← Chapters

မမျှော်လင့်ထားသော သတင်း

Vol. 9 Ch. 119

မမျှော်လင့်ထားသော သတင်း

Vol. 9 Ch. 119

“နောက်တစ်ခုက ခင်ဗျားတို့ ပြောတဲ့ ရန်သူတော် ဂိုဏ်းနှစ်ခုက ခေါင်းဆောင်တစ်ယောက်စီကိုတော့ ကျုပ် ရှင်းပေးနိုင်တယ်။ ဒါပေမဲ့ သူတို့က မတော်တဆ ကံဆိုးသွားသလို ပုံစံမျိုးနဲ့ပဲ ရှင်းပေးနိုင်မှာ။ မဟုတ်ရင် ကျုပ်အတွက် အန္တရာယ် သိသိသာသာ များသွားလိမ့်မယ်။ ဒါ့ကြောင့် ဒီလိုအန္တရာယ်များလှတဲ့ ကိစ္စကို ဝံ့ဝံ့စားစား လုပ်ဖို့ဟာ ကျုပ်အတွက် မထိုက်တန်ဘူး…။ ဒီရွေးချယ်စရာနှစ်ခုကလွဲလို့ ကျန်တဲ့အရာကို ကျုပ်အနေနဲ့ နည်းနည်းလေးတောင် မလိုက်လျောပေးနိုင်ဘူး…”

ထိုသို့ ပြောပြီးနောက် ဟန်လိ၏ မျက်နှာကြောမှာ တင်းသွားသည်။ သူက စကားထပ် မဆိုတော့ပေ။ ထိုဇနီးများ၏ အဖြေကိုသာ စောင့်နေတော့၏။

အမျိုးသမီးယန်နှင့် တခြားသူများက ဟန်လိ၏ ကမ်းလှမ်းမှုနှစ်ခုကို ကြားသည့်နောက် သူတို့၏ မျက်နှာထက်၌ အတော်အတန် အံ့အားသင့်ဟန် ဖြစ်ပေါ်ကုန်သည်။ သို့သော် သူတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီး ချက်ခြင်း မဆုံးဖြတ်ကြသေးပေ။

“ကျမတို့ ညီမတွေ ဆွေးနွေးဖို့အတွက် အချိန်ခဏပေးနိုင်မလား သခင်လေးဟန်။ ပြီးတာနဲ့ ကျမတို့ ရှင့်ကို အဖြေပြန်ပေးမယ်…” အမျိုးသမီးယန်က ထိုသို့ ဆို၏။

“ရတယ်။ ကျုပ်က အကျိုးအကြောင်း မသိတဲ့သူ မဟုတ်ဘူး။ ဒါပေမဲ့ နောက်အကျဆုံး နောက်နေ့ မနက်ကျ ကျုပ် အဖြေတစ်ခု ရမှ ဖြစ်မယ်။ ဒီနေ့ တနေ့လုံး ခင်ဗျားတို့ ဒီကိစ္စကို ဆွေးနွေးဖို့ အချိန် လုံလောက်မှာပါ…”

ထိုသို့ ဆိုပြီးနောက် ဟန်လိသည် သူတို့ကို အထူးတလည် ကြည့်မနေတော့ဘဲ အခန်းထဲကနေ အေးဆေးသက်သာစွာ ပြန်ထွက်လာသည်။

သူသည် လှေကားထစ်များအတိုင်း ဆင်းလာပြီး သူ့အခန်းသို့ ပြန်မသွားတော့ပေ။ ထိုအစား သူက မော့အိမ်တော်ခြံဝန်းထဲကနေ ထွက်လာခဲ့၏။ မည်သူမျှ သူ့နောက် မလိုက်လာဟု သေချာစေပြီးနောက် ဟန်လိသည် သူ နေထိုင်သော တည်းခိုခန်းသို့ ပြန်လာခဲ့သည်။

တည်းခိုခန်းထဲ ဝင်လာသည့်အခါ စွန်းအာကုံးက သူ့ကို အလျင်စလို ကြိုဆို၏၏။

“ပြောစရာ တခုခု ရှိရင် ငါ့အခန်းထဲကျမှ ပြော…” စွန်းအာကုံးက စကားစပြောသည်ကို စောင့်မနေဘဲ ဟန်လိက မထူးခြားနားဟန်ဖြင့် သူ့ကို အရင် အမိန့်ပေးလိုက်သည်။

“ကောင်းပါပြီ…လူငယ်သခင်လေးခင်ဗျ…” စွန်းအာကုံးက ဟန်လိနောက်ကနေ တလေးတစား လိုက်လာသည်။

အခန်းထဲ ဝင်လာပြီးနောက် ဟန်လိက ထိုင်ခုံတစ်ခုပေါ်တွင် ကိုယ်နေဟန်ထား ကျကျ ထိုင်ချပြီးနောက် မထူးခြားနားသောလေသံဖြင့်‌ ပြောလိုက်သည်။ “မင်း ကြည့်ရတာအလျင်လိုနေပုံပဲ။ ငါ့ကို အရေးကြီးတာ တခုခု ပြောဖို့ ရှိလို့လား…”

“လူငယ်သခင်လေး…ပုံမှန်မဟုတ်တဲ့အဖြစ်အပျက် တစ်ခု ရှိပါတယ်။ ကျုပ် ဒါကို သခင်လေးရှိ တင်ပြမှ ဖြစ်မယ်…” စွန်းအာကုံးက ထူးထူးခြားခြား လေသံဖြင့် ပြောလာသည်။

“ ပြောစရာရှိရင်ပြော….ဗျာများပြီး ပူပန် မနေနဲ့…” ဟန်လိက စွန်းအာကုံးကို လှမ်းကြည့်ကာ ပြောလိုက်သည်။

“ဟားဟား…ဒီနိမ့်ကျတဲ့သူက တမင် ထူးထူးခြားခြား ဖြစ်ဟန် လုပ်နေတာ မဟုတ်ရပါဘူး။ မထင်မှတ်ထားတဲ့ ကိစ္စတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ကျုပ် အနေနဲ့ တိကျတဲ့ သတင်းတခု သခင်လေးကို ပြောပြပါ့မယ်။ အရင်ရက်ပိုင်းတုန်းက ကျားယွမ်မြို့မှာ အင်မောတယ်တွေ တော်တော်များများ စုဝေးနေကြပါတယ်။ သူတို့ ခုလို စုဝေးကြတာဟာ မဟာအင်မောတယ်စည်းဝေးပွဲ အတွက်လို့ ကြားသိရပါတယ်။ ကျုပ် ကြားဖူးတာကတော့ အဲ့စည်းဝေးပွဲမှာ ပါဝင်နိုင်တာနဲ့ အင်မောတယ်ဂိုဏ်းတစ်ခုရဲ့ အဖွဲ့ဝင် အင်မောတယ်တစ်ယောက် ချက်ခြင်း ဖြစ်လာနိုင်တယ်တဲ့…”

စွန်းအာကုံက ပြောနေရင်း တံအတွေးပါ သီးသွားသည်။

“အင်မောတယ် ဟုတ်လား…” ဟန်လိက အတန်ငယ် အံ့အားတသင့် ဖြစ်မိသွား၏။

“မှန်ပါတယ်။ သူတို့ကို မျက်လုံးနဲ့ ကိုယ်တိုင် မြင်ခဲ့တဲ့လူတွေလည်း ရှိပါတယ်။ အဲ့အင်မောတယ်တွေက ကောင်းကင်ပေါ် ပျံသန်းနိုင်ပြီး လျှပ်စီးတွေကို ထုတ်ဖော်၊ မီးတောက်တွေကိုပါ ပစ်လွှတ်နိုင်ပါတယ်။ လူငယ်သခင်လေး…လူတစ်ယောက်က လုံလုံလောက်လောက် ကံကောင်းမှု မရှိရင် အင်မောတယ်တစ်ယောက်ကို ခုလိုမျိုး မြင်ရဖို့ ဘယ်ဖြစ်နိုင်ပါ့မလဲ…”

စွန်းအာကုံး လေသံ၌ မနာလိုအားကျမှု ပါဝင်နေပုံ ရသည်။ သူ့ပုံစံအရ သူသည် အင်မောတယ်တစ်ယောက်ကို တွေ့မြင်ရဖို့ မစောင့်နိုင်တော့သည့်အလား။

ဟန်လိသည် နားထောင်နေ၏။ စွန်းအာကုံး ညွှန်းဆိုသော အင်မောတယ်(ဝါ)တန်ခိုးရှင်များ ဟူသည်မှာ အမှန်တကယ်တော့ ကျင့်ကြံသူများ ဖြစ်ပေ၏။ သို့ပေမည့် လူမိုက်ခေါင်း‌ဆောင်ငယ် တစ်ယောက်က ကျင့်ကြံသူများ တွေ့ဆုံမည့်ပွဲကို မည်သို့ သိနိုင်ရသနည်း။ ဟန်လိသည် အံ့အားသင့် တုန်လှုပ်မိနေသည်။

“မင်း ဒါကို ဘယ်လိုလုပ် သိခဲ့တာလဲ။ ဒီအကြောင်းတွေ မင်းကို ပြောပြတဲ့ သူရဲ့ အကြောင်းကိုကော မင်း ဘယ်လောက် သိထားလဲ…”

ဟန်လိက စိတ်ဝင်တစား မေးလိုက်သည်။

“ဒီသတင်းက သေချာပါတယ်။ ဘာလို့လဲဆိုတော့ ကျနော့် ဂိုဏ်းက အစ်ကိုတော်တွေက ဒီအကြောင်းကို ပြောပြခဲ့လို့ပါ။ ဒါပေမဲ့ ဂိုဏ်းခေါင်းဆောင်ကတော့ အင်မောတယ်တွေကို ကြောက်တဲ့အတွက် ကျုပ်တို့ကို ဒီအကြောင်း မပြောဘဲ နှုတ်ပိတ်နေဖို့ အမိန့်ပေးထားပါတယ်။ စတုတ္ထဂိုဏ်းရဲ့ အထက်ပိုင်းသူတွေပဲ ဒီသတင်းကို သိကြတာပါ။ ဒါ့အပြင် အလားတူ သတင်းမျိုးကို ကျနော် အမူးသမားဆီကနေလည်း ကြားခဲ့ရပါသေးတယ်။ လူငယ်သခင်လေးလို့ ကျွမ်းကျင်သူက ဒီကိစ္စကို စိတ်ဝင်စားလိမ့်မယ်လို့ ကျနော် တွေးမိခဲ့တယ်။ ဒါ့ကြောင့်ပဲ တည်းခိုးခန်ကို အလျင်စလို လာခဲ့ပြီး ဒီအကြောင်း ပြောပြဖို့ သခင်လေးကို စောင့်နေခဲ့တာပါ…”

စွန်းအာကုံးသည် ဟန်လိကို ထိုသို့သော သတင်းပေးနိုင်မှုအတွက် အသိအမှတ်ပြုခံချင်နေပေသည်။

“အို…ကောင်းပြီ…ငါ မင်းရဲ့ ကြိုးစားမှုကို မေ့မထားပါဘူး။ ဒါပေမဲ့ အရင်ဆုံး မင်းတို့ရဲ့ ဂိုဏ်းထဲက လူတွေက ဒီသတင်းကို သိရပြီးနောက် အဲ့အင်မောတယ်တွေ သတိမပြုမိအောင် ဘယ်လိုဘယ်ပုံ ရှောင်တိမ်းခဲ့တာလဲ…”

ဟန်လိက အသေးစိတ်ကျကျ မေးမြန်းလိုက်သည်။ အင်မောတယ်များနှင့် ပတ်သတ်သည့် သတင်းဖြစ်၍ သူသည် ပေါ့ပေါ့ဆဆ မလုပ်ဝံ့ပေ။

“အရက်သမား ပြောတာကို ကြားခဲ့တဲ့အတိုင်း ကျနော် ပြန်ပြောပြပါမယ်…”

စွန်းအာကုံးသည် လိမ်ဆင်စကားများ မပြောဝံ့ဘဲ ဟန်လိကို သူ ကြားသိထားသည့်အတိုင်း ရိုးရိုးသားသား ပြောပြလိုက်သည်။

“ဒီသတင်းက စတုတ္ထဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ငယ်ထံကနေ ဦးဆုံး စကြားသိရတာပါ။ လွန်ခဲ့တဲ့ ရက်အချို့က သူဟာ မြို့အနောက်ပိုင်း အစွန်အဖျားမှာ အလုပ်ကိစ္စတစ်ခု ရှိလို့ သွားခဲ့တယ်။ ဒါပေမဲ့ ဟိုရောက်တော့ သူ ရတဲ့အလုပ်ကိစ္စ သတင်းက အမှား ဖြစ်နေခဲ့တယ်။ တဖက်အုပ်စုက လောဘတက်ပြီး ထွက်မပြေးနိုင်ခင်မှာ စတုတ္ထဂိုဏ်းဘက်က ရောက်လာတဲ့သူအားလုံးကို သတ်ဖို့ စီစဉ်ထားတဲ့ အကြံသာ ဖြစ်နေခဲ့တယ်…”

“ရန်သူ့လက်က လွတ်ဖို့ သူက အနီးအနား တောအုပ်ထဲမှာ ရှိတဲ့ အပင်ကြီးတပင်ရဲ့ အခေါင်းထဲမှာ ပုန်းနေခဲ့ရတယ်။ သူ့ရန်သူတွေက သူ့ကို ရှာမတွေ့ပင်မဲ့လည်း မထင်မှတ်ပဲ ကောင်းကင်ကနေ ကြောက်ဖို့ကောင်းလှတဲ့ သိမ်းငှက်ကြီးတစ်ကောင် ဆင်းသက်လာခဲ့တာပဲ။ ဒီသိမ်းငှက်ရဲ့ ပုံပန်းအသွင်နဲ့ အဲ့ဂိုဏ်းဝင်က သေးထွက်မတတ် ကြောက်သွားခဲ့တယ်တဲ့…”

“အဲ့လူက ဒီလို အရေးတကြီး အခိုက်မှာ ဖြတ်ထိုးဉာဏ်ကောင်းသွားပြီး ကျန်းဟူမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုတဲ့ လိပ်အသက်ရှုပညာရပ်ကို သုံးဖို့ ရုတ်တရက် သတိရမိသွားတယ်။ ဒါနဲ့ သူက အဲ့ပညာရပ်ကို သုံးပြီး သူ့အသက်ရှုနှုန်းကို လျော့ချ၊ သူ့နှလုံးခုန်သံကလည်း သေခါနီးလူတစ်ယောက်လို တိုးညှင်းသွားခဲ့တယ်။ ဒါမှ သူက အဲ့ကြောက်ဖို့ကောင်းတဲ့ သိမ်းငှက်ကြီး သတိပြုမိသွားမှာကို ရှောင်နိုင်မှာ မလား…”

“သူ သတိမေ့မလို ဖြစ်တဲ့အချိန်မှာပဲ သူက သိမ်းငှက်ကျောပေါ်က လူငယ်စုံတွဲတတွဲရဲ့ အပြန်အလှန် စကားပြောသံကို ကြားလိုက်ရတာပဲ။ တကယ်ပဲ သိမ်းငှက်ပေါ်မှာ လူတွေ တတ်နေနိုင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲ့သိမ်းငှက်က ကြီးမားလွန်းတဲ့အတွက်ပဲ။ ဒါ့ကြောင့် သူဟာ အင်မတန် ထိတ်လန့်သွားပြီး ဒီသိမ်းငှက်ပေါ်မှာ လူ ပါလာတာကို အစောပိုင်းက သတိမပြုမိခဲ့တာပဲ…”

“အဲ့လိုနဲ့ သူက အင်မောတယ်စည်းဝေးပွဲအကြောင်း ရေးတေးတေး ကြားသိခဲ့တာပဲ။ အဲ့ကျမှ သူဟာ သိမ်းငှက်ပေါ်က စုံတွဲဟာ အင်မောတယ်တွေ ဖြစ်မှန်း သဘောပေါက်သွားခဲ့တာ။ ဒါပေမဲ့ သူ့ လိပ်အသက်ရှုခြင်းပညာရပ်က အကန့်အသတ် ရောက်သွားတဲ့အတွက် သူလည်း သတိမေ့သွားခဲ့တယ်…”

“သူ နိုးလာတဲ့အခါကျတော့ နောက်နေ့ နံနက်ပိုင်း ရောက်နေပြီ။ သိမ်းငှက်ကြီးနဲ့ စုံတွဲလည်း သဲလွန်စမရှိ ထွက်သွားခဲ့တာ ကြာပေါ့။ ဒါ့ကြောင့် သူလည်း တခြား ဘာလုပ်ရမှန်း မသိဘဲ ဖနောင့်နဲ့တင်ပါး တသားတည်း ကျအောင် ဂိုဏ်းရှိ အသည်းအသန် ပြန်ပြေးလာခဲ့တော့တယ်…”

“သူ ပြန်ရောက်တဲ့အချိန်မှာ သူက ချက်ခြင်းပဲ စူးစူးဝါးဝါး အော်ဟစ်ခဲ့တယ်။ ဒါ့ကြောင့် သူက သူ့အထက်ကသူကို အဲ့အကြောင်း ပြောပြခဲ့ရတယ်။ သူ့အထက်က သူက ဒီအကြောင်း ကြားတော့ မထိန်ချန်ထားဝံ့ဘဲ ကျုပ်တို့ရဲ့ ဂိုဏ်းခေါင်းဆောင်၊ လူဝံလက်ရှန်းကျုံးရှန်ဆီ တင်ပြခဲ့ပါတယ်။ ပြီးတော့ ဂိုဏ်းခေါင်းဆောင်က ဒီအကြောင်းကို နှုတ်လုံဖို့ ကျုပ်တို့ကို အမိန့်ပေးခဲ့ပါတယ်…”

ဟန်လိသည် စွန်းအာကုံး ပြောပြသော ဇာတ်လမ်းကို ကြားပြီးနောက် သူ့အမူအရာတွင် ပြောင်းလဲခြင်း မရှိသော်လည်း စိတ်ထဲကမူ မထိန်းချုပ်နိုင်ဘဲ ဂနာမငြိမ် ဖြစ်မိနေသည်။

ကျင့်ကြံသူမြောက်များစွာ စုဝေးကြခြင်း။ ဤသည်မှာ နှစ်ပေါင်းတစ်ရာတွင် တစ်ကြိမ်သာ တွေ့နိုင်မည့် အခွင့်အရေးတစ်ခုပင်။ သူသာ ထိုစုဝေးပွဲသို့ ဝင်ပါနိုင်ပါက ကျင့်ကြံခြင်းလောကမှ သူများနှင့် အချိတ်အဆက် ရှိနိုင်မည် ဖြစ်သည်။ သူသည် အမှောင်ထဲ၌ ခု လုပ်နေသလိုမျိုး ကျင့်ကြံခြင်းလမ်းကြောင်းကို စမ်းတဝါးဝါး လျှောက်နေစရာ မလိုတော့တာလည်း ဖြစ်နိုင်လောက်မည်။

ဟန်လိသည် သူ့စိတ်ထဲရှိ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ စဉ်းစားသည်။ သူ့ခေါင်းထဲ၌ တည်ငြိမ်အောင် လုပ်ပြီး သူက မေးလိုက်သည်။ “အဲ့အင်မောတယ်စုံတွဲ ပြောနေတဲ့ အင်မောတယ်တွေစုဝေးမယ့် အချိန်နဲ့နေရာကိုရော မင်း ပြောတဲ့သူက ကြားမိခဲ့သေးလား…”

All Chapters