေတစ်ဆင့် ငှားထားတာ..."

ရိရွှမ် ခေါင်းညိမ့်၍ သာမန်လေသံဖြင့် ပြောလိုက်လေသည်။

"အင်း..သူ့ပုံစံ ကြည့်ရသလောက်ကတော့ စကေးတစ်ချို့ ရှိမယ့်ပုံပဲ..မဟုတ်ရင် ဆရာမရန်က သူ့ကို ခေါ်မှာ မဟုတ်လောက်ဘူး.."

"သူက စကေးတစ်ချို့ရှိတယ်ဆိုရင်တောင်မှ အီရန်ဘွိုင်း ဖြစ်နေတုန်းပဲလေဟယ်..နင်နဲ့ ကျင်းကျင်းလောက် အရည်ချင်း ရှိချင်မှ ရှိမှာပေါ့ဟဲ့..."

"ပြောစရာတောင် လိုနေသေးလို့လား...ကျင်းကျင်းနဲ့ ငါက ပြည်နယ်အဆင့်လူငယ် စန္ဒယားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရှင်တွေပဲလေ.ငါတို့ကြားမှာ ကွာဟမှုတွေ ရှိမှာကတော့ သေချာပေါက်ပဲပေါ့...."၀မ်ရိရွှမ် ဂုဏ်ယူစွာ ပြောလိုက်၏။

"ခုမှ နည်းနည်းတောင် စိုးရိမ်လာပြီ..တကယ်လို့ ငါတီးတဲ့ အချိန်ကျရင် သူငါနဲ့ စည်းချက်မှီအောင် လိုက်တီးနိုင်ပါ့မလား မသိဘူး..အဲ့ချိန်ကျရင် ငါသူ့ကို ဖြေးဖြေးနဲ့ ဆွဲခေါ်သွားရတော့မှာ..တကယ်လို့ ပွဲမှာ အဆင်မပြေဖြစ်သွားရင်တော့ ငါ့ကို အပြစ်မတင်ကြနဲ့နော်..."

"ဆရာမရန်ကလဲ ဘာကြီးလဲကွာ..ပွဲက ဒီလောက်အရေးကြီးတာတောင်မှ အီရန်ဘွိုင်းကို ခေါ်လိုက်ရတယ်လို့.....ငါတို့ကို တမင် ဒုက္ခပေးချင်လို့များ လုပ်နေလားမသိ..."

"ငါတော့ ဂရုမစိုက်ဘူး..သူ့ကြောင့်သာ ငါတို့ ပွဲမှာ အဆင်မပြေရင်တော့ သေချာပေါက် ဆရာမရန်နဲ့ သွားစကားပြောမယ်..."

"နင်ပြောမယ်ဆိုလည်း ခုသွားပြောလိုက်လေ..ပွဲပြီးမှဆို အကုန်နောက်ကြကုန်မှာပေါ့ဟဲ့..."

"အမှန်ပဲ.."မှန်ကြောင်နှင့် ကောင်လေးတစ်ယောက်မှ ပြောလိုက်ပြီး "ဆရာမရန်က စိတ်လောကြီးနေလို့ မဆင်ခြင်နိုင်လိုက်ဘူးဆိုရင်တောင် အဲ့ကောင်ကတော့ သူ့နေရာသူ သိသင့်တယ်...ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ်ပြီး လက်ခံဝံ့ပါလိမ့်..."

"သည်ခုခေတ်လူတွေက ငွေရရင်ပြီးရောပဲ..ကောင်းတာ မကောင်းတာ နားလည်တာမဟုတ်ဘူး..သူတို့ ကော်မရှင်ခ ရနေသရွေ့ အကျိုးဆက်တွေကို ဂရုစိုက်နေမှာ မဟုတ်ဘူး..."

"အဲ့လိုဆိုရင်တော့ မဖြစ်တော့ဘူး..တစ်ယောက်မှ ငါ့ကို လာမတားနဲ့နော်...ငါသူနဲ့ စကားသွားပြောတော့မယ်...သူက ဆရာမရန် ရှာထားတဲ့သူ ဆိုရင်တောင်မှ ငါတို့ရဲ့အနာဂတ်အတွက် သူ့ကို မောင်းထုတ်ပစ်ရမယ်..."

"အဲ့လောက်ကြီးလည်း မစိုးရိမ်နဲ့ဦး.အရင်ဆုံး ရွှမ်ရွှမ်က ပွဲမှာ သူဦးဆောင်ပြီး တီးနိုင်မလားလို့ အရင်မေးကြည့်လိုက် .ဒါပေမယ့် ပွဲတစ်ခုလုံးကို တစ်ယောက်တည်း ဦးဆောင်ရမယ်ဆိုရင်တော့ ခက်ခဲမှာက အမှန်ပဲ..ဘာပဲဖြစ်ဖြစ် သိပ်မလောပါနဲ့ဦးဟယ်..."

လူတိုင်း၏ အကြည့်များက ၀မ်ရိရွှမ်ထံ စုပြုံနေကြပြီး သူမ၏ အမြင်ကို တောင်းဆိုနေကြ၏။

"အွန်း ငါတစ်ယောက်ထဲဆိုရင် ခက်ခဲမှာကတော့ အမှန်ပဲ..ဒါပေမယ့် အဲ့အီရန်ဘွိုင်းလည်း စင်ပေါ်မှာ ငါနဲ့အတူတီးလည်း ခက်ခဲမှာက ခက်ခဲမှာပဲ..ဒီတော့...နင်တို့ဘာနင်တို့ ဆုံးဖြတ်ကြည့်ပေါ့.."

အခြေနေက မည်သို့ပင် ဖြစ်စေ အီရန်ဘွိုင်း ရှိသည် မရှိသည်က မရေးမပါသောကြောင့် သူမ အမှန်ကို ဖွင့်ဟ ပြောဆိုလိုက်၏။

တစ်ချိန်တည်းတွင် သူမ အနည်းငယ် ရှုပ်ထွေးနေလေသည်။

ဆရာမရန်က ဒီလိုမျိုး အလုပ်ကို ဖြစ်ကတတ်ဆန်း လုပ်တတ်တဲ့သူ မဟုတ်ပါဘူး...

ဒီခုကျမှ ဘာလို့ ဘာမှမဆိုင်တဲ့ အီရန်ဘွိုင်းကို ဒီခေါ်လာခဲ့ပါလိမ့်..

မဟုတ်မှလွဲရော သူမတို့နှစ်ယောက်ကြား ဖုံးကွယ်ထားတဲ့ ဆက်ဆံရေးတွေ ရှိနေလို့များလား..

အဲ့တာက ပိုပြီးဖြစ်နိုင်တယ်..

မဟုတ်ရင် ဘာလို့ ဒီခေါ်လာခဲ့မှာလဲတဲ့

ဘာပဲပြောပြော ဒီလောက် ချောမောခန့်ညားတဲ့ ကောင်လေးကို ဘယ်မိန်းက‌ေလးဖြစ်ဖြစ် ငြင်းဖို့ခက်မှာကတော့ အမှန်ပဲလေ...

"နင့်ဆီက ဒီလိုကြားလိုက်ရတော့ ငါတို့လည်း စိတ်သက်သာရာ ရသွားပြီ..."

ဖန့်ဖေးဆိုသူမှ မျက်လုံးကစားလိုက်ပြီး လင်းရီထံသို့ လျှာက်သွားလိုက်၏။

"ညီကို ..ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ..ငါကကျန်း ဖန့်ဖေးပါ..ပြီးတော့ ဒီပွဲမှာ တယောကြီး ထိုးမယ့်သူပေါ့..."ဖန့်ဖေး အပြုံးလေးဖြင့် ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်သည်။

"အိုး...ကျုပ်နာမည်ကတော့ လင်းရီ..အီရန်ဘွိုင်းပေါ့..."

လင်းရီကတော့ ဖန့်ဖေး အဘယ်ကြောင့် သူ့ကို စကယးလာပြောနေလဲဆိုတာ မသိသောလည်း ယဉ်ကျေးစွာ ပြန်လည် နှုတ်ဆက်လိုက်၏။

"ပွဲကလည်း ခဏနေ စတော့မှာဆိုတော့ ငါ ဝေ့လည်ကြောင်ပတ်တွေ လုပ်မနေတော့ဘူးကွာ..."ဖန့်ဖေး မျက်နှာထား တည်တင်း၍ ပြောလိုက်ပြီး "ဒီပွဲက ငါတို့အတွက် အရမ်းအရေးကြီးတယ်..ဘယ်လောက်တောင် အရေးကြီးလဲဆိုရင် ငါတို့ရဲ့ အနာဂတ်တွေကို အဆုံးအဖြတ် ပေးနိုင်လောက်တဲ့ထိပဲ..မင်းလို ဘာမဟုတ်တဲ့ အီရန်ဘွိုင်းနဲ့ အတူဖျော်ဖြေပြီးတော့ ငါတို့အနာဂတ်တွေကို လောင်းကြေးမထပ်ချင်ဘူး..ဒီတော့ အလိုက်တသိနဲ့ ကိုယ့်ဘာကိုယ် ထွက်သွားပေးမယ်လို့ မျှော်လင့်တယ်..."

"ဟမ်...ငါက ဘာဆိုင်ဆို့ ထွက်သွားပေးရမှာ..."

"မင်းတို့ဆရာမက ငါ့ကို အော်ဒါတင်ပြီး ခေါ်ထားတာနော်..အော်ဒါကလည်း ခုထိ မပြီးသေးဘူး..ခုထွက်သွားခဲ့ရင် ငါက ဘယ်လိုလုပ်ပြီး ကြယ်ငါးပွင့်ရီဗျူး ရတော့မှာလဲကွ..."

ယခု ဖျော်ဖြေပွဲက ရန်ရွှေအတွက် သေးသေးမွှားမွှားလေး မဟုတ်ချေ။ အကယ်၍ သူသာ အရေးကြီးဆုံးအ ချိန်ကျမှ ထွက်သွာပြီး ရန်ရွှေပို ဒုက္ခပေးသကဲ့သို့ ဖြစ်သွားပြီး သူမ ယမ်းပုံမီးကျတောင် ဖြစ်သွားနိုင်၏။

"ဒီတိုင်း ကြယ်ငါးပွင့် ရီဗျူးလေးပဲမလား..မင်းက အဲ့ကြယ်ငါးပွင့်လေးနဲ့ပဲ ငါတို့ရဲ့ အနာဂတ်က်ု ဖျက်ဆီးရက်တယ်ပေါ့..."

‌ကျန်းဖန့်ဖေး၏ အမူအရာမှ ဒေါသူပုန်ထလာပြီး အသံပါဝါပင် အတည်းငယ် မြင့်သွားခဲ့သည်။

"မင်းဘာသောက်အဓိပ္ပာယ် မရှိတာတွေ လာပြောနေတာတုန်းကွ..ငါက ဒီကို အော်ဒါလာလက်ခံတာလေ..ဘယ်လိုလုပ် မင်းရဲ့ အနာဂတ်ကို ဖျက်ဆီးရမှလဲ..အဲ့နှစ်ခုက ဆိုင်လား..ဆိုင်လားပြော..."

"ကိုယ့်အဆင့်ကိုယ် သိတဲ့ကောင်ဆို ဒီလိုစကားမျိုး မပြောဘူး..မင်းလို အီရန်ဘွိုင်းကများ ဖျော်ဖြေပွဲကို တက်ချင်နေသေးတယ်တဲ့လား..မင်းနဲ့ တန်လို့လားလို့ အရင်မေးလိုက်.."ရပ်ကြည့်နေသည့် ကောင်လေးတစ်ယောက်မှ ပြောလိုက်လေသည်။

"အမှန်ပဲ..မင်းက ရိရွှမ်ရဲ့ ဆယ်ပုံတစ်ပုံလောက်တောင် အ‌ရည်ချင်းမရှိတာ..သေချာ ပေါက် သူမကိုပါ ဆွဲချသလို ဖြစ်နေမှာပဲ..တကယ်လို့ မင်းလိုကောင်ကသာ စင်ပေါ်တက်မယ်ဆိုရင် ဖျော်ဖြေပွဲကို ဖျက်ဆီးရုံတင်မကဘူး ငါတို့အနာဂတ်တွေကိုပါ ဖျက်ဆီးသွားမှာကွ.."နောက်ထပ် ကောင်လေးတစ်ယောက်မှ ပြောလိုက်လေသည်။

လင်းရီ ၀မ်ရိရွှမ်ကို ကြည့်လိုက်ပြီး ပြုံး၍ "သူ(မ)က ဘယ်လောက်တော်လဲဆိုတာတော့ ငါမသိဘူး..အေး ဒါပေမယ့် ငါတီးရင် သူလိုက်မှီပါ့မလား ဆိုတာပဲ မင်းတို့ စိတ်ပူသင့်တယ်... "

"ဘာကွ..မင်းလာနောက်နေတာလား..မင်းက ရွှမ်ရွှမ်ကို အထင်သေးနေတယ်ပေါ့...ဘယ်လောက်တောင် ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့ကောင်လဲ.."ဖန့်ဖေး ဒေါသမီးများ လောင်မြိုက်လာပြီး ရန်တွေ့တော့မည့် လေသံဖြင့် "ငါတို့ရဲ့ ရွှမ်ရွှမ်က ဘယ်လောက်တော်လဲဆိုတာ မင်းသိလား..သူက ပြည်နယ်အဆင့် လူငယ် ဆန္ဒယားတီူပြိုင်ပွဲ၍ ရွှေတံဆိပ်ဆုရှင်၊ ပြည်နယ်တစ်ခုလုံးရဲ့ အတော်တွေထဲကမှ အတော်ဆုံးနော်...အဲ့ဒီ ရွှေတံဆိပ်က အလှပြထားတာမဟုတ်ဘူးကွ..မင်းလို စာမတတ် ပေမတတ်တဲ့ကောင်ကတော့ နားလည်မှာ မဟုတ်ဘူး..."

"ဟမ့်...အဲ့ကောင် အီရန်ဘွိုင်း လုပ်နေတာလည်း မဆန်းတော့ပါဘူး..ဒီလောက် ကိုယ့်ကိုယ်ကို အထင်တွေကြီးပြီး ဘဝင်တွေ မြင့်နေမှတော့ ဘယ်ကုမ္ပဏီကမှလက်ခံချင်မှာ မဟုတ်ဘူး..."

"သူက ရုပ်လေးချောတာကလွဲရင် ဘာမှ သုံးစားလို့ရ‌တဲ့ကောင်လည်း မဟုတ်ပါဘူးဟယ်.."

"အေးဆေးပေါ့ ငါ့ညီတို့ကလည်း.....အဲ့လောက်ကြီးလည်းဖျင်နာပြမနေကြနဲ့...."

လင်းရီ ပြုံး၍ ခေါင်းယမ်းလိုက်ပြီး "ဒီနိုင်ငံရဲ့ ပြိုင်ပွဲစံနှုန်းတွေက သာမညောင်ည အဆင့်လောက်ပဲ ရှိတာ.. အဟက်...ပြည်နယ်အဆင့်ရွှေတံဆိပ်ဆုရှင်တဲ့လား...ကိုယ့်ကိုယ်ကိုလည်း အဲ့လောက် အထင်တွေ စွတ်ကြီးမနေနဲ့ဦး..အငယ်တန်း ချန်ပီယမ်ဆိုတာက သာမန်အဖြစ်ဆုံးပဲ....မင်းတို့ ထင်သလောက်လည်း ကြီးကျယ်နေတာမဟုတ်ဘူး..."

All Chapters