Vol. 15 Ch. 218
Vol. 15 Ch. 218
လင်းရီ ဖုန်းထုတ်လိုက်ပြီး ကျီချင်းရန်ထံ မက်ဆေ့ခ်ျပို့လိုက်၏။
စက္ကန့်အနည်းငယ်ကြာပြီးနောက် ဗွီဒီယိုကော ခေါ်ဆိုမှုမှာ ၀င်ရောက်လာခဲ့လေသည်။
ကျီချင်းရန်ကတော့ ထုံစံအတိုင်း မိတ်ကပ်ကို လှပသိမ်မွေ့စွာ ခြယ်သထားပြီး ဆံပင်ကိုလည်း သူမဦးခေါင်းနောက်၌ ချည်ထား၏။ ယင်းက သူမအား ထက်မြက်သည့် မိန်းမသားအသွင်ကို ခံစားရစေလေသည်။
"ချင်းရန် စားပြီးပြီလား..."လင်းရီ မေးလိုက်၏။
"ဟင့်အင်း စားရသေးဘူး..ဒီနေ့ စားချင်စိတ်သိပ်မရှိသေးလို့...နောက်မှပဲ စားတော့မယ်..."ကျီချင်းရန် ဖုန်းထဲမှ ပြောလိုက်လေသည်။
"ထူးထူးဆန်းဆန်း စာတွေ ပို့နေလို့ ..ဘာလဲ ...ကိစ္စရှိလို့လား..."
"ဘာမှထွေထူးတော့ မဟုတ်ပါဘူးကွာ..မင်းကို ခုငါဘာတွေစားနေလဲဆိုတာ ပြောပြချင်လို့.."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။
လင်းရီ ကင်မရာကို စားပွဲပေါ်ရှိ ဟင်းပွဲများဆီသို့ ချိန်ထားလိုက်ပြီး "ဒါကျတော့ ငါးကင်...ဒါကျတော့ အရိပ်အမဲသား...ဒါကျတော့ ပရုပ်လက်ဖက်ရည်နဲ့ နှပ်ထားတဲ့ ဘဲ...နောက်ပြီး ဒါကျတော့...."
"လင်းရီ....."
ကျီချင်းရန် ရုတ်တရက် သူမအသံကို မြင့်လိုက်ပြီး "နင်ေ-သချင်လို့လား..ငါ့က်ု လာဆွနေတယ်ပေါ့..."
"ဟမ်...ဘာကိုလာဆွရမှာလဲဟ...ငါဘာစားမေလဲဆိုတာ မင်းသိအောင် ပြချင်လို့ပဲလေကွာ..အဲ့တာမှ မင်းစိုးရိမ်စရာမလိုမှာ..ငါအချိန်မှန်မှန် ထမင်းစားတယ်သိလား ဘာမှ မပူနဲ့"
"နင့်ဟာနင် စားချင်စား မစားချင်နေ...ကိုယ့်ဘာကိုယ်တောင် မအားလို့ မစားရသေးပါဘူးဆိုနေ..နင့်ကို ဘယ်သူက အားယားပြီး စိတ်ပူနေမှာ..."
လင်းရီ ရယ်မောလိုက်ပြီး "ငါ့မှာ မင်းကို အကြီးကြီးထောသွားစေမည့် ပလန်တစ်ခုရှိတယ်..ဘယ်လိုလဲ..စိတ်၀င်စားလား.."
"ဘာပလန်လဲ..."ကျီချင်းရန် သိချင်စိတ် ပြင်းပြနေဟန်ဖြင့် မေးလိုက်သည်။
"မင်းအတွက်သေချာပေါက် အကျိုးမြတ်ရစေမယ့် ပလန်ပေါ့ကွ..."
"ရတယ်လေ..အဲ့တာက ရင်းနှီးမြုပ်နှံရေးလား ..ဒါမှမဟုတ် ပရောဂျက် တိုးချဲ့တာလား.. "
"ရင်းနှီးမြုပ်နှံတာ..."
စီးပွားရေးကိစ္စ ပြောနေသည့် အချိန်တွင်တော့ ကျီချင်းရန်၏ အမူအရာမှာ တည်တံ့လာခဲ့ပြီး "ဘယ်လိုမျိူးလဲ..နင်က ဘယ်ကုမ္ပဏီမှာ ရင်းနှီး မြုပ်နှံမှာ...."
"Cisco......"လင်းရီ ပြောလိုက်ပြီး "ခု ချောင်ရန်ရဲ့ အသားတင်ငွေကြေးပမာဏက ဘယ်လောက်ရှိလဲ.."
"၂၀၀ မီလီယမ်လောက်ပေါ့..ဒါပေမယ့် လောလောဆယ် ၁၄၈ မီလီယမ်တန် ပရောဂျက် တစ်ခု လုပ်နေတယ် လေ... ဆိုတော့ ၅၂ မီလီယမ်လောက်ပဲ ထုတ်ပေးနိုင်မှာ..."
"ကောင်းပြီလေ..ငါအားရင် ယွမ်ယွမ်ကို ၄၈ မီလီယမ်ပို့ခိုင်းလိုက်မယ်...၁၀၀ မီလီယမ် ရတာနဲ့ Ciscoဆီ သွားကြတာပေါ့... "
"အွန်း..နင့်သဘောပဲလေ..ပိုက်ဆံပြည့်တာနဲ့ အကောင်ထည်စဖော်ကြတာပေါ့..."
"ယွမ်ယွမ် နဲ့ ချီရှန်းကျောက်ကို မင်းကိုယ်စား ကိုင်တွယ်ခိုင်းလိုက်..သူတို့ကခု သရုပ်ဆောင်တဲ့နေရာမှာ ပရော်ဖက်ရှင်နယ်အဆင့်တွေ ဖြစ်ကုန်ပြီ...မင်းဘာမင်း ကိုယ်တွယ်မယ်ဆို ဖော်ထုတ်ဖို့ရာက တအားလွယ်ကူလွန်းတယ်..."
"အမ်...နင်တို့သုံးယောက်က ဘာတွေ တိုးတိုးတိတ်တိတ် လုပ်နေကြတာ...ဘာလို့ အဲ့လောက်ထိ ဆန်းကြယ်တဲ့ ပုံစံကြီးတွေ လုပ်နေကြတာလဲ..."ကျီချင်းရန် လင်းရီကို ကြည့်ပြီး မေးမြန်းလိုက်သည်။
"ဘာလဲဆိုတာ မမေးနဲ့ဦး..အိမ်မှာ နေပြီး ပိုက်ဆံသိမ်းဖို့သာ ပြင်ထားလိုက်တော့..."
"အင်းပါ...နင်ပြောတဲ့ အတိုင်းပဲပေါ့..."
အလုပ်ကိစ္စပြောပြီးနောက် လင်းရီ ဖုန်းတန်းချလိုက်သည်။
"ဘော့စ်..ရှင်က Cisco ကို လိမ်ချင်တယ်ဆိုရင်လည်း ဘာလို့ ပိုပြီး မရင်းနှီးလိုက်တာ..."ဟော်ယွမ်ယွမ်မေးလိုက်ပြီး "ပိုက်ဆံ အများကြီးနဲ့ တစ်ခါတည်း ရိုက်-သတ်လိုက်တာက ပြိမကောင်းဘူးလား..."
"မဟုတ်ဘူး.."လင်းရီပြောလိုက်ပြီး "ချောင်ရန် အုပ်စုဆိုတာက ပရော်ဖက်ရှင်နယ်ဆန်ဆန် ရင်းနှီးမြုပ်နှံပြီး ဈေးကွက်ကစားနေတဲ့သူတွေ မဟုတ်ဘူး..ငါက Cisco ကို ချောင်ရန် အုပ်စုကလည်း သူတို့ချစ်ပ်ကို စိတ်၀င်စားနေတယ်လို့ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ချင်နေတာ...တစ်ချိန်တည်း လေညွှန်ရာယိမ်းတဲ့ ဝါးပင်လိုပေါ့..."
"လေညွှန်ရာယိမ်တယ်..."
"ခု Cisco မှာ ရင်းနှီး မြုပ်နှံချင်တဲ့သူတွေ အားလုံးနီးပါးက ရင်းနှီးမြုပ်နှံတဲ့ ကုမ္ပဏီတွေကြီးပဲ...ချောင်ရန်အုပ်စုကလည်း ၀င်ပါလာပီ့ဆိုရင် အဲ့တာက သူတို့ ချစ်ပ်ကို တခြားနယ်ပယ်က လူတွေပါ စိတ်၀င်စားနေတဲ့ ပုံစံ ပေါက်သွားစေတယ်လေ..."
လင်းရီ နှစ်ယောက်လုံးကို သိမ်းကျုံးကြည့်လိုက်ပြီး "နောက်ထပ် ဘာဖြစ်မလဲဆိုတာတော့ ဆက်ပြောဖို့ မလိုတော့ဘူးမလား.."
ချီရှန်းကျောက် ခေတ္တခဏမျှ တွေးတောလိုက်ပြီး "ဘော့စ်ဆိုလိုချင်တာက ချောင်ရန်အုပ်စုကို အသုံးချပြီးတော့ Cisco ရဲ့ ထုတ်ကုန်က တခြားနယ်ပယ်မှာ ရှိတဲ့ အကောင်ကြီးကြီးတွေကိုပါ စိတ်၀င်စားစေတယ်လို့ ထင်သွားအောင်လုပ်ချင်နေတာမလား.."
"အမှန်ပဲ.."
ဆက်လက်၍ ဟော်ယွမ်ယွမ်မှ "အဲ့လိုနည်းနဲ့ သူတို့ရဲ့ မာနတွေထဲကို လောင်စာထည့်ပေးပြီးတော့ သူတို့ကိုယ်သူတို့ အထင်ကြီးလာအောင် လုပ်မယ်..အဲ့တာဆို သူတို့ အမြင့်တက်လေ..ပိုပြီးအကျနာလေ ဟုတ်တယ်မလား..."
"အင်း တော်တယ်..."
လင်းရီ ပြောလိုက်ပြီး "တကယ်တော့ Ciscoက ကောင်တွေက အတော်လေး သတိပါးတဲ့ကောင်တွေ..ငါတို့သာ တအားကြီး ရင်းနှီးလိုက်မယ်ဆိုရင် သူတို့ကို သံသယ၀င်သွားသေမှာပဲ..အဲ့လိုလုပ်တာက စွန့်စားရာကျလွန်းတယ်..ဒီနည်းနဲ့ဆို သူတို့ကို ပါးပါးလှီးနေတာတောင် သိမှာမဟုတ်ဘူး"
ဟော်ယွမ်ယွမ် ကြက်သီးမွေးညင်းများ ထောင်ထသွားခဲ့သည်။
ဘော့သ်က အရမ်းကို မကောင်းဆိုးဝါးဆန်တာပဲ..
ကြည့်ရတာ ငါတော့ ဗုဒ္ဓဆီ ပြန်သွားရတော့မယ်နဲ့ တူတယ်...
စားပြီးသောက်ပြီးသည်နှင့် လင်းရီတို့ လူစုခွဲလိုက်ကြသည်။ပင်ပမ်းသလို ခံစားနေရသောကြောင့် လင်းရီအော်ဒါများ ဆက်လက်ခံမနေတော့ပဲ ကျိုကျုံးဗီလာသို့ ပြန်၍ နောက်တစ်နေ့ နံနက်အထိ အိပ်နေလိုက်တော့၏။
"သင့်မှာ အော်ဒါအသစ်ရှိပါတယ်..ကျေးဇူးပြုပြီး သေချာလေး စစ်ဆေးပေးပါ"
လင်းရီအလုပ်စဖို့ ပြင်ကာရှိသေး အသိပေးစာတစ်စောင်မှာ ရောက်ရှိလို့လာသည်။
အော်ဒါကို ဖွင့်ကြည့်လိုက်သောအခါ လင်းရီ၏ နှုတ်ခမ်းများမှာ သူ့အလိုလို တွန့်ကွေးသွား၏။
"ကျွန်မ နာမည်ကတော့ လျိုမေ့ပါ..အသက်ကတော့ ၃၀ ရှိပါပြီ။ အရပ်ကခပ်မြင့်မြင့် အသားဖြူ လှပပြီး ဆက်စီဆန်တဲ့ ကိုယ်လုံးကိုယ်ပေါက်လည်း ရှိပါတယ်...ဘရာဆ်ုဒ်ကတော့ E cupပါ...ကျွန်မ ဟောင်ကောင်က ကျိကျိတက် ချမ်းသာတဲ့ သူဌေးကြီးတစ်ဦးနဲ့ လက်ထပ်ထားပါတယ်...ဒါပေမယ့် ၀မ်းနည်းစွာနဲ့ ကျွန်မယောက်ျားက ကျွန်မရဲ့ လိင်စိတ်အာသီသကို မဖျေဖြောက်ပေးနိုင်တဲ့အပြင် ကိုယ်၀န်ရအောင်လည်း စွမ်းဆောင်နိုင်ခြင်းမရှိတဲ့လူ ဖြစ်နေပါတယ်...ဒါကြောင့်မို့ များပြားလှတဲ့ အမွေတွေကို ထိန်းသိမ်းဖို့ရာ ဆက်ခံသူတစ်ယောက်မွေးဖွားရန်အတွက် တောင့်တင်း ကျန်းမာတဲ့ အမျိုးသားတစ်ယောက်ကို အလိုရှိနေပါတယ်...လိင်မှုကိစ္စကျွမ်းကျင်ပြီး သိုင်းကျမ်းပေါင်းစုံလညမး တတ်မြောက်ထားတာကြောင့် ကျွန်မဘက်က စိတ်ကျေနပ်အောင် လုပ်ပေးမယ်လို့ အာမခံပါတယ်...ကျေနပ်မယ်ဆိုရင်တော့ ကိုယ်၀န်ရတဲ့အထိ အတူတူကြိုးစားလို့လည်း ရပါတယ်... ကမ်းလှမ်းငွေကတော့ ယွမ် ၃ သိန်းပါ..တကယ်လို့ ကိုယ်၀န်ရအောင် စွမ်းဆောင်ပေးနိုင်မယ်ဆိုရင်တော့ နောက်ထပ် ၂ မီလီယမ် ငွေသားသီးသန့် ပေးမှာပါ...အကယ်၍ စိတ်၀င်စားတယ်ဆိုရင်တော့ ကျွန်မပေးထားတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်ပေးပါ....×××××××"
လင်းရီ အော်ဒါကို ဖတ်ရှုပြီးနောက် မေးကိုပွတ်လိုက်သည်။
"ဘာလဲဟ..ခုခေတ်မှာ ဒီလို ကြေညာနေတဲ့သူတွေတောင် ရှိနေပြီလားဟ...ဘာပဲဖြစ်ဖြစ် စီးပွားရေးက စီးပွားရေးပဲလေ..လက်ခံပေးရမှာပေါ့ မဟုတ်ဘူးလား ဟဲဟဲ..."
လင်းရီ အော်ဒါတွင် ပေးထားသော ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။
"ဟဲလို ခုပြောနေတဲ့သူက ကလေးရဖို့အတွက် ပိုက်ဆံအများကြီးနဲ့ တောင်းဆိုနေတဲ့ မစ်လျိုမေ့လားခင်ဗျ..."
"ဟုတ်ပါတယ်ရှင်..ရှင်ကျွန်မကို ကူညီပေးမှာလားဟင်..."အိစိညက်ညောပြီး ချိုသာသော အမျိုးသမီး၏ အသံမှာ ဖုန်းထံမှ ထွက်လာခဲ့၏။
"ဖုန်းခေါ်လိုက်တယ်ဆိုမှတော့ ကူညီပေးချင်လို့ ပေါ့ဗျ..."လင်းရီ ပြောလိုက်ပြီး "ဒါပေမယ့် ခင်များစကားကိုတော့ ပြန်မရုတ်သိမ်းဘူးမလား..နောက်မှ ပိုက်ဆံ မပေးဘူးဆိုပြီးတော့ မလုပ်နဲ့နောိ..."
"မပူပါနဲ့ရှင်..ကျွန်မဘက်က စကားတည်မှာပါ.."လျိုမေ့ ပြောလိုက်ပြီး "နောက်ပြီး ကျွန်မ အမျိုးသားသားကလည်း ဟောင်ကောင်က ဘီလီယမ်နာ သူဌေးကြီးလေ..ယွမ် သိန်းဂဏန်းလောက်လေး ဆိုတာက ကျွန်မအတွက်တော့ မပြောပလောက်ဘူးရှင့်..ရှင်သာ ကျွန်မကို ကလေးရအောင် လုပ်ပေးနိုင်လို့ကတော့ တစ်ခါတည်း အပြီးရှင်းပေးလိုက်မယ်..."
"အိုကေ အဲ့လိုဆို အိုကေပြီ...အိမ်မှာစောင့်နေလိုက် ကျုပ်ခဏနေ ရောက်လာခဲ့မယ်..."
"ကျွန်မ အိမ်လိပ်စာကို သေချာလေးရေးပေးထားတယ်နော်.."
လျိုမေ့ ပြောလိုက်ပြီး "အဲ့အိမ်ကလည်း ၀ယ်ထားတာ မကြာသေးဘူး သိလား..ရှင်သာ ကျွန်မကို ကျေနပ်အောင် လုပ်ပေးနိုင်လို့ရှိရင် ဒီအိမ်ကိုပါ ပေးလိုက်မယ်..."
"အိုး...အဲ့လိုဆိုလိုလည်း ကြိုပြီး ကျေးဇူးတင်ထားတာပေါ့ဗျာ..."
အော်ဒါမှာ မှန်ကန်ကြောင်း အတည်ပြုပြီးနောက် လင်းရီ ဖုန်းချလိုက်ပြီး အလုပ်စရန် ဟန်ပြင်လိုက်သည်။
သို့သော်လည်း တခဏမျှ စဉ်းစားပြီးနောက် သူ၏ လက်ရှိ ဘော်ဒီသေးသေးလေးဖြင့် သူမကို ကျေနပ်အောင် လုပ်တောင်ပေးဖို့ရာ လုံလောက်မည် မဟုတ်မှန်း သတိထားမိသွားသည်။
ထို့ကြောင့် အကူညီတောင်းရန်အတွက် ချင်းဟန်ဆီ ဖုန်းဆက်လိုက်တော့၏။
"အေး လင်းကြီး ဘာတုန်းကွ...ကြားသားမိုးကြိုးပါလား.."
"အဆင်ပြေရင် တစ်ခုလောက်ကူညီကွာ.."လင်းရီ ပြောလိုက်ပြီး "ငါ့ကို အကောင်ကြီးကြီးဘော်ဒီတောင့်တောင့်နဲ့ ဟိုကားထဲက ကပ္ပလီပုံစံမျိုး အမျိုးသားတစ်ယောက်လောက် ရှာပေးစမ်းကွာ.. "
"ဟမ်...မင်းက ဘာလုပ်ဖို့ အဲ့လိုလူတွေ ရှာနေတာ..ဘာလဲ ပိုက်ဆံရှိတဲ့ မိန်းမတွေအတွက် ခေါင်းကြီးလုပ်နေတာလား.."
ချင်းဟန် အပြုံးလေးဖြင့် မေးလိုက်သည်။
"အမှန်ပဲ..ခုငါ အချိန်ပိုင်း ခေါင်းကြီး လုပ်နေတာ...ငါ့ကို ကူပြီးသာ ရှာပေးစမ်းပါကွာ..."
"ကောင်းပြီလေ..အဲ့တာဆိုလည်း ငါရှာပြီးရင် ဘယ်လွှတ်လိုက်ရမှာ.. ကျိုကျုံး ဗီလာဆီ လာခိုင်းလိုက်ရမလား.."
"မလိုဘူး..သူတို့ကို ဖူဟွာခြံ၀န်း သွားပြီး အပေါက်၀မှာ ငါ့ကို စောင့်နေလို့ပြောလိုက်..."
"အိုကေ..စိတ်သာချထားလိုက်တော့..."
လင်းရီ ဖုန်းချပြီးနောက် ပိုက်ဆံအချို့ထုတ်ရန် ဘဏ်သို့ သွားလိုက်လေသည်။ ထို့နောက် ဖူဟွာခြံ၀န်းသို့ ဦးတည်လိုက်တော့၏။
ဆယ်မိနစ်ခန့်ကြာသော် ချင်းဟန် လွှတ်လိုက်သည့် လူများ ဆယ် ယောက်ထက်မနည်း ရောက်လာခဲ့၏။
ခေါင်းဆောင်အမျိုးသားကတော့ တုတ်ခိုင်သန်မာသည့် ယောက်ျားကြီး တစ်ယောက်ဖြစ်ပြီး ကြွက်သားများမှာလည်း တစ်ကိုယ်လုံးအနှံ့ အပြိုင်းပြိုင်း ထနေလေသည်။ လင်းရီ ထိုလူများကိုမြင်တော့ ကြက်သေသေသွားတော့၏။
ချင်းဟန်က တစ်ခါတစ်လေ အတော်လေးတော့ စိတ်ချရသားပဲ..ဒီဘဲကြီးတွေ ပုံစံနဲ့ဆို ဟိုမိန်းကလေးတော့ ရာမဲသဲခုဒါဆိုက်ရတော့မယ်။
"ဟယ်လို မစ္စတာလင်း ကျွန်တော်က သခင်လေးချင်း လွှတ်လိုက်တဲ့ လျိုယင်းရှီပါခင်ဗျ..."
"အင်း...လာပေးတဲ့အတွက် ကျေးဇူးပဲ..ဘယ်လိုလုပ်ရမလဲဆိုတာကတော့ ကျုပ်ပြောတဲ့အတိုင်းသာလုပ် အိုကေတယ်နော်..."
"ဟုတ်ကဲ့ နားလည်ပါတယ်ခင်ဗျ..မစ္စတာလင်းရဲ့စကားက ကျွန်တော်တို့အတွက် အမိန့်ပါဗျ...."
"သွားစို့.."လင်းရီ လက်ဝှေ့ရမ်းပြလိုက်ပြီး လျိုရင်းရှီနှင့် ကျန်သူများကို အပေါ်ထပ်သို့ ခေါ်ဆောင်သွားရင်း
တီးတိုးရေရွတ်လိုက်သည်။
'ဒီလောက်လူတွေ အများကြီးနဲ့ဆိုတော့ လျိုမေ့ဆိုတဲ့ အမျိုးသမီးက ခံနိုင်ရည်ရှိပါ့မလားပဲ...'