← Chapters

Vol. 15 Ch. 217

Vol. 15 Ch. 217

Vol. 15 Ch. 217

Vol. 15 Ch. 217

"ဘာလဲ ..ကျုပ်ကို ငှားချင်နေတာလား.."လင်းရီ မေးလိုက်၏။

"အမှန်ပဲ..ငါပြောချင်တာလည်း အဲ့ဒီသဘောပဲ.."၀န်ရီ သွယ်ဝိုက်မနေတော့။

"တကယ်တော့နင့်ကို ပေါ်ယွမ် မီဒီယာဆီ ခေါ်ချင်တာက နင့်ရဲ့ အရည်အချင်းအပြင် ရုပ်ရည်လေးမဆိုးတာလည်းပါတယ်...ဘယ်လိုလဲ..သေချာ စဉ်းစားနော်..."

၀န်ရီ ဂုဏ်ဆာနေသည့် လေသံဖြင့် မေးလိုက်၏။

လင်းရီ အသာပြုံး၍ "ခင်များလို တည့်တိုးဆန်တဲ့ လူမျိုးကို ခုမှ ပထမဆုံး မြင်ဖူးတာပဲ..ပြီးတော့ ကျုပ်နဲ့ ကီကိုက်မယ်လို့လည်း သိပ်မခံစားရဘူး.."

"အယ် ဘာများ ထူးဆန်းနေလို့..အနုပညာနယ်ပယ်က ဒီတိုင်းပဲလေ..ရုပ်လေးချောရင်ကို စပွန်ဆာက အေးဆေးပဲ..."

"နင့်ကို ပြောပြရမှာ မရှက်ပါဘူး..ငါတို့ ကုမ္ပဏီက လူသစ်လေးတွေ အကုန်လုံးကို ဆွဲစားပြီးသားပဲ.ငါတစ်ချက်ခေါ်လိုက်တာနဲ့ သူတို့အားလုံး ဟိုတယ်မှာ စောင့်နေကြမှာ..ဒါပေမယ့် နင်ကတော့ ငါ အရင်ဆုံး ကမ်းလှမ်းရတဲ့လူပေါ့..."၀န်ရီ ဂုဏ်ယူနေရမည့်အရာတစ်ခုအလား ပြောလိုက်လေသည်။

"ကျုပ်လို သောက်ချောကြီးက တစ်လမှ ယွမ် ၂ သိန်း ရတယ်ဆိုတော့ မနည်းလွန်းဘူးလား..."လင်းရီ မေးလိုက်၏။

"သိသားပဲ..ဘယ်သူကမှ လွတ်လပ်တာကို မကြိုက်ကြဘူး..ဘာလို့ဆို ပိုက်ဆံ မရှိကြလို့လေ.."‌၀န်ရီ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်လေသည်။

"ဒီလိုဆိုရင်ကော ..နင့်ကို ယွမ် ၄ သိန်းပေးမယ်ဟာ..ပြီးတော့ နင်အတွက် ယွမ်ပေါ်မီဒီယာ အုပ်စုမှာလည်း နေရာတစ်နေရာ ချန်ထားပေးမယ်...ငါမရှိတဲ့ချိန် နင့်ဘာနင် ဘယ်မင်းသမီးနဲ့ ခြေရှုပ်ရှုပ် စိတ်မ၀င်စားဘူး..."

"ဟက်...ခင်များပေးတဲ့ တစ်လ ၄ သိန်းက ကျုပ်ရဲ့ ကားခတောင် မရှိဘူး.."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ကျုပ်မျက်စိရှေ့ကနေ ထွက်သွားလိုက်တော့..မဟုတ်ရင် ကိုယ့်သောက်ရှက်ကိုယ် ခွဲသလို ဖြစ်နေဦးမယ်..."

"ဘာ....."၀န်ရီ ချက်ချင်းဆိုသလို ဒေါသထွက်သွားပြီး "နင့်လိုဘာမဟုတ်တဲ့ကောင်ကများ ငါ့ကို အဲ့လိုပြောဝံ့တယ်ပေါ့လေ..."

"ဒါကျုပ် အယဉ်ကျေးဆုံး ပြောနေတာ..."

"နင်...."

"ဘော့စ်ရန်..."

‌၀န်ရီ သူမ ဒေါသကြောင့် အသိစိတ်ပျောက်တော့မည့် အချိတ်တွက် နောက်မှ တစ်ယောက်ယောက် လှမ်းခေါ်သံကို ကြားလိုက်ရသည်။

ထိုလူကတော့ ပန်လောင်စန်းပင်။

"နင်ရောက်လာတာ အတော်ပဲ..ဒီကျက်သရေတုံးကောင်ကြီးကို ကျွန်မမျက်စိကနေ ခေါ်သွားပေးစမ်းပါ..မြင် နေရတာ အော်ဂလီဆန်လွန်းလို့..."

"လင်းရီ..."ပန်လောင်စန်း လင်းရီကို ပထမတစ်ခေါက် မြင်စဉ်အခါတုန်းက သိပ်မသေချာခဲ့။

မည်သို့သော ဒုတိယမျိုးဆက် သခင်လေးမှ ယခုလို အပေါ်စား ဖျော်ဖြေပွဲ၌ လာရောက် ဖျော်ဖြေလိမ့်မည်နည်း။

ထို့ကြောင့် သေချာစေရန် ပွဲပြီးသည်အထိ စောင့်ပြီး လင်းရီကို အနီးကပ်ကြည့်ရန် ရန်၀န်ရီနောက်သို့ လိုက်လာခဲ့ခြင်းဖြစ်၏။

သေချာအနီးကပ်ကြည့်တော့မှပဲ ထိုသူမှာ သူသိသော ချမ်းသာသည့် ဒုတိယမျိုးဆက် သခင်လေး ဖြစ်နေကြောင်း သေချာသွားတော့သည်။

"ဒီမှာလာဆုံတယ်ဆိုတော့ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲနော်..."

လင်းရီ ပန်းလောင်စန်းအား အပြုံးလေးဖြင့် ကြည့်၍ ပြောလိုက်လေသည်။

ရန်၀န်ရီ အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး "ရှင်တို့ နှစ်ယောက်က အချင်းချင်း သိကြတယ်ပေါ့.."

ပန်းလောင်စန်း ကိုးရို့ကားယား ဖြစ်သွားခဲ့ပြီး "သိပ်ပြီးလည်း မရင်းနှီးပါဘူး..ဒါပေမယ့် ကျွန်တော်တို့ တော်သင့်ပြီ ထင်တယ်..."

"ဘာကို တော်ရမှာ..."

ရန်၀န်ရီ၏ မျက်နှာမှာ ရေခဲတမျှ အေးစက်နေပြီး "ပန်လောင်စန်း ရှင်က ကျွန်မတို့ မီဒီယာရဲ့ စီနီယာ ၀န်ထမ်းနော်....သူ...သူကျွန်မကို ဒီလောက်စော်ကားထားတာတောင်မှ တော်ပေးရမယ်ဆို‌တော့ .ကျွန်မရဲ့ ဂုဏ်သိက္ခာက တန်ဖိုး မရှိတော့ဘူးလားပြော..."

"ဘော့စ်ရန်..ကျုပ်ပြောချင်တာ အဲ့ဒီ ဂုဏ်သိက္ခာတွေကို ဆိုလိုချင်နေတာ မဟုတ်ဘူ..ကျုပ်ပြောချင်တာက ဒီလူပဲ..သူ့ကို ကျွန်တော်တို့ အပြစ်ပြုမိလို့ မရဘူး.."

"သူ့ကို အပြစ်ပြုလို့မရဘူး.."ရန်၀န်ရီ နှာခေါင်းရှုံ့လိုက်ပြီး "အဲ့ကောင်က ဒီတိုင်း အီရန်ဘွိုင်းပဲလေ..ဘာလဲ ခုက အီရန်ဘွိုင်းကိုတောင်မှ အပြစ်ပြုလို့မရတဲ့ ခေတ်ရောက်နေပြီလား..."

"အီရန်ဘွိုင်း..."

ပန်လောင်စန်း ကြက်သေသေသွားခဲ့ပြီး "သူဘယ်သူလဲဆိုတာတော့ ကျွန်တော်လည်း သေချာမသိဘူး..ဒ‌ါပေမယ့်သု့ရဲ့ တခြား ပိုင်ဆိုင်မှုတွေ မပါသေးဘူး..ကတ်ထဲမှာရှိတဲ့ ငွေသားသက်သက်ကိုက ၁.၅ ဘီလီယမ်လောက် ရှိတယ်နော်...အဲ့လောက်ပမာဏက ကျွန်တော်တို့ ပေါ်ယွမ်မီဒီယာကုမ္ပဏီတောင်မှ စွမ်းသာတဲ့ အရာမဟုတ်ဘူး.."

"ဘာပြောလိုက်တယ်...ငွေသားသက်သက်ကို ၁.၅ ဘီလီယမ်..."

"အမှန်ပဲ..ကျွန်တော့် မျက်လုံးကြီးနဲ့ တပ်အပ်ကို မြင်ခဲ့တာ..."

ရန်၀န်ရီ ကြက်သေသေသွားခဲ့ပြီး အမူအရာမှာ စောနကလောက် ယုံကြည်ချက်မျာ ပြည့်၀မနေတော့ချေ။ အနည်းငယ်ပင် ကိုးရို့ကားယား ဖြစ်သည့်အမူအရာ ပေါ်နေလေသည်။

ပန်လောင်စန်းမှာ သူမကို ညာလိမ့်မည် မဟုတ်ကြောင်း သေချာ၏။

ထိုသို့ ဆိုပါက လင်းရီမှာ ချမ်းသာသည့်ဒုတိယမျိုးဆက် သခင်လေး တစ်ယောက်ဖြစ်ကြောင်း သေချာသလောက်ရှိပေသည်။

‌ေ-သစမ်း..ဒီကောင်က ကျားအသားစားချင်လို့ ၀က်ယောက်ဆောင်ထားတာပဲဟ...,

"မစ္စတာလင်း..စိတ်မရှိပါနဲ့နော်..ကျွန်မဘက်က နည်းနည်းလေး ရိုင်းပြသလို ဖြစ်သွားတယ်.."ရန်၀န်ရီ ထပ်ခါထပ်ခါ ဦးညွှတ်လိုက်ပြီး တောင်းပန်လိုက်တော့၏။ သူမ ထိုအကြောင်း စဉ်းစားလေ ပိုပြီး အရှက်ရလေ ဖြစ်နေပြီး ကျွင်းတူး၍ပင် ပုန်းအောင်းချင်နေတော့၏။

သူမလက်ထဲတွင်ရှိသည့်ငွေသားမှာ အများဆုံး ၂၀ မီလီယမ်လောက်သာ ရှိ၏။ သိုသော်လည်း သူမအရှေ့ရှိ လူမှတော့ ငွေသားကြီးသပ်သပ် ၁.၅ ဘီလီယမ်တောင် ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။

နှစ်ယောက်စလုံး၏ ကွာခြားမှုမှာ ကြီးမားလွန်းလှပြီး တူညီသော အဆင့်တစ်ခု၌ပင် ရှိမနေချေ။

"ခင်များ အဲ့လောက်တာနေရင်လည်း သခွားသီးတွေ ၀ယ်ထားလိုက် .."လင်းရီ ‌ပြုံးလိုက်ပြီး "ညလိုရင် သုံးလို့ရသလို ဆာတဲ့ချိန်လည်း စားလို့ရတာပေါ့..တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲလေ..ဘယ်လောက် ကောင်းလိုက်လဲ.."

"ဟုတ် ဟုတ် .. ခုလို အကြံပေးတဲ့ အတွက် မစ္စတာလင်းကို ကျေးဇူးတင်ပါတယ်နော်"

အကယ်၍ တစ်စုံတစ်ယောက်သာ ထိုစကားမျိုး ပြောလာပါက နေရာမှတင် ပါးကျိုးပြီးဖြစ်လောက်၏။ သို့သော်လည်း သူမရှေ့၌ ရပ်နေသူမှတော့ စူပါ့စူပါ သူဌေးကြီး ဖြစ်နေလေသည်။ ထိုသို့သော သူမျိုးကို အပြစ်ပြုမိပါက မနက်ဖြန်ဆိုလျင် သူမ အဖေ ကုမ္ပဏီမှာ ဒေဝါလီ ခံသွားရလောက်၏။

အထက်ဖားအောက်ဖိမှာ အနပညာနယ်ပယ်တွင် လွန်စွာ တွင်ကျယ်သည်။ ထို့ကြောင့် သူမထက် သန်မာသည့်သူရှေ့၌ ရိုကျိုးစွာ နေပြရမည်မှန်း ကောင်းကောင်းနားလည်၏။ အကယ်၍ ထိုသဘောတရားကိုသာ နားမလည်ပါက မည်သည့်နေရာက အသက်ပျောက်သွားမှန်းတောင် မသိလိုက် ဖြစ်သွားပေလိမ့်မည်။

လင်းရီကတော့ အာရုံထားမနေပဲ အိတ်ကပ်ထဲရှိ ‌ကားသော့ကို နှိပ်လိုက်သည်။ ထိုအခါ Koenigsegg Rs ၏ ကားတံခါးများ ပွင့်ဟလာပြီး ၀န်ရီနှင့် ပန်လောင်စန်းတို့၏ အကြည့်အောက်တွင် ထိုနေရာမှ ထွက်လာခဲ့လိုက်၏။

ထိုမြင်ကွင်းက ၀န်ရီကြိ ပိုပြီး ကြောက်ဒူးတုန်သွားစေ တော့သည်။ အကယ်၍ ပန်လောင်စန်းသာ အချိန်မှီရောက်မလာပါက သူမ စူပါသူဌေးကြီးကို အပြစ်ပြုပြီးလောက်၏။

ကားဖြင့် ထွက်လာပြီးနောက် မကြာမီ ရန်ရွှေမှ ကြယ်ငါးပွင့်ရီ‌ဗျူး ပေးထားကြောင်း ရီဗျူး တက်လာခဲ့ပြီး မကြာမီ ရန်ရွှေထံမှ ဖုန်းခေါ်ဆိုလာခဲ့လေသည်။

"ကြယ်ငါးပွင့် ပေးလိုက်တယ်နော်..ရတယ်မလား..."

"ဟုတ် ရပါတယ်..အချိန်ကိုက်ပဲနော်.."

"နင်က အများကြီး ကူညီပေးထားတာလေ..ချက်ချင်း ရီဗျူး မပေးရင် ငါ့ဘက်က လွန်ရာကျမှာပေါ့လို့.."

ရန်ရွှေ ပြောလိုက်ပြီး "စကားမစပ် နင်ဒီညအားလား..ကျေးဇူးတင်တဲ့အနေနဲ့ ထမငတစ်နပ်လောက် ကျွေးချက်လို့.."

"တော်ပါဗျာ..လက်ထပ်ပြီးတဲ့ အိမ်ထောင်ရှင်မက ကျွန်တော့်လို ငယ်ငယ်ချောချော စင်ဂယ်ကောင်လေးကို ထမင်းဖိတ်ကျွေးနေတယ်ဆို‌‌တော့ သူများတွေသိရင်လူကြားမကောင်း သူကြားမကောင်းကြီးတွေ ဖြစ်ကုန်ဦးမယ်..‌ေနာက်ပြီး ခင်များ ယောက်ျားသာသိရင်လည်း ကျွန်တော့်ကို ‌ေ-သအောင် ရိုက်-သ-တ်နေမှဖြင့်...."

"ဘာတွေ လာပြောနေတာလဲ.."ရန်ရွှေ ရယ်မောလိုက်ပြီး "ငါ့ယောက်ျားက အလုပ်ခရီးသွားနေတာလေ...."

လင်းရီ:"....."

ထင်ထားတဲ့အတိုင်းပဲ..လက်ထပ်ပြီးတဲ့ အမျိုးသားတွေက အတော်လေး အလုပ်ခရီးသွားရတာ ကြိုက်ကြတာပဲ...

"ခင်များ ယောက်ျား မရှိဘူးဆိုလည်း သားရှိ သေးတယ်မဟုတ်လား..."

"ငါ့သားကလည်း သူ့အဘွားအိမ်မှာလေ.."

လင်းရီ :"....."

သားကလည်း အဘွားအိမ်သွားရတာ ကြိုက်တာပဲ‌လားဟ...

"ဒီနေ့တော့ မအားသေးဘူးဗျာ..လုပ်စရာလေးတွေ ရှိနေသေးလို့.."လင်းရီ ပြောလိုက်ပြီး "နောက်နေ့မှပဲ ဆက်ပြောကြတာပေါ့.."

"အိုကေ..."

ဖုန်းချပြီးနောက် လင်းရီ မှာ အတော်လေး အလျင်လိုနေလေသည်။

ထိုဆရာမလေး ရန်ရွှေ၏ ချိုမြိန်သောအသံနှင့် ဆက်စီဆန်သော ကိုယ်လုံးကိုယ်ပေါက်မှာ ပုရိသယောက်ျားတို့အတွက် အင်မတန်မှ ထိန်းချုပ်ရခက်လွန်းလှ၏။

လင်းရီ မစ်ရှင်ပြီးမြောက်နှုန်းကို ကြည့်သောအခါ (၁၆/၂၀)ဖြစ်နေပြီး အန္တိမ ဆုလဒ်ဆောင်ကို ရရှိရန် ခြေတစ်လှမ်း နီးကပ်လို့လာ၏။

သို့ဖြင့် အော်ဒါများ ဆက်လက်လက်ခံလိုက်သည်။

ကလင် ကလင် ကလင်

ထိုအချိန် လင်းရီ ဖုန်းသံ မြည်လာခဲ့၏။ ဟော်ယွမ်ယွမ်ထံမှပင်။

"အေး ဘာတုန်း.."

"ကျွန်မ Ciscoနဲ့ ပတ်သက်ပြီးတော့ သတင်းအသစ်တွေရထားတယ်..အဲ့တာ ဘော့စ်ကို တင်ပြချင်လို့.."ဟော်ယွမ်ယွမ်မှ ပြောလိုက်သည်။

"ကုမ္ပဏီနားမှာ စီချွမ် စားသောက်ဆိုင်ရှိတယ်မလား..နေ့လည်လည်း ရောက်နေပြီဆိုတော့ အဲ့မှာ ပြောကြတာပေါ့.."

လင်းရီ ပြောလိုက်ပြီး "ဆယ်မိနစ်အတွင်း ကုမ္ပဏီကို ရောက်မယ်..."

"ခစ်ခစ်..."

လင်းရီ အေးခဲသွားသည်။ ငါက နေ့လည်စာကျွေးမလို့လေကွာ..အဲ့တာကို ဘာတွေ ရယ်စရာ ပါလို့တုန်းဟ..

"အစ်ကိုချီ တွေ့တယ်မလား..ညီမ ဘော့စ်လင်းကို ပြောလိုက်ရင် နေ့လည်စာ အလကား ကုန်းဆင်းလို့ရပါတယ်ဆိုနေမှ..."လင်းရီ ဟော်ယွမ်ယွမ်၏ ဂုဏ်ယူနေသည့် လေသံကို ဖုန်းထဲမှ တစ်ဆင့် ကြားလိုက်ရ၏။

လင်းရီ : "...."

‌ေ-သစမ်း ဒီကလေးမတော့ သူကို တစ်ပတ်ရိုက်သွားပြီ...

ဖုန်းချပြီးနောက် လင်းရီ ဟော်ယွမ်ယွမ်တို့နှင့် တွေ့ဆုံရန် ကုမ္ပဏီနားရှိ စီချွမ်စားသောက်ဆိုင်သို့ မောင်းလာခဲ့လိုက်၏။

စားသောက်ဆိုင်တွင်တော့ သုံးယောက်သား သီးသန့်ခန်း ယူလိုက်ကြပြီး စီချွမ်ဒေသအစားစာတစ်ချို့ မှာလိုက်သည်။

"Cisco ဘက်က ဘာတွေ ထူးနေပြီလဲတဲ့.."

"Ciscoမှာရှိတဲ့ ကျွန်မ အဆက်အသွယ်ဆီကနေ ကြားတာတော့ Ciscoရဲ့ ဘတ်ဂျက်က မြင့်တက်နေပြီဆိုပဲ....."

ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "ပြီးတော့ အားလုံး ချောချောမွေ့မွေ့ပဲတဲ့..."

"သာမန်ပါပဲ.."လင်းရီ ထူးမခြားနားစွာ ပြောလိုက်ပြီး "ချစ်ပ်ဗားရှင်း ၁.၀ ရဲ့ နည်းပညာနဲ့ဆိုရင် ဘတ်ဂျက်ရဖို့က ဒီတိုင်း ပြောလိုက်ရင်ကို အဆင်ပြေနေပြီ ..ရင်းနှီးမြုပ်နှံသူကတွေက ရက်ရက်ရောရောကြီးကို ရောက်လာကြမှာ.."

"အဲ့တာထက်ကို Cisco က တစ်ခြား ချစ်ပ်ထုတ်လုပ်တဲ့ စက်ရုံတွေနဲ့ အလုပ်သမား စာချုပ် ချုပ်ဆိုနေပါတယ်ဘော့စ်."ချီရှန်းကျောက် ပြောလိုက်လေသည်။

"ဒီ‌လူတွေ အကွက်ရွှေ့တာတော့ မြန်သားပဲ.."လင်းရီ ပြောလိုက်ပြီး "အော်ဒါမြန်မြန်ပြီးဖို့ အဘက်ဘက်ကနေကို တွယ်နေတော့ပါလားဟ.. "

ချီရှန်းကျောက် ခေါင်းညိမ့်လိုက်ပြီး "ဟုတ်တယ်ဘော့စ်..ဘာပဲပြောပြော အဲ့လိုလုပ်မှပဲ အမြန်ပြီးတော့မှာလေ..."

"ကဲ....Cisco က ပိုက်ဆံတွေ ရှာနေပြီဆိုတော့ ငါတို့လည်း စကြရအောင်..."

လင်းရီ ယုတ်မာတော့မည့် အပြုံးကြီးဖြင့် ပြောလိုက်သည်။

"ဘယ်လိုလုပ်မှာလဲ..."ဟော်ယွမ်ယွမ်မှ စူးစမ်းချင်နေသော အကြည့်များဖြင့် မေးမြန်းလိုက်၏။

"တစ်ယောက်တည်းတော့ လုပ်လို့မရဘူး..‌ဒီအသားတစ်ကြီးက ကြီးလွန်းတော့ မင်းရဲ့ မမကျီနဲ့အတူ ဝေစားမှရတော့မှာ....."

All Chapters