Vol. 15 Ch. 215
Vol. 15 Ch. 215
"နင်တို့ စင်ပေါ်အရင် တက်နှင့်ကြ.."
ရွှီရွမ်း ၀မ်ရိရွှမ်နှင့် ကျန်သူများကို ပြောလိုက်ပြီး "ငါခုနတုန်းက သူ့ကို အပြင်မှာ သူ့လိုက်သလိုပဲ..အဲ့တာ သွားရှာကြည့်လိုက်ဦးမယ်.ပြီးမှ သမီးတို့နှင့် လိုက်ခဲ့မယ်နော်..."
"ဟုတ်ကဲ့ရှင့် ဆရာမရွှီ..."
ထို့နောက် လူတိုင်း စင်ပေါ်သိူ့ ညီညီညာညာ တက်သွားခဲ့ကြ၏။
တစ်ချိန်တည်းတွင် ရွီရန်လည်း စင်နောက်မှ ထွက်လာခဲ့ပြီး လင်းရီ အပြင်ဘက်၌ ရှိနေသေးသည်ကို မြင်တော့ "မစ္စတာလင်း...ဖျော်ဖြေပွဲက စတော့မှာနော်..."
"အော်..ဟုတ်ကဲ့..ကျွန်တော်လည်း စင်ပေါ်တက်တော့မှာပါ.."
လင်းရီ ထပြီး ထွက်သွားလိုက်သည်။ သို့သော်လည်း စင်ပေါ်တက်တော့မည့် အချိန်တွင် ရွှီရွှမ်း နောက်မှနေ၍ လှမ်းတားလိုက်၏။
"မစ္စတာလင်း..ခဏလောက်..ကျွန်မ ရှင့်ကို ပြောစရာ ရှိသေးတယ်.."
"ဟမ်...ဘာပြောမှာ.."
"ဒီလိုပါ..."ရွှီရွှမ် လေသံ တည်တည်ငြိမ်ငြိမ်ဖြင့် "ဒီလိုပါ...တယောကြီးထိုးတဲ့သူက ခုနလေးတင် အက်စီးဒင့် ဖစ်လို့ တီးဝိုင်းထဲ မဖျော်ဖြေနိုင်တော့ဘူးဆိုပြီး ဖုန်းဆက်လာလို့ပါ..အဲ့တာ ရှင် သူ့နေရာမှ အစားထိုး ၀င်ပေးရတော့မယ်..."
"ဟမ်...အဲ့လိုဆို ကျုပ်က တယောကြီး ထိုးရမှာပေါ့..."
ရန်ရွှေမှ ယခုလို အရေးကြီးသည့် အချိန်ရောက်သည့်အခါမှ အစီအစဉ်များကို ပြောင်းလဲလိုက်လိမ့်မည်လို့ မျှော်လင့် မထားခဲ့ချေ။
ဒါပေမယ့် သူက ငါတယောကြီး ထိုးတတ်တယ်ဆိုတာ ဘယ်လိုလုပ်ပြီး သိသွားပါလိမ့်...
တစ်ခါမှလည်း ထုတ်မပြဖူးပါဘူး...
"အဲ့တာဆိုကျုပ်က တယောကြီးထိုးရမယ်ဆို ပီယာနိုကျတော့ ဘယ်သူက တီးမှာ..."
လင်းရီ ပြန်မေးလိုက်သည်။
"ရိရွှမ် တစ်ယောက်တည်း ရတယ်လေ..နည်းနည်း ခက်ခဲတယ်ဆိုပေမယ့် ပြဿနာ ကြီးကြီးမားတော့ မဟုတ်ပါဘူး..."ရွှီရွမ်း ပြန်ဖြေလိုက်၏။
"တကယ်လို့ ခုနေ တယောကြီး ထိုးမယ့်သူကို ရှာမရဘူး ဆိုလို့ကတော့ တီးဝိုင်း သံစဉ်ကလည်း အတော်လေးကို ယုတ်လျော့သွားတော့မှာ ..ငါတို့ နှစ်ယောက်လည်း ရွေးချယ်စရာ မရှိပါဘူးလေ..နင့်အပေါ်မှာပဲ မှီခိုရတော့မှာ.."
ရွှီရွှမ်း၏ အကြံအစည်ကတော့ ရိုးရှင်းပေသည်။
လင်းရီမှာ ပီယာနိတီးတာ တော်သော်လည်း အခြားသော တူရိယာ ပစ္စည်းများကိုပါ ကျွမ်းကျင်လိမ့်မည်လို့ မဆိုလိုချေ။
ထို့ကြောင့် ပွဲအတွင်း ဖျော်ဖြေပါက အမှားများ ထွက်ပေါ်လာပြီး တင်ဆက်မှုကို များစွာ ထိခိုက်သွားစေလိမ့်မည်။
ထိုအခါ အကယ်ဒမီ ခေါင်းဆောင်များ၏ ဒေါသကို သွားဆွပေးသလို ဖြစ်သွားပြီး အကြောင်းရင်းကို လိုက်ရှာကြည့်ပါက သူမမှာ တာ၀န်ရှိသူ ဖြစ်နေသော်လည်း တခြား တစ်ယောက်ကို အပြစ်ပုံချလိုက်ရုံနှင့် အသာလေး ဘေးမှ ပွဲကြည့်နေ၍ ရသည်။
အဖွဲ့၀င်တစ်ဦး ပျက်ကွက်ထားသောကြောင့် ၎င်းနေရာတွင် အီရန်ဘွိုင်းကို အစားထိုးထားသောကြောင့် ရန်ရွှေမှာ ယင်းဖြစ်ရပ်အတွက် အကြီးမားဆုံး တာ၀န်ရှိသူပင်။
သူမ အခြေနေအားလုံးကို အသေးစိတ် တွက်ချက်ပြီးမှ ယခုလို အကြံစည်များ ထွက်လာခြင်း ဖြစ်ပေသည်။
"ရတယ်လေ..ခင်များတို့သာ ကြယ်ငါးပွင့် ရီဗျူး ပေးနေသရွေ့ကတော့ ခေါင်းလောင်းကြီးပဲ ထိုးရထိုးရအဆင်ပြေတယ်..."
"သေချာတာပေါ့.."ရွှီရွှမ်း အပြုံးလေးဖြင့် ပြောလိုက်၏။
တစ်ခဏမျှကြာပြီးနောက် သူမ လင်းရီ ပွဲအတွင်း အသုံးပြုရမည့် တယောကြီးကို ရှာပေးလိုက်သည်။
တစ်ချိန်တည်းတွင် ပွဲခန်းမထဲ၌လည်း ဧည့်သည်တော်များကတော့ ပြည့်လျှံနေလေ၏။
အရှေ့ခုံတန်းတွင်တော့ နိုင်ငံခြားမှ ဓမ္မတေး သီဆိုကြသည့် ၀မ်ရိရွှမ်တို့ကဲ့သို့ လူငယ်လေးများ ထိုင်နေပြီး ကျန်ခုံတန်းများတွင်တော့ လူတိုင်း ၀တ်စုံပြည့်များ ၀တ်ဆင်ထားကြကာ ဖျော်ဖြေပွဲ စတင်မည့် အချိန်ကို စောင့်မျှော်နေကြလေသည်။
ရန်ရွှေ၊ ၀မ်ရိရွှမ်နှင့် ကျန်သူများ အားလူံး စင်ပေါ်သို့ ရောက်ရှိနေကြပြီး နောက်ဆုံးအခေါက် ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်နေကြ၏။
စင်ပေါ်တွင်တော့ ရန်ရွှေ စင်တစ်ဝိုက် လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း လင်းရီကို ရှာတွေ့ခြင်းတော့ မရှိခဲ့။ သူမ မကောင်းသည့် နိမိတ်ကို ခံစားလိုက်ရပြီး မျက်မှောင်ကြုတ်မိသွား၏။
"ရိရွှမ်..လင်းရီကို မြင်မိသေးလား..ပွဲကစတော့မယ်လေ..ဘာလို့သူက မရောက်သေးတာလဲတဲ့...."
"အမ်....သမီးလည်း ဘယ်သိမှာ.."၀မ်ရိရွမ်လည်း တွေ့လိုတွေ့ငြား လိုက်ရှာကြည့်လိုက်၏။
"သမီးတို့ စင်နောက်မှာတုန်းကတော့ ဆရာမရွှီပြောတာ သူ လင်းရီ ကို အပြင်မှာ တွေ့ခဲ့တယ်တဲ့..ပြီးတော့ သူ့ကို သွားခေါ်ပေးမယ် ပြောတာပဲ..အမှန်ဆို ခုချိန် စင်ပေါ် ရောက်သင့်နေပြီ..ဘာလို့ ခုထိ ရောက်မလာသေးလဲ မသိဘူး.."
ရန်ရွှေ၏ အမူအရာမှာ မသာယာတော့ချေ။ သူမနှင့် ရွှီရန်တို့မှာ အမြဲတစေ သဘောထားကွဲလွဲနေကြသူမျာဖြစ်သည်။သူမ ညစ်ပတ်သည့် လှည့်ကွက်တစ်ချို့ ပြုလုပ်မည်ကို လွန်စွာ စိုးရိမ်မိနေတော့သည်။
သူမအတွက်တော့ ပြဿနာ မရှိသော်ငြားလည်း သူမတန်ဖိုးထားရသော တပည့်များ၏ အနာဂတ်လမ်းကြောင်းမှာ ယခုပွဲ ဖျော်ဖြေမှု အပေါ်တွက် လုံး၀ မူတည်နေလေသည်။ ထို့ကြောင့် သူမ ရင်ဘက်ထဲမှ ဘာမှ မဖြစ်ပါစေနဲ့ဟူ၍သာ ကြိတ် ဆုတောင်းနေမိ တော့၏။
ထိုအချိန်တွင် ရန်ရွှေ အသံတစ်သံကို ကြားလိုက်ရသညိ။
"ဆရာမရန်...အားလုံး အဆင်သင့် ဖြစ်နေပြီ..နောက်တစ်မိနစ်နေရင် ပွဲစမယ်နော်..."
"ဟုတ်ကဲ့ရှင့်..နားလည်ပါပြီ..."
ရန်ရွှေ ယခုသူမစိတ်ထဲတွင် ကမ္ဘာပျက်နေသကဲ့သို့ ခံစားနေရသည်။ သူမဖုန်းကိုလည်း ပွဲဖျော်ဖြေရမည်ဖြစ်သောကြောင့် တခြားနေရာ၌ ထားထား၏။ ထို့ကြောင့် လင်းရီကို ဆက်သွယ်ရန် နည်းလမ်းကလည်း မရှိချေ။
"ဆရာမရန်..အစ်ကိုရီ ရောက်လာပြီ...ဒါပေမယ့်...."
ရန်ရွှမ် ခံစားချက်များ ရှုပ်ထွေးနေတုန်း ၀မ်ရိရွှမ်တစ်ခုခု ပြောသံကို ကြားလိုက်ရ၏။
သူမ လှည့်ကြည့်လိုက်သောအခါ လင်းရီ တယောကြီး ကိုင်၍ တက်လာသည်ကို အံ့အားသင့်စွာ မြင်တွေ့လိုက်ရသည်။
လူတိုင်း ကြက်ေ-သေ-သသွားကြ၏။ သူတို့အားလုံး လင်းရီ၏ ပီယာနိုစကေးကို သိနားလည်ထားသော်လည်း ယခု ထိုသူမှာ တယောကြီးထမ်း၍ စင်ပေါ်သို့ တက်လာနေလေသည်။
ဘာလဲ..လာနောက်နေတာလား...
မင်းက တယောကြီးထိုးတတ်လို့လားကွ..
လင်းရီကတော့ အများကြီး သိပ်မတွေးပဲ ရွှီရန် သူ့ကို ပြောပြထားသော နေရာ၌ ၀င်ထိုင်လိုက်သည်။
သူ့ဘေးကတော့ ကျန်းဖန့်ဖေးပင်။
"ဟမ်..ညီကိုရီ...ဘာလို့ တယောကြီး ထမ်းလာတာတုန်းဟ..."
"မင်းတို့ဆရာမရွှီပဲ ပြောတာလေ..တယောကြီး ထိုးတဲ့သူက မလာနိုင်လို့ ငါက အစား၀င်ပေးရမယ်ဆို...၀မ်ရိရွှမ်တစ်ယောက်တည်းပဲ ပီယာနို ဆက်တီးမှာတဲ့..."
"ဟမ်...."
ဖန့်ဖေး ပတ်၀န်းကျင်ပို တစ်ချက် အကဲခတ်လိုက်ပြီး သံသယများစွာဖြင့် "ဒီမှာတော့ လူအားလုံး စုံနေတာပဲနော..ဘယ်သူမှ ပျောက်တာလည်း မမြင်မိဘူး..."
"ဟမ်...ဘယ်သူမှ ပျောက်မနေဘူးလား..."လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့၏။
ရွှီရွမ်းက ဘာလဲဟ..
ငါ့ကို လှည့်စားသွားတယ်ပေါ့လေ...
ဒီပွဲက သူ့အကယ်ဒမီ ကျောင်းသားတွေအတွက် အရမ်းအရေးကြီးတယ်ဆိုတာ နားမလည်တာလား...
လူတိုင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ရန်ရွှေကို ကြည့်လိုက်လေသည်။
သူတို့အားလုံး ဘာတွေ ဖြစ်နေကြလဲဆိုတာ သိချင်နေကြ၏။
လင်းရီ၏ ပီယာနိုစကေးဖြင့် ဆိုပါက ယခုလိုပွဲတွင်ဖျော်ဖြေရန် လုံး၀ ပြဿနာ မရှိပေ။ သို့သော်လည်း ယခုတော့ တယောကြီးထမ်း၍ ရောက်လို့လား၏။
လာနောက်နေတာလား...
လူတစ်ယောက်က မည်မျှပင် ပါရမီ ထူးကဲနေစေကာမူ တူရိယာ ပစ္စည်းနှစ်ခုလုံး၌ ကျွမ်းကျင်ပိုင်နိုင်ရန်တော့ လုံး၀ မဖြစ်နိုင်ချေ။
အကယ်၍ လင်းရီကိုသာ တယောကြီး ပေးတီးလိုက်ပါက ဖျော်ဖြေပွဲမှာ လုံး၀ ပျက်ဆီးသွားပေလိမ့်မည်။
ရန်ရွှေမှာ ဒေါသထွက်လွန်း၍ သူမ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေလေသည်။ သို့သော်လည်း အရေးကြီးသည့် အချိန်ရောက်နေသောကြောင့် သူမရင်ထဲရှိ ဒေါသကို ဖိနှိပ်ထားလိုက်ရသည်။
သူမ နောက်ကျမှ ယခုကိစ္စကို ရွှီရန်နှင့် သေချာရှင်းရပေတော့မည်။
"ဆရာမရန် ...သမီးတို့ ဘယ်လိုလုပ်ကျမှာ..ခုမှ အစ်ကိုရီကိုပီယာနို ပြန်တီးဖို့ ပြောမယ်ဆိုရင် ရယ်စရာ ကောင်းမနေဘူးလား..."၀မ်ရိရွှမ် ပြောလိုက်လေသည်။
"မပူနဲ့..ပွဲက မစသေးဘူး.။..ငါပွဲတာ၀န်ရှိသူတွေကို သွားရှင်းပြပြီးတော့ လင်းရီကို နေရာပြန်လဲခိုင်းလိုက်မယ်......"
"အွန်း..."
သို့သောလည်း ရန်ရွှေ သွားပြောတော့မည့်အချိန်တွင် ပွဲခန်းမကြီးထဲတွင် ကျယ်လောင်သော မိုက်ခရိုဖုန်းသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။
"ကြွရောက်လာကြကုန်သော ဂုဏ်သရေရှိ လူကြီးမင်း ဧည့်ပရိတ်သတ် အပေါင်းတို့ ခင်မျာ ခုဆက်လက်ပြီး နားဆင်ခံစားကြည့်ရမှာကတော့ ကျိုးဟိုင် ဒရာမာအကယ်ဒမီကျောင်းသား/ကျောင်းသူ လေးများရဲ့ Scherzo ထဲက G-flat majorတေးသွားကိုပဲ ဖြစ်ပါတယ်ခင်ဗျာ...."
အသံမှာ ခန်းမကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ရန်ရွှေနှင့် ၀မ်ရိရွှမ်တို့ကို ကြောက်ဒူးများ တုန်သွားစေခဲ့၏။
သူတိူ့က နေရာတောင် မချိန်းရသေးဘူးလေကွာ..ခုစနေပြီလားတဲ့...
ဘယ်လိုလုပ်ကြမလဲ...
ကလပ် ကလပ် ကလပ် (လက်ခုပ်တီးသံ)
ကြောညာခြင်း ပြီးဆုံးသွားသည့်အချိန်တွင် လက်ခုပ်သံများ ကျယ်လောက်စွာထဉ်ပေါ်လာပြီး ခန်းမကြီးတစ်ခုလုံးကို တုန်ဟီးသွားစေတော့သည်။
လူတိုင်း၏ အာရုံမှာ စင်ပေါ်တွင် ရောက်ရှိနေပြီး နောက်လာမည့် ဖျော်ဖြေ တင်ဆက်မှုကို စောင့်မျှော်နေကြတော့၏။
သို့သော်လည်း စင်ပေါ်တွင်တော့ ရန်ရွှေ အပါ၀င် လူတိုင်းနီးပါး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေကြလေသည်။
လင်းရီက တယောကြီး ဘယ်လိုထိုးရမလဲဆိုတာ သိမှမသိတာ...အဲ့တော့ သူက ဘယ်လိုသွား ဖျော်ဖြေမှာလဲတဲ့...
သို့သော်လည်း...
ထိုအချိန်တွင်.
မိခင်ကမ္ဘာမြေကြီး၏ သီချင်းသံကဲ့သို့ သာယာသော တယောကြီးအသံမှာ ခန်းမ တစ်ခုလုံးသို့ ပျံ့နှံ့လာခဲ့၏။
🎶....🎶...🎶...🎶
"အဲ့တာ လင်းရီမလား..."
လင်းရီ တယောကြီးဖြင့် သာယာနာပျော်ဖွယ်ကောင်းသော ဂန္တ၀င်တေးသွားကို တီးခတ်သံကို ကြားသောအခါ ရန်ရွှေ ကြက်သေသေသွားခဲ့သည်။
၀မ်ရိရွမ်နှင့် ကျန်သူများလည်း အံ့အားသင့်သွားကြ၏။
သူ....သူက တယောကြီးလည်း ထိုးတတ်သေးတာလား...