Vol. 15 Ch. 219
Vol. 15 Ch. 219
ဖူဟွာပန်းခြံ၊ယူနစ် ၂ ၊ အဆောက်အအုံ ၃၊ အခန်း ၆၀၂
အမျိုးသား သုံးဦးနှင့် အမျိုးသမီးဦးအခန်းထဲတွင် အတူထိုင်နေကြသည်။
အမျိုးသားလေးယောက်လုံးကတော့ အပေါ်ပိုင်း ဗလာကျင်းနေပြိး ဘောင်းဘီအတိုများကို ၀တ်ဆင်ထားကြကာ ဇိမ်ပြေနပြေနှင့် စည်းစိမ်ခံစားနေကြ၏။
တစ်ဦးတည်းရှိနေသည့် အမျိုးသမီးမှာလည်း ထူးမခြားနားပေ။ အနီရောင်ဂျိုင်းပြတ်နှင့် မိန်းမ၀တ်ဘောင်းဘီ ကိုယ်ကြပ်ကို ၀တ်ဆင်ထားလေသည်။ ထို၀တ်စုံများမှာ သူမအချိန်အကြာကြီး လဲလှယ်ထားခြင်းမရှိ ၀တ်ဆင်ထားသောကြောင့် ဆွေးမြည့်နေသည့်ပုံစံ ပေါက်နေလေသည်။
အမျိုးသမီး၏ နာမည်ကတော့ လျိုမေ့ဖြစ်ပြီး သူမ၏ ပုံပန်းသဏ္ဍာန်ကတော့ အော်ဒါတွင်ပြောပြထားသည်နှင့် တခြားစီ ဖြစ်နေလေ၏။
အသက်30 ဟု ဆိုထားသော်လည်း လက်တွေ့တွင်တော့ လေးဆယ်အရွယ်လောက် ရောက်နေပြီဖြစ်သည်။
"ဆီးသီး....အတော်လေးကြာနေပြီ...ခုနက လာမယ်ဆိုတဲ့ကောင်က ရောက်မလာသေးဘူးလားကွ..."
ပြောလိုက်သူကတော့ နှုတ်ခမ်းမွေးငုတ်တိုနှင့် လူကြီးပင်။ သူ၏လက်ထဲတွင်လည်း ဘီယာခွက်ကြီးကို ကိုင်ထားပြီး ခြေထောက်တစ်စုံကိုတော့ ခွေးခြေခုံပေါ်တွင် တင်ထား၏။ ထို့ပြင် မျက်နှာကြီးမှာလည်း မာကြောခက်ထန်သည့်ပုံ ပေါက်နေလေသည်။
ထိုသူက နာမည်ကတော့ ကျန်းရုန်ချန် ဖြစ်ပြီး လျိုမေ့၏ အမျိုးသားပင်တည်း။
ငယ်ရွယ်စဉ်အခါက ကျန်းရုန်ချန်မှာ တွေ့သမျှမိန်းကလေးတိုင်းကို ခြေတော်တင် တတ်သူတစ်ဦးဖြစ်သည်။ ထို့ကြောင့်လည်း ရေချိုးစင်တာ၌ အလုပ်လုပ်သော လျိုမေ့နှင့် ငြိစွန်းသွားခြင်းဖြစ်၏။
သို့သော်လည်း လင်မယားနှစ်ယောက်စလုံစမှာ လက်ကြောကမတင်း၊ ဘာမျှလည်း လုပ်မစားချင်ကြသောကြောင့် ယခုထိတိုင် အလုပ်ကိုင် မည်မည်ရရ မရှိသေးချေ။ လွယ်လွယ်ရသည့် လူများကို လိမ်၍ ငွေညစ်ထုတ်သည့်အလုပ်ကိုသာ နှစ်ပေါင်းများစွာ လုပ်ကိုင်နေလေသည်။
"အေးဆေးပေါ့..ရှင်လည်း ဖုန်းပြောတုန်းက သူ့လေသံကို ကြားတာပဲမဟုတ်လား..သေချာပေါက် လာမှာပါ..."
လျိုမေ့ ဘီယာအဖုံးဖွင့်၍ တစ်ငုံသောက်ရင်း ပြောလိုက်သည်။
"ဒီနေရာက ကျိုးဟိုင်နော်...ငါတို့ လုပ်စားနေကြ ကျေးတောရွာလေးတွေ မဟုတ်ဘူး....စကားကို အဲ့လောက် လွယ်လွယ်မပြောနဲ့စမ်း..."
"ခုလောလောဆယ် ငါတို့လက်ထဲမှာ ခြူတစ်ပြားတောင် မကျန်တော့ဘူး..အဲ့ကောင်သာ ရောက်မလာလို့ကတော့ ငါတို့ ငတ်တစ်လှည့် ပြတ်တစ်လှည့် နေကြရုံပဲ...."
"ကျွန်မကတော့ အဲ့လောက်ကြီး စိုးရိမ်စရာမလိုဘူးလို့ ထင်တယ်...ဘာပဲပြောပြော အီရန်ဘွိုင်းလေးတွေက စာမတတ်ပေမတတ်လေးတွေလေ....ကျွန်မလောက်တောင် အတန်းနေခဲ့ရမှာ မဟုတ်ဘူး...အေးဆေးလေး အရူးလုပ်လို့ရတယ်...ရှင်တို့သုံးယောက်လုံး အသင့်ပြင်ထားကြတော့.. ပြောမရဘူး...သူခဏနေ ရောက်လာရင် ရောက်လာတော့မှာ..."
ကျန်းရုန်ချန် ခွေးခြေခုံကို ကန်ကျောက်လိုက်ပြီး သူ၏ လက်အောက်ငယ်သား နှစ်ယောက်ကို "ငိုးမသားတွေ အဲ့မှာပဲ ထိုင်မနေကြနဲ့...သွား ရယ်ဒီလုပ်ထားကြ...အဲ့ကောင်လာတာနဲ့ တစ်ခါတည်း အမှောက်သိပ်ကြမယ်.."
"မပူနဲ့ အစ်ကိုကြီး..အဲ့ကောင်ရောက်လာတာနဲ့ မလွတ်စေရဘူးလို့ လုံး၀ အာမခံတယ်..."
"ကျုပ်တို့ ဓားထုတ်ပြလိုက်တာနဲ့တင် ကြောက်သေးပန်းရင် ပန်းနေမှာ...ပိုက်ဆံ ဘယ်လောက် ညစ်ထုတ်မလဲတိုတာကတော့ ကျုပ်တို့ရဲ့ စိတ်အခြေနေပေါ် မူတည်တာပေါ့...."
နောက်ထပ် ငယ်သားတစ်ယောက်မှ ပြောလိုက်လေသည်။
"ဟားဟား...အဟုတ်ပဲ..ဒီလောက်ရက်တွေ အကြာကြီး စောင့်ပြီးတော့မှ ငါးစာက လာမိတာကို ဒီလောက်လွယ်လွယ် လွှတ်ပေးလို့ ဘယ်ရမှာ..."
ဒုန်း ဒုန်း ဒုန်း
သူတို့ စကားပြောနေကြတုန်း တစ်ယောက်ယောက် တံခါးခေါက်လာခဲ့သည်။ ကျန်းရုန်ချန်နှင့် လျိုမေ့တို့ နှစ်ဦး အချင်းချင်း လေးနက်သည့် အမူအရာများဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
ကျန်းရုန်ချန် သူ့ငယ်သား နှစ်ယောက်ကို ကြည့်ပြီး "အသင့်ပြင်ထားကြ....ပိုက်ဆံကတော့ ဒီရောက်နေပြီ....."
"ဟုတ်ကဲ့ပါ အစ်ကိုကြီး...."
တာ၀န်အသီးသီးပေးပြီးနောက် ကျန်းရုန်ချန် လျိုမေ့ကို ကြည့်ကာ "ဆီးသီး...တံခါးသွားဖွင့်လိုက်တော့..."
လျိုမေ့ ခေါင်းညိမ့်လိုက်ပြီး တံခါးနားကပ်၍ အသံတိုးတိုးလေးဖြင့် "အပြင်က ဘယ်သူလဲ..."
"ပိုက်ဆံပေးပြီး ကလေးရအောင် လုပ်ပေးချင်နေတယ်ဆို...ဒီမှာ ခု ကျုပ်လူကိုယ်တိုင် ရောက်နေပြီလေ..."
လင်းရီ ဘယ်သူလဲဆိုတာ သိတော့ လျိုမေ့ တံခါးကို ရွှင်မြူးသည့်အမူအရာဖြင့် ဖြည်းညင်းစွာ ဖွင့်လိုက်လေသည်။
လင်းရီ အထဲသို့ ၀င်လာပြီးနောက် ချက်ချင်း တံခါးကို ပိတ်လိုက်၏။ အကယ်၍ ငါးစားသာ ထွက်ပြေးသွားပါက အကြီးကြီး ဆုံးရှုံးသွားပေမည်။
အခန်းထဲရှိ နောက်ထပ် အမျိုးဟား သုံးယောက်ကိုလည်း မြင်တော့ လင်းရီ ပြုံးလိုက်ပြီး "ဒီသုံးယောက်ကကော ခင်များကို ကူညီပေးဖို့ပဲလား...ဒါပေမယ့် ခင်များက ပြောသလောက်လည်း မချမ်းသာတဲ့ပုံပဲနော...."
"အပိုတွေ လုပ်မနေနဲ့...."
လျိုမေ့ အပိုတွေမပြောဘဲ သူမ အင်္ကျီကို ချွတ်၍ အတွင်းခံဘရာ အနက်ရောင်ကို လှစ်ဟပြလိုက်သည်။
၎င်းကိုမြင်တော့ လင်းရီ အံ့အားသင့်သွား၏။
"အိုး ချွတ်တာကတော့ တယ် မြန်လှပါလားဟ...ရေချိုးစင်တာတွေမှာ ကောင်းကောင်းကြီး လေ့ကျင့်ထားတယ်နဲ့ တူတယ်...."
လျိုမေ့ကတော့ ၎င်းကို အာရုံထားမနေတော့ပဲ လင်းရီကို တွန်းလှဲ၍ အပေါ်မှ ဖိကပ်လိုက်လေသည်။
ထိုအချိန်တွင်တော့ ကျန်းရုန်ချန် ဖုန်းဖြင့် ဓာတ်ပုံအချို့ ရိုက်လိုက်၏။
ချလပ် ချလပ်
ဓာတ်ပုံရိုက်ပြီးနောက် လျိုမေ့ လင်းရီ ပေါ်မှ ပြန်ခွာလိုက်ပြီး သူမ အ၀တ်စားများကို ပြန်လည် ၀တ်ဆင်လိုက်သည်။
"ဘာလဲဟ...ကလေးရအောင် လုပ်ပေးရင် ပိုက်ဆံ အများကြီးပေးမယ်ဆို..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ခင်များ ကျောင်းတုန်းက ဘ၀တွက်တာ မသင်ခဲ့ရဘူးလား...ပန်တီလေးနဲ့ ကလေး ဘယ်လိုရအောင် လုပ်လို့ရမှာ...အဲ့ဒါဆို ကျုပ်က ဘယ်မှာ ပိုက်ဆံ သွားရတော့မှာ..."
"မျိုးမစစ်လေး....မင်းက ဒီရောက်နေပြီ ဆိုမှတော့ မင်းကို အမှန်အတိုင်းပဲ ပြောပြလိုက်မယ်..."ကျန်ရုန်ချန် အပြုံးလေးဖြင့် "မင်း အရူးလုပ်ခံလိုက်ရပြီ..ရှိသမျှ ပိုက်ဆံတွေ အကုန်ထုတ်..စီတီတိုပါ မချန်နဲ့...မဟုတ်ရင် ဒီကနေ အသက်ရှင်လျက် ထွက်သွားဖို့ စိတ်မကူးနဲ့...."
"ငိုးပဲ...ခုခေတ်လူတွေက တကယ်မယုံရတော့ဘူးဟ..ကလေးရအောင် လုပ်ပေးရင် ပိုက်ဆံပေးမယ်ပြောပြီး ဒီရောက်တော့ ဓားပြတိုက်ခံနေရတယ်တဲ့လား....ခင်များတို့မှာ ကိုယ်ကျင့်သိက္ခာဆိုတာ မရှိတော့ဘူးလား...."
"ရှိစရာ လိုလို့လား....အဲ့ကိုယ်ကျင့်သိက္ခာကြီးက စားလို့မှ မရတာ...အပြစ်တင်ချင်ရင် မင်းရဲ့ ဉာဏ်မမှီတဲ့ ဦးနှောက်ကိုသာ အပြစ်တင်လိုက်တော့"
ကျန်းရုန်ချန် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "စောနတုန်းက ဆီးသီး ပြောတာတော့ မင်းတို့ အီရန်ဘွိုင်းတွေက ပုစွန်ဦးနှောက်တွေတဲ့...အကျိုးမြတ်ကို မြင်တာနဲ့ ထောင်ချောက်ထဲ တန်း၀င်လာလိမ့်မယ်တဲ့..အဲ့ဒီတုန်းကတော့ ငါမယုံခဲ့ဘူး..ခုတော့ လောကကြီးမှာ မင်းတို့လို သောက်ပိန်းတွေ ရှိသေးပါလားဆိုတာ ငါယုံကြည်သွားပြီ..."
ထိုသို့ပြောပြီးနောက် ကျန်းရုန်ချန် သူ့ခါးနောက်ကျောရှိ ဓားမြောင်ကို ထုတ်ကာ "လက်ထဲမှာ ကိုင်ထားတာ ဓားနော်..နှင်းဆီပန်းမဟုတ်ဘူး...အပိုမပြောနဲ့ ..ရှိတာအကုန်ထုတ်..မရှိရင် မင်းမှာပါတာ ဖြုတ်ရောင်းမယ်...."
"ဟင်း...ခင်များတို့က တော်တော် ကောက်ကျစ်တဲ့ လူယုတ်မာတွေပါလား..."လင်းရီ သက်ပြင်းချလိုက်ပြီး "ခင်များတို့ ကလေးရအောင် လုပ်ပေးမယ့်လူကို ရှာနေတယ်လို့ သတင်းကိုမြင်တော့ ကျုပ်ရင်ထဲမှာ ခံစားချက်တွေ ဘယ်လိုတောင် ရှုပ်ထွေးသွားတာသိလား...ခင်များတို့ကို ကူညီပြီးတော့ ဆွေမျိုးတော်ရအောင် ဆိုပြီး ကျုပ်သူငယ်ချင်းကိုတောင်မှ တကူးတက အကူညီတောင်းခဲ့ရတာကိုဗျာ...ခုတော့ စေတနာတွေ အစော်ကားခံလိုက်ရသလိုတောင် ခံစားနေရတယ်.."
"သောက်ရေးမပါတာတွေ လာပြောမနေနဲ့..အပြစ်တင်ချင်ရန် မင်းသောက်ဦးနှောက်မရှိတာကိုပဲ အပြစ်တသ်လိုက်...ဒီကနေ့ သိကြားမင်းဆင်းပြီး မင်းကို လာကယ်မယ်ဆိုရင်တောင်မှ မရစေရဘူး..မြန်မြန် ရှိသမျှ အပုန်ထုတ်စမ်း..."
"မင်းတို့ကောင်တွေက စကားကောင်းကောင်း မပြောချင်ဘူးဆိုမှတော့ ကျုပ်ကို ရက်စက်တယ်ဆိုပြီးတော့ အပြစ်မတင်နဲ့ပေါ့ကွာ..."
"ငါ့ဖျင်ကြီးကိုပဲ လာရက်စက်လာပါလားကွ..."ကျန်းရုန်ချန် ဆဲဆိုလိုက်ပြီး "ဒီမှာ ငါတို့ဘက်က သုံးယောက်..လက်ထဲမှာလည်း ဓားတွေကိုင်ထားသေးတယ်...မင်းက သုံးယောက်တစ်ယောက် ယှဉ်ဖိုက်နိုင်လို့လားကွ..."
"ကျုပ်တစ်ယောက်တည်းဆိုရင်တော့ မလုပ်နိုင်ဘူး..ဒါပေမယ့် ကျုပ်ကောင်တွေလည်း ပါသေးတယ်လေ.."
လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
"မင်းရဲ့ ဘယ်ကောင်တွေကို ပြောနေတာ ..ဒီအခန်းထဲမှာ မင်းတစ်ယောက်တည်း ရှိတယ်..ထွက်ပပြေးရအောင်လည်း တံခါးက လော့ခ်ချထားပြီးသား..."
"တကယ်ကြီးလား..."
"ဟျောင့်တွေ ..၀င်လာခဲ့လိုက်တော့..."
လင်းရီ အော်ဟစ်လိုက်သည်။
ဒုန်း ဒုန်း ဒုန်း..
လင်းရီ၏ အမိန့်ပေးသံလည်း ကြားရော တံခါးကို တဘုန်းဘုန်း ဆောင့်ကန်နေသည့် အသံများ ထွက်ပေါ်လာပြီး နံရံများမှာလည်း ပြိုကျလုမတတ် တသိမ့်သိမ့် တုန်နေလေသည်။
ကျန်းရုန်ချန်နှင့် လျိုမေ့တို့ အံ့အားသင့်သွားခဲ့ကြသည်။
လူတွေ ဘယ်လောက်တောင် ရှိနေလို့ အိမ်ပြိုမတတ် ဖြစ်နေတာလဲဟ...
ဒုန်း ဒန်း...ဒုန်း...
ဘုန်း
မိနစ်၀က်အတွင်း သံတံခါး အဟောင်းကြီးမှာ လျိုယင်းရှီနှင့် ကျန်သူများ၏ ခြေကန်ချက်ကြောင့် နံရံမှ လွင့်ထွက်သွားခဲ့သည်။
တံခါးပွင့်လာပြီးနောက် လူဆယ်ဦးထက်မနည်း အခန်းထဲသို့ ပြေး၀င်လာကြပြီး အားလုံး လင်းရီရှေ့ ရပ်၍ ဒိုင်းသဖွယ် အကာကွယ် ပေးထားကြ၏။
အံ့အားသင့်သွားကြသည်။
ကျန်းရုန်ချန်နှင့် ကျန်သူများအားလုံး အံ့အားသွားကြသည်။
ဒီလူတွေက ဘယ်သူတွေလဲဟ...
ပြီးတော့ ကြောက်ဖို့လည်း ကောင်းလိုက်တာ အကြောအပြိုင်းပြိုင်းနဲ့...
"မင်း...မင်းငါတို့ကို လှည့်စားတယ်..."
"လှည့်စားတယ်..."
လင်းရီ အပြစ်ကင်းသည့် လေသံဖြင့် "သူပဲ ကလေးရဖို့အတွက် ပိုက်ဆံ ၂ မီလီယမ်လောက် သုံးချင်နေတာမဟုတ်လား..ကျုပ်တစ်ယောက်တည်းဆို ဒီလောက် ခက်ခဲတဲ့ မစ်ရှင်ကြီးကိုမလုပ်နိုင်မှာဆိုးလို့ တပ်ကူတွေပါ ခေါ်လာခဲ့တာလေ..ကျုပ်ဘက်က ခင်များတောင်းဆိုတဲ့အတိုင်း တာ၀န်ကျေပြီးသားပဲ..ဒါပေမယ့် ခင်များတို့ဘက်က ဘာလို့ကတိမတည်တာ...ဒါ ကိုယ့်ကျင့်သိက္ခာ ဖောက်ဖျက်တာပဲကွ..."
"ဖက်ခ်...မင်းက ဒီလောက်လူတွေ အများကြီး ခေါ်လာခဲ့မှတော့ ငါ့မိန်းမကို အသာထားဦး ..၀က်မတောင်မှ အမြုပ်ထွက်ပြီး ဂစ်သွားလောက်တယ်...မင်း ဒါ ရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်လား.. "
လင်းရီ ပခုံးတွန့်လိုက်ပြီး "ကျုပ်က ကျုပ်တာ၀န်ကို ကျေချင်ရုံပဲ..၀န်ဆောင်မှုအပြည့်ပေးတာနော်..."
ကျန်းရုန်ချန် သေချင်နေတော့၏။
ဒီမြို့ကြိးက အရမ်း အမှောင်ဘက်ကျလွန်းတယ်..သူ့လို ကလေးလေးက ဒီလိုနေရာမျိုးမှာ ရှင်သန်နိုင်မှာ မဟုတ်ဘူး..
"ချန်..အစ်ကိုချန် ..ကျုပ်... ကျုပ်.တို့ခု ဘယ်လိုလုပ်ကြမလဲ...ဟိုဘက်က ဆယ်ယောက်ကျော်တယ်နော်..."ကျန်းရုန်ချန်၏ လက်အောင်ငယ်သားတစ်ဦးမှ မေးလိုက်လေသည်။
"ငါတော့ ဆယ်လောက်လုံးတောင် မလိုဘူးလို့ထင်တယ်..သူတို့ထဲက တစ်ယောက်လောက်ပဲ ထွက်လာရင်တောင်မှ ငါတို့ သုံးယောက်လုံးကို အမှောက်သိပ်လို့ရနေပြီ..."
ဒုတ်...
ကျန်းရုန်ချန် လက်ထဲရှိ ဓားမြောင်မှာ ကြမ်းခင်ပေါ်၌ စိုက်သွားခဲ့ပြီး ကြောက်လန့်လွန်း၍ ခြေလက်များ တုန်ခါနေကာ "အစ်ကိုကြီး..ဒါက အထင်လွဲတာပါ....ကျုပ်တို့မှာ စားစရာ မရှိလို့ ခုလို လုပ်ရတာပါဗျာ...နောက်ထပ် အခွင့်ရေးလေး တစ်..တစ်ခါလောက်ပဲ ပေးပါဗျာ...ဒီလိုမျိုး လှည့်စားတဲ့ အလုပ်တွေထပ်မလုပ်တော့ဘူးလို့ ကျိန်ဆိုပါတယ်..."
"အဲ့လိုမရဘူးလေကွာ..ငါက မင်းတို့ စိတ်ကျေနပ်အောင်လို့ဆိုပြီးတော့မှ လူတွေ ဒီလောက်အများကြီး ခေါ်လာခဲ့ရတာကို ခုလိုလုပ်နေတော့ ငါ့စေတနာတွေ အလဟဿ ဖြစ်ကုန်မှာပေါ့ကွ..."
လင်းရီ လျိုမေ့ကို ညွှန်ပြလိုက်ပြီး "လျိယင်းရှီ...ဒီအမျိုးသမီးရဲ့ မျိုးရိုးနာမည်ကလည်း လျိုပဲဟ...မင်းနဲ့ သွေးဝေးတဲ့ ဆွေမျိုးတွေလားတော့မသိ..ကဲပါ ဘာပဲဖြစ်ဖြစ် မင်းဒီနေ့ သူ့နားကနေ ကြယ်ငါးပွင့်ရီဗျူး ရအောင် မလုပ်နိုင်ဘူးဆိုရင် မင်းရဲ့ အရည်အချင်းကို မေးခွန်းပြန်ထုတ်ရတော့မယ်..."