Vol. 15 Ch. 216
Vol. 15 Ch. 216
တယောကြီးမှာ လင်းရီ၏ လက်ထဲတွင်တော့ အသက်၀င်လာသည့်အသွင် ဖြစ်ပေါ်လာပြီး သုံးရက်သုံးညတိုင်တိုင် မဆိတ်သုဉ်းသည့် လူတို့၏ စိတ်ဝိဉာဏ်ကိုပင် လှုပ်ခတ်သွားစေနိုင်သော မှော်၀င်တေးသွားအဖြစ် ပြောင်းလဲသွားတော့သည်။
ထိုအချိန်တွင်ပဲ လူတိုင်း တယောကြီးကို တီးခတ်လိုက်သည့် လင်းရီကို သတိပြုမိသွားကြ၏။ အချို့အမျိုးသမီးများဆိုလျင် အချင်းချင်း အနားကပ်၍ လက်ဝါးဖြင့် အုပ်ကာ တီးတိုး ပြောနေကြလေသည်။
နောက်တန်းတွင်တော့ ဆံပင်ရှည်ရှည်နှင့် လူကြီးတစ်ဦး စတိတ်စင်ပေါ်၌ ဖျော်ဖြေတင်ဆက်နေသည့် လင်းရီကို မြင်သောအခါ သရဲသဘက် တွေ့သည့်အားလုံး ပြူးကျယ်စွာ ကြည့်နေမိလေသည်။
မှန်၏။ ထိုသူကတော့ လင်းရီနှင့် ကျီချင်းရန်တို့ စူပါမားကတ်တွင် တွေ့ဆုံခဲ့သော အနုပညာနယ်ပယ်တွင် အလားအလာကောင်း ရှိသူများကို လိုက်လံရှာဖွေနေသည့် ပန်ဝိန် ဆိုသူပင်။
"မစ္စတာပန်က ဘာတွေများ စိတ်၀င်တစား ကြည့်နေပါလိမ့်...စင်ပေါ်မှာ ဖျော်ဖြေနေတဲ့သူနဲ့ သိလို့လား..."
ပြောလိုက်သူကတော ပန်၀န်ဘေးနားတွင် ထိုင်နေသည့် ပေါ်ယွမ်မီဒီယာ အုပ်စုမှ အထွေထွေ မန်နေဂျာ ရန်၀နိရီ ပင်။
"အင်း...ကျုပ်ရင်းနှီးနေတဲ့ သူနဲ့ တူနေလို့ သေချာကြည့်နေတာ..ဒါပေမယ့် သေချာစဉ်းစားကြည့်တော့ သူ့အဆင့်အတန်းနဲ့ဆိုရင် ဒီလိုနေရာမျိုး လာဖို့ဆိုတာ လိုမှမလိုပဲကို.."
"အွန်း ကျွန်မလည်း အဲ့ကောင်လေးက အလားအလာကောင်းတယ်လို့ ခံစားမိတယ်..."
"သူ့ကို သေချာ စောင့်ကြည့်ထားနော်..ငါ သူနဲ့ စာချုပ်ချုပ်ချင်တယ်.."
"ဟုတ်ကဲ့..နားလည်ပါပြီ ဘော့စ်ရန်..."
တစ်ချိန်တည်းတွင် စတိတ်စင်ပေါ်၌ ရန်ရွှေလည်း သူမ၏ ကျိုင်းတုတ်ဖြင့် စတင် ညွှန်ပြတော့၏။
အကယ်၍ သူမသာ ယခု လိုက်မလုပ်ပါက လင်းရီ၏ တစ်ကိုယ် တော်ဖျော်ဖြေတင်ဆက်မှု ဖြစ်သွားပေလိမ့်မည်။
ရန်ရွှေမှ စတင် တေးပြနေသည်ကို မြင်တော့ လင်းရီလည်း စိတ်သက်သာ ရသွားခဲ့၏။
ခင်များမစရင်လည်း ကျုပ်တစ်ယောက်တည်းနဲ့ တေးတစ်ပုဒ်လုံးကို တီးခတ်ရတော့မှာနော်...
ရန်ရွှေ၏ ညွှန်ကြားမှု၊ လင်းရီ၏ ဖေးမမှုတို့နှင့်အတူ သံစုံတီးဝိုင်းမှာ ကောင်းမွန်သည်ထက် ကောင်းမွန်လာပြီး လူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေတော့သည်။
စင်နောက်တွင် လင်းရီတို့အား တိတ်တဆိတ် အကဲခန်နေသော ရွှီရွှမ်းလည်း ၎င်းကိုမြင်တော့ ပါးစပ်မှာ O ပုံသဏ္ဍာန် ပွင့်ဟနေလေသည်။
နားပါ၍သာ ကြားနေရသည်။ ယုံတောင် မယုံနိုင်ပေ။
သူ...သူက အီရန်ဘွိုင်းပဲ မဟုတ်လား..ဘာ..ဘာလို့ ပီယာနိုကော တယောကြီးကော ကျွမ်းကျင်နေပါလိမ့် ....
ဟိုကောင်မ ရန်ရွှေကလည်း ဒီလိုငနဲကို ဘယ်နားကနေများ ရှာတွေ့ခဲ့လဲကို မသိဘူး....မုန်းဖို့ကောင်းလိုက်တာ...
လင်းရီ ဆယ်လိုကို ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်နေသည်ကိုမြင်တော့ ရန်ရွှေ လုံး၀ စိတ်သက်သာရသွားခဲ့ပြီး လင်းရီကို ပါရမီရှင်များကြားထဲမှ ပါရမီရှင်တစ်ပါးအဖြစ် အသိအမှတ်ပြုလိုက်လေသည်။
ဘုရားသိကြား မပေလို့ပေါ့..မဟုတ်ရင်တော့ အရှက်တွေတော့ ဗြန်းဗြန်းကွဲပါပြီဟယ်...
နာရီ၀က်ကြာပြီးနောက် ဖျော်ဖြေတင်ဆက်မှုမှာ ပြီးဆုံးသွားတော့၏။
ဖျော်ဖြေနေစဉ်အတွင်း လင်းရီမှာ သူ၏ ထိပ်တန်းအဆင့် စွမ်းရည်တို့ဖြင့် ပွဲကို အတတ်နိုင်ဆုံး ထိန်းသွားပေးခဲ့သည်ကို သတိပြုမိလေသည်။ မဟုတ်ပါက သူမ တပည့်များ၏ စွမ်းရည်သက်သက်ဖြင့် ဖျော်ဖြေတင်ဆက်မှုမျှ ယခုလို ကောင်းမွန်လာလိမ့်မည် မဟုတ်ချေ။
ခြုံငုံ၍ သုံးသပ်ရမည်ဆိုပါက လင်းရီမှာ ယခုတင်ဆက်မှု ပွဲကြီးတစ်ခုလူံး၏ အဓိကအက္ခရာပင်။
ကလပ် ကလပ် ကလပ်
မိုးကြိုးပစ်ခွင်းသံကဲ့သို့ ကျယ်လောင်ဟော ဩဘာချီးမြင့်သံတို့မှာ ပွဲခန်းမ တစ်ခုလုံးကို တုန်ဟီးသွားစေ၏။
အချို့လူများဆိုလျင် အင်မတန်မှ စိတ်လှုပ်ရှားနေကြပြီး မတ်တပ်ရပ်၍ ဩဘာလက်ခုပ် တီးကြလေသည်။ သို့နှင့် လူတိုင်းနီးပါး မတ်တပ်ရပ်လာကြတော့သည်။
ရန်ရွှေလည်း နောက်သို့လှည့်၍ သူမ တပည့်များနှင့်အတူ ပရိသတ်ကို အရိုသေပေးကာ စင်နောက်သို့ ပြန်ဆင်းလာခဲ့လိုက်၏။
"အစ်ကိုရီ...ခင်များက အရမ်းပို အံ့ဩဖို့ကောင်းတာပဲဗျာ"ကျန်းဖန့်ဖေး လင်းရီကို ပွေ့ဖက်လိုက်ပြီး ပါးကို နမ်းရန် ကြိုးစားနေတော့၏။ ကံမကောင်းစွာဖြင့် လင်းရီ၏ ဆောင့်ကန်ခြင်းကို ခံလိုက်ရသည်။
သို့သော်လည်း အမှတ်သည်းခြေ မရှိသေးဘဲ တင်ပါးကို ပွတ်၍
"အစ်ကိုရီ ခင်များပါရမီကြီးက စွန်းလန်းလွန်းပါတယ်ဗျာ..ပီယာနိုတင်မကဘူး..တယောကြီးကိုလည်း လုပ်ပြသွားတာ နတ်ဘုရား ၀င်ပူးထားသလားပဲ အောက်မေ့ရတယ်..အစ်ကိုရီရဲ့ ဦးဆောင်မှုကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့ ခုလို ခမ်းခမ်းနားနားကြီး အဆုံးသတ်နိုင်လိုက်မှာတောင် မဟုတ်ဘူး....."
"ဟုတ်တယ်ဗျို့...အစ်ကိုကြီးလင်းကြောင့်ပဲ..ဒီနေ့ကစပြီး အစ်ကိုကြီးရီကိုပဲ ကိုးကွယ်တော့မယ်..."
လူတိုင်း သူ့အား ချီးမွမ်းနေသည်ကို မြင်တော့ လင်းရီ ရှက်သလိုလို ဖြစ်လာပြီး "ကျုပ်က ဒီတိုင်း လုပ်သင့်လုပ်ထိုက်လာလေးပဲ လုပ်ခဲ့တာပါ ....ခမ်းခမ်းနားနားကြီး အဆုံးသတ်သွားတယ်ဆိုတာကလည်း အားလုံးရဲ့ ကြိုးပမ်းမှုတွေလဲ ပါပါတယ်..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
"အစ်ကိုရီကလည်း နိမ့်ချနေပြန်ပါပြီ...အားလုံးက အစ်ကိုရီကြောင့်ဆိုတာ မပြောလည်း သိပါတယ်နော်..."
လင်းရီ အသာပြုံးလိုက်ပြီး ရန်ရွှေကို ကြည့်ကာ "အမှန်တိုင်း ပြောရရင် ကျုပ်သာ ပီယာနိုတီးမယ်ဆို ပွဲက ပိုပြီး ခမ်းနားသွားတော့မှာ..ဒါပေမယ့် ရွှီရန်လို့ခေါ်တဲ့ တစ်ယောက်က ကျုပ်ကို တယောကြီး တီးရမယ်ဆိုပဲ..ပြီးတော့ အဲ့တာကလည်း ခင်များရဲ့ အစီအစဉ်တဲ့။ ....ကျန်တာကိုတော့ ဆရာမရန် ကိုယ်တိုင်ပဲ ကိုင်တွယ်လိုက်တော့ဗျာ... "
ရန်ရွှေ လေးနက်စွာဖြင့် ခေါင်းညိမ့်လိုက်ပြီး "အင်း စိတ်ချ..ငါ ဒီကိစ္စကို ဒီတိုင်း မထားဘူး..."
"အဲ့ဒါက ခင်များရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပါ..ကျုပ်တော့ ၀င်မပါတော့ဘူး..."လင်းရီ ပြုံးလိုက်ပြီး "ကြယ်ငါးပွင့်ရီဗျူးနော်..မမေ့နဲ့ဦးဗျ..."
"မပူနဲ့..မမေ့ပါဘူးဟယ်..."
"ဟုတ်..အဲ့ဒါဆို ဒီလောက်ပါပဲဗျ သွားပါတော့မယ်..."
ထိုသို့ပြာပြီးနောက် ထွက်သွားတော့မည့် အချိန်တွင် လင်းရီ စင်နောက်သို့ အသက်သုံးဆယ်အရွယ်ရှိ အမျိုးသမီး တစ်ဦး ၀င်လာသည်ကို မြင်လိုက်ရ၏။
ထိုလူကတော့ ရန်ဝန်ရီမှ လွဲ၍ တခြားသူမဟုတ်။
"အမ်...ရှင်က..."
ရန်ရွှေ လူစိမ်း ၀င်လာသည်ကို မြင်တော့ မေးလိုက်၏။
"တွေ့ရသာ ၀မ်းသာပါတယ် ဆရာမရန်..ကျွန်မ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါရစေ..ကျွန်မက ပေါ်ယွမ်မီဒီယာ အုပ်စုရဲ့ အထွေထွေ မန်နေဂျာ ရန်၀န်ရီပါ ..ဥက္ကဌ ရန်ကွမ်းပင်းကတော့ ကျွန်မရဲ့ အဖေပေါ့ရှင်..."
ဟမ်...ပေါ်ယွမ်မီဒီယာရဲ့ အထွေထွေ မန်နေဂျာ...
ရန်၀န်ရီရ ဘယ်သူလဲဆိုတာ သိတော့ ကျောင်းသားများအားလုံး အံ့အားသင့်သွားခဲ့ကြသည်။
သူတို့အားလုံးမှာ ဒရာမာ အကယ်ဒမီမှ ကျောင်းသားများ ဖြသ်သောကြောင့် အနုပညာ၌ နာမည်ဂုဏ်သတင်းကြီးမားသည့် မီဒီယာများအားလုံးနှင့် ကြားဖူးနား၀ ရှိပေသည်။
ပေါ်ယွမ် မီဒီယာမှာလည်း ကျိုးဟိုင်ရှိ ထိပ်တန်း မီဒီယာ သုံးခုထဲမှ တစ်ခုဖြစ်ပြီး အကယ်၍ သူတို့သာ ထိုမီဒီယာနှင့် စာချုပ်ချုပ်ခွင့် ရပါက အနုပညာ နယ်ပယ်ထဲသို့ ခြေလှမ်း၀က် ၀င်ရောက်ပြီး ဖြစ်သည်ဟု ပြော၍ ရ၏။
"ပေါ်ယွမ် မီဒီယာ..."
လင်းရီ ရေရွတ်လိုက်ပြီး အနည်းငယ် ရင်းနှီးနေသယောင် ခံသားမိလိုက်သည်။
မကြာမီ လင်းရီ ကျီချင်းရန်နှင့်အတူ ဈေး၀ယ်ထွက်စဉ်က စူပါမားကတ်တွင် တွေ့ဆုံခဲ့သည့် ပန်လောင်စန် ဆိုသူကို အမှတ်ရသွားလေသည်။
ထိုလူမှာလည်း ပေါ်ယွမ် မီဒီယာအုပ်စုမှ ဖြစ်တန်ရာ၏။
"ဟယ်လို..."
ရန်ရွှေနှင့် ရန်၀န်ရီတို့ တစ်ပြိုင်တည်း လက်ဆန့်တန်းလိုက်ကြပြီး လက်ဆွဲနှုတ်ဆက်လိုက်ကြ၏။
"ဆရာမရန်..ကျွန်မ ဘာမှ သွယ်ဝိုက်မနေတော့ဘူးနော်..ကျွန်မရှင့်ရဲ့ တယောကြီးထိုးတဲ့ ကောင်လေးကို အတော်လေး မျက်စိကျနေလို့..အဲ့တာ သူနဲ့ သီးသန့် စကားပြောလို့ရမလား..."
လူတိုင်း ရန်၀န်ရီ အဘယ်ကြောင့် ဤနေသို့ ရောက်လာလဲဆိုတာ နားလည်သွားကြတော့သည်။ အဘယ်ကြောင်ဆိုသော် လင်းရီ၏ ရင်သပ်ရှုမောဖွယ် ဖျော်ဖြေ တင်ဆက်မှုများက သူမ၏ အမြင်ကို ဖမ်းစားသွားသည့်ဟန်ပင်။
"မရဘူး..."
လင်းရီ သာမန်လေသံဖြင့် ပြန်ပြောလိုက်ပြီး "ကျန်တဲ့သူ တွေကလည်း အကောင်းဆုံး ဖျော်ဖြေသွားခဲ့တာပဲ..ကျုပ်လို ဘာမဟုတ်တဲ့ကောင်အပေါ် အာရုံစိုက်မနေစမ်းပါနဲ့ဗျာ......"
ရန်ဝန်ရီ တစ်ခဏမျှ ကြက်သေသေသွညးခဲ့၏။ လင်းရီ ထိုမျှ မြန်မြန်ဆန်ဆန် ငြင်းဆိုလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
ဒရာမာ အကယ်ဒမီက ကျောင်းသားတွေ အကုန်လုံးက အနုပညာနယ်ပယ်ထဲ ၀င်ချင်လွန်းလို့ တစ်ပိုင်းေ-သနေတဲ့ သူတွေကြီး မဟုတ်ဘူးလား....ခု ဒီလောက်ကောင်းတဲ့ အခွင့်ရေးက သူ့ရှ့ရောက်လာပြီလေ..အဲ့တာတောင် စိတ်မ၀င်စားဘူး လုပ်နေတယ်တဲ့လား...
တစ်ခုခုတော့ တစ်ခုခုပဲ..
"ဆရာမရန်...ရှင့်တပည့်က အနုပညာ နယ်ပယ်ထဲ ၀င်ဖို့ကို စိတ်မ၀င်စားဘူးတဲ့လာ..."၀န်ရီ မေးမြန်းလိုက်၏။
"မန်နေဂျာရန်..ဒီမှာက အပြင်လူတွေလည်း မရှိဘူး ဆိုတော့ ကျွန်မ ဘာမှ ဖုံးကွယ်မနေတော့ဘူး.."ရန်ရွှေ ကိုးရို့ကားယားပြုံးလိုက်ပြီး "တကယ်တော့ လင်းရီက ကျွန်မတို့ကျောင်းက မဟုတ်ဘူး..ကျွန်မရဲ့ တပည့်မလေးက နေမကောင်းဘူးဆိုလို့ လူရှာပြီး သူ့နေရာမှာ အစားထိုးထားတဲ့လူလေ..."
၀န်ရီ သဘောပေါက် ဟန်ဖြင့် ခေါင်းညိမ့်လိုက်ပြီး "အင်း အဲ့လိုကိုး....အဲ့တော့ သူက ဘယ်သူလဲတဲ့...."
"သူက အီရန်ဘွိုင်း..."
"ဘာ...."
၀န်ရီ၏ အမူအရာမှာ အံ့အားသင့်မှုနဲ့ ရယ်စရာကောင်းသည့် ပြက်လုံးကို တစ်ပြိုင်တည်း ကြားလိုက်ရသကဲ့သို့ ဖြစ်သွားပြီး "ဆရာမရန် ရှင်ဘာပြောလိုက်တယ်...သူ...သူက အီရန်ဘွိုင်း..."
ရန်ရွှေ ခေါင်းအသာညိမ့်လိုက်သည်။ သူမ ယခုကဲ့သို့ တုန့်ပြန်မည်ကြိ မျှော်လင့်ထားပြီး ဖြစ်၏။
"သူက တကယ်ကြီး အီရန်ဘွိုင်းပဲ..တစ်ရာရာခိုင်းနှုန်းစစ်..လုံး၀ ရေမရောဘူး.."
၀န်ရိကတော့ ငိုရအခက် ရယ်ရအခက် ဖြစ်နေလေသည်။
"ဒီလောက် ပါရမီကောင်းတဲ့ သူက အီရန်ဘွိုင်းလုပ်နေတယ်တဲ့လား..ဘယ်လောက်တောင် နှမြောဖို့ကောင်းလိုက်လဲ..."
"အွန်ူ..ကျွန်မလဲ အဲ့လိုပဲ တွေးနေတာ.."ရန်ရွှေ ပြောလိုက်ပြီး "ကျွန်မ သူ့ကို ကျောင်းမှာ နည်းပြလုပ်ပေးဖို့တောင် တောင်းဆိုခဲ့သေးတယ်..ဒါပေမယ့် သူက သဘောမတူဘူးလေ..."
"အမ်..သူက ဘာလို့ သဘောမတူတာ..."
"သူက လွတ်လွတ်လပ်လပ်ပဲနေချင်တာတဲ့..."
၀န်ရိ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
ဒီအီရန်ဘွိုင်းက သူ့ကိုယ်ပိုင် အမူအကျင့်တော့ ရှိသားပဲ..
"ကဲ ...ခင်များတို့ နှစ်ယောက် ဆက်ပြော နေလိုက်ကြတော့..ကျုပ် လစ်တော့မယ်..."
လင်းရီ သူ့အား ငှားပေးထားသည့် ၀တ်စုံကို ချွတ်လိုက်ပြီး ထွက်သွားရန် ဟန်ပြင်လိုက်သည်။
လင်းရီ ထွက်လာခဲ့ပြီးနောက် မကြာမီ ရန်ရွှေတို့ နောက်မှ အပြေးကလေး လိုက်ခဲ့ကြ၏။
"မစ္စတာလင်း..ခဏလောက် စောင့်ပါဦးရှင်..."
၀န်ရီ၏ အသံကို ကြားတော့ လင်းရိ ရပ်တန့်ပေးလိုက်၏။
"ဘာကိစ္စ ရှိလို့လဲ..ကျွန်တော် အနုပညာ နယ်ပယ်ထဲ မ၀င်ချင်ဘူးလို့ ပြောထားပြီးပြီလေဗျာ..ကျုပ်က စာချုပ်နဲ့ ချုပ်နှောင်ခံရတာတွေကို သဘောမတွေ့ဘူးဗျ....."
"မဟုတ်ပါဘူး..ကျွန်မ ရှင့်ကို အနုပညာနယ်ပယ်ထဲ ၀င်ဖို့ လာပြောတာ မဟုတ်ပါဘူး..တခြား ကိစ္စပြောဖို့ လာခဲ့တာ..."
"ဘာများလဲ..."
ရန်ဝေရီ သူမ ဆံပင်ကို နားသယ်နောက်သို့ သပ်လိုက်ပြီး "တစ်လ ယွမ် ၂သိန်းပေးမယ် ...ခုကစပြီး ကျွန်မနောက် လိုက်ခဲ့လိုက်တော့..."