← Chapters

Vol. 15 Ch. 223

Vol. 15 Ch. 223

Vol. 15 Ch. 223

Vol. 15 Ch. 223

အား....

ဘီယာပုလင်းမှာ စုန့်၀န်ဟိုင်၏ ခေါင်းတည့်တည့် မှန်သွားခဲ့ပြီး သွေးများမှာ ရေအလား စီးကျလာပြီး ကြမ်းပြင်ပေါ်သို့ တတောက်တောက် ကျနေတော့၏။

"မင်းငါ့အစ်ကိုကြီးကို ထိရဲတယ်ပေါ့လေ..."စုန့်၀န်လုံ သစ်သီးလှီးဓားကို ကောက်ကိုင်လိုက်ပြီး လင်းရီထံသို့ အရှိန်ဖြင့် ပြေးလာခဲ့၏။

"ဟျောင့် မင်း ကိုယ့်ဘာကိုယ် ဆင်ဆင်ခြင်ခြင်နေတာ ကောင်းမယ်နော်..."

လျိုယင်းရှီ သတိပေးလိုက်ပြီး "မင်းသိအောင် ပြောပြလိုက်မယ်..မစ္စတာလင်းက သခင်လေးချင်းရဲ့ သူငယ်ချင်းကွ..မင်းသူ့ကို ထိရဲရင် ဒီဘားထဲကနေ လေးဘက်ကုန်း သွားရလိမ့်မယ်..မယုံရင် စမ်းကြည့်ကြည့်လိုက်..."

"အဲ့တော့ ယီးလုပ်ရမှာလား..မင်းရဲ့ သခင်လေးချင်းကိုလည်း ယီးပဲလို့...ငါ့အစ်ကိုကို ထိရဲရင် ကျောက်စိမ်းဧကရာဇ်ကြီး ဆက်းလာရင်တောင်မှ သူ့ကို ရအောင် သတ်မယ်ကွ...""

စုန့်၀န်လုံကတော့ သခင်လေးချင်း ဘယ်သူလဲဆိုတာ သောက်ရေးလုပ်မနေတော့ပဲ တုံ့ဆိုင်းခြင်းမရှိလင်းရီထံသို့ ပြေးလာခဲ့လိုက်၏။

"ရီလေး..သတိထားနော်..."

လင်းရီ မျက်မှောင်ကုပ်လိုက်ပြီး ဓားကြီးကိုင်၍ အရှိန်ဖြင့် ပြေးလာသော စုန့်၀န်လုံကို ခါးမှဆွဲကာ မြေပြင်ပေါ်သို့ ကိုင်ပေါက်လိုက်သည်။ စုန့်၀န်လုံ အော်သံအကျယ်ကြီး တစ်ချက်ပြု၍ သစ်သီးလှီးထားမှာလည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ၎င်း၏ တိုက်ခိုက်နိုင်သည့် ခွန်အားကို ရုတ်ချည်း ဆုံးရှုံးသွားစေတော့၏။

ဘုန်း ဘုန်း ဘုန်း...

အမှောက်သိပ်ပြီးနောက် လင်းရီ ၀န်လုံ၏ ရင်ဘက်ကို တဘုန်းဘုန်း ဆောင့်ကန်လိုက်ပြီး အားရတော့မှ နောက်ဆုံးတစ်ချက်အနေဖြင့် ဘောလုံးတစ်လုံးလို မီတာ အနည်းငယ် လွင့်သွားသည်အထိ ကန်ပစ်လိုက်သည်။

ဘန်း...

"အစ်ကိုလုံ..."

စုန့်၀န်လုံ နံရံနှင့် တိုက်မိပြီးနောက် ကြမ်းပြင်ပေါ်သို့ ပြန်ပြုတ်ကျလာခဲ့လေသည်။

ထိုအခါ သူ့လူများ ၀န်လုံထံသို့ ဝိုင်းအုံလာကြ၏။

"မပူနဲ့...ငါဘာမှမဖြစ်ဘူး..အဲ့ ခွေးမသားကိုပဲ ရအောင်သ-တ်......"၀န်လုံ အော်ဟစ်လိုက်သည်။

"ငိုးပဲ..ဘယ်ကောင်က ငါသခင်လေးချင်းရဲ့ သူငယ်ချင်းကို ထိရဲတဲ့အထိ ဘောတွေ ရှိနေတာလဲကွ..."

ယင်းအသံက အချေအတင်ဖြစ်တော့မည့် ရန်ပွဲကို ရပ်တန့်သွားစေပြီး လူတိုင်း အပြင်မှ ရောက်လာခဲ့သည့် လူငယ်လေးက်ု ကြည့်မိလိုက်ကြသည်။

ချင်းဟန်ကို မြင်တော့ စုန့်၀န်လုံ အထိတ်တလန့် ဖြစ်သွားခဲ့ပြီး "မင်း...မင်းက ကျိုးဟိုင်ရဲ့ အင်ပါယာ ချင်းဟန်မလား..."

"အိုး ငါ့ကို သိတာလား..အဲ့လိုဆို စကားပြောရတာ ပိုလွယ်သွားတာပေါ့..."

ချင်းဟန် ဖြစ်ကြောင်း အတည်ပြုပြီးနောက် စုန့်၀န်လုံ မျက်နှာ ဖြူလျော်သွားခဲ့ပြီး သေးထွက်လုမတတ် ကြောက်ရွှံ့သွားခဲ့သည်။

လျိုယင်းရှီ ပြောနေသည့် သခင်လေးချင်းက ကျိုးဟိုင်၏ အင်ပါယာ ချင်းဟန် ဖြစ်နေလိမ့်မည်လို့ သူထင်မထားခဲ့ပေ။ အိပ်မက်ဖြစ်ပါစေဟုသာ တိတ်တဆိတ် ဆုတောင်းနေမိတော့သည်။

ဒီလိုကောင်မျိးက ချင်းဟန်နဲ့ ဘယ်လိုလုပ် သူငယ်ချင်း ဖြစ်နေတာလဲဟ...

"သခင်လေးချင်း..ဒါက ကျွန်တော်တို့ မိသားစုကိစ္စပါ..ကျွန်တော့်ကို မျက်နှာသာ ပေးတဲ့အနေနဲ့ ၀င်မပါလို့ ရလား..."

စုန့်၀န်လုံ ပြောလိုက်၏။

ချင်းဟန် မျက်မှောင်ကြုတ်သွားသည်။ "မင်းကို မျက်နှာသာပေးရအောင် မင်းက ကိုယ့်ကိုယ်ကို ဘာကောင် ထင်နေတာလဲကွ.."

"ချင်းမိသားစုဆိုတာက ကျိုးဟိုင်မှာ မိသားစုကြီးဆိုတာ နားလည်တယ်..ဒါပေမယ့် ကျွန်တော့်ရဲ့ ဘော့စ် အစ်မဟုန်ကလည်း မြေအောက်လောကမှာ ‌အကောင်ကြိးကြီးပဲနော်...သခင်လေးချင်း သူ့နာမည်ကို ကြားဖူးမှာပါ...ဒီတော့ အစ်မဟုန်ရဲ့ မျက်နှာကိုထောက်ထားပြီးတော့ ကျွန်တော့်ကို မျက်နှာသာပေးဖို့ဆို ပြဿနာ မရှိဘူးမလား...

"မင်းရဲ့ အစ်မဟုန်ရော အစ်မဟွမ်ရော စိတ်မ၀င်စားဘူး..အဲ့ခွေးမ ကိုယ်တိုင် ဒီရောက်နေရင်တောင်မှ ငါ့က်ု ဒီလိုလေသံမျိုးနဲ့ မပြောရဲဘူးဆိုတာ နားလည်လားကွ...."

စုန့်၀န်လုံ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။

"ကိုယ့်လူ ...စကားပြောရင် အေးဆေး‌ပြောသင့်တယ်..မလိုအပ်ဘဲ ရန်သူမဖြစ်ကြရင် ပိုကောင်းမယ်..."

စုန့် ၀န်လုံ ပြောလိုက်၏။

"ရန်သူလုပ်တာထက် မိတ်ဆွေ ဖြစ်ကြတာက ပိုမကောင်းဘူးလား.."

"မိတ်ဆွေ......ငါ့ထက် အဆင့်နိမ့်တဲ့ ကောင်နဲ့လား...ဒီနေ့ ကိစ္စကို ခက်ခဲအောင် မလုပ်ချင်ဘူး...မင်းလက်နှစ်ဖက်ကို ထားခဲ့လိုက်..အဲ့တာဆို ဒီနေ့ ကိစ္စက ခွင့်လွှတ်လိုက်မယ်...."

စုန့်၀မ်လုံ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်မိလိုက်သည်။

ချင်းဟန်မှာ ထိုမျှ ခေါင်းမာသည့်လူ ဖြစ်လိမ့်မည်လို့ မျှော်လင့်မထားခဲ့။

သူစကားတွေ အများကြီးပြောပြီးဖြစ်၏။ အစ်မဟုန်၏ နာမည်ကိုပင် ထုတ်ပြောလိုက်သေးသည်။ သို့တိုင်အောင် ချင်းဟန်မှာ သူ့ကို မျက်နှာသာ တစ်စက်မျှ မပေးချေ။

သူ့မှာ မိသားစုအကြီးကြီးနဲ့ ပိုက်ဆံရှိတာနဲ့ပဲ လူတကာကို မောက်မာလို့ရပြီလို့များ ထင်နေလား မသိဘူး..

"သခင်လေးချင်းက မဖော်ရွေချင်မှတော့ ကျွန်တော့်ဘက်က‌လည်း ပြောစရာ မရှိတော့ဘူး"

စုန့်၀န်လုံ ဆိုဖာပေါ်တွင် မှီလိုက်ပြီး လက်တစ်ဖက်က သူ၏ ရင်ဘက်ကို ဖိနှိပ်ကာ ကျန်လက်တစ်ဖက်က ဖုန်းကို ကိုင်ထားပြီး

"ကျုပ်က ဘာကောင်မှ မဟုတ်ဘူး ဆိုတော့ သခင်လေးချင်းနဲ့ပြောဖို့ အခွင့်အရေး မရှိဘူးမလား...ဒီတော့ အစ်မဟုန်ကိုပဲ ခေါ်လိုက်တော့မယ်...."

၀န်လုံ ပြောလိုက်၏။

"ခေါ်နေစရာ မလိုတော့ဘူး..ငါက ဒီရောက်နေပြီ.."

ဖုန်းဝင်တော့မည့် အချိန်တွင် ရေခဲတမျှ အေးစက်နေသည့် အသံတစ်သံမှာ တံခါးအပြင်ဘက်မှ ထွက်ပေါ်လာခဲ့ပြီး၀တ်စုံအနီရောင် ၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး အပြင်ဘက်မှ လျှောက်လာလေသည်။

အမျိုးသမီးမှာ အသက်လေးဆယ် အရွယ်ခန့်ရှိပြီး ဆံပင်အတိုနှင့် အနည်းငယ် ၀ဖိုင့်ဖိုင့် ရှိ၏။ မျက်နှာထက်တွင် တက်တူးများလည်း ထိုးထားပြီး သူမ လက်ညိုးတွင်ခည်း မြလက်စွပ်တစ်ကွင်းကို ပန်ဆင်ထားလေသည်။ထို့ပြင် သူမနောက်၌ ကြောက်ရွှံ့တုန်လှုပ်ဖွယ် အရှိန်အဝါများကို ပေးစွမ်းနေသော အမျိုးသား နှစ်ယောက်လည်းကလည်း ကိုယ်ရံတော်သဖွယ် ရှိနေ၏။

လင်းရီ ထိုအမျိုးသမီးမှာ စုန့်၀န်လုံ ပြောပြောနေသည့် အစ်မဟုန်ပင် ဖြစ်ရမည်ဟု ခန့်မှန်းလိုက်သည်။

ယခုနေရာသို့ ရောက်လာသည်မှာတော့ တိုက်ဆိုင်ခြင်းမဟုတ်လောက်။ ကြည့်ရသလောက်တော့ ချင်းဟန် ခေါ်လိုက်သည့်ပုံပင်။

အစ်မဟုန်ကိုလည်း မြင်ရော စုန့်၀န်လုံ ရွှင်မြူးသွားပြီး အပြေးကလေးသွား၍ "အစ်မဟုန်....အစ်မဟုန် ကျွန်တော့်ဘက်ကနေ သေချာပေါက် ရပ်တည်ပေးရမယ်နော်..."

ဖြန်း...

လက်တစ်ကမ်းလောက် အလိုတွင် အစ်မဟုန် သူ့ကို ပါးပိတ်ချလိုက်သည်။

"နင်က အဲ့လောက် ဂြိုဟ်မွှေထားမှတော့ ငါက ဘယ်လို ရပ်တည်ပေးရမှာလဲ.."

ပါးရိုက်ခံလိုက်ရသောကြောင့် စုန့်၀န်လုံ အနည်းငယ် မူးဝေသွားခဲ့သည်။

"အစ်မဟုန်..အမှန်ဆို ဒါက ကျွန်တော်တို့ မိသားစုရေးရာပါဗျာ..အဲ့တာကို သခင်လေးချင်းက အတင်း၀င်စွက်ဖက်နေတာ..ဒါကြီးက လုံး၀ ကျိုးကြောင်းမှ မဆီလျော်တာ..."

"နင့်ဘယ်လို သတ္တိမျိုးနဲ့ ဒီစကားတွေ ပြောထွက်နေတာလဲ..."

အစ်မဟုန်ဆိုသူမှ ကျယ်လောင်စွာ အော်ငေါက်လိုက်ပြီး "ငါနင့်ကို ပြောလိုက်မယ်..သခင်လေးချင်း ၀င်စွက်ဖက်လို့ ကျေးဇူးတင်လိုက်..တကယ်လို့ မစ္စတာလင်းသာ ကိုင်တွယ်မယ်ဆိုရင် နင့်အသက် ဘယ်‌အပေါက်က ထွက်သွားလိုက်လဲမသိ ဖြစ်သွားမယ်...."

"မစ္စတာလင်း..ဘယ်နားက မစ္စတာလင်းလဲ..."

"နင့်ရှေ့မှာ ရပ်နေတဲ့သူကို ပြောနေတာဟ ချီးဘရိန်းရ..."အစ်မဟုန်မှ ပြောလိုက်ပြီး "မစ္စတာလင်းရဲ့ မိသားစု နောက်ခံကို မပြောနဲ့ဦး ..ယောင်တုန်းလိုင်နဲ့ လျိုချန်းတောင်မှ မစ္စတာလင်းရှေ့ရောက်ရင် ရိုရိုကျိုးကျိူနဲ့ နေပေးရတယ်...နင်ခု ရှာထားတဲ့ ပြဿနာက ဘယ်လောက်ကြီးလဲဆိုတာ သိပြီလား...."

စုန့်၀န်လုံနှင့် သူ့လူများအားလုံးလုံး၀ အံ့အားသင့်သွားခဲ့ကြသည်။

ယောင်တုန်းလိုင်နှင့် လျိုချန်းတို့မှ ကျိုးဟိုင်တွင် မြေအောက်လောကတွင် ဂုဏ်သတင်း မသေးသူများပင်။ သူတို့၏ အင်အားက အစ်မဟုန်နှင့် မတိမ်းမယိမ်းဟုပင် ပြော၍ရ၏။

သို့သော်လည်း ထိုအကောင်ကြီးကြီးများကပင် ဤလူရှေ့၌ ရိုကျိုးရသည်ဟု ပြောနေလေသည်။

သု့နောက်ခံက ဘယ်လောက်တောင် ကြီးလိုက်လဲ...

ပြီးတော့ သူ့မရီးက ဒီလို ပုဂ္ဂိုလ်ကြီးနဲ့ ဘယ်လိုလုပ် ရင်းနှီးသွားတာလဲတဲ့...

"သခင်လေးချင်း..သူတို့ကို သေချာ မသွန်သင်ထားမိတဲ့ ကျွန်မအပြစ်တွေပါ...သူတို့ကို ဘယ်လိုအပြစ်ပေးရမလဲဆိုတာ ပြောလိုက်ပါ..သခင်လေးချင်း ကျေနပ်တဲ့အထိ လုပ်ဆောင်ပေးမယ်လို့ အာမခံပါတယ်.."

အစ်မဟုန်မှ ပြောလိုက်၏။

ချင်းဟန် လင်းရီကို ကြည့်လိုက်ပြီး "လက်နှစ်ဖက်ဆို လောက်ပြီလား..မကျေနပ်သေးရင် နောက်ထပ် ခြေနှစ်ဖက်ပါ ထပ်ဖြတ်ခိုင်းလိုက်မယ်..."

"ထားလိုက်ပါ..ညှာတာတဲ့အနေနဲ့ လက်တစ်ဖက် ခြေတစ်ဖက်ပဲ ဖြတ်လိုက်..ငါက လူတွေကို ရက်စက်ရတာ မကြိုက်ဘူး..."

ချင်းဟန် :"...."

"ဟုတ်ကဲ့ ကောင်းပါပြီ..မစ္စတာလင်း သဘောအတိုင်းပါပဲ..."

"အဲ့ကောင်တွေကို ခေါ်သွားလိုက်ကြ..."

လင်းရီ ခေါင်းဘိမ့်လိုက်ပြီး "ခုလို ကူညီပေးလို့ ကျေးဇူးပဲ‌..ကျုပ်သူတို့နှစ်ယောက်ကို ခင်များလက်ထဲ ထားခဲ့လိုက်တော့မယ်..."

"မ..မလုပ်ပါနဲ့..."

ထိုအခါ စုန့်၀န်ဟိုင်နှင့် စုန့်၀န်လုံတို့ ကြောက်ချီးပန်းနေကြပြီး ၀မ်ရင်းထံသို့ တွားသွား၍ "မရီး..ကျေးဇူးပြုပြီး ကူပြောပေးပါဦးဗျာ..ကျွန်တော်တို့ မှားမှန်း သိပါပြီ..."

စုန့်၀န်ဟိုင်မှာလည်း သူ့ပါးသူ အဆက်မပြတ် ရိုက်နှက်နေသည်။ အကယ်၍ သူသာ ထိုဗီလိန်တို့ လက်ထဲ ကျရောက်သွားပါက မည်သို့မျှ ရှင်သန်နိုင်မည် မဟုတ်ချေ။

"ရင်းရင်း ငါမှားမှန်း သိပါပြီကွာ..အိမ်နဲ့ ကားကိုလည်း မင်းယူပါ..ငါဘာမှ မပါဘဲ ထွက်သွားပေးပါ့မယ်..ကျေးဇူးပြုပြီး ငါ့ကို အဲ့ကောင်တွေ လက်ထဲတော့ မထည့်လိုက်ပါနဲ့ကွာ..ကူပြောပေးပါဦးနော်.."

"ခုမှ ဒီစကား တွေလာပြောနေလည်း အလကားပဲ...."

၀မ်ရင်း အသက်ပြင်းပြင်း ရှူလိုက်ပြီး "ကျွန်မတို့နှစ်ယောက်ကြား ပတ်သက်မှုက ဒီမှာတင် အဆုံးသတ်ပြီ..ရှင့်ကိုသနားပြီး ပြောပေးစရာ အကြောင်း မရှိတော့ဘူး.."

"မင်း ..ငါတို့နှစ်ယောက်ရဲ့ လင်နဲ့ မယား ဆက်ဆံရေးကို မေ့ပစ်လိုက်ပြီလို့တော့မပြောနဲ့..."

"ကျွန်မကို အိမ်ပေါ်ကနေ နှင်ချတုန်းက လင်မယား ဆက်ဆံရေးတွေ ဘယ်ရောက်ကုန်တာ..ရီလေးရဲ့အကူညီကြောင့်သာမဟုတ်ရင် ကျွန်မ ‌လမ်းပေါ်မှာတင် အဆုံးသတ်နေလောက်ပြီ...ခုမှ ဒါတွေ လာပြောလို့လည်း နောက်ကျသွားပြီ..."

"ငါမှားခဲ့တယ်ဆိုတာ ၀န်ခံပါတယ်ကွာ..ငါက ခွေးတွေ ၀က်တွေထက်တောင် နိမ့်ကျတဲ့ကောင်ပါ...ကျေးဇူးပြုပြီး နောက်တစ်ကြိမ် အခွင့်အရေးလေးပဲ ထပ်ပေးပါကွာ....."

ဖြန်း ဖြန်း ဖြန်း ဖြန်း

၀န်ဟိုင် ကြမ်းပြင်ပေါ်တွင် ဒူးထောက်တောင်းပန်ရင်း သူ့ပါးကို စဉ်ဆက်မပြတ် ရိုက်နှက်နေသည်ကို မြင်တော့ ၀မ်ရင်း သနားစိတ် ၀င်လာခဲ့သည်။

အမျိုးသမီးတစ်ယောက်၏ နှလုံးသားမှာ ရေကဲ့သို့ နူးညံ့လှ၏။ ကျောက်တုံးကဲ့သို့ နှလုံးသား ဖြစ်အောင် မည်သို့ ကြိုးစားကြိုးစား သူမ မအောင်မြင်ခဲ့ချေ။

"ရီ နင်သူတို့နှစ်ယောက်ကို ..."

"တော် အစ်မရင်း...အစ်မရင်း ခုလို ညှာတာ တတ်သာကို သိလို့ အဲ့ကောင်က အခွင့်ရေးယူပြီး ဒီလိုတွေ လုပ်ပြနေတာ..."

"ဒီ‌လိုကောင်မျိုးတွေကို ဘာမှ ခွင့်လွှတ်ပေးစရာ အကြောင်းမရှိဘူး.."

လင်းရီ ချင်းဟန်ကို ကြည့်လိုက်ပြီး "အဲ့ကောင်တွေကို မျက်စိအောက်က ဆွဲခေါ်သွားခိုင်း လိုက်တော့ကွာ..လက်တစ်ဖက် ခြေထောက် တစ်ဖက်..သေချာလေး ဖြတ်ခိုင်းနော်...သေသေသပ်သပ်လေးလည်း လုပ်ခိုင်းလိုက်ဦး.....ဖြတ်နေတုန်း အော်လို့ သောက်ချိုးမပြေရင် အဲ့ကောင်တွေကို လမ်းဘေးမှာ ပစ်ထားပြီး ခွက်တစ်လုံး ချထားပေးလိုက်ကွာ.."

၀မ်ရင်းမှ မိန်းမသားပြီပြီ ကြင်နာသနားတတ် လွန်းသောကြောင့် လင်းရီမှ ကိုယ်စား လူမိုက်လုပ်ပေးလိုက်ရသည်။

"ငိုးပဲ..လင်းကြီး မင်းက တယ်ရက်စက်တဲ့ ကောင်ပါလားကွ.."

"မင်းပြောသလောက်ကြီးလည်း မဟုတ်ပါဘူးကွာ..."

လင်းရီ ချင်းဟန်၏ ပခုံးကို ပုတ်လိုက်ပြီး "အိုကေ..ငါခုသွားတော့မယ်..ခုလို ကူညီပေးတဲ့အွက် ကျေးဇူးပဲ..ဒါနဲ့ ငါ့လွိုင်ကန်က မင်းဆီမှာမလား..ယူလိုက်တော့ကွာ..ပြန်မပေးနဲ့တော့.."

"ယီးပဲဟျောင့်..ငှားတာက ငှားတာပဲ..ကူညီပေးတာက ကူညီတာပဲ..လာမရောနဲ့..ငါကလည်း မင်းကို စိတ်သန့်သန့်နဲ့ ကူညီပေးတာ..."

"အဲ့လိုဆိုလည်း ကျေးဇူးပဲကွာ..နောက်မှ ညစာ လိုက်ကျွေးမယ်.."

နှုတ်ဆက်ပြီးနောက် လင်းရီ ဘားထဲမှ ထွက်လာပြီး ၀မ်ရင်းနှင့်အတူ ကျိုကျုံး ဗီလာသို့ ပြန်လာခဲ့လိုက်၏။

"ရီ..ဒီနေ့အတွက် နင့်ကို အရမ်းကျေးဇူးတင်တယ်သိလား...နင်သာ မရှိရင် အစ်မရင်း ဘယ်လိုလုပ်ရမလဲတောင် မသိတော့ဘူး.."

"‌အသေးမွှားလေးပါ..စိတ်ထဲထားမနေနဲ့..ကောင်းကောင်းသာ အနားယူ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

"အွန်းပါ.."

၀မ်ရင်းမှာ ယင်းဖြစ်ရပ်ကြောင့် စိတ်ရောကိုယ်ပါ ပင်ပမ်းနေပြီး မကြာမီ ခလူး..ခလောဖြင့် အိပ်ပျော်သွားတော့၏။

လင်းရီလည်း သူမ အဆင်ပြေနေသည်ကိုမြင်တော့ သူ့အခန်းထဲသို့ ပြန်လာပြီး အနားယူလိုက်လေသည်။

နောက်တစ်နေ့ နံ့နက် နိုးလာသည့်အချိန်တွင်တော့ ၀မ်ရင်း အောက်ထပ်တွင် ညအိပ်၀တ်စုံဖြင့် မနက်စာပြင်နေကြောင်း တွေ့လိုက်ရ၏။

"သွားပြီး မျက်နှာသစ်လိုက်ဦး..မနက်စာက ခဏနေဆိုရယ်ဒီဖြစ်တော့မယ်..."

"အင်း..အဲ့လိုဆိုလည်း အားနာမနေတော့ဘူးနော်..."

"ခစ်ခစ်..ကိုယ့်အိမ်ကိုယ် နင်က အားနာချင်နေသေးတာလား....."

ကိုယ်လက်သန့်စင်ပြီးနောက် မနက်စာမှာ စားပွဲပေါ်တွင် ခင်းကျင်းထားပြီးဖြစ်၏။စားသောက်ဖွယ်ရာများမှာ ရိုးရှင်းသော်လည်း စားမြိန်ပေသည်။

"အခု ကွာရှင်းတဲ့ ကိစ္စတွေလည်း ပြီးသွားပြီဆိုတော့ အစ်မရင်း နောက်ထပ် ဘာလုပ်ဖို့ စိတ်ကူးထားလဲ.. "

"အစ်မ အဲ့ဒီအိမ်ကို ရောင်းပစ်ပြီးတော့ တခြားနေရာမှာ အသစ်တစ်လုံး ၀ယ်ချင်တယ်..အဲ့တာမှ စိတ်သစ်လူသစ်နဲ့ ဘ၀သစ် ကောင်းကောင်း စလို့ရမှာ.."

"အင်း..အဲ့လိုလည်း ရတာပဲလေ..ဒါပေမယ့် သင့်တော်တဲ့ အိမ်မတွေ့ဘူးဆိုရင်တော့ ကျွန်တော့်ဆီမှာ နေလို့ရတယ်နော်..ဗီလာကိုးခု လုံးက ကျွန်တော့်အပိုင်တွေကြီးပဲ... အစ်မရင်း ကြိုက်တဲ့ တစ်လုံးသာ ရွေးလိုက်"

"မဖြစ်နိုင်တာ...ဗီလာကိုးခုလုံးက နင့်ဟာတွေ..."

၀မ်ရင်း လင်းရီကို မျက်လုံးရွဲကြီးများဖြင့် ကြည့်လိုက်ပြီး "ကျိုးကျုံးဗီလာဆိုတာက ကျိုးဟိုင်မှာ နံပါတ်တစ် ဇိမ်ခံဗီလာကြီးလေ..တစ်လုံးတောင် တစ်ဘီလီယမ်ကျော်လောက်ရှိတယ်..ကိုးခုလုံးဆိုတော့ အနည်းဆုံးဆယ်ဘီလီယမ်ကျော်မယ်ထင်တယ်..."

"ဒီတိုင်း နေဖို့ အိမ်လေးတွေပါဗျာ..ရေးကြီးခွင်ကျယ်တွေ လုပ်မနေစမ်းပါနဲ့...အစ်မရင်းသာ ကြိုက်တဲ့ ဗီလာ ရွေးလိုက်..."

"ထားပါဟယ်..အိမ်တော်ရဲ့ သခင်မ ဥက္ကဌကျီတောင် သူနေမယ့် နေရာကို မရွေးရသေးတာ..ငါကမောင်လေးရီရဲ့ ချစ်သူလည်း မဟုတ်ဘဲနဲ့ ဘာကိစ္စ ဒီမှာ နေဖို့ အခွင့်ရေးရှိမှာလဲတဲ့..."

All Chapters