Vol. 15 Ch. 225
Vol. 15 Ch. 225
၎င်းကိုလည်း ကြားရော အရောင်းသမလေး၏ စိတ်မှာ ဗလာကျင်းသွားခဲ့သည်။
"သူက အဲ့လောက်ထိ ချမ်းသာတယ်ပေါ့.."
"မင်းဘယ်လိုထင်လဲ.."မန်နေဂျာမှ သူမကို လက်ချာရိုက်လိုက်ပြီး "နောက်ဆို သေချာလေး သတိထား..ငယ်တယ်ဆိုပြီးတော့ မတတ်နိုင်ဘူး မထင်လိုက်နဲ့..ခုက နင့်အတွက် သင်ခန်းစာပဲ..နားလည်ပြီလား..."
"ဟုတ်ကဲ့..နားလည်ပါပြီရှင့်..နောက်မဖြစ်စေရပါဘူး.."
နာရီ၀ယ်ပြီးနောက် လင်းရီ စုန့်ကျား၏ နေအိမ်သို့ မောင်းသွားလိုက်သည်။
သူမ နေသည့်နေရာကတော့ ၅၀ စတုရန်း မီတာမျှသာရှိပြီး မိသားစု အသေးလေးတစ်ခု နေနိုင်ရုံမျှသာ ကျယ်၀န်းပေသည်။
အိမ်တွင်တော့ သာမန် ပေါ့ပေါ့ပါးပါး အဖြူရောင် ရှပ်အရှည်ကို ၀တ်ဆင်ထားပြီး အင်္ကျီမှာ ပေါင်ရင်းလောက်ထိ ဖုံးနေသောကြောင့် အမှတ်မထင် ကြည့်လိုက်မည်ဆိုပါက ဘောင်းဘီ မ၀တ်ထားသကဲ့သို့ ထင်နေရသည်။
"ဒါရိုက်တာလင်း..လာ..မြန်မြန်လာ..အပြင်မှာ နေကတော်တော်လေး ပူတယ်..ရှင်လည်း ပင်ပမ်းသွားရောပေါ့..."
စုန့်ကျား လက်ယပ်ခေါ်ရင်း ပြောလိုက်သည်။
"မပင်ပမ်းပါဘူးကွာ..ရော့ မင်း၀ယ်ခိုင်းလိုက်တဲ့နာရီ..ကျေနပ်ရဲ့လားလို့ ထုတ်ကြည့်လိုက်ဦး..."
စုန့်ကျား လင်းရီ ပေးသော နာရီကို ယူကြည့်လိုက်ပြီး လက်ထဲတွင်တော့ ရှော့ခ်ရစွာဖြင့် "မဖြစ်နိုင်တာ..လုံး၀ အစစ်အတိုင်းပဲ....တကယ်လို့ ကျွန်မကသာ ပုံစံတူ ၀ယ်ဖို့ မတောင်းဆိုထားဘူးဆိုရင် အစစ်လို့ ထင်မိမှာပဲ.."
စုန့်ကျား နာရီကို တစိမ့်စိမ့် ကြည့်ရင်း နှစ်ခြိုက်နေသောလေသံဖြင့် "ဒါရိုက်တာလင်း ရှင်က တစ်ခုခုတော့ တစ်ခုခုပဲနော်...ဒီလောက်ကောင်းတဲ့ နာရီကိုတောင်မှ ရအောင် ၀ယ်လာခဲ့ပေးနိုင်တယ်..ဘယ်လောက်သုံးလိုက်ရလဲ.."
လင်းရီကတော့ မနေနိုင်ပဲ ရယ်လိုက်မိသည်။
အဲ့တာက နာရီအစစ်ပဲလေ..အစစ်နဲ့ တူမှာပေါ့ဟ...
သို့သော်လည်း လင်းရီ ထိုအကြောင်း ပြောမနေခဲ့ချေ။
စုန့်ကျား၏ လစာ၀င်ငွေနှင့် ဆိုပါက ၁.၂ မီလီယမ်ကို သုံးရန် မတတ်နိုင်သည်မှာ သဘာ၀ပင်။ ထို့ကြောင့် သူ အမှန်အတိုင်း မပြောပြသည်က ပိုကောင်း၏။
"အဲ့လောက်ကြီးလည်း ဈေးမရှိပါဘူးက..အချင်းချင်းတွေပဲမလား..လက်ဆောင်ပေးတယ်လို့ သဘောထားလိုက်တော့.."
"မရဘူး..ဒါရိုက်တာလင်း..ရှင် အဲ့လိုလုပ်ရင် ကျွန်မကို ကြွေအောင် လုပ်နေတယ်ဆိုပြီး ထင်မိလိမ့်မယ်..ခစ်ခစ် "စုန့်ကျား ရယ်မောရင်း ပြောလိုက်လေသည်။
"မင်းက ဆရာမနော်..စကားကို အဲ့လိုတွေ လျှောက်မပြောရဘူးလေ..."
"အာ...ကျွန်မတို့က အိမ်ထဲမှာကိုပဲ..ဒီမှာ ဘယ်အပြင်လူမှလည်း မရှိဘူး..."စုန့်ကျားပြောလိုက်ပြီး "ဘယ်လောက်နဲ့ ၀ယ်ခဲ့ရတာလဲလို့...ကျွန်မ ပိုက်ဆံ ပြန်လွှဲပေးမယ်..."
"ယွမ် ၂၆၀ တည်းပါ...ငါက နာရီတွေ ရောင်းတဲ့ကောင်နဲ့ သိတယ်လေ..အချင်းချင်းဆိုတော့ ပိုက်ဆံ သိပ်မပေးခဲ့ရဘူး."လင်းရီ ပြုံး၍ ပြောလိုက်သည်။
"အိုးမိုင်ဂေါ့ဒ် ..ဒီလောက်လှတဲ့ နာရီကို အဲ့လောက်နဲ့ ၀ယ်ခဲ့တယ်ပေါ့..ဒါရိုက်တာလင်း..ရှင်တော့ ကျွန်မကို အထင်ကြီးအောင် လုပ်ပြလိုက်တာပဲ....တစ်ခါတစ်လေလည်း အဆက်အသွယ်တွေ ရှိတာ မဆိုးပါဘူး..."
ထို့သို့ပြောပြီးနောက် စုန့်ကျား ယွမ် ၂၆၀ကို ဝီချက်မှတစ်ဆင့် လွှဲပေးလိုက်လေသည်။
"ဒါရိုက်တာလင်း..ပိုက်ဆံ လွှဲပြီးပြီနော်.."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး "တခြား ဘာမှ မရှိတော့ဘူးဆိုရင် သွားတော့မယ်..ကြယ်ငါးပွင့်ရီဗျူး ပေးဖို့လည်း မေ့မနေနဲ့ဦး..."
"အိုကေ...ပြဿနာမရှိဘူး..."
စုန့်ကျား ဖုန်းထုတ်လိုက်ပြီး ကြယ်ငါးပွင့်ရီဗျူး ပေးရန် ဟန်ပြင်လိုက်သည်။
သို့သော်လည်း ထိုအချိန်တွင် သူမ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး လင်းရီကို တောက်လောင်သော အကြည့်များဖြင့် ကြည့်လာခဲ့သည်။
"ဘာလို့ ဒီလိုကြီးကြည့်နေတာလဲဟ..မသိရင် ခုန်အုပ်တော့မယ့် အတိုင်းပဲ.."
"ဒါရိုက်တာလင်း..ကျွန်မတစ်ခုလောက် တောင်းဆိုချင်လို့..."စုန့်ကျား လင်းရီကို သာမန်ကတ်စတန်မာ တစ်ယောက် လေသံဖြင့် ပြောလိုက်သည်။
"ဘာလဲ တောင်းဆိုမှာ.."
"ရှင် သူဌေးဂိုက် ဘယ်လိုဖမ်းရမလဲ ဆိုတာ သိလား.."
ဟမ်..
ဘယ်လိုမေးခွန်းကြီးလဲဟ..
ငါက ချမ်းသာနေပြီးသားလေကွာ.....
"ဘာလဲ လုပ်မလို့.."
"ကျွန်မ ဒီည ကျောင်းသားဟောင်း တွေ့ဆုံပွဲရှိတယ်..ကျောင်းသားဟောင်းတွေ့ဆုံပွဲဆိုတော့ ရှင်သိတဲ့ အတိုင်းပဲလေ.. အားလုံးက သူတို့ ဘယ်လောက် ဌေးကြောင်း၊ တစ်လ၀င်ငွေ ဘယ်လောက် ရနေလဲဆိုတာတွေ လွှတ်ကြွားကြတော့မှာ..ဘယ်ရမှာ ကျွန်မလဲ အကြောတော့ မခံနိုင်ဘူး..."
"အဲ့ဒါဆို ...ဒီနာရီ ၀ယ်တာကလည်း ရှိုးပြဖို့ပဲပေါ့..."
"ဒါပေါ့.."စုန့်ကျား ပြောလိုက်ပြီး "ဒီခုခေတ် လူတွေက ပါးစပ်ကသာ အဆင်ပြေလား အဆင်ပြေလားနဲ့..အတွင်းစိတ်ကျတော့ ငတ်ေ-သပါစေလို့ ကြိတ်စုတောင်းနေတဲ့ဟာတွေ...ကျွန်မသာ ခုလို နေနေရတယ်ဆိုရင် ဘယ်လောက်တောင် ၀မ်းသာကြမလဲ သိလား..သူတို့ကို ၀မ်းသာခွင့် မပေးနိုင်ပေါင်.."
"ဒါပေမယ့် မင်းက ကျောင်းကော်မတီအဖွဲ့၀င်လေ..မင်းလစာ ဘယ်လောက်ရှိတယ် ဆိုတာ လူတိုင်း သိနေကြတာပဲ မဟုတ်လား..အဲ့တာကို ဘယ်လို ကြွားလုံးထုတ်မှာ.."
"အဲ့တာကြောင့် မို့ ရှင့်ကို သူ ဌေဟန်ဆောင်ပေးဖို့ အကူညီတောင်းရတာပေါ့..ရှင်ကကျွန်မရည်းစား ဟန်ဆောင်လိုက်..အဲ့တာဆို ကျွန်မလည်း ရှင့်ကို မှီခိုပြီး သာသာယာယာ နေနေရတဲ့ ပုံပေါက်တယ်လေ..အဲ့တာဆို သူတို့ မနာလို တွေဖြစ်ကုန်မှာ.. "
"အဲ့လောက်ကြီးတောင်လားဟ..အဲ့လိုဆိုလည်း သူတို့နဲ့ သွားတွေ့မနေနဲ့လေကွာ.."
"အဲ့လူတွေ ဘယ်လောက်တောင် မုန်းဖို့ကောင်းလဲဆိုတာ ရှင်မသိလို့နော်..."
စုန့်ကျားပြောလေ ပိုပြီး မုဒ်၀င်လာလေဖြစ်ပြီး ဆိုဖာပေါ်တွင် ခြေတင်ချိတ်၍ "နင်တို့ဘာတွေ ပြောနေကြတာလဲ..ငါတို့ ကောလိပ်က ထိပ်တန်းကျောင်းသူကြီးက ခုဆို အဆင်ပြေနေလောက်ရောပေါ့...အနည်းဆုံးတော့ တစ်နှစ်ကို တစ်မီလိယမ်လောက်တော့ ရသင့်တယ်လေ..."
"ဟူး...ငါတို့လို ကျောင်းတုန်းက စာမလိုက်နိုင်တဲ့ ကျောင်းသူတွေကတော့ အသုံးမ၀င်ဆုံးပဲ..အပြင်သွားရင် မာစီးဒီးတို့ BMWတို့လောက်ပဲ စီးနိင်တာ...ကျားကျားနဲ့ ဘယ်လိုယှဉ်လို့ ရမှာလဲနော..."
စုန့်ကျား သူတို့ ပြောပြမည့် လေသံကို ကြိုသိနေသကဲ့သို့ လုပ်ပြလိုက်ပြီး ပြောလေ စိတ်တိုလေဖြစ်ကာ "ဒါရိုက်တာလင်း....ရှင်ပြောကြည့် ..အဲ့တာကျွန်မကို စော်ကားနေတာပဲ မဟုတ်လား..ကျွန်မသာ မသွားလို့ကတော့ သေလောက်တဲ့ထိတောင် လှောင်ရယ်ခံရဦးမှာ..."
"အေးပါကွာ..အဲ့တာဆို..ငါလည်း ဘာမှ လုပ်စရာမရှိတာနဲ့အတော်ပဲ..လိုက်ခဲ့ပေးမယ်..."
"အွန်း အွန်း.."စုန့်ကျား မျက်လုံး လက်သွားပြီး အားရပါးရ ခေါင်းညိမ့်ကာ "ဒါရိုက်တာလင်း အချိန်ကျလာရင် ရှင် သူဌေးဟန်ဆောင်ပြီးတော့ ရှင့်ပိုင်ဆိုင်မှုတွေ ဘာ်လောက်များလဲဆိုတာ ကြွားရမယ်နော်..ရှင့်လက်အောက်မှာ ထိန်းချုပ်ထားတဲ့ ကုမ္ပဏီတွေ ဘယ်လောက်ပေါလဲဆိုတာ လျှောက်ရွတ်ပြလိုက်ရှင်...အဲ့တာဆို သူတို့တွေ ဆွံ့အသွားပြီး ပေါက်တတ်ကရတွေ ပြောနိုင်မှာတောင် မဟုတ်တော့ဘူး... "
"အာ...ငါပြောကြည့်တာပေါ့.."
လင်းရီလည်း သူ့တွင် သူဌေးပုံစံ ရှိကြောင်း သိပ်မသေချာပေ။
ချင်းဟန်ဆိုပါက ယခုလိုလုပ်ဖို့ရာ ပိုပြီး သင့်တော်ပေလိမ့်မည်။
"ဟီးဟီး..ကျေးဇူးပဲနော် ဒါရိုက်တာလင်း.."စုန့်ကျား အပြုံးလေးဖြင့် ပြောလိုက်သည်။
"ကျွန်မခု ရေသွားချိုးလိုက်ဦးမယ်..ကျွန်မ ငှားထားတဲ့ ၀တ်စုံ ရောက်လာတာနဲ့ သွားကြတာပေါ့.."
"၀တ်စုံလည်း ငှားထားတယ်...?"
"အွန်း..."စုန့်ကျာခေါင်းညိမ့်လိုက်ပြီး "အစကတော့ ကျွန်မ သူငယ်ချင်းတစ်ယောက်ကို အကူညီတောင်းမလို့ဘဲ...ဒါပေမယ့် ရှင်က သူ့ထက်ပိုချောပြီး အထက်တန်းဆန်တဲ့ ပုံပေါက်တော့ သူ့ကို ဘေးချိတ်ပြီး ရှင့်ကို အကူညီတောင်းဖို့ ဆုံးဖြတ်လိုက်တာလေ..."
"အာ...အဲ့လိုဆို ငါက သူ့နေရာကို ၀င်လုသွားတာပေါ့...မကောင်းဘူးထင်တယ်နော..."
"ဘယ်တတ်နိုင်မှာ..ဒါရိုက်တာလင်းက အရမ်းခန့်နေတာကိုး.."
"ဟားဟား..ငါလည်း မင်းလို ရိုးသားတဲ့သူတွေမှ ကြိုက်တာ.."
စုန့်ကျား ရယ်မောလိုက်ပြီး "ဒါရိုက်တာလင်း ..ဒီမှာ စောင့်နေဦးနော်...အသီးနဲ့ သောက်စရာတွေက ရေခဲသေတ္တာထဲမှာ ရှိတယ်...ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားပြီးသာနေ......"
"အိုကေလေ..မင်းလုပ်စရာရှိတာသာ သွားလုပ်..."
"အွန်း...အဲ့လိုဆို သွားပြီ..."
စုန့်ကျား ရေချိုးခန်းထဲသို့ ၀င်သွားခဲ့သညါ။လင်းရီလည်း ရေအနည်းငယ် ဆာနေခဲ့၏။ သို့သော်လည်း ရေခဲသေတ္တာထဲမှ အသီးတစ်ချို့ ယူစားရန် အကြံကို ပယ်ဖျက်လိုက်လေသည်။
စုန့်ကျားလည်း စတော်ကင်များ ၀တ်တတ်သည့် အကျင့်ရှိ သောကြောင့် မတော်လို့ သူမ စတော်ကင်များကိုသာ ရေခဲသေတ္တာထဲ၌ သိမ်းထားတော့မှဖြင့် ....
ထို့ကြောင့် ရိုးရိုးရေ တစ်ခွက်သာ သောက်ရန် ဆုံးဖြတ်လိုက်ရ၏။
ထိုအတောအတွင်း စုန့်ကျားငှားထားသည့် ၀တ်စုံကိုလည်း သူ၏ လုပ်ဖော်ကိုက်ဖက် အီရန်ဘွိုင်းတစ်ယောက်မှ လာပို့လာသည်။
နာရီ၀က်ကြာပြီးနောက် စုန့်ကျား ရေချိုးခန်းထဲမှ ကိုယ်ကို တဘက်ဖြင့် ပတ်၍ ထွက်လာခဲ့၏။ ရှောင်ထျန်ကဲ့သို့ ကိတ်မနေသော်လည်း သူ့နေရာနှင့်သူတော့ အတော်လေး ဆွဲဆောင်မှု ရှိလှပေသည်။
"ဒါရိုကတာလင်း ကော်ဖီစားပွဲပေါ်မှာ ကွန်ပျူတာ ရှိတယ်နော်..ပျင်းရင် ဇာတ်ကားလေးဘာလေးကြည့်ပေါ့..ကျွန်မ မိတ်ကပ် လိမ်းလိုက်ဦးမယ်..."
"အိုကေ..ကြယ်ငါးပွင့်ရီဗျူး ပေးဖို့လည်း သတိရဦးဗျ...ဒီက စောင့်နေတာ."
"အိုကေ..ပြဿနာမရှိဘူး..."
စုန့်ကျား အခန်းထဲသို့ ၀င်သွားပြီး မိတ်ကပ်လိမ်းနေချိတ်တွင် လင်းရီကတော့ ဧည့်ခန်းထဲတွင် ပျင်းရိစွာဖြင့် ဖုန်းဆော့နေလေသည်။
မိနစ်အနည်းငယ်အတွင်း စုန့်ကျား၏ ကြယ်ငါးပွင့်ရီဗျူးမှာ ရောက်လာခဲ့၏။
တစ်ချိန်တည်းတွင် သူ၏ စိတ်ထဲ၌ စနစ်၏ အသိပေးသံလည်း မြည်ဟီးလာသည်။
[မစ်ရှင် ပြီးမြောက်ပါပြီ။ ]
[ဆုလဒ် : အတွေ့ကြုံမှတ် ၁ သိန်း]
[အလုပ်ပြီးမြောက်နှုန်း : ၁၀၀% ]
[ဆုလဒ် : ယွမ် ၃ ဘီလီယမ်..]
[အီရန်ဘွိုင်း အလုပ်အကိုင် သော့ခတ်ထားပါသည်။ ဖွင့်၍ မရနိုင်ပါ။ ]
လင်းရီ ယွမ် ၃ ဘီလီယမ်ဟူသော စာသားကို မြင်တော့ စိတ်မလှုပ်ရှားသွားခဲ့။ ၎င်းကို သူမျှော်လင့်ထားပြီး ဖြစ်၏။
မစ်ရှင် အတွေ့အကြုံမှတ် တစ်သိန်းနှင့် ယွမ်သုံးဘီလီယမ်မှာလည်း အတော်လေး မဆိုးဟု ပြောနိုင်ပေသည်။
မည်သို့ပင်ဆိုစေ ရှေ့မစ်ရှင်တုန်းက အတွေ့ကြုံမှတ် နှစ်သိန်းနှင့် ၂ ဘီလီယမ် ရရှိသောကြောင့် သူ ရသလောက်နှင့် ကျေနပ်ရပေမည်။
ထို့နောက် လင်းရီ စနစ်၏ စာမျက်နှာက်ု ကြည့်လိုက်သောအခါ အီရန်ဘွိုင်း အလုပ်အကိုင်မှာ သော့ပိတ်သွားကြောင်း တွေ့လိုက်ရ၏။
စိတ်၀င်စားဖို့ ကောင်းသည်ကတော ထိုနေရာ၌ ရွှေတံဆိပ်လေးတစ်ခု ရှိနေပြီး ဂိမ်းထဲ၌ အောင်မြင်မှု ရရှိသောအခါ ပေးသည့် တံဆိပ်နှင့် ဆင်တူနေ၏။
လင်းရီ ဆိုဖာပေါ်တွင် သက်တောင့်သက်တာ လဲလျောင်းလိုက်ပြီး နောက်ထပ် ဘာဆက်လုပ်ရမလဲ ဆိုတာ စဉ်းစားနေသည်။
Didi ဒရိုင်ဘာနှင့် ကျောင်းဆရာ အလုပ်အကိုင် နှစ်ခုလုံး၏ ရပ်စဲထားခြင်း အချိန်အပိုင်းအခြားမှာ ကုန်ဆုံးသွားပြီးဖြစ်၏။ ထို့ကြောင့် သူတစ်ခုကို ရွေး၍ အန္တိမ မစ်ရှင်ကို လုပ်ရပေမည်။
"မိန်းကလေးစုန့်..."လင်းရီ အော်ဟစ်လိုက်သည်။
"ဘာလဲ...မပူနဲ့..ကျွန်မပြီးတော့မယ်..."
"ရတယ်..အေးဆေးသာလုပ်.."လင်းရီ ပြောလိုက်ပြီး "ငါသိချင်တာက ကျောင်းအားလပ်ရက် ရောက်တော့မှာလားလို့..."
"ရောက်တော့မှာ လေ...စာမေးပွဲတွေက နောက်တစ်လဆိုဖြေပြီ... ဘာလဲဖြစ်လို့ ဒါရိုက်တာလင်း..."
"ဘာမှမဟုတ်ပါဘူး..မင်းဘာမင်း လုပ်စရာရှိသာတာလုပ်ပါ..."
လင်းရီ တွက်ချက်ကြည့်လိုက်ပြီး ထိုသို့ဆိုပါက သူ ကျောင်းဆရာ အလုပ်မစ်ရှင်ကို အရင်ဆုံး လုပ်ရမည့်ပုံပင်။
မဟုတ်ပါက ကျောင်းသားများခရီးထွက်သွားခဲ့ပါက အချိန်အကြာကြီး စောင့်ဆိုင်းနေရပေလိမ့်မည်။
အဲ့တော့လည်း ကျောင်းဆရာအလုပ်ရဲ့ အန္တိမ မစ်ရှင်ကိုပဲ အရင်လုပ်တာပေါ့ကွာ...
စာစဉ် (၁၅)ပြီး၏။