← Chapters

Vol. 15 Ch. 214

Vol. 15 Ch. 214

Vol. 15 Ch. 214

Vol. 15 Ch. 214

"မ....မဟုတ်ပါဘူး..အဲ့သဘောမျိုးနဲ့ ပြောချင်တာ မဟုတ်ပါဘူး.."

၀မ်ရိရွှမ်နှင့် ကျန်သူများ မိမိကိုယ်ကိုယ် အရှက်ရမိသွားကြသည်။ ဘာလို့ နတ်ဘုရားလိုလူကိုမှ အထင်သွားသေးမိပါလိမ့်...

သို့သော်လည်း သူတို့ ရင်ဘတ်ထဲရှိ အံ့ဩတုန်လှုပ်ခြင်းများကတော့ ယခုတိုင် အရှိန်မပြယ်သေးချေ။

အီရန်ဘွိုင်းရဲ့ ပီယာနိုစကေးက အဲ့လောက်တောင် မြင့်တယ်တဲ့လား..ဒါ...ငါတို့ရဲ့ အမြင်ကို ဖွင့်ပေးလိုက်သလိုပဲ..

ဆရာမရန်က သူ့ကို ခေါ်လိုက်တာ မဆန်းတော့ပါဘူး...ဘာလို့ဆို သူ့ရဲ့ စကေးကို ကောင်းကောင်းကြီး သိနေလို့ကိုး...

ခွင့်လွှတ်ပါဆရာမ....ကျွန်တော်တို့ မသိလို့ အပြစ်တင်မိတာပါ...

"ကျွန်မ တောင်းပန်ပါတယ်နော်..ရှင့်ကို အဲ့လို စကားမျိုးတွေနဲ့ မပုတ်ခတ်သင့်ဘူး..မသိလို့ ပြောမိတာကို ဗွေမယူပါနဲ့‌ရှင်... "

၀မ်ရိရွှမ် သူမ၏ အပြုအမူကြောင့် လွန်စွာ အရှက်ရနေပြီး မာနကို ခဝါချကာ လင်းရီအား လေးလေးနက်နက် ဦးညွှတ်တောင်းပန်လိုက်တော့၏။

"ကျ...ကျွန်တော်တို့လည်း တောင်းပန်ပါတယ်ဗျ..."

ဖန့်ဖေးနှင့် ကျန်သူများလည်း လင်းရီကို ပြိုင်တူ ဦးညွှတ်လိုက်ကြသည်။ လူအုပ်ကြီးမှ တစ်ယောက်တည်းကို ဦးညွှတ်နေကြသည်မှာတော့ အတော်လေးကို ခမ်းနားသည့် မြင်ကွင်းပင်။

"ကျုပ်ကလည်း အဲ့လာက်ထိ သဘောထား သေးသိမ်တဲ့ကောင် မဟုတ်ပါဘူး..ဒီလောက်လေးကတော့ စိတ်ထဲကို မထားတာ.."လင်းရီ ပေါ့ပါးစွာ ပြောလိုက်၏။

"ဒါပေမယ့် ဂီတဆိုတာက လူတစ်ယောက်ရဲ့ စိတ်နေသဘောထားကို သံစဉ်နဲ့ ဖော်ပြရတဲ့ အနုပညာပဲ..မင်းတို့သာ စိတ်သဘောထား ယုတ်ညံ့နေမယ်ဆိုရင်တော့ သံစဉ်ကောင်းက ဘယ်တော့မှ ထွက်လာမှာ မဟုတ်ဘူး..."

"ဟုတ်ကဲ့..နားလည်ပါပြီ..."

"အဲ့တာဆိုလည်း ဒါပဲလေ..ကျုပ်ကလည်း ဘာကောင်မှ မဟုတ်ဘူး..ဒီတိုင်း အီရန်ဘွိုင်းပဲ..ဖျော်ဖြေပွဲက ခဏနေစတော့မှာဆိုတော့ လုပ်စရာရှိသာ လုပ်ကြတာပေါ့.."

"ဟုတ် ဟုတ်..."

၀မ်ရိရွှမ် နှင့် ကျန်သူများ သူမတို့၏ တူရိယာ ပစ္စည်း အသီးသီးကို ပြန်ကိုင်ကာ ချိန်ညှိစရာများ ရှိသည်ကို ချိန်ညှိနေကြ၏။

ယခုတစ်ကြိမ်တွင်တော့ လင်းရီ၏ ညွှန်ပြမှုကြောင့် သူတို့၏ စိတ်အဟုန်မှာ အေးချမ်းနေပြီး ပတ်၀န်းကျင်နှင့် တသားကဲ့သို့ ခံစားကာ တီးခတ်နိုင်နေကြပြီး ဖြစ်၏။

ထိုအချိန်တွင်တော့ ရန်ရွှေ သူမ၏ ဒေါက်မြင့်ဖိနပ်များဖြင့် ၀င်လာခဲ့သည်။

သူမ၏ အ၀တ်စားများက မပြောင်းလဲသော်လည်း ပါးလွှာသော မိတ်ကပ်တစ်လွှာက သူမ၏ ရုပ်ရည်ကို အများကြီး နုပျိုသွားစေသည့် ပုံပေါက် နေ၏။

"ကဲ..ရှိုးကစတော့မယ်...ဘယ်လိုလဲ စိတ်လှုပ်ရှားနေပြီလား..."ရန်ရ‌ လင်းရီ ထံသို့ လျှောက်လာခဲ့ပြီး အပြံုးလေးဖြင့် မေးလိုက်လေသည်။

"ဒီတိုင်း ပွဲသေးသေးလေးပါဗျာ..ကျွန်တော့်ကို စိတ်လှုပ်ရှားအောင် ဘယ်လိုလုပ် လုပ်နိုင်မှာ.."လင်းရီ ပြုံး၍ ပြန်ဖြေလိုက်သည်။ သူ၏ စကားမှာ မောက်မာသည်ဟု ထင်ရသော်လည်း အမှန်ကို ပြောနေခြင်းသာ။

"ဆရာမရန် ..အစ်ကိုလင်းက အရမ်းတော်တာပဲနော်..သမီးတောင်မှ အစ်ကိုလင်းနဲ့ တီးရင် သံစဉ်လိုက်မမှီမှာကိုတောင်မှ စိုးရိမ်မိတယ်..."၀မ်ရိရွှမ် ရှက်ပြုံးလေးဖြင့် ပြောလိုက်၏။

"အယ်...ဘယ်လိုဖြစ်သွားတာ..နင်ပဲ သူက အီရန်ဘွိုင်းဆိုပြီး ဘာဖြစ်လို့ ဘာဖြစ်လို့နဲ့‌ေ စာဒက တက်နေတာ မဟုတ်ဘူးလား...ခု ဖျော်တောင် ‌မဖျော်ဖြေရသေးဘူး..ကျေနပ်နေပြီတဲ့လား.."

"ဟီးဟီး..သမီး ခုနလေးတင် အစ်ကိုရီနဲ့ ယှဉ်ပြိုင်ထားတာလေ..ပြီးတော့ သမီးပဲ ရှံးသွားတယ်..အစ်ကိုရီက အရမ်းတော်တာပါဆိုနေမှ...."

"ခု တစ်တောင်ထက် တစ်တောင်က ပိုမြင့်တယ်ဆိုတာ သိပြီမလား...."ရန်ရွှေ အပြုံးလေးဖြင့် မေးလိုက်လေသည်။

သူမ၏ ချစ်တပည့်မှာ ပါရမီပါသော်လည်း မိမိကိုယ်ကို တတ်လှပြီဟု ထင်နေမည်မှာကို စိုးရိမ်မိ၏။

ယခုတော့ သူမလည်း လင်းရီနှင့် ယှဉ်ပြိုင်ပြီး နောက်ပိုင်း မိမိကိုယ်ကို သိမြင်နားလည်သွားကာ ပညာဂုဏ်မမောက်ပဲ နိမ့်နိမ့်ချချနှင့် ကြိုးစားသင်ယူရန် မျှော်လင့်မိပေသည်။

"အွန်း..ဟုတ်တယ်..အစ်ကိုရီက တကယ့်ကို အမေးဇင်းပဲ....သမီးတော့ တကယ့်ကို မယှဉ်နိုင်တာ..."

"တကယ်တော့ သူက ကိုယ့်ဘာကိုယ် သင်ယူထားတာနော်...ဘယ်သူ့နားကမှ ညွှန်ပြတာတွေလည်း မရဖူးဘူး..."

ဟစ်....

နားပါလို့သာ ကြားချေသည်။ မည်သူမျှ မယုံကြည်နိုင်။

"ဒါဆို...အစ်ကိုရီရဲ့ ပီယာနိုစကေးက ကိုယ့်ဘာကိုယ် လေ့လာထားတာပေါ့..."

လခွမ်း...နောက်နေတာလား..သင်ပြမယ့်သူ မရှိတာတောင်မှ အဲ့လောက်တော်‌ နေတယ်တဲ့...ဒီကောင် ဘာစားလဲမသိဘူး...

"ဒါပေါ့...တကယ်လို့ သူ့မှာသာ ပီယာနို သင်ဖို့ ပိုက်ဆံ ရှိရင် ဘာကိစ္စ အီရန်ဘွိုင်း လုပ်နေဦးမှာလဲတဲ့.."

ရိရွှမ်နှင် ကျန်သူများလည်း တစ်ပြိုင်တည်း ခေါင်းညိမ့်မိလိုက်ကြသည်။ ဆရာမရန် ပြောသည်မှာ လက်တွေ့ကျပေသည်။

သို့သော်လည်း လင်းရီ၏ အရည်အချင်းဖြင့် ဆိုပါက အီရန်ဘွိုင်း လုပ်နေသည်မှာ ၎င်း၏ အရည်အချင်းများကို ဖြုန်းတီးနေခြင်းပင်။

"အိုကေ စကားပြောတယတွေ တော်လောက်ပြီ..ဖျော်ဖြေပွဲက ခဏဆို စတော့မယ်..."

ရန်ရွှေ ပြောလိုက်ပြီး "ငါ ခုလေးတင်ပဲ သွားကြည့်ပြီးသွားပြီ..အပြင်ဘက်မှာ မီဒီယာ ကုမ္ပဏီ နှစ်ဆယ်လောက်ထိ ရောက်နေကြတယ်..နင်တို့ ဂီတနယ်ပယ်ထဲကို စောစောစီးစီး‌ ရောက်နိုင် မရောက်နိုင်ကတော့ နင်တို့အပေါ် မူတည်နေတယ်နော်..."

"ဟုတ်ကဲ့ နားလည်ပါတယ်ခင်ဗျ/ရှင့်.."

၀မ်ရိရွှမ်နှင့် ကျန်သူများကို လမ်းညွှန်ပေးပြီးနောက် လင်ရီထဲသို့ လျှောက်လာခဲ့သည်။

"ငါ့မှာလည်း လုပ်စရာရှိသေးတယ်ဆိုတော့ နင့်ကို အဖော်မလုပ်ပေးနိုင်တော့ဘူးး...တကယ်လို့ နင်သာ သေချာလေး တင်ဆက်ပေးနိုင်မယ်ဆိုရင် နင့်ကို ခေါ်မယ့် မီဒီယာတွေက မနည်းပါဘူးနော်..ဒီတော့ ကြိုးစားထား ဟုတ်ပြီလား..အဲ့တာဆို အီရန်ဘွိုင်း ဆက်လုပ်စရာ မလိုတော့ဘူး..."

"ဟုတ်ကဲ့..ခုလို ကြင်နာပေးတဲ့ အတွက် ကျေးဇူးပါ.."

"အင်းပါ..ငါက ဒီတိုင်း အကြံပဲ ပေးတာနော်..ဆုံးဖြတ်ရမှာကတော့ နင့်သဘောပဲ.."

ဖျော်ဖြေပွဲ၏ တာ၀န်ခံ တစ်ဖြစ်လဲ ရန်ရွှေမှာ အလုပ်များသောကြောင့် လင်းရီ ကို ပြောစရာရှိတာ ပြောပြီးနောက် ထွက်သွားတော့သည်။

လင်းရီလည်း ဘာမျှ လုပ်စရာ ထွေထူးမရှိသောကြောင့် စင်နောက်ထဲမှထွက်လာပြီး လေကောင်းလေသန့်တစ်ချို့ ရှူရှိုက်လိုက်၏။

ထို့နောက် ကျန်းစုန့်နှင့် ဟော်ယွမ်ယွမ်တို့ထံ ဖုန်းဆက်ကာ Cisco နှင့် လုပ်ငန်းကိစ္စ အခြေနေကို မေးမြန်းလိုက်သည်။

Cisco ၏ လုပ်ဆောင်ချက်များကတော့ သူမျှော်လင့်ထားသည့် အတိုင်းပင်။ ကျန်းစုန့်၏ အော်ဒါကိုတော့ ရပ်ဆိုင်းထာသည့် အနေအထားတွင် ရှိနေပြီး ပထမတစ်သုတ် အချိန်မှီ ပို့ဖို့ရာပင် အာမခံချက် မရှိချေ။

သို့သော်လည်း ဟော်ယွမ်ယွမ်ဘက်တွင်တော့ အခြေနေက လုံး၀ ကွာခြားနေလေသည်။

သူမ၏ တင်ပြမှုများအရ Ciscoမှာ သန်း၅၀၀ ကိုလက်ခံပြီးနောက် အော်ဒါများကို အချိန်ပိုပေး၍ ထုတ်လုပ်ကာ သိုလှောင်ခန်းများကိုလည်း တိုးချဲ့ထားသည်ဟု ပြောထား၏။

လင်းရီ စိတ်ထဲတွင် အကြမ်းဖျင်း တွက်ချက် တွက်ချက်ကြည့်လိုက်သည်။ ယခု နှုန်းထအတိုင်းဆိုပါက သန်း၅၀၀မှာ မကြာခင် သုံးလို့ ကုန်သွားပေမည်။

လက်ကျန် အော်ဒါ ၂.၅ ဘီလီယမ်ကိုတော့ ငွေကြေးအထောက်အပံ့ မရှိဘဲနှင့်တော့ မည်သို့မျှ ဆက်လုပ်နိုင်လိမ့်မည်မဟုတ်။ Cisco ၏ ဥက္ကဌလည်း ထိုပြဿနာကို ‌ရိပ်မိလောက်ချေသည်။

ယခုကဲ့သို့ ဆိုပါက မကြာမီ ငွေကြေးရင်းနှီးမြုပ်နှံသူများကို ခေါ်ဆိုနိုင်လောက်၏။ ထိုအခြေနေကသာ လက်ရှိ Cisco အတွက် အော်ဒါများ ဆက်လက် လည်ပတ်နိုင်ရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်နေလေသည်။

လင်းရီ ဟော်ယွမ်ယွမ်နှင့် ချီရှန်းကျောက်ကို တစ်ဖန် ဖုန်းပြေန်ခေါ်လိုက်ပြီး Cisco ၏၏ ခြေလှမ်းများကို သေချာစောင့်ကြည့်ထားရန် အမိန့်ပေးထားလိုက်၏။

ယင်းက သူ၏ အကြံအစည်ကို မထိခိုက်သွားစေသော်လည်း Cisco နောက်ကွယ်ရှိ လက်သည်ကို ဖော်ထုတ်နိုင်မည်ဆိုပါကလည်း အမြတ်ပင် မဟုတ်ပါလော။

"နင်ပဲ..."

Cisco ကို ဘယ်လို ဖြန်ကျရမလဲ တွေးနေတုန်း တစ်ယောက်ယောက် စကားပြောသံကို ကြား လိုက်ရသည်။

နောက်သို့လှည့်ကြည့်လိုက်သောအခါ ဖက်ရှင်ကျစွာ ၀တ်ဆင်‌ထားသောသက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး လျှောက်လာသည်ကို တွေ့လိုက်ရပြီး အပေါ်ယံ အမြင်အရတော့ ဖျော်ဖြေရေး ၀န်ထမ်း တစ်ယောက် ဖြစ်ပုံပင်။

စ‌ကားပြောလိုက်သူကတော့ ရန်ရွှေ၏ လုပ်ဖော်ကိုင်ဖက်ကြီး ရွှီရွှမ်းမှလွဲ၍ တခြားမဟုတ်။

ချက်လက်ကျကျ ပြောဆိုပါက လင်းရီနှင့် သူမတို့ နှစ်ဦးမှာ ရန်ရွှေကို သွားကြိုစဉ်က တွေ့ဖူးခဲ့ကြ၏။

သို့သော်လည်း လင်းရီကတော့ သူမကို အလေးနက် မထားသောကြောင့် မမှတ်မိခဲ့ချေ။

"ခင်များက...."

"ငါက ရန်ရွှေရဲ့ လုပ်ဖော်ကိုင်ဖက်လေ.."ရွှီရွှမ်း ပြောလိုက်ပြီး "သူက တေးပြ..ငါကျတော့ ပွဲစီစဉ်သူပေါ့.."

"အော် ဟုတ်..တွေ့ရသာ ၀မ်းသာပါတယ်...."

လင်းရီ အပြုသဘောဆောင်၍ နှုတ်ဆက်လိုက်သည်။

"နင်က ဒီမှာ ဆရာမရန်ကို လာစောင့်နေတာလား.."

"မဟုတ်ပါဘူး.."လင်းရီ ပြောလိုက်ပြီး "ကျုပ်က မကြာခင် ပွဲမှာ ဖျော်ဖြေရတော့မှာလေ.."

"ဖျော်ဖြေမယ်..."

ရွှီရွှမ်း တခဏမျှ ကြက်သေသေသွားခဲ့ပြီး မည်သို့ တုန့်ပြန်ရမလဲဆိုတာတောင် မသိတော့..

ကျောက်းပေါက်၀မှာတုန်းက ရန်ရွှေပြောတော့ အီရန်ဘွိုင်းနဲ့ အစားထိုးမယ်ဆို..

သူ‌တော့ မဟုတ်လောက်ဘူးမလား...

မဖြစ်နိုင်တာ..သူက စူပါကားကြီး မောင်းတာ‌ကိုလေ..

မေ့ထွမ်ရဲ့ ၀န်ဆောင်မှု အသစ်များလား...

"ငါကြားတာတော့ ဆရာမရန်က အီရန်ဘွိုင်းနဲ့ အစားထိုးမယ်ဆို..ဒါပေမယ့် နင်က...."

"ကျုပ်လည်း အီရန်ဘွိုင်းပဲလေ..ဘာလဲ ..မတူလို့လား..."

ရွှီရွှမ်း ရှုပ်ထွေးသွားခဲ့သည်။

ဘာ တွေ ဖြစ်နေတာလဲ...

ဘာတွေ ဖြစ်နေကြတာလဲ...

သူက တကယ်ကြီး အီရန်ဘွိုင်းတဲ့လား..

"အဟမ်း...နင့်ရဲ့ ရုပ်ရည်နဲ့ဆို အီရန်ဘွိုင်းလို့ ဘယ်သူက ထင်မှာ..."ရွှီရွှမ်း လုပ်ပြုံး လေးဖြင့် ပြောလိုက် လေသည်။

"ဟုတ်လား..ကျုပ်ကရုပ်ချောတော့ ဒါမျိုးပြောခံရတာ ကိုနေသားကျနေပြီ.."

ရွှီရွှမ်း မျက်နှာ မည်းမှောင်သွားခဲ့သည်။ သို့သော်လည်း အားတင်းပြုံး၍ "ငါလုပ်စရာလေးရှိလို့ သွားလိုက်ဦးမယ်နော်..စင်ပေါ်မှာ နင့်ရဲ့ ဖျော်ဖြေမှုတွေကို အားပေးနေမယ်သိလား..."

"ကောင်းပါပြီ..ကြွပါဗျ..."

နှစ်ယောက်သား ဘာမျှ ဆက်မပြောကြတော့ပဲ ရွှီရွှမ် စင်နောက်ထဲသို့ ၀င်သွားခဲ့သည်။ ကျောင်းသားများ ပြင်စင်နေကြသည်ကို မြင်တော့" ရယ်ဒီပဲလား..."

"ရယ်ဒီပါပဲခင်ဗျ.."

"လူတိုင်း ဒီရောက်နေကြပြီမလား..ဒီတော့ ပြောထားတဲ့အတိုင်း နေရာယူကြမယ်နော်..."

"ခဏလောက်ရှင့်..ဆရာမရွှီ .လင်းရီ ကျန်နေသေးတယ်..."

"လင်းရီ..သူက ဘယ်သူလဲ..."

"အိုး..သူက ဆရာမရန် ကျင်းကျင်းနေရာမှာ အစားထိုးမယ့် သူလေ..သူလည်း ဒီနေ့ သမီးတို့နဲ့ အတူ ဖျောဖြေမှာ....."

"သုက အီရန်ဘွိုင်းလား..."

၀မ်ရိရွှမ် ရယ်မောလိုက်ပြီး "ဆရာမရွှီ သူက အီရန်ဘွိုင်း ဆိုပေမယ့် သာမန် အီရန်ဘွိုင်းတော့ မဟုတ်ဘူးနော်..."

"ဟုတ်တယ် ဟုတ်တယ်..သူ့ရဲ့ ပီယာနိုစကေးတွေက ဂေါ့ဒ်လယ်ဗယ်လောက် ရှိတယ်..ရွှမ်ရွှမ်တောင်မှ သူ့နား ရှုံးသွားတယ်လေ..."ကျန်းဖန့်ဖေး ပြောလိုက်လေသည်။

"ဘာပြောလိုက်တယ်..ရွှမ်ရွှမ်က အီရန်ဘွိုင်းဆီမှာ ရှုံးသွားတယ် ဟုတ်လား..."

ရွှီရွှမ်း မယုံကြည်နိုင်စွာဖြင့် သူမ မျက်လုံးများ ပြူးကျယ်သွားတော့၏။

သူမ ၀မ်ရိရွှမ်၏ အရည်အချင်းကို ကောင်းသွာ နားလည်ထားပေသည်။ သာမန်လူတစ်ယောက်မှာ သူမပြိုင်ဘက် လုံး၀ မဖြစ်နိုင်ချေ။ ထို့ပြင် ရွယ်တူများ ကြားထဲတွင်လည်း ယှဉ်နိုင်သည့်သူမှာ ရှားမှရှားဟုပင် ပြော၍ရ၏။

အပြင်ကကောင်က အီရန်ဘွိုင်းနော်...အဲ့တာတောင်မှ သူက ရိရွှမ်ထက် ထူးချွန်နေတယ်တဲ့လား....ကောင်းကင်ကြီးက တကယ်ပဲ မမျှတဘူးပဲ...

"ဆရာမရွှီ သမီးတကယ်ကြီး သူ့ဆီမှာ ရှုံးသွားခဲ့တာ.."၀မ်ရိရွှမ် ပြောလိုက်ပြီး "သူက တခြား အီရန်ဘွိုင်းတွေနဲ့ လုံး၀ မတူဘူး.."

"ကျွန်တော်လည်း အစတုန်းက ဆရာမရန်က ဘာလို့ ဒီလောက်အရေးကြီးတဲ့ ဖျော်ဖြေပွဲမှာ ဘာလို့ အီရန်ဘွိုင်းကို ခေါ်လိုက်တာပါလိမ့်ပေါ့..နောက်မှပဲ သူ့မှာ အဲ့လို ဖျောဖြေနိုင်တဲ့ စကေးမျိုးရှိတယ်ဆိုတာ သိသွားတာပဲ...ခုတော့ သူနဲ့ တန်းတူ ဖျော်ဖြေခွင့် ရတာကိုပဲ ကျေနပ်လှပြီ.."ကျန်းဖန့်ဖေး ပြောလိုက်သည်။

ရွှီရွှမ်း အနည်းငယ် ခြေနေမဟန်သလို ခံစားလိုက်ရသည်။

ခုနက အပြင်မှာတွေ့ခဲ့တဲ့ အီရန်ဘွိုင်းရဲ့ စကေးက အဲ့လောက်တောင် ကောင်းတာလားဟ....

ရွှီရန် နဂိုက ရန်ရွှေ၏ အမှားများကို ထောက်ပြ၍ သူမကို ရာထူးမှ ဆွဲချရန် စီစဉ်ထားသည်။ ယခုတော့ ထိုအကြံစည်က လုံး၀ မဖြစ်နိုင်လု နီးပါးပင်။

၎င်းကို စဉ်းစားမိတော့ ရွှီရွှမ်း မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ရင်ထဲတွင်တော့ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။

ဒီလိုဆိုမှတော့ နောက်နည်းလမ်းတစ်ခုကို သုံးရတော့မှာပေါ့...

All Chapters