← Chapters

Vol. 15 Ch. 212

Vol. 15 Ch. 212

Vol. 15 Ch. 212

Vol. 15 Ch. 212

"မင်းက ရွှမ်ရွှမ်ရဲ့ စကေးက သာမန်ပဲလို့ ပြောချင်နေတာလား.."

လူတိုင်း မျက်နှာအမူအရာများ ရုပ်ဆိုးသွားကြပြီး မိန်းကလေးများပင်လျင် သူ့ကို အထင်‌တသေးဖြင့် ကြည့်လာကြတော့၏။

ဘ၀င်ကို မြင့်လွန်းတယ်...

ရုပ်ကလေးတော့ ချောပါရဲ့..ဒါပေမယ့် အာပလာကောင်ကြီး ..ဘာမှ မှီခိုလို့ ရမှာ မဟုတ်ဘူး...

ဒီလိုယောက်ျားမျိုးက ဘာမှ ဆွဲဆောင်မှု မရှိဘူး..

"မဟုတ်လို့လား."လင်းရီ ပြောလိုက်ပြီး "အေးလေ..မင်းတို့ရဲ့ မျက်လုံးထဲမှာတော့ ပြည်နယ်အဆင့် အငယ်တန်း ချန်ပီယမ်က အရမ်းကို အထင်ကြီးဖို့ ကောင်းရင်လည်း ကောင်းနေမှာပေါ့..ဒါပေမယ့် တစ်တောင်ထက် တစ်တောင်က ပိုမြင့်တယ်ဆိုတာ ကြားဖူးလား..လူတိုင်းကို အပေါ်ယံပဲကြည့်ပြီးတော့မှ မဆုံးဖြတ်နဲ့..."

"နင် ဘယ်လိုတောင်....."

"တော်ကြတော့..."

ရိရွှမ်၏ ပြတ်သားစူးရှသော အသံမှာ ထွက်ပေါ်လာခဲ့ပြီး "ရှင်က ကျွန်မရဲ့ ချန်ပီယမ်ဆုက ဘာမှ မဟုတ်ဘူးလို့ ပြောနေတာနော်..ထားပါ..ရှင်ပြောတာလည်း နည်းနည်းတော့ မှန်ပါတယ်..ဒါပေမယ့် ကျွန်မလို ရွယ်တူထဲမှာ ဘယ်သူမှ ကျွန်မနဲ့ ယှဉ််နိုင်တဲ့သူ မရှိသေးဘူး..."

"ငါမင်းကို စိတ်နာအောင် ပြောနေတာလည်း မဟုတ်ဘူး..ဒါပေမယ့် မင်းမှာ အရည်ချင်းတစ်ချို့ ရှိတယ်ဆိုတာတော့ ၀န်ခံပါတယ်..."လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်ရသည်။ သူ၏ စကားလုံးများကြောင့် တက်သစ်စလေး၏ ယုံကြည်မှုများ ရိုက်ချိုးမခံရစေချင်ပေ။

"မင်းရဲ့ အရည်အချင်းကိုလည်း အသိအမှတ်ပြုတယ်..ဒီတော့ ကိစ္စကို ဒီမှာတင်ရပ်ကြရအောင်..ငါက အေးအေးဆေးဆေးနဲ့ အော်ဒါပြီးအောင်လုပ်ပြီး ကြယ်ငါးပွင့်ရီဗျူး ရချင်ရုံလေးပဲ ဟုတ်ပြီလား..."

"ကျွန်မကတော့ ရှင်ပြောတဲ့ပုံစံကို မကြိုက်ဘူး..."၀မ်ရိရွှမ် မျက်မှောင်ကြုတ်လိုက်ပြီး "ကျွန်မရဲ့ အရည်အချင်းကို အသိအမှတ် ပြု ပါ တယ် ဆိုတာက ဘာအထာလဲ..ကျွန်မရဲ့ အရည်အချင်းကို ဆရာ့ဆရာကြီးတွေက အသိမှတ်ပြုပြီးသားပဲ..ရှင့်လို ဘာမဟုတ်တဲ့လူက ကျွန်မရဲ့အရည်အချင်းကို အသိမှတ်ပြုဖို့ ဘာအခွင့်ရေး ရှိလို့လဲ.."

"သဘော..ပြောချင်ရာသာ ပြောတော့..မင်းနဲ့ ဆက်ငြင်းနေလည်း အာညောင်းရုံသာ ရှိမယ်..."လင်းရီ တစ်ဖက်သို့ လှည့်သွားလိုက်၏။ သူတကယ်ကြီး ဤကလေးများနှင့် ပြိုင်မငြင်းချင်ပေ။ ယှဉ်ပြောမည်ဆိုရင်လည်း အများနှင့်တစ်ယောက်။ အချိန်ကသာ အဆုံးဖြတ် ပေးသွားလိမ့်မည်။

"ရှင့်ကို ဘယ်သူက အဲ့လိုပုံစံနဲ့ ပြောခွင့်ပေးလိုက်တာလဲ...."၀မ်ရိရွှမ် အသံမြင့်လိုက်ပြီး "ပြောလိုက်တဲ့ ပုံစံက ကျွန်မထက်ပဲ ပိုသာနေသလိုနဲ့..."

"အမှန်ပဲ..ငါက အတော်ဆုံးတော့ မဟုတ်ဘူး..ဒါပေမယ့် မင်းထက် ပိုတော်တယ်ဆိုတာကတော့ အမှန်တရားပဲ..."

"ဟားဟား....လေကတော့ တယ်ကြီးပါလားနော်..လွင့်တောင် လွင့်တော့မယ်..ရှင့်ကို ဘယ်သူက အဲ့လိုပြောဖို့ သတ္တိတွေ ပေးလိုက်တာ...မေ့ထွမ်လား..."

"ဟျောင့် မင်း အဲ့လောက် တော်တတ်နေရင်လည်း ရွှမ်ရွှမ်နဲ့ ပြိုင်ရဲလားဟျောင့်.."

"ဟုတ်တယ်...ရွှမ်ရွှမ်နဲ့ ပြိုင်တာကလည်း အကြံကောင်းပဲ..ပွဲစဖို့ကလည်း အချိန်နည်းနည်းလိုသေးတယ်ဆိုတော့ အချိန်က လုံလုံလောက်လောက် ရှိတယ်..."

သူမကို ပြိုင်ဆိုင်ရန် တောင်းဆိုသံများကိုလည်း ကြားရော ၀မ်ရိရွှမ် အသံကို မြင့်၍ " ဝါးလုံးခေါင်းထဲ လသာမနေနဲ့..တကယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိတယ်ဆိုရင် ကျွန်မနဲ့ ယှဉ်ရဲလားပြော..."

"ငါမသိဘူး..."လင်းရီ ပြောစရာစကား ကင်းမဲ့သွားခဲ့ပြီး "မင်းက သီချင်းချင်းယှဉ်မယ်ဆိုရင် ..သီချင်းရဲ့အဓိပွာယ်ပဲ ပျောက်သွားမှာမဟုတ်လား..အဲ့တာက ရှိုးပြလို့ကောင်းတဲ့ အရာမဟုတ်ဘူး.."

"ဘာတွေ လာပြောနေတာ..ကြောက်ရင် ကြောက်တယ်ပြောပေါ့"

"ကြောက်တယ်...?"လင်းရီ ၀မ်ရိရွှမ်ကို စူးစိုက်ကြည့်လိုက်ပြီး "မင်းအဆင့်လောက်ကိုလား..ဒီက ခေါင်းထဲကို မထည့်တာလို့နော်..ဟုတ်ပြီလား..."

"ဖီး...ကြောက်တယ်ဆို ကြောက်တယ် ပြောပေါ့..မိန်းမကြီးကျနေတာပဲ..ဆင်ခြေအမျိုးမျိုးနဲ့."

"ဟုတ်တယ်ကွာ..မတူချင်လို့ မတုတာ...ဘာတွေ လာပြောနေတာလဲကွ ."လင်းရီ ပြန်ပြောလိုက်၏။

"ဟယ်..ကြည့်စမ်း..ခုကျ တစ်မျိုး ပြောပြန်ပြီ..ရှင်တို့လိုကောင်တွေက အင်တာနက်ပေါ်မှာ အုပ်လိုက် ဝိုင်းကိုက်တတ်တဲ့ ကီးဘုတ်ဖိုက်တာတွေလိုပဲ..စကားကို အမျိုးမျိုးပြောပြီး ဆင်ခြေတွေပဲ ပေးနေကြတာ..တကယ့်တကယ်ကြတော့ ဘာအရည်အချင်းမှလည်း ထုတ်မပြနိုင်ပဲနဲ့.."

"ဟူး...တော်သေးတယ် ငါခုနတုန်းက သူ့နား ဝီချက်‌သွားတောင်းမိတော့မလို့..ပြန်စဉ်းစားကြည့်ရင် ရွှံချင်တာဟယ်..အွက်......"

ဟူး...

လင်းရီ အသက်ပြင်းပြင်း ရှူလိုက်ပြီး "တကယ်တော့ မင်းနဲ့ မပြိုင်ချင်ဘူးဆိုတာက ရှုံးသွားခဲ့ရင် လက်မခံနိုင်ပဲနဲ့ မင်းရဲ့အနုပညာ လမ်းကြောင်းမှာ အရိပ်မည်းကြီး ထင်သွားမှာ ဆိုးလို့...."ဒါပေမယ့် မင်းလူတွေက ကြင်နာမှုကို လက်ခံရကောင်းမှန်း နားမလည်မှတော့လည်း စကြတာပေါ့ကွာ..."

"ဒီလိုလုပ်စမ်းပါ..ခုမှ ယောက်ျားနဲ့ တူတော့တယ်..."

"လုပ်ထား ရွှမ်လေး..သူ့ကို အလဲထိုးပလိုက်.."

"ရိရွှမ်ရဲ့ စကေးနဲ့ဆိုရင် ခက်တဲ့ သံစဉ်တွေကို တီးစရာတောင် မလိုဘူး..ဟိုကောင်က အီရန်ဘွိုင်းလေ..ဒီတော့ သူ့ရဲ့ စကေးကလည်း လစ်မစ်ရှိမှာပဲ..သာမန် သံစဉ်နဲ့ဆိုရင်တောင်မှ အေးဆေးလေး တောက်ချလိုက်လို့ရတယ်..."

ရိရွှမ် ယုံကြည်မှု အပြည့်ဖြင့် လင်းရီကို ကြည့်ကာ "ရှင်ကလည်း သဘောတူပြီဆိုတော့ မပြိုင်ခင် တောင်းဆိုစရာ တစ်ခု ရှိတယ်..."

"ဘာလဲ တောင်းဆိုမှာ.."

"ရှင်းပါတယ်...ရှင်သာ ရှုံးခဲ့ရင် ဒီကနေ ချက်ချင်း ထွက်သွားလိုက်တော့ "

"အဲ့တာဆို မင်းရှုံးရင်ကျတော့ကော..."

ဟားဟား...

၎င်းကိုကြားတော့ လူတိုင်း ရယ်မောသွားကြတော့သည်။ တစ်ချို့ဆို မျက်ရည်များပင် ထွက်လို့နေ၏။

"ညီကို..မင်းဘာတွေ ပြောနေတာလဲကွ..မင်းက ငါတို့ရဲ့ ရွှမ်ရွှမ်ကို နိုင်မယ်လို့ ထင်နေသေးတယ်ပေါ့..."

"ရွှမ်ရွှမ်ဆိုတာက ငါးနှစ်သမီးလေးကတင် ပီယာနိုလောကထဲကို ခြေစုံပစ် ၀င်လာတဲ့သူနော်..အဲ့ချိန်မင်းက ချိုမှိုင်မှိုင် လုပ်နေတုန်းပဲ ရှိဦးမယ်...ပီယာနိုဆိုတာ ဘာမှန်းတောင် သိသေးမှာ မဟုတ်ဘူး.."

"ဟင်း..ဒီကမ္ဘာကြီးမှာ ပါရမီရှင်တွေက ရိုက်သ-တ်လို့တောင် မကုန်ဘူးဆိုတာ မင်းတို့ သောက်ကလေးတွေ နားလည်မယ့်ပုံ မပေါ်ဘူး."

"ပါရမီရှင်.....တိုင်နဲ့ ခေါင်းနဲ့ဆောင့်ပြီးသာ လဲ‌ေ-သလိုက်တော့..."

ဖန့်ဖေး ပြောလိုက်ပြီး "ဆရာမရန်ကတောင်မှ သူမသင်ဖူးသမျှထဲမှာ ရွှမ်ရွှမ်က ပါရမီ အရှိဆုံးပဲလို့ ချီးကျူးထားတာ..ရွှမ်ရွှမ်သာ ကြိုးစားလို့ကတော့ ဆရာမရန်ကို ဆယ်နှစ်....ဆယ်နှစ်အတွင်း ကျော်တက်သွားမယ်လို့ ကိုယ်တိုင် ပြောထားတာနော်..အဲ့တာကို မင်းက ဘာပါရမီတွေ လာပြောနေတာ..."

ဖန့်ဖေး ပြောလိုက်ပြီး "ကိုယ့်ကိုယ်ကို စိတ်ကြီး မ၀င်လွန်းဘူးလား..."

"ဟင်း...."

လင်းရီ သက်ပြင်းချလိုက်ပြီး "အဲ့တာဆိုလည်း အပိုမပြောတော့ဘူး..စကြစို့.."

"ဟမ့်...မတတ်သာတဲ့ ပုံစံတွေ လုပ်မနေနဲ့....ရှင့်ဟာရှင် ဘယ်လိုပဲ လုပ်လုပ် ရလဒ်ကတော့ ပြောင်းလဲလို့ရမှာ မဟုတ်ဘူး.."

ထိုသို့ပြောပြီးနောက် ဝမ်ရိရွှမ် ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်ကာ "ကျွန်မစတော့မယ်...ရှင်ကော အဆင်သင့် ဖြစ်ပြီလား..."

"မင်းဘာမင်းပဲ ရယ်ဒီလုပ်စမ်းပါ..ငါက မွေးကတည်းကနေ ရယ်ဒီပဲ..."

၀မ်ရိရွှမ် မျက်စောင်းထိုးလိုက်ပြီး သူမ၏ စိတ်ထဲတွင်တော့ လင်းရီကို ကျိန်ဆဲနေလေသည်။ "ဟမ့်..မွေးကတည်းက ရယ်ဒီဆိုပဲ..လေကြီးထားစမ်း..ရှင်ဘယ်လောက်ထိ ကြီးနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့..."

တစ်ချိန်တည်း‌တွင် သူမ၏ သွယ်လျသော လက်ချောင်းလေးများက ခလုတ်ပေါ်သို့ ကျဆင်းသွားပြီး စတင်တီးနှိပ်လိုက်သည်။

စက္ကန့်အနည်းငယ်ခန့် ကြာပြီးနောက် တစ်စုံတစ်ဦးမှ သူမတီးနေသည့် သံစဉ်ကို မှတ်မိသွားခဲ့ပြီး "အဲ့တာက Big Fat Ham မဟုတ်လား.."

"ဒီရဲ့ New Orleans jazz စတိုင်က နည်းနည်းတော့ခက်တယ်နော်..."

"ဟိုအီရန်ဘွိုင်းကတော့ ဒီလို အဆင့်မျိုးကို တီးနိုင်မှာ မဟုတ်ဘူး.."

တင်း တင်း တင်း တောင် တောင် တောင်

ထိုအချိန်တွင် နောက်ထပ် ပီယာနို အသံကို ကြားလိုက်ရ၏။ လင်းရီ တီးနေသည်ကိုလည်း မြင်ရောလူအုပ်ကြီးမှာ ရှော့်ခ်ရသွားခဲ့ကြသည်။

"ဘာ...ဘာတွေ ဖြစ်နေတာလဲဟ..."

"သူ တကယ်ကြီး အဲ့သံစဉ်ကို လိုက်တီးနေတာပဲဟ..အမှားလေးတစ်ချက်တောင် မပါသေးဘူး..."

နှစ်ယောက်စလုံး ပြိုင်တူ ရပ်လိုက်ကြပြီးနောက် ၀မ်ရိရွှမ် လင်းရီကို အနည်းငယ် အံ့အားသင့်နေသည့် အမူအရာဖြင့် ကြည့်မိသွားသည်။ သူမ သံစဉ်ကို လိုက်မှီအောင် တီးခတ်နိုင်လိမ့်မည်ဟု လုံး၀ ထင်မှတ်မထားခဲ့။

ကြည့်ရတာတော့ သူ့မှာလည်း စကေးတစ်ချို့တော့ ရှိပုံပဲ...

သီချင်းက ဘာမှ မခက်တော့ သူလိုက်တီးနိုင်တာလည်း မဆန်းပါဘူးလေ..

လူတိုင်း၏ အကြည့်များမှာ လင်းရီထံသို့ ကျရောက်သွားကြတော့သည်။

ယခု သူစတင်တီးခတ်ရမည့် အလှည့်ပင်။

ပီယာနို သံစဉ်မှာ တစ်ဖန် ထွက်ပေါ်လာပြီး ဖန့်ဖေးနှင့် ကျန်သူများ အားလုံးကတော့ သူတို့နားများကို ရသလောက် ချဲ့ကားထားကြသည်။

"ဒီသံစဉ်လဲ ရင်းနှီးနေသလိုပဲဟ..."

"ငါသိတယ်..အဲ့တာက silent night လေ.."

"ဘာလဲဟ...မရိုးရှင်းလွန်းလား...အိမ်က ငါ့ညီတောင် မျက်စိမှိတ်တီးနေတဲ့ သံစဉ်ကြီးကိုများကွာ..."

"ငါတို့လည်း အရူးပဲကွ..သူ့ကို ကောင်ဆီကနေ ဘာများ မျှော်လင့်နေပါဘိမ့်.."ဖန့်ဖေး လှောင်ပြောင်လိုက်ပြီး "ဒီလိုစကေးနဲ့များ ရွှမ်ရွှမ်ကို ယှဉ်မယ်လေး ဘာလေး လုပ်နေသေးတယ်..."

"သူ့ကြည့်တော့ မတောက်တစ်ခေါက်လေးနဲ့ ..၀မ်ရိရွှမ်ကိုတောင်မှ ပြက်ရယ်လိုက်သေးတယ်...ဆရာမရန်က တော့ ဒီတစ်ခေါက် လူကဲခတ် မှားသွားခဲ့ပြီနဲ့တူတယ်..."

"တိတ်ကြစမ်း.."ရိရွှမ် ရုတ်ချည်း အော်ဟစ်လိုက်ပြီး သူမ၏ မျက်လုံးလေးများမှာလည်း အံ့ဩကြီးစွာ ပြူးကျယ်နေတော့၏။

မည်သူကမျှ ၀မ်ရိရွှမ် အဘယ်ကြောင့် ထိုမျှ စိတ်လှုပ်ရှားနေလဲဆိုတာ နားမလည်ခဲ့ကြချေ။

ဒီတိုင်း ခရစ်စမတ် သီချင်းပဲ မဟုတ်လား..ဘာတွေ လာအံ့ဩနေတာ...

သို့သော်လည်း လင်းရီ တီးခတ်ပြီးသွားသည့်အချိနိတွင်တော့ လူတိုင်း တစ်ခုခု ကွဲပြားနေသည်ကို ခံစားမိလိုက်ကြသည်။

"ငါ ပီယာနို အကြောင်းတော့ သိပ်နားမလည်ဘူး..ဒါပေမယ့် ဒီသီချင်းက သာမန် ခရစ်စမတ် သီချင်းနဲ့ မတူဘူးလားလို့..."

"သူသီချင်းကို ပြောင်းထားတာနေမှာ..အလယ်က သံစဉ်တွေကိုလည်း ချိန်းထားတယ်...ပုံမှန် ခရစ်စမတ် သီချင်းက အလယ်မှာ နုပ်စ်သုံးခုပဲ...သူက နုပ်စ်လေးခု မယ်လိုဒီကို သုံးလိုက်တာ..အဆုံးကျပြန်တော့လည်း ဂျက်စ်စကေးကို ပေါင်းထည့်လိုက်သေးတယ်..ခရစ်စမတ် သီချင်းဆိုပေမယ့် သီချင်းအသစ်လို့ ပြောမယ်ဆိုရင်တောင်မှ လွန်ရာကျမယ် မထင်ဘူး..."

All Chapters