← Chapters

Vol. 15 Ch. 214

Vol. 15 Ch. 214

Vol. 15 Ch. 214

Vol. 15 Ch. 214

"ချင်းရန်က ချင်းရန်.အစ်မရင်းက အစ်မရင်းလေ...ဘာဆိုင်လို့တုန်း..."လင်းရီ မေးလိုက်သည်။

"မလုပ်လို့ မရဘူး..အမျိုးသမီးတွေက အရမ်း အူတိုတတ်တာ..."၀မ်ရင်း ပြောလိုက်ပြီး "နင်လည်း ဥက္ကဌကျီလို အကိတ်မလေးကို သေချာလေးဖမ်းထားနော်..လွတ်ထွက်သွားရင်တော့ နောက်ဆို သူ့လို အချောလေး ရှာတွေ့ဖို့ရာ မသေချာဘူးဆိုတာသိလား..."

"ဟုတ်ပါပြီ...သူမရှိလည်း အစ်မရင်း ရှိနေတာပဲ မဟုတ်လား..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်လေသည်။

"ကောင်စုတ်လေး.စကားတွေ အတော်တတ်နေတယ်ပေါ့.."၀မ်ရင်းမေးလေးထောက်ပြီး လင်းရီ ကို အပြုံးလေးဖြင့် ကြည့်လိုက်၏။

"ကဲပါ အစ်မရင်း က ဒီတိုင်း အကြံပေးတာပါ..ဆုံးဖြတ်ရမှာက မောင်လေးရီ သဘောအတိုင်းပဲ... "

"ဟုတ်ပါပြီဗျ.."

မနက်စာစားပြီးနောက် ၀မ်ရင်း စားပွဲသိမ်းလိုက်ပြီး လင်းရီကတော့ အလုပ်လုပ်ရန် မောင်းထွက်လာခဲ့၏။

အိမ်မှ ထွက်လာပြီးနောက် လင်းရီ စနစ်၏ ပင်မစာမျက်နှာကို ဖွင့်လိုက်သည်။ သူမစ်ရှင်ပြီးမြောက်စေရန် ကြယ်ငါးပွင့် ရီဗျူး တစ်ခုမျှသာ လိုတော့၏။

"သင့်တွင် အော်ဒါအသစ်ရှိပါတယ်..ကျေးဇူးပြုပြီး သေချာ စစ်ကြည့်ပေးပါ.."

လင်းရီ လမ်းတစ်ဝိုက် လျှောက်မောင်းနေတုန်း သူ၏ ဖုန်းထဲသို့ အသိပေးစာတစ်စောင် တက်လာခဲ့သည်။

အော်ဒါမှာတော့ အတော်လေး စိတ်၀င်စားဖို့ကောင်းလှ၏။ သူ့ကို အရည်အသွေးမြင့် ပီတက်ခ် ဖီလီပီအတုကို ၀ယ်ရန် တောင်းဆိုထားလေသည်။ ဈေးကတော့ ၅၀၀ နှင့် ၁၀၀၀ အတွင်းဆိုပါက အဆင်ပြေလေသည်။

ထို့ပြင် အောက်ဆုံး၌ မှတ်စုအသေးလေး ရေးပေးထားသေးသည်။

အကယ်၍ သူသာ ပီတက်ဖီလစ်ပီကို မရပါက အခြား အရည်အသွေးမြင့် နာရီများ ၀ယ်လာခဲ့ပါကလည်း အဆင်ပြေကြောင်း ပြောထားလေသည်။

သိူ့သော်လည်း ဈေးမှာ အနည်းငယ်များနေသောကြောင့် သေချာစေရန် ဖုန်းဆက်ကြည့်လိုက်၏။ အကယ်၍ ကတ်စတန်မာမှ မကျေနပ်ဘဲ မကောင်းသည့်ရီဗျူးပေးလိုက်မည်ဆိုပါက သူ၏ အချိန်များမှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် လင်းရီ အသေးစိတ် သေချာအောင် ကတ်စတန်မာထံ ဖုန်းခေါ်လိုက်၏။။

စိတ်၀င်စားဖို့ကောင်းသည်က သူဖုန်းနံပါတ် ရိုက်ထည့်ပြီးနောက် ခေါ်ဆိုလိုက်သည့်အချိန်တွင် ဖုန်းမျက်နှာပြင်၌ နာမည်တစ်ခု ပေါ်လာခဲ့၏။ ထိုနာမည်ကတော့ သူနှင့် အတော်လေး ရင်းနှီးနေသည့် စုန့်ကျားပင်။

လင်းရီ ကြက်သေသေသွား၏။

ဒါကြီးက မတိုက်ဆိုင်လွန်းဘူးလားဟ...

ဒါမှမဟုတ် အော်ဒါတင်လိုက်တဲ့သူက စုန့်ကျားများလား...

မကြာမီ ဖုန်း၀င်သွားပြီး တစ်ဖက်မှ ဖုန်းကိုင်လိုက်၏။

"ဒါရိုက်တာလင်း..ရှင်လည်း ခုမှ ပေါ်လာတော့တယ်နော်.."စုန့်ကျား အပြုံးလေးဖြင့် ပြောလိုက်ပြီး "ရှင် အစ်မထျန်ကို ရှာနေတာလား..ရှာတွေ့လို့ ကျွန်မဆီ ဖုန်းဆက်လိုက်တာမလား..."

စုန့်ကျား၏ အသံကိုကြားတော့ လင်းရီ ပြုံးလိုက်မိသည်။

"တော်ပါကွာ..အဲ့ဒီ သွေးဆုံးတော့မယ့် ကျားမကြီးနဲ့ တော့ မတွေ့ချင်ပါဘူး..မင်း အွန်လိုင်းပေါ်မှာ ပီတက်ခ်ဖီလစ်ပီနာရီ ၀ယ်ပေးဖို့ အော်ဒါတင်ထားတယ်မလား..အဲ့ဒါအတည်ပြုဖို့ပဲ ဖုန်းခေါ်လိုက်တာလေ..."

"ဟမ်..."

စုန့်ကျား လုံး၀ ကြက်သေသေသွားပြီး "အွန်း ကျွန်မ အော်ဒါတင်ထားတယ်..ဒါပေမယ့်..ရှင်က ဘယ်လိုသိသွားတာလဲ.."

"ဘာလို့လဲဆိုတော့ ငါက အီရန်ဘွိုင်းလေ..မင်းရဲ့ အော်ဒါကိုလည်း ငါပဲ လက်ခံလိုက်တာ..."

"မဖြစ်နိုင်တာ..အဲ့လောက်တောင် တိုက်ဆိုင်ရသလား..."

စုန့်ကျား အံ့အားသင့်နေသည့် လေသံဖြင့် ပြောလိုက်သည်။

ရှောင်ထျန်မှ လင်းရီ၏ အလုပ်အကြောင်း သိသော်လည်း ရေငုံနှုတ်ပိတ် နေလေသည်။လင်းရီ ဘာလုပ်နေလဲဆိုတာ မည်သူမျှ မသိကြချေ။

ထို့ကြောင့်စုန့်ကျားလည်း လင်းရီ အီရန်ဘွိုင်းဆိုတာ လုံး၀ မသိသလို ချမ်းသာသည့် ဒုတိယမျိုးဆက် သခင်လေး ဖြစ်နေသည်ဆိုတာ လုံး၀ သိရှိခြင်းမရှိ။

"ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ.."

"အမ်..နေပါဦး..ဒါရိုက်တာလင်း ရှင်က ဘာလို့ အီရန်ဘွိုင်းလုပ်နေတာ ..ရှင်အဲ့လို အလုပ်တွေ လုပ်လို့မရဘူးလေ..."

စုန့်ကျားပြောလိုက်ပြီး "ရှင်က ချင်းဟန်နဲ့ ရင်းနှီးတယ် မဟုတ်လား...သူ့ကို အလုပ်တစ်ခုလောက် ပေးဖို့ ပြောကြည့်ပေါ့ ...."

လင်းရီနှင့် ချင်းဟန်တို့ကြား ဆက်ဆံရေးမှာ စွန်းရှောင်ယွီ တိုက်ပေါ်မှ ခုန်ချမည် ပြုစဉ်ကတည်းက ထုတ်ဖော်ပြီး ဖြစ်၏။

ကျိုးဟိုင်၏ အင်ပါယာနှင့် ရင်းနှီးနေတာတောင်မှ လင်းရီ အဘယ်ကြောင့် အီရန်ဘွိုင်း လုပ်နေလဲဆိုတာ နားမလည်နိုင်ချေ။

"ဘာလို့လဲ..လွတ်လည်းလွတ်လပ်တယ်..ငွေလည်း ရွှင်တယ်..ငါတော့ အတော်လေး ကောင်းတယ်လို့ ထင်တာပဲ.."လင်းရီ ပြောလိုက်လေသည်။

"ကျောင်းကော်မတီက ပေးတဲ့ လစာကလည်း သပ်မများပင်မယ့် လက်ခံနိုင်တဲ့ အနေအထားတော့ ရှိပါတယ်ရှင်ရယ်.. ပိုက်ဆံ လိုတိုင်းနဲ့ အဲ့လို တောက်တိုမယ်ရ အလုပ်ကြီးတွေ လိုက်လုပ်မနေနဲ့လေ....ရှက်စရာကြီး ..."

"ဘာ ရှက်စရာရှိလို့လဲ..အလုပ်ဟူသမျှ ဂုဏ်ရှိစွတဲ့..ငါ့ဟာငါ ကောင်းရောင်းကောင်း၀ယ် လုပ်စားနေတာကို ဘယ်သူ့သောက်ဂရုစိုက်ပြီး ရှက်နေရမှာ..."လင်းရီ အပြုံးလေးဖြင့် ပြောပြီး ခေါင်းစဉ် ပြောင်းလိုက်၏။

"မင်း တကယ်ကြီး အရည်သွေးမြင့်တဲ့ ပီတက်ခ် ဖီလစ်ပီကို ၀ယ်ချင်တာ သေချာရဲ့လား..တကယ်ဆိုရင် ငါ၀ယ်လိုက်တော့မယ်နော်.."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်လေသည်။

"ဒါပဲနော် ဒါရိုက်တာလင်း ကျွန်မ အော်ဒါကို ပြန်ဖျက်လိုက်တော့မယ်..ရှင့်ကို ကျွန်မအတွက် ဈေး၀ယ်ခိုင်းရမှာ အားနာလွန်းလို့..."စုန့်ကျား အားတောင့်အားနာဖြစ်နေသည့် လေသံဖြင့် ပြောလိုက်လေသည်။

"ဟေး ဟေး ဟေး..အဲ့လို မလုပ်နဲ့လေကွာ..ခုလို ကြင်နာပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်.ဒါပေမယ့် လုပ်သင့်လုပ်ထိုက်တာတော့ လုပ်ရမှာပဲ‌ လေ....တကယ်လို့ မင်းသာ တခြားတစ်ယောက်ကို အော်ဒါတင်လိုက်မယ်ဆိုရင် အဲ့ပိုက်ဆံက အပြင်လူဆီ ရောက်သွားမှာ..ကိုယ့်အချင်းချင်း ဖိတ်တာက ပိုမကောင်းဘူးလား.."

လင်းရီ စုန့်ကျား အော်ဒါပြန်ဖျက်မှာကို လွန်စွာ စိုးရိမ်နေမိတော့၏။ သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးကြောင့် လင်းရီ ကြယ်ငါးပွင့်ရီဗျူး ရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ထိုအခါ မစ်ရှင်လည်း တစ်ခါတည်း ပြီးမြောက်သွားပေလိမ့်မည်။

အကယ်၍ သူမသာ အော်ဒါကို ကန်ဆယ်(cancel) ပြီး တစ်ခြားတစ်ယောက်ကို ယူခိုင်း လိုက်မည်ဆိုပါက လင်းရီ ကြယ်ငါးပွင့်ရီဗျူး ရရန် အချိန်မည်မျှ ကြာမလဲဆိုတာ မပြောတတ်တော့ပေ။

"အဆင်ပြေရဲ့လားရှင်..ကျွန်မ ..စုန့်ကျားက အဲ့လိုလုပ်ရမှာကို..အရမ်းအားနာနေတာ..."

"ဘာမှ ရေးကြီးခွင်ကျယ်တွေ လုပ်မနေနဲ့ ..ငါ့ကို အီရန်ဘွိုင်းတစ်ယောက်လို့သာ သဘောထားလိုက်..မင်းနာရီ၀ယ်မှာ သေချာပြီဆိုရင် ငါအခုပဲ သွားတော့မယ်နော်...."

"အွန်းပါ..အဲ့တာဆိုလည်း ဒါရိုက်တာလင်းကို အလုပ်ရှုပ်စေမိပြီ..."စုန့်ကျား ပြောလိုက်၏။

"နာရီ ကောင်းကောင်းလေး ရွေးခဲ့ပေးနော်..အစစ်နဲ့ ပိုတူရင် ပိုကောင်းတယ်..ဈေးနည်းနည်း ပိုသွားလည်း ပြဿနာ မရှိဘူး..သူများတွေ မရိပ်မိရင် ပြီးရောပဲ.."စုန့်ကျား ပြောလိုက်သည်။

"စိတ်ချထားလိုက်တော့.."

လင်းရီ ဖုန်းချလိုက်ပြီး နာရီတစ်လုံး၀ယ်ရန် စဉ်းစားလိုက်သည်။

သို့သော်လည်း သူမည်မျှ တွေးတောစေကာမူ မည်သည့်နေရာ၌ ၀ယ်ရမလဲဆိုတာ စဉ်းစားရအခက် ဖြစ်နေလေသည်။

လက်ရှိ လင်းရီ၏ အဆင့်အတန်းနှင့် ဆိုပါက နာရီ အတုများကို တာ့တာပြပြီးသားဖြစ်၏။

"မိန်းကလေးစုန့်ရဲ့ စရိုက်က တကယ်မဆိုးဘူး..ဟို အဲဗား ဒေါသထွက်နေတဲ့ ကျားမကြီးနဲ့ လားလားမှကိုမဆိုင်တာ..အဲ့တော့ အသစ်တစ်လုံး ၀ယ်ပေးလိုက်ရင်ကော..ဘာပဲဖြစ်ဖြစ် အဲ့လောက် ဈေးကြီးနေတာမှ မဟုတ်တာ..."

ဆုံးဖြတ်ချက် ချပြီးနောက် လင်းရီ တိုင်းစကွဲသို့ မောင်းသွားလိုက်ပြီး ပီတက်ခ်ဖီလစ်ပီ အရောင်းဆိုင်သို့ တန်းတန်းမတ်မတ် ၀င်လာခဲ့လိုက်သည်။

လင်းရီ နာရီအကြောင်းလည်း ဂဃနဏ မသိတော့ ၎င်းတို့၏ ဒီဇိုင်း ပေါ်တွင် မှီခို၍ ရွေးချယ်လိုက်တော့၏။ မကြာမီ သူ စိန်စီခြယ်သထားသော ပလက်တီနမ် အမျိုးသမီးပတ် နာရီလေးတစ်လုံးကို အတော်လေး မျက်စိကျသွားခဲ့သည်။

ဒီဇိုင်းမှာ အတော်လေး ဆန်းသစ်ပြီး စုန့်ကျားနှင့် ဆိုပါက အတော်လေး လိုက်ဖက်မည့်ပုံပင်။

"ဒီနာရီလေး ပြပေးလို့ရမလား..."

အမျိုးသမီး ၀န်ထမ်းတစ်ဦးမှာ ရောက်လာခဲ့ပြီး "လူကြီးမင်း ဒီနာရီက ၁.၇၂ မီလီယမ် တန်ကြေးရှိပါတယ်ရှင့်..ကြည့်ချင်တယ်ဆိုတာ သေချာရဲ့လား..."

"ဟမ်..ဘာလို့လဲ..ငါမ၀ယ်နိုင်မှာ ဆိုးလို့လား..."

"ဟိတ်..နင်ဘာတွေ လျှောက်မေးနေတာ..."

အမျိုးသမီး၀န်ထမ်း ဘာမျှ မပြောရသေးခင် လင်းရီ အသံတစ်သံကို ကြားလိုက်ရ၏။

ဘေးသို့ လှည့်ကြည့်လိုက်သောအခါ လင်းရီ ပြောလိုက်သည့်သူကို မှတ်မိသွားသည်။

ထိုသူကတော့ သူ့ကို ပီတက်ခ်ဖီလစ်ပြီ ၁၇၅ နှစ်မြောက် အထိမ်းအမှတ်နာရီ ယူလာပေးသည့် ဆိုင်မန်နေဂျာပင်။

"အစ်မရှ...ညီမ ဘာမှလည်း မပြောရသေးပဲနဲ့..သူ့ကို ဒီတိုင်း ဈေးပြောပြရုံလေးတင်ကို..."အရောင်းသမလေးမှ အပြစ်ကင်းစင်သည့်ပုံစံဖြင့် ပြောလိုက်လေသည်။

"နင်က ပြန်ငြင်းချင်နေသေးတယ်ပေါ့..."ဆိုင်မန်နေဂျာမှ ဟောက်ထည့်လိုက်ပိး "စတိုခန်းထဲမှာ ငါ့ကို စောင့်နေ..နောက်မှ နင်နဲ့ ရှင်းမယ်..."

အရောင်းသမလေးမှာ အကြောင်းပြချက်မရှိပဲ အဆူခံလိုက်ရသောကြောင့် ကျေတော့ မကျေနပ်။ သိူ့သော်လည်း မန်နေဂျာစကားကို မလွန်ဆန်ဝံ့သောကြောင့် စတိုခန်းထဲသို့ သွားပြီး သူမကို လက်ချာလာရိုက်မည်ကို ထိုင်စောင့်နေရတော့သည်။

"မစ္စတာလင်း..စိတ်မရှိပါနဲ့နော်..သူက ကျွန်မတို့ ဆိုင်က ၀န်ထမ်းအသစ်ဆိုတော့ ဘာမှ သိပ်နားမလည်သေးလို့ပါ...ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးလိုက်ပါနော်.."ဆိုင်မန်နေဂျာမှ အရောင်းသမလေးကိုယ်စား တောင်းပန်ပေးလိုက်သည်။

"ကျုပ်ကလည်း အဲ့လောက်ကြီး သဘောထား သေးသိမ်နေတဲ့ လူလည်းမဟုတ်ဘူး.။ဒါပေမယ့် ခင်များ ၀န်ထမ်းတွေကိုတော့ သေချာလေ့ကျင့်ပေးသင့်တယ်လို့တော့ ထင်တာပဲ.."

"ဟုတ် ဟုတ်ကဲ့..မစ္စတာလင်းပြောတာ မှန်ပါတယ်ရှင့် ..။ကျွန်မ ဒီကိစ္စကို သေချာလေး ဂရုစိုက်လိုက်ပါ့မယ်..."အမျိုးသမီး ဆိုင်မန်နေဂျာမှာ လင်းရီကို ကြည့်လိုက်ပြီး "မစ္စတာလင်းက ဒီနာရီကို နှစ်သက်နေတာလားရှင့်..ကျွန်မ ပြပေးပါ့မယ်.."

"ပြမနေနဲ့..တစ်ခါတည်းသာ ထုပ်ပေးလိုက်တော့.."

အမျိုးသမီးမန်နေဂျာမှာ အပျော်လွန်သွားပြီး တစ်ချိန်တည်းတွင် စိတ်ထဲမှ ကြိတ်၍ သက်ပြင်းချမိလိုက်သည်။

သူက တကယ့်ကို ကျိကျိတက် ချမ်းသာတာပဲဟ...

၁.၇၂ မီလီယမ်က သု့မျက်လုံးထဲမှာ ၁၇၂ ယွမ်များလား မသိဘူး..

"မစ္စတာလင်းက တိုင်းစကွဲရဲ့ ပလက်တီနမ် အဖွဲ့၀င်ဆိုမှတော့ ဒစ်စကောင့် ၃၀% ရပါတယ်ရှင့်..ပြီးတော့ သီးသန့်လည်း ဈေးလျှော့ပေးလိုက်ပါ့မယ်..၁.၂ မီလီယမ်ပဲ ပေးလိုက်ပါရှင့်.."

"ကောင်းပြီလေ..အဲ့တာဆိုလည်း တစ်ချက်လောက် ထုပ်ပေးဦး..."

ငွေချေသည့် လုပ်ငန်းစဉ်ကတော့ ခပ်သွက်သွက်ကလေးပင်။ လင်းရီ ကတ်ဖြတ်ပြီးနောက် ထိုနေရာမှ ထွက်လာခဲ့လိုက်၏။

တစ်ချိန်တည်းတွင် အမျိုးသမီး စတိုးဆိုင် မန်နေဂျာမှာ စတိုခန်းထဲသို့ သွား၍ စေနက ဖြစ်ရပ်ကို သေချာလေး ကိုင်တွယ်ရန် မာန်ပြင်ထားလိုက်သည်။

"အစ်မရှကလည်း ညီမ ဘာမှားနေလို့လဲ..သူ့ပုံစံကြည့်တာနဲ့ ဘာမှ ၀ယ်နိုင်တဲ့သူ မဟုတ်ဘူး ဆိုတာ တန်းပြောနိုင်တယ်...အလက အချိန်ကုန်တာပဲ ရှိမယ်..ဘာလို့ သူ့ကို ၀န်တောင်မှု ပေးနေမှာလဲတဲ့..."

"နင်ပြောတာ သူက မ၀ယ်နိုင်ဘူးနော်.."

အမျိုးသမီး စတိုးဆိုင်မန်နေဂျာမှာ လင်းရီ ၀ယ်ယူသွားသည့် ဘေလ်ကို ထုတ်ပြလိုက်ပြီး "သူက ၁.၇၂ မီလီယမ်တန် နာရီတစ်လုံးကို သုံးမိနစ်အတွင်း ၀ယ်သွားတာနော်...သူ မ၀ယ်နိုင်ဘူးလို့ နင်ထင်နေသေးတာလား..."

အရောင်းသမလေးမှာ ကြက်သေသေသွားခဲ့ပြီး "သူ...သူက သုံးမိနစ်အတွင်း ၁.၇၂ မီလီယမ်တန်တဲ့ နာရီကြီးကို ၀ယ်ပစ်လိုက်တယ်..."

"အဲ့တာက ဘာမှ မဟုတ်သေးဘူး..ပီတက်ခ်ဖီလစ်ပီ ၁၇၅ နှစ်မြောက် အထိမ်းမှတ်နာရီ ၀ယ်တုန်းက ဆိုရင် မျက်တောင် တစ်ချက်တောင် မခတ်ဘူး..."

All Chapters