← Chapters

Vol. 15 Ch. 221

Vol. 15 Ch. 221

Vol. 15 Ch. 221

Vol. 15 Ch. 221

"ဘာဖြစ်တာလဲ အစ်မရင်း.."

လင်းရီ စိတ်ပူမိသွားပြီး မသိလိုက်စွာဖြင့် အသံကိုမြင့်ပြီး မေးလိုက်၏။

နှစ်ယောက်မှ နှစ်၀က်နီးပါးခန့် အလုပ်အတူတွဲလုပ်ဖူးသောကြောင့် လင်းရီ သူမအကြောင်း ကောင်းကောင်းသိသည်။ အကယ်၍ သူမ ကိုင်တွယ်နိုင်သည့်အရာဆိုပါက မျက်ရည်လွယ်သည့် အမျိုးသမီးမဟုတ်ကြောင်း ‌လင်းရီ ကောင်းစွာ နားလည် ပေသည်။

"အစ်မခု မြူးဇစ်စကွဲနားလေးက ရေပန်းဘေးမှာ...ငါ့ကို လာကြိုပေးပါလား..."

"ဒါပေါ့...အဲ့မှာပဲ စောင့်နေနော်...ဘယ်မှလည်း လျှောက်သွား‌မနေနဲ့ဦး.."လင်းရီ အလျင်လိုနေသည့် အသံဖြင့် ပြောလိုက်၏။

စိတ်ထွက်ရာ ရှာသည့်အနေဖြင့် သူမ လျှောက်သွားမည်ကိုလည်း စိတ်ပူနေရသည်။

လင်းရီထိုနေရာသို့ ရောက်သည့်အချိန်တွင်တော့ ၀မ်ရင်းမှာ လှေကားပေါ်တွင် အနက်ရောင် ခရီးဆောင်အိတ်တစ်လုံးနှင့်အတူ ထိုင်နေပြီး တစ်ကိုယ်တည်း ခြေဦးတည့်ရာလျှောက်သွားနေသည့် အထီးကျန်ဆန်သော အမျိုးသမီးတစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။

"အစ်မရင်း..."

၀မ်ရင်းကို မြင်တော့ လင်းရီ ကားထဲမှ ရေးကြီးသုတ်ပျာဖြင့် ထွက်လာခဲ့၏။

၀မ်ရင်း ခေါင်းမော့ပြီး လင်းရီကို ဖက်ကာ ရင်ခွင်ထဲသ့်ု မျက်နှာအပ်၍ ငိုချင်းချတော့သည်။

"ရီလေး...အဟင့် အဟင့်..."

"ဟုတ်ပြီ..မငိုနဲ့တော့နော်..ဘာဖြစ်ခဲ့လဲဆိုတာသာ ကျွန်တော့်ကို သေချာလေးပြောပြ.."လင်းရီ ၀မ်ရင်းကို နှစ်သိမ့်ပေးသည့်အနေဖြင့် ကျောကို ဖြည်းညင်းစွာ ပွတ်သပ်ပေးလိုက်သည်။

ငိုကြွေးသည်က ပြဿနာဖြေရှင်းသည့်ပုံစံ မဟုတ်ချေ။ သူပြဿနာ၏ အကြောင်းရင်းအကြောင်းခံကို ရှာဖွေရပေမည်။

"ရီလေး....ခုငါ့မှာ နေစရာ မရှိတော့ဘူး..အိမ်ခြေရာမဲ့ ဖြစ်သွားပြီ...."

"အိမ်ခြေရာမဲ့..."

လင်းရီ သူမဆိုလိုသည်ကို နားမလည်ခဲ့။

ဘာလို့ အိမ်ခြေရာမဲ့ ဖြစ်သွားတာလဲဟ..

သူဘေးဘီကို ကြည့်မိတော့ လူတိုင်းသူတို့ကို ဝိုင်းကြည့်နေကြောင်း သတိထားမိသွားသည်။

"သွားစို့ အစ်မရင်း..ဒီနေရာက စကားပြောလို့ကောင်းတဲ့ နေရာမဟုတ်ဘူး..ကျွန်တော့်နေရာကို အရင်သွားပြီးတော့မှပဲ ဘာဖြစ်ခဲ့လဲဆိုတာ သေချာပြောကြတာပေါ့..."လင်းရီ ပြောလိုက်ပြီး "မပူနဲ့..တစ်ယောက်ယောက်ကသာ အစ်မရင်းကို အနိုင်ကျင့်တယ်ဆိုရင် ကျုပ်သူ့ကို အစိမ်းလတ်လတ် အရေခွံ-ခွာပစ်မယ်"

"အွန်းပါ..ကျေးဇူးပါနော်...အစ်မ နေစရာ ရှာတွေ့တာနဲ့ တန်းထွက်သွားမှာပါ..မောင်လေးရီကိုလည်း ဒုက္ခအများကြီး မပေးပါဘူး..."

"မဟုတ်တာတွေ တွေးမနေစမ်းနဲ့ဗျာ...."

လင်းရီ ၀မ်ရင်းကို ကားထဲသို့ ပွေ့ခေါ်လိုက်လာခဲ့လိုက်ပြီး ကျိုကျုံးဗီလာသို့ ခေါ်လာခဲ့လိုက်၏။

ခမ်းနားထည်ဝါလှသော ကျိုကျုံးဗီလာကြီးကို မြင်တော့ ၀မ်ရင်း စိတ်နည်ငြိမ်သွားခဲ့၏။ ကံမကောင်းစွာဖြင့် သူမ၏ နှလုံးသားလေးမှာ ၀မ်းနည်းမှုများနှင့် ပြည့်နှက်လို့နေသည်။

အိမ်ထဲသို့ရောက်သောအခါ လင်းရီ ၀မ်ရင်းအတွက် ရေနွေးကြမ်းတစ်အိုးကြိုပေးလိုက်ပြီး သူမထံ ကမ်းပေးလိုက်၏။

"အစ်မရင်း ခုလောက်ဆို စိတ်လည်း အနည်ကျလောက်ရောပေါ့..ဘာဖြစ်ခဲ့လဲဆိုတာ ပြောပြလို့ရပြီလား.."

၀မ်ရင်း ရေနွေးကြမ်းခွက်ကို လက်တစ်ဖက်မှ ကိုင်ထားပြီး ပကတိ တည်ငြိမ်နေသော လေသံဖြင့် "အစ်မတို့ ကွာရှင်းလိုက်ကြပြီ..."

"အဲ့တာကောင်းတာ‌ပဲ မဟုတ်ဘူးလား...."

လင်းရီ မအံ့ဩသွားခဲ့။ သူမတို့ အိမ်ထောင်ရေးမှာ အချိန်အတော်ကြာကတည်းက အဆုံးသတ်သင့်နေခဲ့၏။

ထို့ပြင် ယမန်နေ့ ကားမောင်းသင်ပေးသည့်ည၌လည်း ၀မ်ရင်း၏ အမျိုးသားကို အခြားမိန်းမတစ်ယောက်နဲ့ အတူတွေ့လိုက်ရလေသည်။ ကိုယ့်မျက်စိရှေ့တွင် ဖောက်ပြန်နေသည့် ယောက်ျားတစ်ယောက်အား မည်ကဲ့သို့သော မိန်းမသားမှ ဆက်လက်ပေါင်းသင်းနိုင်မည်နည်း။ ထို့ကြောင့် ၀မ်ရင်း၏ အမူအကျင့်အရ ကွာရှင်းပြတ်ဆဲလိုက်သည်မှာ မထူးဆန်းချေ။

"သူ အိမ်နဲ့ ကားကို ယူသွားတယ်..."

"ဘာ....သူကလည်း ဖောက်ပြန်သေးတယ်...ပြီးတော့ အစ်မရင်းအတွက်ကျတော့ ဘာမှ လည်း ချန်မထားပေးဘူးပေါ့...."လင်းရီ မျက်မှောင်ကုပ်လိုက်ပြီး "ဒါဘာသောက်ချိုးလဲဟ...."

"သူပြောတာတော့ အိမ်က သူ့နာမည်နဲ့တဲ့..အဲ့တာကြောင့် အိမ်ကို သူ့ဘက်က သိမ်းသွားတာ..."

"ကားကျတော့ကော..."လင်းရီမေးလိုက်ပြီး "ကျွန်တော် ကား၀ယ်တုန်းက အစ်မရင်းရဲ့ နာမည်နဲ့ ၀ယ်ပေးခဲ့တာ မဟုတ်လား...."

"ဘာလို့လဲဆိုတော့ ငါ့နာမည်ကြောင့်မို့ပဲလေ..လက်ထပ်ပြီးမှ ရလာတဲ့ ပစ္စည်းဆိုတော့ သူလည်းပိုင်တယ်တဲ့....အဲ့တာကြောင့် ကားလည်း ယူသွားတယ်...."

လင်းရီ တခဏမျှ ကြက်သေသေသွားခဲ့ပြီး ကျယ်လောင်စွာ ရယ်မောတော့သည်။

သူ အရှက်မရှိသည့် လူများစွာကို မြင်ဖူးသော်လည်း ထိုကောင်လောက် သောက်ရှက်မဲ့သည့်လူကိုတော့ မမြင်ဖူးသေးချေ။

"အဲ့တာနဲ့ပဲ အစ်မရင်းက အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဆင်းလာခဲ့တယ်ပေါ့..."လင်းရီ မေးလိုက်ပြီး "ပုံမှန်ဆို အစ်မရင်းက အဲ့လို ဘာမှ ပြန်မပြောရဲတဲ့ ငကြောက် မဟုတ်ပါဘူး..."

"သူ့မှာ စုန့်၀န်လုံဆိုတဲ့ ညီလေးတစ်ယောက်ရှိတယ်လေ...သူ့ညီမှာက အဆက်အသွယ်နဲ့ဆိုတော့ အိမ်နဲ့ကားကို ဘာတစ်ခွန်းမှ ပြန်ပြောဖို့ အခွင့်အရေးတောင် မပေးဘဲ ယူသွားခဲ့တာ...."၀မ်ရင်း မျက်တောင့် နီနီကြီးဖြင့် ပြောလိုက်၏။

"အစ်မဘက်က ပြန်ပြောရင်လည်း သူတို့က အစ်မကို မဟုတ်မဟတ်တွေ လုပ်ပြီး စွပ်စွဲတော့မှာလေ..."

"အဲ့ကောင် အဲ့လောက် အတင့်ရဲနေတာ မဆန်းတော့ပါဘူး..တစ်ယောက်ယောက်က နောက်ခံပေး‌ထားလို့ အဲ့လောက် ဇောင်းကြွနေတာကိုး...."

လင်းရီ အေးစက်စွာ ပြုံး၍ ပြောလိုက်သည်။

"အစ်မက သူနဲ့ ကွာရှင်းချင်တယ်ဆိုပေမယ့် အိမ်ကို တစ်ယောက်တစ်၀က် အညီမျှ ခွဲမှာပါ...ဒါပေမယ့် သူက အဲ့လိုလုပ်လိမ့်မယ်လို့တောင် ထင်မထားဘူး...."

"အင်း ...ခုလောလောဆယ်တော့ အစ်မရင်း ကျွန်တော့်ဆီမှာပဲ နေနှင့်ဦး...ကျွန်တော် ဒီကိစ္စကို ကိုင်တွယ်လိုက်မယ်...."

"ရီလေး..နင် ရူးရူးမိုက်မိုက်တွေ လျှောက်မလုပ်နဲ့နော်...."

၀မ်ရင်းပြောလိုက်ပြီး "အစ်မမှာ ယွမ်သောင်းဂဏန်းလောက်တော့ ကျန်နေသေးတယ်..အဲ့တာနဲ့ တိုက်ခန်း တစ်ခန်းလောက် ငှားကြည့်လိုက်မယ်....."

"ဟမ့်...သူက အိမ်ကို သိမ်းရုံတင်မကဘူး.ကျွန်တော်၀ယ်ပေးထားတဲ့ ကားကိုတောင်မှ ယူသွားတယ်ဆိုတော့ ဘယ်လိုလုပ် သည်းခံပေးလို့ရမှာ "

"ဒါပေမယ့် စုန့်၀န်လုံက လွယ်တဲ့သူတော့ မဟုတ်ဘူးနော်...နောက်ပြီး သူ့နောက်ခံကလည်း မသေးလောက်ဘုး..."၀မ်ရင်း စိုးရိမ်ကြီးစွာဖြင့် "ရီလေး နင်က စဉ်းစားတတ်တဲ့လူပါဟာ...သူတို့နဲ့ တုမနေပါနဲ့နော်..."

"ရတယ်...ကျွန်တော် သေချာလေး ဖြေရှင်းလိုက်မယ်..."လင်းရီ အသံနိမ့်လိုက်ပြီး "ခု သူတို့ ဘယ်ရောက်နေလဲဆိုတာ အစ်မရင်း သိလား...."

"စောနတုန်းကတော့ သူတို့ အိမ်မှာပဲ...ခုတော့ ကားနဲ့ ထွက်သွားလောက်ပြီထင်တယ်...."

"အစ်မရင်းရဲ့ ကားကို မောင်းသွားတာမလား..."

၀မ်ရင်း အတည်ပြုသည့်အနေဖြင့် ခေါင်းညိမ့်ပြလိုက်၏။

"အိုကေ..အဆင်ပြေပြီ..."

လင်းရီ ဖုန်းကို ထုတ်လိုက်ပြီး ချင်းဟန်ထံ ဆက်သွယ်လိုက်၏။

"ချင်းကြီး..ငါ့ကို တစ်ခုလောက် ကူညီကွာ..."

"ဟမ်..လင်းကြီး...တစ်ခုခု ဖြစ်လို့လားကွ...မင်းလေသံကြည့်ရတာ မူမမှန်ဘူး...ဘာကိစ္စလဲ...."ချင်းဟန် လေးနက်စွာဖြင့် မေးမြန်းလိုက်သည်။

"ထွေထူးတော့ မဟုတ်ပါဘူး..ငါ့ကို ကားတစ်စီးလောက် ကူရှာပေးရုံပဲ.."လင်းရီ ပြောလိုက်ပြီး "BMW7 စီးရီး လိုင်စင်နံပါတ်က A38140 မြန်မြန်ရလေ ကောင်းလေပဲ...."

"အိုကေ..ခုပဲ ရှာကြည့်လိုက်မယ်..ငါ့ဆီက သတင်းသာ စောင့်နေလိုက်...."

"ကျေဇူးပဲကွာ..ငါမင်းကို အကြွေးတင်သွားပြီ.."

"ယီးပဲ..မင်းက ဘာတွေ ပေးချင်‌သေးတာ....ညီကိုတွေပဲ မပြောပလောက်ပါဘူးကွာ...ငါ့ဆီက သတင်းသာ‌ စောင့်နေလိုက်တော့..."

ဖုန်းချပြီးနောက် လင်းရီ သူ၏ဖုန်းကို ဘေးသို့ ချထားလိုက်သည်။

"ခဏနေဆို သိရပြီ...."

ကျိုးဟိုင်ရှိ ချင်းမိသားစု၏ အဆက်အသွယ်ကွန်ရက်ကြီးနှင့်ဆိုပါက ထိုကဲ့သို့သော ကိစ္စသေးသေးလေးမှာ မပြောပလောက်ချေ။

ယင်းဖြစ်ရပ်က လင်းရီကို သက်ပြင်းချသွားစေသည်။ နေ့ချင်းညချင်း ချမ်းသာလာသော်လည်း ကျိုးဟိုင်ရှိ နှစ်ပိုင်းများစွာ ခြေကုန်ယူလာခဲ့သော မိသားစုကြီးများနှင့် နှိုင်းယှဉ်ပါက သူ၏ အဆက်အသွယ်ကွန်ရက်မှာ အတော်လေး လိုနေသေး၏။

ငါ ဒီထက်ပိုပြီး ကြိုးစားရဦးမယ်....

လင်းရီ နာရီကို တစ်ချက်ကြည့်လိုက်သောအခါ ခြောက်နာရီကျော်နေပြီး ဖြစ်ကြောင်းသတိထားမိသွားပြီး "၀မ်းနည်းမနေနဲ့တော့..ပြီးခဲ့တာတွေက ပြီးသွားပြီပဲလေ..." ၀မ်ရင်းကို ဖျောင်းဖြလိုက်ပြီး "ကွာလည်း ကွာရှင်းပြီးပြီးဆိုတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ နေလို့ရပြီပေါ့...မဟုတ်ဘူးလား...."

"အွန်း... ကွာရှင်းလိုက်တော့ အစ်မ တကယ့်ကို ပျော်တာသိလား...." ၀မ်ရင်း။ပြောလိုက်ပြီး "ဒါပေမယ့် တစ်ခုခုမှားနေသလို ခံစားနေရလို့..အစ်မက ကျိုးဟိုင် ဒေသခံ မဟုတ်ဘူးလေ..တကယ်လို့ မောင်လေးရီသာ ခေါ်မထားလို့ကတော့ အစ်မမှာ နေစရာ ရှိမှာတောင်မှ မဟုတ်တော့ဘူး... "

"နောက်တစ်မျိုးပြောင်းပြီး စဉ်းစားလိုက်ပေါ့.....ဒါလည်း ကမ္မတစ်မျိုးပဲ မဟုတ်လား....အနည်းဆုံးတော့ ကျွန်တော့်နား အကူညီတောင်းလို့ရ နေတာပဲလေ....."

"ဟုတ်သားပဲ "၀မ်ရင်း ရယ်‌ေမာလိုက်ပြီး "လွန်ခဲ့တဲ့ နှစ်၀က်လောက်တုန်းက နင့်ကို စောင့်ရှောက်ပေးခဲ့တာတွေက ခုချိန်ကျတော့ အကျိုးပြန်ပေးလာပြီလေ..."

"အင်း...ခုကျွန်တော် ကျေးဇူးတက်ဖို့ အချိန် ရောက်လာပြီပေါ့..."

၀မ်ရင်း ပြုံးလိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်လေသည်။ ယခု သူမ ခံစားချက်များ ပိုမိုကောင်းမွန်လာတော့၏။

"နင်ဗိုက်ဆာ နေပြီလား...အစ်မရီ တစ်ခုခု သွားချက်ပေးမယ်လေ...."

"မချက်နဲ့တော့..ကျွန်တော် အပြင်ကနေ မှာထားတယ်..အပေါ်ထပ်သွားပြီး ကြိုက်တဲ့ တစ်ခန်းသာ ရွေးထားလိုက်...ခုလောလောဆယ် ဘာမှ မစဉ်းစားနဲ့ဦး..."

"အွန်း...အရင်ဆုံး ရေသွားချိုးလိုက်ဦးမယ်..တစ်ကိုယ်လုံးလည်း ညစ်ပတ်နေတာပဲ...လူရုပ်နဲ့တောင် မတူချင်တော့သလိုပဲ..."

"ရတယ်..သွားချိုးလေ..."

၀မ်ရင်း သူမ ပစ္စည်းများကို အပေါ်ထပ်သို့ သယ်သွားချိန်တွင်တော့ လင်းရီ အောက်ထပ်၌ ထိုင်နေပြီး သူ၏ အစာအိမ်ကို ဖြည့်နေလေသည်။

"ရီ...နင်...နင့်ဆီမှာ ဘာလို့ မိန်းကလေး ပစ္စည်းတွေ ရှိနေတာလဲ...."၀မ်ရင်း အပေါ်ထပ်မှ လှမ်းအော်လိုက်ပြီး "မဟုတ်မှလွဲရော နင့်နေရာမှာ မိန်းကလေးတစ်ယောက်ယောက်ကများ နေသွားသေးတာလား..."

"ဘယ်သူမှ မဟုတ်ဘူး..အဲ့တာ ကျီချင်းရန်ရဲ့ ပစ္စည်းတွေ...သူက တစ်ခါတစ်လေ ဒီလာနေတယ်လေ...."

"မဖြစ်နိုင်တာ....ဥက္ကဌကျီက နင့်နေရာမှာ လာနေဖူးတယ်ပေါ့......"

"အင်း...ကျွန်တော် ၀ယ်၀ယ်ပြီးချင်းပဲ သူလာနေတာလေ....."လင်းရီ ချက်ကျလက်ကျဖြင့်ပြောပြလိုက်သည်။

"ဒီအခြေနေထိတောင် ရောက်နေပြီ....နင်က သူ့ကို ခုထိ မစားရသေးဘူးပေါ့.."

All Chapters