Vol. 15 Ch. 213
Vol. 15 Ch. 213
အချိန်တစ်ခုကြာ ဆွေးနွေးပြီးနောက် လူတိုင်း လင်းရီကို ပြူးကျယ်သော မျက်၀န်းတို့ဖြင့် ကြည့်နေကြ၏။
မည်သူကမျှ လင်းရီ ထိုကဲ့သို့သော သီချင်းများကို တီးခတ်နိုင်လိမ့်မည်လို့ မထင်ထားခဲ့ကြ။
ယခုလို စကေးမျိုးနှင့် ဆိုပါက ဘီဂင်နာ မဟုတ်သည်ကတော့ အသေအချာပင်။
သို့သော်လည်း ၀မ်ရိရွှမ်၏ စကေးနှင့် ဆိုပါက ထိုသို့ တီးခတ်ရန်မှာ ပြဿနာ မဟုတ်ချေ။။
"ကဲ..မင်းအလှည့်.."လင်းရီ ပေါ့ပါးစွာ ပြောလိုက်လေသည်။
"ကြိုးစားထား ရွှမ်ရွှမ်..ငါတို့ မင်းဘက်မှာ ရှိတယ်..မနိုင်ရင်တောင် အဲ့ကောင်ကို ဝိုင်းရိုက်လို့ရတယ်..."
"မင်းလည်း သံစဉ်တွေ ပြောင်းတက်တယ်မလား..သူ့ကို အသာလေး တောက်ချလို့ရပါတယ်ကွာ..."
ဖန့်ဖေးမှ အော်ဟစ် အားပေးနေလေသည်။
၀မ်ရိရွှမ် မျက်မှောင်ကြုတ်လိုက်ပြီး လင်းရီ စောနတုန်းက တီးခတ်သွားသည့် သံစဉ်ကို ပြန်လည် ကြားယောင်ကာ သူမ၏ သွယ်လျသောလက်များဖြင့် ပီယာနိုပေါ်တင်၍ စတင်တီးခတ်တော့သည်။
နှစ်မိနှစ်ကြာပြီးနောက် သူမ လင်းရီ တီးခတ်ခဲ့သည့် သံစဉ်ကို တီးခတ်ပြီး ဖြစ်၏။ သို့သော်လည်း မည်သည့်အားပေးချီးကျုးသံများကတော့ ပေါ်ထွက်မလာခဲ့။
"ပြောဖို့ မလိုတော့ဘူးထင်တယ်...တစ်မိနစ်အကျော်မှာတုန်းက တီးသွားတဲ့ သံစဉ်မှာ အမှားလေးခု ရှိနေတယ်..ဘာမှ ဆက်တီးနေစရာ မလိုတေ့ာဘူး.."
"ဟင်...."၀မ်ရိရွှမ် ရှက်လည်းရှက် ပျာယာလည်း ခက်သွားခဲ့၏။
သူမ ခုလို အီရန်ဘွိုင်းတစ်ယောက်ဆီ၌ ရှုံးနိမ့်လိမ့်မည်လို့ တွေးပင် မတွေးထားခဲ့ချေ။
"ဒါကို ထည့်မတွက်ဘူး.."ဖန့်ဖေး ပြောလိုက်၏။
"ဘာကွ...ဘာလို့ ထည့်မတွက်တာ..."လင်းရီ မျက်မှောင်ကုပ်၍ မေးလိုက်သည်။
"မင်းက မင်းနဲ့ ရင်းနှီးပြီးသား သံစဉ်ကို တီးနေတာလေကွာ..ရွှမ်ရွှမ်ကဖြင့် တစ်ခါလေးတောင်မှ မကြားဖူးပဲကို.. .အမှားပါတယ်ဆိုရင်တောင်မှ ရှုံးတယ်လို့ ထည့်မတွက်ဘူး..."
"ဟုတ်တယ်...နင် နာမည်ကြီးတဲ့ သံစဉ်တွေ တီးပြသင့်တယ်...မဟုတ်ရင် နင်ညစ်တာပဲ..."
လင်းရီ ဆွံ့အနေတော့၏။
ဘယ်သူက ဘယ်သူ့ကို ညစ်ပတ်နေတာတုန်းကွ..
"ရတယ်လေ..အဲ့တာဆိုလည်း နာမည်ကြီး မာစတာပိ တစ်ပုဒ်လောက် တီးပြမယ်....အဲ့ခါကျ ဘာပြောမလဲ ကြည့်ကြတာပေါ့..."
"ရွှမ်ရွှမ်..သူက ခုခြေနေကို အခွင့်ကောင်းယူနေတာနော်..နင်ဒီတစ်ခေါက် ပိုခက်တဲ့ဟာ တီးမှ ရမယ်...သူ့ကို လုံး၀ အခွင့်ရေး မပေးမိစေနဲ့.."
"အင်းပါ..ငါသိပါတယ်.."
၀မ်ရိရွှမ်၏ မျက်နှာကတော့ ရှုံ့မဲ့နေလေသည်။
ယခု တစ်ခေါက် အခွင့်အရေးမှာ သူမ အတန်းဖော်သူငယ်ချင်းမှ မရမက တိုက်ယူထားသော အခွင့်အရေးဖြစ်၏။ သူမ သေချာလေး အသုံးချရပေမည်။
တစ်ခနမျှ စဉ်းစားပြီးနောက် ၀မ်ရိရွှမ်သူမ၏ လက်ချောင်းများကို ပီယာနိုခလုတ်များပေါ်တွင် တင်လိုက်ပြီး တခြားသံစဉ်တစ်ခုကို စတင်တီးခတ်တော့၏။
"အဲ့တာက Crave ပဲ..."
"ဒီသီချင်းက အရမ်းခက်တာ...သူတော့ ဒီတစ်ခေါက် သံစဉ် မှတ်မိမှာတောင် မဟုတ်လောက်ဘူး.."
လူတိုင်း ပျော်ရွှင်ပြီး ကခုန်နေကြစဉ် ပီယာနို တီးသံ တစ်သံမှာ ညင်သာစွာ ထွက်ပေါ်လာခဲ့၏။
ထို့နောက် ရုတ်တရက် သံစဉ် နောက်တစ်ခုသို့ ပြောင်းလဲသွားလေသည်။
Crave မှ Finger breaker သို့ ပြောင်းသွားခြင်းပင်။
"ရွှမ်ရွှမ် တကယ်ကြီး သံစဉ်တွေကို ပြောင်းပစ်တာပဲဟ..မတူညီတဲ့ နှစ်ပုဒ်ကို ပေါင်းစပ်ထားတာဆိုတော့ ခံစားရတာကလည်း တစ်မျိုးလေးနော်.."
"ဒီသီချင်းရဲ့ တ-ရုတ်လို နာမည်က ကျိုးကြေနေသော လက်ချောင်းများတဲ့..နာမည်နဲ့ လိုက်လည်းလိုက်တယ်..ဒီသီချင်း တီးပြီးသွားလို့ကတော့ လက်တွေကို ရိုက် ချိုး ထားသလိုပဲ..Crave ခက်တယ်ဆိုတာ ဒီကောင် အိပ်နေသလောက် ရှိတာ..."
"ရွှမ်ရွှမ်ကတော့ လုံး၀ အမေးဇင်းပဲ..ဒီလို သံစဉ်မျိုးကိုတောင်မှ တီးခတ်နိုင်တယ်ဆိုတော့....ငါ လုံး၀ လေးစားသွားပြီ..ခုကစပြီး သူက ငါ့အိုင်ဒေါပဲ..."
"ဒီတော့ ဒါက ရွှမ်ရွှမ်ရဲ့ အရည်ချင်း အစစ်အမှန်ပေါ့..သူမရဲ့ တပည့်တွေထဲမှာ ရွှမ်ရွှမ်က ပါရမီ အပါဆုံးပဲလို့ ဆရာမရန် ပြောတာက လုံး၀ ချဲ့ကားထားတာ မဟုတ်ဘူးပဲ.."
သို့သော်....
သူမတို့ နိုင်ပြီဆိုပြီး စိတ်လှုပ်ရှားနေကြစဉ် သံစဉ်မှာ ရုတ်တရက် ပြောင်းလဲသွားပြန်သည်။
"အဲ့တာက Enduring movement မဟုတ်လား.."
"ဟုတ်တယ်..Rimsky Korsakov ရဲ့ Enduring Movementပဲ..."
"ဒါက လုံး၀ အမေးဇင်းပဲဟ..."
၀မ်ရိရွှမ်မှ မိနစ်အနည်းငယ်အတွင်း ခက်ခဲသည့် သီချင်းသုံးပုဒ်ကို တီးခတ်ပြလိုက်သောအခါ သူမ သူငယ်ချင်းများအားလုံး အံ့အားသင့်သွားကြ၏။
ထိုသီချင်းသုံးပုဒ်မှာ ပထမတစ်ခေါက် တီးခတ်သည့်သီချင်းထက် များစွာ ခက်ခဲပေသည်။ အထူးသဖြင့် နောက်ဆုံး နှစ်ပုဒ်ပင်။ အကယ်၍ တစ်ပုဒ်စီတိုင်းကို အစဉ်လိုက် တီးမည်ဆိုလျင်တောင်မှ အတော်လေး ခက်ခဲလိမ့်မည် ဖြစ်သော်လည်း ၀မ်ရိရွှမ်မှ ရှေ့ဆင့်နောက်ဆင့် တီးပြသွားခဲ့၏။
ယင်းက သူမအား ဒရာမာ အကယ်ဒမီတွင် ပါရမီ အပြည့်၀ဆုံး ကျောင်းသူတစ်ဦး မဖြစ် အသိမှတ်ပြုရန် ထိုက်တန်လှပေသည်။
တစ်ခွန်းပဲ ပြောစရာရှိတယ်
လုံး၀ကို ပြိုင်ဘက်ကင်းပဲ...
သီချင်း သုံးပုဒ်လုံး တီးခတ်ပြီးနောက် ဝမ်ရိရွှမ် စက္ကန့်အနည်းငယ်ခန့်လောက် ဖြေးညင်းလိုက်ပြီး ညောင်းလွန်း၍ သူမလက်များကို မထိန်းချုပ်နိုင်ဟု ခံစားနေရ၏။
"ခု ရှင့် အလှည့်ပဲ.."
၀မ်ရိရွှမ်၏ မျက်နှာထက်ရှိ ယုံကြည်မှုများကတော့ အပြည့်ပင်။
သူမ တီးခတ်သွားခဲ့သော သီချင်းသုံးပုဒ်လုံးမှာ လုံး၀ ခက်ခဲလွန်းပေသည်။ ကယ်၍ ထိုအီရန်ဘွိုင်းသာ တစ်ပုဒ်လောက်ကိုပင် ကောင်းမွန်စွာ တီးခတ်နိုင်ပါက ကောင်းကင်နှင့် မြေကြီးကိုပင် ကျေးဇူးတင်ရပေမည်။
သုံးပုဒ်လုံး တီးခတ်ဖို့ဆိုတာကတော့ ဝေလာဝေးပေါ့...
ထို့ပြင် နုပ်စ်လေး တစ်ခုလောက် မှားသွားပါကလည်း သီချင်း၏ အနှစ်သာရကို ဆိုးရွားစွာ ထိခိုက်သွားနိုင်၏။
ထို့ကြောင့် သူမ နိုင်မည်ဆိုတာကတော့ လုံး၀ သေချာသလောက်ကို ရှိနေလေသည်။
"ဒီသီချင်း သုံးပုဒ်က ဆိုးတော့ မဆိုးဘူး..."လင်းရီ ပြောလိုက်သည်။
"မဆိုးဘူး..."ဖန့်ဖေး ထိုကောင်ကို အထင်သေးသည့် အကြည့်များဖြင့် ကြည့်လိုက်ပြီး "မင်းမှာ အရည်အချင်းရှိရင် အဲ့သုံးပုဒ်ကို တီးပြလိုက်.မတီးနိုင်တာကိုများ လာပြီး မဆိုးဘူး လာလုပ်နေတယ်...ကြွားလုံးကတော့ အတော်ထုတ်တဲ့ကောင်..."
"ဘာတွေ အဲ့လောက် လောနေတာလဲကွ.."
လင်းရီ အလျင်မလိုခဲ့။ ဦးစွာ သူ၏ လက်ချောင်းများကို ပီယာနို ခလုတ်များပေါ် တင်ပြီး စတင်တီးခတ်လိုက်၏။
Crave၏ တေးသွားကို တီးပြသွားသည်တော့ လုံး၀ ပါဖက်ပင်။
၀မ်ရိရွှမ် သူမလက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
နောက်တစ်ပုဒ်ပြောင်းတဲ့ အချိန်ကျရင်တော့ သေချာပေါက် ကီးကြောင်သွားမှာပဲ..ဟုတ်တယ်..သေချာတယ်...
နောက်တစ်ပုဒ်၏ အစမှာ အမှားပြုလုပ်ရန် အလွယ်ကူဆုံးနေရာပင်။
ကလင် ကလင် ကလင်
ထိုအချိန်တွင် လင်းရီ ဖုန်းသံ မြည်လာခဲ့၏။
တေးသွား၌ နစ်မြုပ်နေသူ တစ်ချို့မှာ ဖုန်းမည်သံကို ကြားတော့ အံ့ဩသွားခဲ့ကြသည်။
မည်သူကမျှ အရေးကြီးသည့်အချိန်တွင် ဖုန်း၀င်လာလိမ့်မည်လို့ မျှော်လင့် မထားခဲ့ကြ။
ဖန့်ဖေးနှင့် ကျန်သူများကတော့ မျက်လုံး အရောင်လက်သွားခဲ့ကြသည်။
အကာ်၍ လင်းရီသာ ဖုန်းအသံကြောင့် အာရုံပျက်သွားခဲ့ပါက သူတို့အတွက် အမြတ်ပင် မဟုတ်ပါလော။
သို့သော်လည်း
ထိုအချိန်တွင် လုံး၀ ရှော့်ခ်ရစေမည့် မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
လင်းရီ ဖုန်းကိုင်လိုက်သည်ကို အားလုံး မြင်လိုက်ကြရ၏။
သို့သော်လည်း ဖုန်းမချလိုက်ပေ။
ဆက်လက်၍ တခြား သီချင်း နှစ်ပုဒ်ကို လက်တစ်ဖက်ဖြင့် တီးပြနေလေသည်။
"ဟဲလို..."
ထိုအချိန်တွင် ခေါ်ဆိုလာသူကတော့ မည်သူမျှ မဟုတ်။ ရန်ရွှေသာ။ သူမ လင်းရီ ဘာများလုပ်နေလဲဆိုတာ သိချင်သောကြောင့် ဖြန်းလှမ်းဆက်လိုက်ခြင်းပင်။
"ကျွန်တော် လေ့ကျင်နေတာလေ..."
"အိုး...အဲ့တာဆို နှောက်ယှက်မိပြီ..ကိုယ့်ဘာကိုယ် ဆက်လေ့ကျင့်လိုက်ဦးနော်..."
"အားနာစရာမလိုပါဘူးဗျ..ကျွန်တော့်ကို ကြယ်ငါးပွင့် ရီဗျူးလေးသာ ပေးလိုက်...အဲ့တာက ကျေးဇူးတင်တာထက် ပိုကောင်းတယ်..."
တခဏမျှ စကားပြောပြီးနောက် လင်းရီ ဖုန်းပြန်ချလိုက်သည်။
တစ်ချိန်တည်းတွင် သီချင်းနှစ်ပုဒ်လည်း ပြီးဆုံးသွားခဲ့၏။
လူတိုင်း မျက်လုံးများ ပြူးကျယ်ကာ မေးရိုးများ အောက်သို့ ပြုတ်ကြနေတော့သည်။
မေ့ထွမ်ရဲ့ အီရန်ဘွိုင်းက Enduring Movement နဲ့ ကျိုးကြေနေသော လက်ချောင်းများကို လက်တစ်ဖက်တည်းနဲ့ တီးပြသွားတယ်တဲ့လား.....
ပြီးတော့ နောက်တစ်ဖက်ကလည်း ဖုန်းကို ဖြေနေသေးတယ်...
အဲ့ဒါတောင်မှ တစ်ချက်ကလေးတောင် မမှားသွားဘူး...
ငါလခွမ်းတဲ့မှပဲ...လက်လေးဖက်နဲ့တောင် တီးဖို့ခက်တဲ့ သီချင်းကို လက်တစ်ဖက်တည်းနဲ့ တီးပြသွားတယ်တဲ့လား...
ဒီကောင် အီရန်ဘွိုင်းကော ဟုတ်မှဟုတ်ရဲ့လားဟ...
"စိတ်မရှိနဲ့ကွာ..မင်းဆရာမက ဖုန်းခေါ်လာတော့ အရေးကြီး ကိစ္စဖြစ်နေမှာဆိုးလို့ ဖုန်းဖြေလိုက်တယ်..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ခုငါ့အလှည့်မလား..မပူနဲ့ ခုပဲ စတီးလိုက်မယ်..."
လင်းရီ ဖုန်းကို သူ့အိတ်ကပ်ထဲသို့ ပြန်ထည့်၍ ပီယာနိုပေါ် လက်ပြန်တင်ကာ တေးသွားကို စတင် တီးခတ်လေတော့သည်။
"ဒါ...ဒါက ကမ္ဘာ့အခက်ခဲဆုံး အဆင့်ရှစ်မှာ ရပ်တည်နေတဲ့ ကွန်ဆာတို No.2 B-flat majorမလား...."
လူတိုင်း ရှော့ခ်ရလို့ အားမရသေးခင်မှာပဲ တေးသွားမှာ တောက်တစ်ပုဒ်သို့ ကူးပြောင်းသွားပြန်သည်။
"ဖက်ခ်...ဒါ..ဒါက ကမ္ဘာ့ခက်ခဲမှု အဆင့်ခြောက်မှာ ရပ်တည်နေတဲ့ နော်မာရဲ့ မမ်မိုရီများဆိုတဲ့ တေးသွားမဟုတ်လားကွ..."
တစ်ချိန်တည်းတွင် တေးသွားမှာ တစ်မျိုးပြောင်းသွားပြန်သည်။
"ဟိုက်..ဒါကျ က ကမ္ဘာ့ခက်ခဲမှု အဆင့်နှစ်မှာ ရပ်တည်နေတဲ့ ပီယာနို ကွန်ဆာတို ၂ မလားပဲ..."
"ငိုးပဲ ဒါကြီးက လုံး၀ လူမဆန်တော့ဘူး..ကမ္ဘာ့အခက်အခဲဆုံး ပီယာနို ကွန်ဆာတို ၁ မလား..."
တေးသွား ငါးပုဒ်စလုံးကို ဆက်တိုက် တီးခတ်ပြီးနောက် လင်းရီပင်လျင် အနည်းငယ် ပင်ပမ်းချင်လာသလို ဖြစ်လာခဲ့၏။
လင်းရီ၏ လက်ရှိ လက်စွမ်းနှင့် ဆိုပါက ပီဆာနို ကွန်ဆာတို နှစ် နှင့် နော်မာ၏ မမ်မိုရီများ တို့လောက်ထိသာ ကိုင်တွယ်နိုင်ပေသည်။
ကျန်သည့် တေးသွားများကိုတော့ သူ ပြီးမြောက်အောင် တီးခတ်ရုံလေးတင်သာ တီးခတ်နိုင်၏။ အကယ်၍ တေးတစ်ပုဒ်လုံးကိာ တီးခတ်မည်ဆိုပါက သေချာပေါက် အပြစ်အတာဆာများ ရှိမည်ဆိုတာကတော့ သေချာပေါက် မလွဲမသွေပင်။
သိူ့သော်လည်း ထိုတေးတစ်ပုဒ်လုံးကို တီးခတ်မည်အစား လင်းရီ ဗျပ်စောင်းကို သာ တီးလိုက်ချင်တော့သည်။
"ငါ့အလှည့် ပြီးပြီနော်..ခု မင်းအလှည့်ပဲ.."လင်းရီ ပြောလိုက်၏။
ထိုအချိန်တွင်တော့ စင်နောက်ဘက်ခြမ်း တစ်ခုလုံးမှာ သုဿန်တစပြင်ကဲ့သို့ တိတ်ဆိတ် ငြိမ်သက်နေပြီးလူတိုင်း သူတို့၏ လိပ်ပြာများ ဆွဲထုတ်ခံလိုက်ရသသို့ လင်းရီကို ကြောင်အစွာ ငေးမောနေကြလေသည်။
"ရှင်....ရှင်က တကယ်ကြီး အီရန်ဘွိုင်းကော ဟုတ်ရဲ့လား..."၀မ်ရင်း ထိတ်လန့်တုန်လှုပ်စွာ မေးမြန်းလိုက်၏။
"အမှန်ပဲလေ..ကျုပ်က ယူနီဖောင်းလေးပဲ မ၀တ်တာ....ဘာလို့လဲ..မယုံလို့လား..."
"ဒါ..ဒါပေမယ့် နင့်လို အီရန်ဘွိုင်းက ဘာလို့ ကမ္ဘာ့ခက်ခဲမှု အဆင့်မှာ ရပ်တည်နေတဲ့ တေးသွားတွေကို တီးနိုင်နေတာလဲ... "
"ဘာလဲ ခင်များတစ်ယောက်တည်း လုပ်နိုင်တယ်လို့ ထင်နေတာလား..ဆင်းရဲတဲ့ လူတွေကျတော့ မလုပ်နိင်ဘူးဆိုတဲ သဘောလား.."
လင်းရီ ဖျော့တော့စွာ မေးမြန်းလိုက်ပြီး "ဒါမှမဟုတ် ပိုက်ဆံရှိတဲ့ကောင်တွေကပဲ ဘာမဆို လုပ်နိုင်ပြီး မရှိတဲ့ကောင်တွေကျတော့ ဘာလုပ်လုပ် မှားတယ်လို့ ပြောချင်တာလား...."