လူသားလောကမန္တန်
Vol. 16 Ch. 219
ကဗျာရေးသောအခါတွင် စာပေသမားက မိန်းကလေးကို နှောင့်ယှက်မိမည် စိုးရိမ်သောကြောင့် အသံတိုးတိုးလေး ရွတ်ဆို၏။ ထို့ကြောင့် တခြားလူများက သူ့ကွန်ဖျူးရှပ်ကျင့်ကြံဆင့်ကို နိမ့်ကျသည်ဟု ထင်နေကြသည်။
တာအိုပညာရပ်များအား ဆွေးနွေးသောအခါတွင် မိန်းကလေးက ကွန်ဖျူးရှပ်စွမ်းအား၏ ဖိနှိပ်ခြင်းကို မခံနိုင်မည် စိုးရိမ်သောကြောင့် သူက တခြားလူများနှင့် မယှဉ်ပြိုင်ပေ။
သူသည် ဆက်လက်ကျင့်ကြံလေ ကွန်ဖျူးရှပ်စွမ်းအားများ တိုးလာလေဖြစ်သည်။
သူ့မှင်ရည်တစ်စက်သည် မိစ္ဆာများအား ဖိနှိပ်နိုင်သည်။
စာလုံးအနည်းငယ်သည် ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုအား ပဲ့တင်ထပ်နိုင်သည်။
ထိုသို့ဖြင့် တစ်နေ့တွင်တော့ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများ စုစည်းလာပြီး ပြည်သူလူထု၏ဆန္ဒဖြင့် ပေါင်းစပ်သွားသည်။ ကွန်ဖျူးရှပ်ဝါဒ တိုးတက်စေရန်အတွက် သူ့ပခုံးပေါ်သို့ တာဝန်ကျလာသည်။
သူသည် နန်းမြို့တော်သို့သွားရောက်ကာ ကျောင်းတော်ကို ဦးဆောင်၏။
သူသည် ကမ္ဘာပေါ်ရှိ မိစ္ဆာများကို ဖိနှိပ်ရန်အတွက် အံ့ဖွယ်နေမင်းကိုယ်ရံတော်တပ်ဖွဲ့ကို တည်ထောင်၏။
ကမ္ဘာပေါ်တွင် သူ့အတွက် လုပ်စရာ အများအပြား ရှိနေသည်။
သူက လူအများ၏ အကျိုးကို အလေးထားမှတော့ အချစ်ကို ဂရုမစိုက်နိုင်တော့ပါ။
အဆုံးသတ်တွင်တော့ အမတ်ချုပ်ကြီးဝမ်သည် မိန်းကလေးကို အံ့ဖွယ်ကောင်းကင်ကမ္ဘာမှ နှင်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။
မိန်းကလေး ငြင်းပယ်မည်ကို စိုးရိမ်သောကြောင့် သူမ၏ သေမျိုးမှတ်ဉာဏ်များ မေ့လျော့သွားအောင် အမတ်ချုပ်ကြီးဝမ်က ဝိုင်တစ်ခွက်နှင့် ကဗျာတစ်ပုဒ်ကို အသုံးပြုခဲ့သည်။
‘တောင်နှင့်မြစ်များမှ စာတစ်စောင်၊ လက်ရှိဟာ အိပ်မက်တစ်ခုအလား မေ့လျော့သွားပေလိမ့်မည်’
သူမ၏မှတ်ဉာဏ်များမှာ ကဗျာနှင့်အတူ လွင့်ပြယ်သွားရ၏။
သူတို့သည် လက်ရှိဘဝမှာ အတူနေရန် ကံမပါသောကြောင့် ခွဲခွာရ၏။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အံ့ဖွယ်ကိုးပါးတောင်ကုန်းတွင် အမတ်ကြီးဝမ်သည် မိန်းကလေးကို အဝေးသို့မပို့ခင်မှာ သူမ၏ ဆံပင်တစ်မျှင်အား ဖြတ်ယူပြီး သူ့ဆံပင်နှင့် ချည်နှောင်သည်။
ပုံရိပ်များ ပျောက်ကွယ်သွား၏။
ဟန်မူယဲ့သည် ရှေ့တွင် ရှိနေသောဆံပင်များကို ကြည့်လိုက်ပြီး တိတ်ဆိတ်သွားသည်။
ဆံပင်နှစ်ချောင်းမှာ မတူညီသောမှတ်ဉာဏ်များကို ကိုယ်စားပြုနေသည်။
အံ့ဖွယ်ကိုးပါးတောင်၏ အောက်ခြေတွင် မိစ္ဆာကြီးများ မရှိပါ။
သို့ပေမဲ့ အငြိုးအတေးများကို ဖော်ပြနေသော မြေခွေးဖြူ၏ ဆံပင်နှင့် အမတ်ချုပ်ကြီးဝမ်၏ တွယ်ငြိမှုများကို ကိုယ်စားပြုသော ဆံပင်များသာ တည်ရှိသည်။
မြေခွေးဖြူ၏ အငြိုးအတေးများမှာ ပျောက်ကွယ်မသွားဘဲ နှစ်တစ်သောင်းကြာသောအခါတွင် မိစ္ဆာကြီးတစ်ကောင် ဖြစ်လာသည်။
ကောင်းရှောင်ရွှမ်သည် အမြဲတမ်းအားဖြင့် မြေခွေးဖြူကို အဖော်ပြုပေး၏။
ကမ္ဘာပေါ်မှာ မိတ်ဆွေဆက်ဆံရေးသည်လည်း နားလည်နိုင်ရန် ခက်ခဲသည်။
အမတ်ချုပ်ကြီးဝမ်ကဲ့သို့ ကွန်ဖျူးရှပ်တာအိုပညာရှင်သည်ပင် ပုဂ္ဂိုလ်ရေးခံစားချက်အား ဖြေရှင်းရန် စွမ်းအားမဲ့ရသည်။ သူက နှစ်ဖက်လုံး ထိခိုက်နာကျင်ရသော နည်းလမ်းကိုသာ အသုံးပြုခဲ့ရသည်။
‘မှန်သလား…မှားသလား’
‘သူနောင်တရခဲ့သလား’
ဟမ် ....
ဟန်မူယဲ့၏ ကိုယ်ထဲတွင်ရှိနေသော ရွှေရောင်အလင်းသည် ရှေးခေတ်ကျောက်စာအဖြစ် ပြောင်းလဲသွားသည်။
လူသားလောကမန္တန်…။
ထိုမန္တန်အတတ်သည် ကမ္ဘာလောက၏ ခံစားချက်များ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းသည် လူတစ်ယောက်၏ စိတ်ကို အဆက်မပြတ်သန့်စင်ပြီး ကာကွယ်ပေးနိုင်သည်။
ကျင့်ကြံခြင်းတွင် စိတ်ကျင့်ကြံခြင်းမှာ အရေးအကြီးဆုံးဖြစ်သည်။
ထူစွန်းရှစ်သည် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် အတော်ဆုံး ဓားကျင့်ကြံသူ ဖြစ်သည်။ သို့ပေမဲ့ သူသည် နှလုံးသားကို ကြံ့ခိုင်လာစေရန် တကိုယ်တော်ကျင့်ကြံသူများအကြား ရောနှောနေထိုင်ခဲ့သည်။
လူသားလောကမန္တန်သည် သူ့စိတ်ထဲမှာ တည်ရှိနေပြီး သူ့စိတ်နှလုံးကို လူသားလောကနှင့် ပေါင်းစပ်ပြီး အဆက်မပြတ် ကြံ့ခိုင်စေ၏။
ဟန်မူယဲ့သည် စိတ်နှလုံးကို သန်မာစေသောမန္တန်အတတ်အား ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
အနည်းဆုံးတော့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် သူသည် စိတ်နှလုံးကို သန်မာစေသည့် ကျင့်ကြံခြင်းနည်းစနစ်မျိုး မမြင်ဘူးပေ။
အနောက်ဘက်နယ်စပ်ကုန်းမြေတွင်လည်း ထိုသို့ ကျင့်ကြံခြင်းနည်းစနစ်မျိုး မရှိနိုင်ပေ။
မဟုတ်လျှင် ထူစွန်းရှစ်သည် တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် ရောနှောနေမည် မဟုတ်ပေ။
ဤကျင့်ကြံခြင်းနည်းစနစ်နှင့်ဆိုလျှင် ဟန်မူယဲ့သည် ကျင့်ကြံဆင့် လျင်မြန်စွာ တိုးတက်လာပြီး စိတ်နှလုံးတည်ငြိမ်ရင့်ကျက်ခြင်း မလုံလောက်သောအခြေအနေကို ဖြေရှင်းနိုင်လိမ့်မည်။
ဟန်မူယဲ့၏ အမြင်မှာတော့ လူသားလောကမန္တန်ကို ရရှိခြင်းမှာ မိစ္ဆာရတနာထက် ပို၍ အဖိုးတန်သည်။
လူသားလောကမန္တန်သည် သူ့စိတ်နယ်ပယ်ထဲမှာ ခိုအောင်းကာ သူ့မျက်လုံးများထဲတွင် ရွှေအလင်းများ ဖြစ်ပေါ်လာသည်။
ထိုရွှေအလင်းသည် လောကကို ထွင်းဖောက်မြင်နိုင်ပုံရသည်။
သူ ငုံ့ကြည့်လိုက်လျှင် သစ်သားဘီးကို မြင်လိုက်ရသည်။
သူက သစ်သားဘီးကို ကောက်ယူလိုက်ပြီး အနည်းငယ်အံ့အားသင့်သွားသည်။
သူ ထိုဘီးကို တစ်ခါမှမမြင်ဘူးပေ။
‘ဒါကိုလည်း အမတ်ချုပ်ကြီးဝမ် ထားသွားတာလား”
သစ်သားဘီးကို သစ်သားသေတ္တာထဲမှာထည့်လိုက်ပြီး ဆံပင်နှင့်စာလိပ်ကို ဖိထားလိုက်သည်။ ထို့နောက် သေတ္တာကို ပြန်ပိတ်ပြီး ဟန်မူယဲ့သည် တိတ်ဆိတ်နေသောအခန်းထဲမှ ထွက်လာ၏။
အနာဂတ်တွင် အလယ်ပိုင်းကုန်းမြေသို့ သွားရောက်ပါက ထိုကိစ္စအား ပိုမို နားလည်နိုင်ပေလိမ့်မည်။
နောက်ရက်များတွင် ဟန်မူယဲ့က ဓားစံအိမ်၏တတိယထပ်မှာ တံခါးပိတ်ကျင့်ကြံနေခဲ့သည်။
တိမ်မြုံကမ်းပါးတွင် သူက ကောင်းကင်ဘုံအဆင့်ပညာရှင်ကို သတ်ဖြတ်ပြီး မကောင်းဆိုးဝါးမိစ္ဆာနှင့် တိုက်ခိုက်ခဲ့သည်။
ထိုအတွေ့အကြုံသည် စိတ်ကျင့်ကြံခြင်းအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။
ရက်အနည်းငယ်ကြာအောင် ကျင့်ကြံပြီးသောအခါတွင် သူ့ဒန်ထျန်ထဲတွင်ရှိသော အင်မောတယ်အဆင့်ဆေးလုံးများ ကုန်ဆုံးမသွားခင်မှာ သူသည် စွမ်းအင်ကျင့်ကြံခြင်း၌ အခြေခံအုတ်မြစ် ဒုတိယအဆင့်သို့ တိုးတက်သွားခဲ့သည်။
မိစ္ဆာလက်မောင်းအရိုး၏ အကူအညီကြောင့် သူသည် ချီစုစည်းခြင်းအဆင့်ကိုးသို့ ရက်အနည်းငယ်အတွင်းမှာ ရောက်သွားလိမ့်မည်။
နွားသိုးကိုးကောင်ပုံရိပ်သည် သူ့နောက်မှာ စုစည်းလာပြီး ကျားဖြူပုံရိပ်နှစ်ခုမှာ အသံတိတ် ဟိန်းဟောက်သည်။
၎င်းတို့သည် ကြီးမားသော ခွန်အားများ ဖြစ်သည်။
သူ့ခန္ဓာကိုယ်သန်မာမှုသည် လက်သီးဆုပ်ပြီး ကြယ်စွမ်းအားချီကို ဆွဲဆောင်နိုင်သောအဆင့်သို့ ရောက်လာခဲ့သည်။
နောက်တစ်ဆင့်သည် ခန္ဓာကိုယ်စွမ်းအားနှင့် မဟာတာအို၏အုတ်မြစ်ကို တည်ဆောက်ပြီး အခြေခံအုတ်မြစ်အဆင့်သို့ ဝင်ရောက်ရမည်။
ခန္ဓာကိုယ်ကျင့်ကြံခြင်း၌ အခြေခံအုတ်မြစ် တည်ဆောက်ရန်အတွက် များပြားလှသော ရတနာများ လိုအပ်သည်။ ဟန်မူယဲ့သည် ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးများ အားလုံးနီးပါးကို သုံးစွဲလိုက်ပြီး ဖြစ်သည်။ ထို့ကြောင့် သူက ရွေးချယ်စရာမရှိဘဲ တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာရသည်။
“စီနီယာအစ်ကိုဟန်”
သူ ဓားစံအိမ်၏ တံခါးဝသို့ ရောက်သောအခါတွင် လျှိုဟုန်က လျင်မြန်စွာ ဦးညွှတ်လိုက်သည်။
သူက ဟန်မူယဲ့ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီး ပြောသည်။
“စီနီယာအစ်ကိုဟန်၊ ကျွန်တော် ဓားစံအိမ်ကိုဝင်ဖို့ ကျွန်တော့်အဘိုးက ခွင့်ပြုလိုက်တယ်”
သူသည် ဓားဂိုဏ်း၏ တတိယမျိုးဆက်တပည့် ဖြစ်သည်။ သို့ပေမဲ့ သူသည် များသောအားဖြင့် အလုပ်ကို သေချာမလုပ်ပေ။ ထို့ကြောင့် သူ့အဘိုးက သူ့အား ရတနာခန်းဆောင်တွင် ပျောက်ဆုံးသွားသောပစ္စည်းများကို ကိုင်တွယ်ရန် ဖိအားပေးခြင်းကို ခံရသည်။
သူသည် ဟန်မူယဲ့၏ ဓားဆေးလုံးကို စိတ်ဝင်စားသောကြောင့် ဓားစံအိမ်သို့ လာခဲ့ခြင်းဖြစ်သည်။
လျှိုဟုန်မှာ ဓားစံအိမ်သို့ရောက်လာသောအခါတွင် ဓားစံအိမ်တွင် ရှိသောလူတိုင်းသည် ထူးခြားနေကြောင်း နားလည်သွားသည်။
ထို့နောက် သူက ဓားစံအိမ်သို့ ဝင်ရောက်ဖို့ အကြံရလာသည်။
သူ့အဘိုးသဘောတူလျှင် ဝင်ခွင့်ရမည်ဟု ဟန်မူယဲ့က ပြောခဲ့သည်။
လျှိုဟုန် သူ့အဘိုးကို သွားရှာ၏။ ရတနာခန်းဆောင်၏ ဂိုဏ်းခွဲမှူးဖြစ်သူ လျှိုချွမ်ရီက သူ့ကို တိုက်ရိုက်ပိတ်လှောင်ထားခဲ့သည်။
ဓားစံအိမ်ဆိုသည်မှာ မည်သို့သော နေရာ ဖြစ်သနည်း။
ထိုနေရာတွင် ဓားချီများ ပျံ့နှံ့နေသည်။ ထိုနေရာသို့ သွားလျှင် ပုံမှန်ဓားကျင့်ကြံသူတစ်ယောက်သည်ပင် မသန်စွမ်း ဖြစ်သွားပေလိမ့်မည်။
သို့ပေမဲ့ တိမ်မြုံကမ်းပါးမှဂိုဏ်းသားများ ပြန်ရောက်လာသောအခါတွင် ဟန်မူယဲ့၏ ဂုဏ်သတင်း ကျော်ကြားလာသည်။
တစ်ဖက်ကမ်းခပ်ဓားအင်မော်တယ်…။
လူတစ်ယောက်၊ ဓားတစ်လက်ဖြင့် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဓားကျင့်ကြံသူ ထူစွန်းရှစ်ကို ယွမ်ထိုက်တောင်ကုန်းသို့ ဖိတ်ခေါ်ခဲ့သည်။
သူသည် ဝိညာဉ်လိပ်ပြာဓားကို အသုံးပြုပြီး ကောင်းကင်ဘုံ စတုတ္ထအဆင့်မိစ္ဆာကို သတ်ဖြတ်ရန် ထူစွန်းရှစ်အား ကူညီခဲ့သည်။
ဓားတစ်သောင်းတို့အိမ်အပြန်…။
လူတစ်ယောက်က ဓားနှစ်လက်ဖြင့် အာကာသလမ်းကြောင်းထဲသို့ဝင်ပြီး ပြင်ပလောကမိစ္ဆာကို ချိပ်ပိတ်ခဲ့သည်။
လင်တောက်ဂိုဏ်း၏ ပင်မဂိုဏ်းဝင် လော့ရှောင်ယွီနှင့် ထိုက်ရီဓားဂိုဏ်း၏ လူငယ်ပညာရှင် စွန်းကျင်းရှစ်တို့သည်ပင် အဆင့်တူများကြားတွင် ဟန်မူယဲ့သည် ဓားနှင့်ပတ်သတ်၍ အလွန်ပါရမီရှိပြီး ထိပ်တိုက်ရင်မဆိုင်ရဲဟု ပြောခဲ့ကြသည်။
တိမ်မြုံကမ်းပါးတွင် သန်းချီသော ကျင့်ကြံသူများ ရှိကြသည်။ မိစ္ဆာများကို ရှင်းထုတ်ပစ်ရန်အတွက် မိစ္ဆာအဖြစ်ပြောင်းသွားသော ဟွမ်လောင်လျှိုကို မလေးစားသူမရှိပေ။
တိမ်မြုံကမ်းပါးတွင် သန်းချီသော ကျင့်ကြံသူများ ရှိကြသည်။ အစ်ကိုဟန်ကို မသိသောလူ မရှိပေ။
သူတို့နှစ်ယောက်လုံးမှာ ဓားစံအိမ်မှ ဖြစ်သည်။
ဟန်မူယဲ့၏ ဂုဏ်သတင်းသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအထိ ပျံ့နှံ့လာသည်။ ထို့ကြောင့် လျှိုချွမ်ရီက လျှိုဟုန်ကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။ အချိန်အတော်ကြာအောင် ဆွေးနွေးလိုက်ပြီး သူက စည်းကမ်းသုံးချက် နှင့်အတူ လျှိုဟုန်ကို ဓားစံအိမ်သို့ ဓားထိန်းဖြစ်လာရန် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။
“မင်းနဲ့မင်းအဘိုးက ဘာကိုသဘောတူခဲ့တာလဲ”
ဟန်မူယဲ့က လျှိုဟုန်ကိုကြည့်ပြီး မေးသည်။
လျှိုဟုန်၏မျက်နှာက နီရဲသွားပြီး ရှက်ရွံ့စွာပြောသည်။
“တကယ်တော့ ဘာမှမဟုတ်ပါဘူး။ တောင်အောက်ကိုမဆင်းရဘူး၊ တောင်ခြေကို မသွားရဘူးဆိုတာပါပဲ”
“ပြီးတော့ ကျွန်တော့်အဘိုးက ကျွန်တော့်အတွက် လက်ထပ်ပွဲ စီစဉ်ပေးထားတယ်”
ဟန်မူယဲ့က ခေါင်းညိတ်သည်။ ထိုအရာက အရေးမပါပေ။
နောက်ထပ် ဓားထိန်းတစ်ယောက် စီစဉ်ပေးလိုက်သော ဂိုဏ်း၏သဘောထားကို သူ နားလည်သည်။
ဟွမ်လောင်လျှို ထွက်သွားသောအခါတွင် ဓားစံအိမ်၏ ဓားထိန်းများဖြစ်လာရန် လူအများက စိတ်ဝင်စားလာကြသည်။
ထိုအရာက ဂိုဏ်းအတွက်မကောင်းပေ။
လျှိုဟုန်မှာ ဂိုဏ်း၏ တတိယမျိုးဆက်တပည့်ဖြစ်ပြီး သူသည် ဂိုဏ်းစိတ်ချစေဖို့အတွက် ဓားစံအိမ်ကို ဝင်ဖို့ဆန္ဒရှိသည်။
ဂိုဏ်းက သူ့ကို မြေတောင် မြှောက်ပေးလိုကြောင်း ဟန်မူယဲ့သိထားသည်။
အနည်းဆုံးတော့ သူက ထန်ချီကို အနိုင်ရခဲ့သည်။
“ဓားစံအိမ်ရဲ့ ကျင့်ကြံခြင်းနည်းစနစ်ကို ယန်မင်ရွှမ်၊ ကျန်းမင်တို့နှင့်အတူ အရင်ဆုံးလေ့ကျင့်လိုက်။ မင်းခန္ဓာကိုယ်ထဲကို ဓားချီဝင်လာတာ တောင့်ခံနိုင်ရင် ဓားစံအိမ်ရဲ့ အရေးကိစ္စတွေကို တာဝန်ယူရမယ်”
လောလောဆယ်တွင် လျှိုဟုန်သည် ဓားစံအိမ်၏ဓားချီကို တောင့်မခံနိုင်သောကြောင့် ဖြည်းဖြည်းချင်းဆောင်ရွက်ရမည်။
သူက တတိယမျိုးဆက်တပည့်တစ်ယောက်ဖြစ်ပြီး ဓားစံအိမ်သို့ နိမ့်ကျသော အဆင့်အတန်းဖြင့် ဝင်လာခဲ့သည့် ဟန်မူယဲ့နှင့်မတူပေ။
လျှိုဟုန် စိတ်ပျက်သွားသည်။
သူသည် ချက်ချင်း ဓားထိန်းတစ်ယောက် ဖြစ်ချင်နေသည်။
သူ့မျက်နှာထားကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က ရုတ်တရက်ပြုံးလိုက်ပြီး ပြောသည်။
“မင်းက အဲဒီကိစ္စတွေကို စိတ်ဝင်စားတာလား”
လျှိုဟုန်က သူ့ကို ပြောပြခဲ့ဖူးသည်။ သူက တန်ဖိုးမသိနိုင်သော ပစ္စည်းများအတွက် အထူးအာရုံတစ်ခု ရှိနေကြောင်း ခံစားရသည်။
လျှိုဟုန်က ခေါင်းညိတ်သည်။
“ဒါဆိုရင်ရော ဘယ်လိုလဲ။ နောက်ကျရင် ရတနာစံအိမ်နဲ့ ဈေးတွေကို မကြာခဏသွားလိုက်။ မင်းကောင်းတယ် ထင်တာကို ပြန်ယူလာခဲ့”
ဟန်မူယဲ့က ပြုံးလျက်ပြောသည်။
ထိုအလုပ်က လျှိုဟုန်အတွက် သင့်တော်သည်။
လျှိုဟုန် ဝမ်းသာအားရ ဖြစ်သွားသည်။