← Chapters

Vol. 15 Ch. 220

Vol. 15 Ch. 220

Vol. 15 Ch. 220

Vol. 15 Ch. 220

"စိတ်ချပါဗျ..ကျုပ်ဒီတာ၀န်ကို ကျေပွန်စေရမယ်လို့ အာမခံတယ်ဗျာ..."

လျိုယင်းရှီ ယုတ်မာတော့မည့် အပြုံးကြီးဖြင့် ပြုံး၍ လျိုမေ့ထံ လျှောက်သွားလိုက်သည်။

"ဆီးသီး..ပြေး.........ငါတောင်းပန်ပန်ပါတယ်ကွာ..."

"တော်ပြီ...ကျွန်မ ရှင့်ကို မထားခဲ့နိုင်ဘူး...ကျွန်မတို့အတူ လက်တွဲပြီး ပြန်ခုခံကြမယ်..."

လင်းရီ :"...."

ဘာလို့ ခုမှလာပြီး သောက်ပိုတွေ လုပ်ပြနေတာလဲကွ...

ကျန်းရုန်ချန် လုံး၀ ခံစားသွားခဲ့ရသည်။

ငါဘာလို့ သူ့ကို တန်ဖိုးမထားခဲ့မိပါလိမ့်ကွာ...မိုးနတ်မင်းကြီးရေ..ဟော့ဒီက ငမိုက်သားကြီးကို တစ်ခါလောက်ပဲ ဖြစ်ဖြစ် အမှားပြင်ဆင်ခွင့်လေး ပေးပါ...

"ခင်များနာမည်က လျိုမေ့..ဟုတ်တယ်နော်..."လင်းရီ မေးလိုက်သည်။

"ဟုတ်..ဟုတ်ပါတယ်ရှင်.."

"ကျုပ် ခင်များ ကျေနပ်အောင် လုပ်ပေးဖို့ ဆိုပြီးတော့ လူတွေ တကူးတက ရှာပေးထားရတာနော်...ကျေနပ်လား မကျေနပ်လားဘူးပြော..."

"ဟုတ် ဟုတ် ကျေနပ်ပါတယ်ရှင်..."

"အဲ့တာဆိုလည်း ကြယ်ငါးပွင့် ရီဗျူး ပေးတော့လေ..ပြီးရင် လစ်တော့မယ်..စိတ်ချ ခင်များတို့ ပျော်နေတာလေးတွေကို မပျက်ဆီးစေရဘူး..."

"ကောင်း ကောင်းပါပြီ..."

လျိုမေ့ သူမဖုန်းကို ထုတ်လိုက်ပြီး လင်းရီကို ကြယ်ငါးပွင့်ရီဗျူး ပေးလိုက်လေသည်။

"ဒီတိုင်း ကြယ်ငါးပွင့်ကြီး မပေးနဲ့လေကွာ..ဘာညာသာရကာ စာလေးနည်းနည်းပါးပါးလည်း ပါမှ ယုံကြည်ဖို့ ကောင်းမှာပေါ့ဟ.."

"အော်..ဟုတ် ဟုတ် ..ခုပဲ လုပ်လိုက်ပါ့မယ်..."

လျိုမေ့ သူမဖုန်းကို ပြန်ထုတ်လိုက်ပြီး နောက်တစ်ကြိမ် ရီဗျူးအသစ် ပြန်ပေးလိုက်၏။

"ပြီး...ပြီးပြီနော်..."

"အိုကေ...ခင်များစိတ်တိုင်းကျတဲ့အထိသာ ပျော်ပေတော့ဗျာ..ကလေးတစ်လပြည့်တဲ့နေ့ကျရင်လည်း ဖိတ်ဖို့ မမေ့နဲ့ဦးနော်...ဟုန်ပေါင်းအကြီးကြီးပေးမယ် သိလား..."

ကျန်းရုန်ချီကတော့ တစ်ခွန်းမျှပင် မဟရဲချေ။

လင်းရီမှ သူ့ကို အရေခွံနွှာတော့မည်ဟု တဆုံး တွေးထားပြီးဖြစ်၏။ ထို့ကြောင့် ကြယ်ငါးပွင့်ရီဗျူးလေး တောင်းနေသည်ကို သောက်ဂရုစိုက်မနေတော့။

"မလှုပ်နဲ့...""

လင်းရီ ကြယ်ငါးပွင့်ရီဗျူးရ၍ ကျေနပ်နေတုန်း နောက်မှ အေးစက်သည့် အမိန့်ပေးသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

လှည့်ကြည့်လိုက်သောအခါ တံခါးအပြင်ဘက်တွင် ရဲများစွာ သေနတ်ကိုယ်စီနှင့် သူတို့ကို ချိန်ထားကြောင်း တွေ့လိုက်ရ၏။

လျိုယင်းရှီတို့မှာ တံခါးကို တဘုန်းဘုန်းကန်ကျောက်၍ အိမ်ထဲသို့ ဖောက်၀င်လာခဲ့သောကြောင့် အိမ်နီးချင်းများမှာ ဓားပြ၀င်တယ်ထင်ပြီး ၉၁၁ ကိုအကြောင်းကြားလိုက်ခြင်း ဖြစ်လောက်သည်။

မဟုတ်ပါက ထိုရဲများမှာ ဒီနေရာ၌ ဘာဖြစ်နေလဲဆိုတာ သိလိမ့်မည်တောင်မဟုတ်။

" အရာရှိကြီး...မင်္ဂလာပါဗျ...."

ရဲကိုမြင်‌တော့ လင်းရီ လည်း အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။

"ပြောင်စပ်စပ် လာလုပ်မနေနဲ့..ဘေးမှာ သေချာရပ်ပြီးတော့ ဘာဖြစ်ခဲ့လဲဆိုတာ ပြောစမ်း..."

"အာ..ဒီလိုပါဗျ...."လင်းရီပြောလိုက်ပြီး

"ကျုပ်က မေ့ထွမ် လက်အောက်က အီရန်ဘွိုင်းပါ...ဒီက အမျိုးသမီးက သူ့ကို ကလေးရအောင် လုပ်ပေးမယ်ဆိုရင် ပိုက်ဆံတွေ အများကြီး ပေးမယ်‌ဆိုပြီးတော့ အော်ဒါတင်ထားပါတယ်...အဲ့တာနဲ့ စေနာသဒ္ဓါတရား ထက်သန်လွန်းတဲ့ ကျွန်တော်ကလည်း သန်မာထွားကြိုင်းတဲ့ ကျွန်တော့်ဘော်ဒါတွေနဲ့ အတူ ဒီကို အပြေးကလေးလာပြီး ကူညီပေးတာပေါ့ဗျာ...အမှန်အတိုင်း ပြောရရင် ကူညီရရင်ကို ကျေနပ်နေပြီ...ပိုက်ဆံက မပေးလဲရတယ်....ဒါပေမယ့် ဒီရောက်တော့ ဓားပြတိုက်ခံရလိမ့်မယ်လို့ ဘယ်ထင်ထားမှာ...ဟိုက ဓားကြီးပြပြီး ခြိမ်းခြောက်နေတာလေ...အဲ့တာနဲ့ ကျုပ်တို့‌တတွေလည်း မတတ်နိုင်တော့ပဲ ပြန်ချရတော့တာပေါ့...ဟူး ...အရာရှိကြီးတို့ အရောက်မြန်ပေလို့ပေါ့ဗျာ...မဟုတ်ရင် ကျုပ်တို့ ဆက်တောင့်ခံနိုင်မှာတောင် မဟုတ် တော့ဘူး.... "

ကျန်းရုန်ချန် မျက်နှာ စိမ်းပုပ်သွားခဲ့သည်။

ဟျောင့် ဘာသောက်တလွဲတွေ လျှောက်ပြောနေတာတုန်ူကွ...

ခံရတဲ့ကောင်တွေက ငါတို့လေကွာ...မင့်ကြီးတော်ကြီးကို တောင့်မခံနိုင်တာလား....

လျိုမေ့လည်း အမူအရာ အမျိုးမျိုး ပြောင်းနေပြီး စိတ်ထဲတွင် တိတ်တဆိတ် ‌ကျိန်ဆဲနေလေ၏။

"ရှင်တို့ကလည်း ဗမာကား‌တွေထဲက အတိုင်းပဲ...ဘာလို့ ဒီထက် နောက်ကျပြီးမှ ရောက်မလာခဲ့တာလဲ....."

မူလကတော့ ရဲအရာရှိကြီးမှာ ဤအမှုက်ု သာမန် ဖောက်ထွင်းသည့်အမှုဟုသာ တွေးထင်နေလေသည်။ သို့သော်လည်း ငွေပမာဏအများကြီး ဟုသော စကားကို ကြားလည်း ကြားရော ချက်ချင်းအမူအရာ ပြောင်းသွားခဲ့၏။

ယနေ့ခေတ်၌ ယခုလို အွန်လိုင်းမှတစ်ဆင့် ငွေလိမ်လည်မှုများမှာ အတော်လေးကို တွင်ကျယ်နေလေသည်။ ထိုကဲ့သို့သော အမှုများကိုလည်း အမြဲတမ်းနီးပါး ထိတွေ့ ကိုင်တွယ်နေရသောကြောင့် ဘာဖြစ်လဲဆိုတာတောင် ထွေထူး စဉ်းစားနေရန် မလိုတော့ချေ။

သို့သော်လည်း သူ့ရှေ့ရှိ လူငယ်လေးကတော့ တရားမျှတမှု ဘက်တော်‌သား ဖြစ်ပုံရသည်။ လူအများကြီးခေါ်ပြီးတောင်မှ ပြန်ချရန် ဟန်ပြင်နေလေ၏။

ကောင်းလေစွ။ သူ၏ လေးစားမှုနှင့် ထိုက်တန်ပေသည်။

"ကောင်းပြီ ဒီကောင်တွေကို ခေါ်သွားလိုက်တော့..."

ထို့နောက် လင်းရီကို ကြည့်၍ "ငါ့ညီတို့လည်း စခန်းခဏ လိုက်ခဲ့ပေးဦး..ဒီတိုင်း နည်းပါး ထွက်ဆိုချက်လေးပေး ရုံပါပဲ...သာမန် လုပ်ရိုးလုပ်စဉ်လေးပေါ့..."

"အာ...အရာရှိကြီး ကျွန်တော့်ကို လွှတ်ပေးလိုက်လို့မရဘူးလား...ကျုပ်က ဒီတိုင်း သာမညောင်ည အီရန်လုပ်နေရတဲ့ ကောင်လေးပါဗျာ..ပြီးတော့ ကျွန်တော့်မိသားစုက ငွေလည်း သိပ်ရှိတာမဟုတ်ဘူးဗျ....အရာရှိကြီးတို့နဲ့ လိုက်ခဲ့ရင် အရမ်းကြာသွားမှာ ဆိုးလို့ပါ...."

"အစ်ကိုတုန်..သူ့ကို လွှတ်ပေးလိုက်ပါလားဟင်...သူက ဘာမှ မှားထားတာလည်း မဟုတ်ဘဲနဲ့..."ဆံပင်အတိုနှင့် အမျိုးသမီး ရဲအရာရှိမှ ကူပြောပေးလိုက်၏။

"ဟုတ်တယ် အစ်ကိုတုန်...ညီမလေးမုန့်ပြောတာမှန်တယ်..ထွက်ဆိုချက် ပေးတာက အနည်းဆုံးတော့ နှစ်နာရီလောက်ကြာတယ်...ဥပဒေဆိုတာက အကူညီတစ်ခုထက် မပိုဘူးမဟုတ်လား...ဒီတော့ သူ့ကို အတင်းအဓမ္မကြီး ခေါ်မနေပါနဲ့နော်...."

"အဟမ်း အဟမ်း..."ဇွတ်ပြီး ကူပြောပေးနေသော အမျိုးသမီးရဲအရာရှိ နှစ်ယောက်ကို ကြည့်ရင်း လီတုန်း အကြိမ်ရေ အနည်းငယ်ခန့် ချောင်းဟန့်လိုက်သည်။

"နင်တို့နှစ်ယောက်...စကားပြောရင် အချိန်နဲ့ နေရာလေးလည်း ကြည့်ပြောကြဦး..၀တ်ထားတာ ကယူနီဖောင်းနဲ့နော်..."

"အမှန်ပြောနေတာပဲကို..."ဆံပင်အတိုနှင့် အမျိုးသမီးအရာရှိမှ ပြောလိုက်ပြီး "ဒီရဲ့ အီရန်ဘွိုင်းက သူအလိမ်ခံရမှန်းသိတာတောင်မှ တရားမျှတမှုအတွက် ခုခံပေးခဲ့တာလေ...အဲ့တာကြောင့် ညီမတို့ သူ့ကို အတင်းထွက်ဆိုချက် ပေးခိုင်းဖို့ လိုမယ်လို့တော့ မထင်ဘူး....ဂုဏ်တောင် ပြုပေးရဦးမှာ..."

"ဟုတ်တယ်...ထောက်ခံတယ်.."နောက်တစ်ယောက်မှလည်း ၀င်ပြောပေးလိုက်သည်။

"ပြီးတော့ ဒီလူလိမ်လေးကောင်ကိုလည်း စခန်းရောက်ရင် သေချာလေး ပညာပေးရမယ်..ညီမတို့သာ စောရောက်မလာခဲ့ရင် အီရန်ဘွိုင်းလေးကတော့ ရုပ်ပျက်ဆင်ူပျက်တွေ ဖြစ်ကုန်တော့မှာပဲ.."

"ဟင်း...သူ ရုပ်ပျက်ဆင်းပျင် ဖြစ်ရင်တောင်မှ သူ့ရဲ့ လက်ကျန်ဘ၀တစ်လျှောက်လုံးအတွက် တာ၀န်ယူပေးဖို့ ဆန္ဒရှိပါတယ်လေ"

ဖက်ခ်...ဘာတွေ ဆန္ဒရှိနေတာလည်း...ခင်များတို့ သောက်လုံးနဲ့ သေချာကြည့်စမ်း..ခံရတဲ့သူက ငါပါဟ...

"ကောင်းပြီလေ..ငါ့ညီမတွေ ဒီလောက်ပြောနေမှတော့ လွှတ်ထားလိုက်တော့မယ်..ဘာပဲဖြစ်ဖြစ် လုပ်ရိုးလုပ်စဉ်လေးပဲမလား..."

လီတုန်း လက်ဝှေ့ယမ်း၍ သု့လုပ်ဖော်ကိုင်ဖက်များကို ခေါ်လိုက်ပြီး "ဒီလေးကောင်ကို ခေါ်သွားပြီး စစ်ဆေးရေးဌာနကို ‌ပို့ထားလိုက်။။..."

"နားလည်ပါပြီ အစ်ကိုတုန်.."

မိနစ်အနည်းငယ် ကြာပြီးနောက် ကျန်းရုံချန်နှင့် အပေါင်းအပါတစ်သိုက်တို့ စတီးလက်ကောက်လေးများဖြင့် ရဲကားဆီသို့ ခေါ်ဆောင်ခြင်း ခံလိုက်ရသည်။

အုပ်စုမှာ ခြံပေါက်၀သို့ ရောက်လာခဲ့ပြီးနောက် လီတုန်း လင်းရီကိုကြည့်ကာ "ခုလို ကူညီပေးလို့ ကျေးဇူးပဲကွာ ငါ့ညီ...ပြန်ရောက်မှပဲ မင်းရဲ့ ရဲဝံ့မှုအတွက် ဂုဏ်ပြုမှတ်တမ်း လုပ်ပေးတော့မယ်..."

"မလိုပါဘူးဗျာ..ကောင်းသူကိုကယ်ပြီး မကောင်းသူကိုဖယ်ရမှာက ကျွန်တော်တို့ရဲ့ တာ၀န်ပဲ မဟုတ်လား..."

"အစ်ကိုတုန်..မြင်လား..သူ့မှာ တရားမျှတတဲ့ စိတ်ဓာတ်ရှိပြီးတော့ အရမ်းလည်း နိမ့်ချတယ်နော်..လူတိုင်ူ သူ့ဆီကနေ သင်ယူကြရင် ဘယ်လောက်တောင် ကောင်ူလိုက်မလဲ..."ဆံပင်အတိုနှင့် ရဲ၀န်ထမ်း အမျိုးသမီးမှ ပြောလိုက်၏။

"ညီမတို့ သူ့ကို သီးသန့်အင်တာဗျူးပြီး သူ့ရဲ့ သူရဲကောင်းဆန်မှုကို ကျိုးဟိုင်တစ်မြို့လုံး သိအောင် ကြေညာကြရင်ကော ..."

"အာ..အဲ့လိုတွေ မလုပ်ပါနဲ့ဗျာ..ကျုပ်က ဒီတိုင်း မထင်မရှားလေးပဲ နေချင်တာ...သီးသန့်အင်တာဗျူး လုပ်ဖို့ရာကတော့ မေ့လိုက်ကြတာပေါ့.."လင်းရီပြောလိုက်၏။

လင်းရီတွင် လုပ်စရာ အများကြီး ရှိနေသေးသောကြောင့် ထိုကိစ္စအတွက် အချိန်မပေးချင်ပေ။

"ကောင်းပြီလေ..အဲ့တာဆိုလည်း မေ့လိုက်ကြတာပေါ့.."လီတုန်း အပြုံးလေးဖြင့် ပြောလိုက်ပြီး သူ၏ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ထွက်သွားခဲ့လေသည်။

ရဲများ ထွက်သွားပြီး‌ေနာက်လူအုပ်ကြီးမှာလည်း လူစုခွဲသွားကြ၏။ လင်းရီ ကားထဲမှ အနက်ရောင် အထုပ်တစ်ထုပ်ကို ယူလိုက်ပြီး "ဒီနေ့ ကူညီပေးတဲ့အတွက် ကျေးဇူးပဲကွာ.....ဒီထဲမှာ ယွမ် ၂၀၀,၀၀၀ ပါတယ်..ညီကိုတွေ မျှယူကြပေါ့..."

"မလုပ်ပါနဲ့ဗျာ..မစ္စတာလင်းက သခင်လေးချင်းရဲ့ သူငယ်ချင်းကောင်းဆိုတော့ ကူညီပေးရမှာက ကျွန်တော်တို့ တာ၀န်ပါပဲ..လက်မခံပါရစေနဲ့ဗျာ..."

သို့နှင့် လျိုယင်ရှီးနှင့် ကျန်သူများ လင်းရီကို ပိုက်ဆံပေူရန် အခွင့်ရေး မပေးဘဲအလောသုံးဆယ်ဖြင့် ၎င်းတို့ကားထံ ပြေးသွားကြလေသည်။

လင်းရီ အိတ်ကို ကားထဲသို့ ပြန်ထည့်လိုက်သည်။ သူအချိန်ရမှပဲ ချင်းဟန်ကို ကျေးဇူးတင်သည့်အနေနှင့် တစ်နပ်လောက် ပြုစုလိုက်တော့မည်။

မစ်ရှင် ပြီးမြောက်နှုန်းမှာ (၁၇/၂၀)သို့ ရောက်နေသည်ကိုလည်းမြင်တော့ လင်းရီ ရွှင်မြူးသွားခဲ့သည်။ အကယ်၍ ကံတရားသာ စောင်မပါက ယနေ့အတွင်း မစ်ရှင်ပြီးမြောက်ရန် သေချာလေသည်။

နေ့လည်အချိန် နီးနေပြီ ဖြစ်သောကြောင့် နီးရာ နေရာ၌ နေ့လည်စာ ၀င်စားပြီးနောက် အလုပ်စတင်တော့၏။

အချိန်မှာ ညနေလေးနာရီ ထိုးပြီးဖြစ်သည်။ လင်းရီလည်း ရီဗျူးငါးခု လက်ခံထားပြီးဖြစ်၏။

သို့သော်လည်း သုံးခုမှာ အသင့်တင့် ရီဗျူးများသာ ဖြစ်နေပြီး ကြယ်ငါးပွင့်ရီဗျူး နှစ်ခုတည်းသာ ရရှိခဲ့လေသည်။

မစ်ရှင်ပြီးမြောက်ရန် ရီဗျူးကောင်း တစ်ခုတည်းသာ လိုအပ်သောကြောင့် မပေးရကောင်းလားဟု စိတ်ထဲ မြင်ယောင်လာသူမှန်သမျှကို ကျိန်ဆဲနေတော့၏။

ကလင် ကလင် ကလင်

လင်းရီ နောက်ထပ် ကြယ်ငါးပွင့် ရီဗျူးရရန် ကြိုးပမ်းတော့မည့်အချိန်တွင် ၀မ်းရင်းထံမှ ဖုန်း၀င်လာခဲ့၏။

"ရီ....နင်ခု ဘယ်မှာလဲ..ငါ့ကို လာကြိုပေးလို့ ရမလားဟင်..."၀မ်ရင်း ငိုသံကြီးဖြင့် ပြောလာခဲ့သည်။

All Chapters