ငါးနက် ပင်လယ်မိစ္ဆာများ
Vol. 87 Ch. 1202
ပင်လယ်နက်က ကြီးလည်း မကြီးသလို၊ သေးလည်း မသေးပေ။ ၎င်းသည် အထီးကျန် အရှေ့ပိုင်းပင်လယ်ထက် ပိုကြီးသော်လည်း သွေးညအကြောက်တရားပင်လယ်ထက် ပိုသေးသည်။ အဆုံးမဲ့ပင်လယ်နက်နှင့်မူ လုံးဝ မယှဉ်နိုင်ပေ။
လူသားများသည် လွန်ခဲ့သော နှစ်သိန်းပေါင်းများစွာကတည်းက ထိုပင်လယ်ဒေသတွင် မနေကြတော့ပေ။ ထိုပင်လယ်ရှိ မိစ္ဆာများက အဆိပ်ပြင်းကာ လူသားများကို ရန်မူကြသည်။ ၎င်းတို့က ပင်လယ်ထဲသို့ ဝင်လာသည့် လူသားတိုင်းကို တုံ့ဆိုင်းမှုမရှိ သတ်ပစ်ကြသည်။ ထို့ပြင် အဆိပ်မြူခိုးများက ပင်လယ်ပြင်ကို အမြဲ လွှမ်းခြုံထားသည်။ နတ်ဘုရားတစ်ပိုင်းများသည်ပင် အလွယ်လေး အဆိပ်မိသွားနိုင်သည်။ ထိုအဆိပ်က အလွန်ပြင်းသည်။ မည်သည့်သာမန်လူကမှ ထိုပင်လယ်တွင် သွားလာနိုင်မည် မဟုတ်ပေ။
ပင်လယ်နက်၏ အရှေ့ဘက်ဒေသတွင် အာကာပြင်က တွန့်ခေါက်ကာ အက်ကွဲလာသည်။ ထို့နောက် အာကာပြင်အက်ကြောင်းထဲမှနေ၍ ဧရာမနန်းတော်ကြီးတစ်ခု ပျံထွက်လာသည်။ ကျန်းရီသည် ကောင်းကင်ရှောင်တိမ်းခြင်းကို ဆက်မသုံးရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့ ဆုံးဖြတ်လိုက်ခြင်းမှာ ကောင်းကင်ရှောင်တိမ်းခြင်းကို မသုံးလို၍ မဟုတ်ပေ။ ဦးတည်ရာသို့ တိုက်ရိုက် ပျံသန်းသွားခြင်းက ပိုမြန်မည်ဖြစ်၍ ဖြစ်သည်။
ကျန်းရီသည် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်လိုက်ပြီး ရီချန်၏ မြေပုံကို လေ့လာလိုက်သည်။ ထို့နောက် ခေါင်းညိတ်ကာ ဆိုလိုက်သည်။
“ငါတို့ ပင်လယ်နက်ကို ရောက်ပြီ။ ပင်လယ်အလယ်ပိုင်းက ဆန်းကြယ်နယ်မြေကို ရောက်ဖို့ တစ်ပတ်လောက်တော့ သွားရလိမ့်မယ်”
ရီချန်ကလည်း ခေါင်းညိတ်လိုက်ပြီး ကျန်းရီကို အကြံပေးလိုက်သည်။
“ကျန်းရီ... ဂရုစိုက်ပါ။ ဒီနေရာက မိစ္ဆာတွေက အချိန်မရွေး တိုက်ခိုက်လိမ့်မယ်။ ပြီးတော့ အဲ့ အဆိပ်မြူခိုးတွေကို မထိပါနဲ့။ အဲ့အဆိပ်က နတ်ဘုရားဒိုင်းတွေကိုတောင် ဖောက်နိုင်တယ်။ ရှင့်မှာ ဆန်းကြယ်နတ်ဘုရားချပ်ဝတ် ရှိတယ် ဆိုပေမယ့် သတိဆိုတာ ပိုတယ်မရှိဘူး”
ကျန်းရှောင်နူက ဘေးမှ ဝင်ပြောသည်။
“သခင်လေး... မိစ္ဆာတွေ ရောက်လာရင် ကျွန်မကို အပြင်ကို ပို့လိုက်ပါ။ ကျွန်မက အဆိပ်မိမှာ မဟုတ်ဘူး”
“မင်းက အဆိပ်မမိဘူးလား”
ကျန်းရီက အံ့အားသင့်ဟန်ဖြင့် ကျန်းရှောင်နူကို ကြည့်ကာ စိတ်ဝင်တစား မေးလိုက်သည်။
“အဲ့ဒါကို ဘယ်လိုလုပ် သိလဲ”
“ကျွန်မလည်း မသိပါဘူး။ ကျွန်မက ဘယ်အဆိပ်ကိုမှ မကြောက်ဘူးလို့ ခံစားနေရတာပါ။ အဆုံးမဲ့ပင်လယ်နက်မှာတုန်းက ကျွန်မ ပုံစံပြောင်းထားတုန်း ချမ်ချမ်က ကျွန်မကို အဆိပ်မြူခိုးအမျိုးမျိုးနဲ့ ထိတွေ့စေခဲ့တယ်။ ဒါပေမဲ့ ကျွန်မက အကောင်းအတိုင်းပဲ။ အဆိပ်မြူခိုးတွေက ကျွန်မရဲ့ ခန္ဓာကိုယ်ထဲကို မဝင်နိုင်ဘူး”
ကျန်းရှောင်နူက ဂုဏ်ယူစွာ ရှင်းပြလိုက်သည်။
“ရှောင်နူ... မင်းက တကယ့်ကို မယုံနိုင်စရာပဲ”
ရီချန်သည် ကျန်းရှောင်နူ၏ လက်ကို ကိုင်၍ ချီးမွမ်းလိုက်သည်။ ကျန်းရှောင်နူက စက္ကူစလေးအလား ဖြူစင်သည်။ လူတိုင်းက သူမကို သဘောကျကြပြီး သူမအတွက် စိတ်ရင်းအမှန်ဖြင့် စောင့်ရှောက်ပေးလိုကြသည်။
“မင်ရည်တောင်ပံမျိုးနွယ်က ဘယ်လို နတ်ဘုရားမျိုးနွယ်မျိုးလဲ။ အဲ့ဒါက အရမ်းမိုက်တာပဲ”
ကျန်းရီ အံ့အားသင့်သွားသည်။ ကျန်းရှောင်နူ၏ မျိုးနွယ်က ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ မဟုတ်ကြောင်း အောင်းလုက ပြောခဲ့ဖူးသည်။ သို့ဖြစ်ရာ မင်ရည်တောင်ပံမျိုးနွယ်က အထက်ဘုံမှသာ ဖြစ်ရပေမည်။ ရီဖျောင်ဖျောင်ကလည်း အထက်ဘုံမှ လာခဲ့ခြင်းဖြစ်သည်။ သူမက ကျန်းရီကို တစ်ဘဝလုံး စောင့်ရှောက်ရန်အတွက် ကျန်းရှောင်နူကို ထားခဲ့သည်။
သို့သော် ကျန်းရီသည် ကျန်းရှောင်နူကို အန္တရာယ်တောထဲ ပို့မည် မဟုတ်ပေ။ သူ့တွင် နတ်ဘုရား အသုံးအဆောင်များရှိသည်။ ထို့ပြင် ပင်လယ်နက်ထဲရှိ စွမ်းအားအကြီးဆုံး မိစ္ဆာကမှ ကြယ်ရှစ်ပွင့်အဆင့်သာ ရှိသည်။ ထို့ကြောင့် သူ ကြောက်ရန် မလိုပေ။ ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်များပင် သူ့ကို မသတ်နိုင်သည် မဟုတ်ပါလော။
ရွှီး...
ကျန်းရီတို့ စကားပြောနေချိန်တွင် နန်းတော်အပြင်ရှိ အကာအရံက လင်းလက်သွားသည်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံလိုက်၏။ သောင်းချီသော အနက်ရောင်မြားများက ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အကာအရံကို လာရောက် ထိမှန်နေကြသည်။
အောက်ဘက်တွင် ငါးနက်များ ရှိနေသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များက မည်းနက်နေသည်။ မျက်လုံးများကလည်း တောက်ပနေပြီး ကျောပေါ်တွင်မူ ချွန်ထက်သော ဆူးတောင်များ ရှိသည်။ ၎င်းတို့၏ ခန္ဓာကိုယ် အရွယ်မှာ မီတာအနည်းငယ်သာ ရှည်သည်။ သို့သော် ၎င်းတို့၏ တိုက်ခိုက်မှုများက မိစ္ဆာဧကရာဇ်များနှင့်ပင် ယှဉ်နိုင်ပေသည်။ အရေးအကြီးဆုံးမှာ ၎င်းတို့ ပစ်လွှတ်နေသော မြားနက်များတွင် အဆိပ်ပါခြင်းပင်။ ထိုအဆိပ်က ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အကာအရံများအတွင်းသို့ စိမ့်ဝင်လာသည်။
“သူတို့တွေက တကယ်ကို ခက်ထန်ကြတာပဲ”
ဆန်းကြယ်နတ်ဘုရားနန်းတော်တွင် စွမ်းအင် သိပ်မကျန်တော့ပေ။ ကျန်းရီသည် လက်ကျန်စွမ်းအင်ကို မဖြုန်းလို။ ထို့ကြောင့် သူသည် ရီချန်၊ ရှောင်နူနှင့် ရှောင်ဖေးတို့ကို မှာစရာရှိသည်များ မှာကြား၍ မီးနဂါးဓားကို ဆင့်ခေါ်ကာ အပြင်သို့ ထွက်လိုက်သည်။ ထို့နောက် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို သိမ်းလိုက်သည်။ ဤတစ်ခေါက်တွင် သူ စွမ်းအားကြီး တာအိုပုံသဏ္ဌာန်များကို မသုံးလိုက်ပေ။ ထိုအစား ဓားမှနေ၍ သောင်းချီသော မီးနဂါးလေးများကို ထုတ်လိုက်သည်။
ဖောင်း...ဖောင်း...ဖောင်း...ဖောင်း...
ယနေ့ မီးနဂါးဓားက ယခင်က မီးနဂါးဓားနှင့် မတူတော့ပေ။ မီးနဂါးငယ်လေးများသည်ပင် အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။ မီးနဂါးများ ထိမှန်သွားသော ငါးနက်များက ပေါက်ကွဲသွားကြသည်။ ပေါက်ကွဲမှုအဟုန်များက ပင်လယ်ရေကို ကောင်းကင်ထက်ထိ ထိုးတက်သွားစေသည်။ ထို့ကြောင့် ပင်လယ်လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာကာ အဝေးအထိ ရွေ့လျားသွားသည်။ ထိုနေရာရှိ ပင်လယ်ရေအနက်က မီတာသုံးဆယ်မျှ လျော့ကျသွားသလိုပင်။
“ဝူ...ဝူ...”
ငါးနက်အုပ်ထံမှနေ၍ အော်သံများ ထွက်လာသည်။ ၎င်းတို့သည် သေရမည်ကို မကြောက်ဘဲ ကျန်းရီထံသို့ ပျံတက်လာကြသည်။ သိန်းချီသော မြားနက်များကလည်း သူ့ဆီသို့ ဦးတည်လာသည်။ အင်အားသန်းချီသော စစ်တပ်တစ်တပ်ကာ နန်းတော်ကို မြားဖြင့် ဝိုင်းပစ်သကဲ့သို့ပင်။
“ထွက်...”
ကျန်းရီသည် နဂါးမီးတောက်နတ်ဘုရားဒိုင်းကို ထုတ်လိုက်သည်။ ထိုဒိုင်းက မြားများကို ကာပေးသည်။ သို့သော် ဒိုင်း၏စွမ်းအင်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ထို့ကြောင့် ကျန်းရီသည် ထိပ်တိုက် မတိုက်ခိုက်ဝံ့တော့ပေ။ ထိုအစား သူ လှည့်ပတ်ပျံသန်းကာ မိစ္ဆာများကို သတ်နိုင်သမျှ သတ်ပစ်လိုက်သည်။
ကျန်းရီသည် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်သွားပြီဖြစ်၍ အလွန်လျင်မြန်နေသည်။ သို့သော် ကျန်းရှောင်နူလောက်တော့ မမြန်ပေ။ သို့တစေ လျှပ်တစ်ပြက်အတွင်းမှာပင် သူ ပင်လယ်ရေမျက်နှာပြင်အထက်သို့ ရောက်သွားပြီး မိစ္ဆာများနှင့် ထိပ်တိုက် တိုက်ပွဲကို ရှောင်နိုင်လိုက်သည်။
“အဆိပ်မြူခိုးတွေလား”
အနက်ရောင်မြူခိုးများက အဝေးမှနေ၍ ကျန်းရီထံသို့ ရွေ့လျားလာ၏။ ထိုမြူခိုးများက သူ၏ ဦးတည်ရာအတိုင်း ရွေ့လျားနေပုံပင်။ သူ ပင်လယ်ထဲ ငုပ်သွားမှ မြူခိုးများက ဆက်မလိုက်တော့ပေ။
‘ဒီနေရာက တော်တော် ထူးဆန်းတာပဲ’
ကျန်းရီသည် ရေထဲတွင် ကူးခတ်နေ၏။ မီးနဂါးဓားက သူ့လမ်းတွင် ပိတ်နေသော ငါးနက်များကို ခုတ်ပိုင်းနေသည်။ မချင့်မရဲဖြစ်ရသည်မှာ ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော ငါးနက်များ ရှိနေခြင်းပင်။ သူ မည်မျှ သတ်ဖြတ်ပါစေ လျော့သွားသည်ဟူ၍ မရှိချေ။ သူ ပင်လယ်ထဲ ရောက်နေသည်မှာ နှစ်နာရီ ရှိသွားပေပြီ။ ငါးနက်များက နက်ရှိုင်းသော ပင်လယ်ရေအောက်ပိုင်းမှနေ၍ အဆက်မပြတ် ထွက်ပေါ်လာနေသည်။ သူ့နောက်မှ ရေပြင်တွင် သွေးများ ဖုံးလွှမ်းနေပြီဖြစ်သည်။ ငါးနက်များ၏ သွေးညှီနံ့များက အော်ဂလီဆန်စရာပင်။ ထိုညှီနံ့များက ကီလိုမီတာထောင်ချီ ပျံ့နှံ့သွား၍ အဝေးမှ ငါးနက်များက သူ့ဆီ ရောက်လာကြသည်။
နှစ်နာရီ၊ နေ့ဝက်... တစ်နေ့...
ညအချိန် ရောက်လာပေပြီ။ သို့သော် သတ်ရန် ငါးနက်များက ပိုပင်များလာသည်။ ကျန်းရီတစ်ယောက် ခေါင်းကိုက်လာပြီဖြစ်သည်။ ဤပုံစံအတိုင်း ဆက်သွားပါက ပင်လယ်နက်၏ အလယ်သို့ ရောက်ရန် အနည်းဆုံး နှစ်ပတ်လောက် ကြာပေလိမ့်မည်။ နှစ်ပတ်လုံးလုံး ငါးနက်များကို သတ်နေရမည်ဆိုလျှင်လည်း မိစ္ဆာများ၏ သတ်ဖြတ်ခြင်းကို မခံရခင်မှာပင် အမောဆို့ကာ သေသွားနိုင်သည်။
‘ရှောင်ဖေး...’
ကျန်းရီ၏ခေါင်းထဲတွင် အကြံတစ်ခု ပေါ်လာသည်။ မြေခွေးလေးနှင့် ကျန်းရှောင်နူကို အပြင်ထုတ်လိုက်သည်။ ချက်ချင်းပင် သူသည် ကျန်းရှောင်နူအား ပုံစံပြောင်းခိုင်းလိုက်ပြီး သူ့ကို ခေါ်သွားခိုင်းလိုက်သည်။ နဂါးမီးတောက်နတ်ဘုရားဒိုင်းကို ရုတ်သိမ်းထားသည်မှာ ကြာခဲ့ပြီဖြစ်သည်။ သူသည် မြေခွေးလေးကို ပွေ့ချီ၍ အော်ပြောလိုက်သည်။
“ရှောင်နူ... မြားနက်တွေကို ရှောင်ဖို့ ကူညီပေးပါ။ ရှောင်ဖေး... မင်းက မိစ္ဆာအတတ်တွေကို သုံးပြီး ငါးနက်တွေကို ထိန်းချုပ်ပါ”
“ဟုတ်...”
ရှောင်နူက တိတ်တဆိတ် ပုံစံပြောင်းလဲလိုက်ပြီး ကျန်းရီ၏ လက်မောင်းကို ဆုပ်ကိုင်ကာ အရှေ့သို့ ဆက်သွားလိုက်သည်။ သူမသည် လမ်းတစ်လျှောက်တွင် မြားနက်များကို ရှောင်နေသည်။ ကျန်းရီက မီးနဂါးဓားဖြင့် သူတို့လမ်းကြောင်းရှိ ငါးနက်များကို ရှင်းပစ်သည်။ သူ ထိုသို့မလုပ်လျှင် ကျန်းရှောင်နူနှင့် ရှောင်ဖေးတို့ အန္တရာယ်တွေ့နိုင်သည်။
ရှောင်ဖေးကလည်း ပုံစံပြောင်းကာ သူမ၏ အမြီးခြောက်ချောင်းကို ယမ်းလိုက်သည်။ မွေးရနံ့တစ်ခု ပျံ့နှံ့သွားပြီး ကျန်းရီကို သတိလွတ်သွားစေသည်။ မြေခွေးအမြီးတစ်ချောင်းက သူ့နှာခေါင်းကို ပွတ်သပ်လိုက်မှ သူ အသိပြန်ကပ်လာကာ ဆက်တိုက်ခိုက်နိုင်သည်။
ဝူ...ဝူ...
ငါးနက်များက အဆင့်မမြင့်ပေ။ ၎င်းတို့သည် မြေခွေးလေး၏ မွေးရနံ့ကို ရပြီးနောက်တွင် တိုက်ခိုက်မှုများကို ရပ်လိုက်ကြသည်။ ၎င်းတို့၏ မျက်လုံးများလည်း ဝေဝါးသွားသည်။ ၎င်းတို့ ညှို့ခံလိုက်ရပြီဖြစ်ကြောင်း ထင်ရှားပေသည်။ မြေခွေးလေးကာ ခေါင်းမော့ကာ ပြောသည်။
“အစ်ကိုကြီး... ငါးနက်တွေ ရူးကုန်တာကို ကြည့်ချင်လား။ အဲ့ဒါက လွယ်ပါတယ်”
“ကောင်းပြီ.. တော်တယ် ရှောင်ဖေး”
ကျန်းရီ ခေါင်းညိတ်လိုက်သည်။ ရှောင်ဖေးက ငါးနက်များကို ထိန်းချုပ်နိုင်ခဲ့ခြင်းမှာ ကောင်းသောကိစ္စပင်။ ငါးနက်များက ၎င်းတို့ဘာသာ လမ်းဖယ်ပေးမည်ဆိုလျှင် သူတို့ အားစိုက်ထုတ်နေစရာ လိုတော့မည် မဟုတ်ပေ။ မြေခွေးလေးသည် ကျန်းရီ၏ ချီးကျူးမှုကို ရလိုက်၍ မွေးရနံ့ကို ဆက်ထုတ်လွှတ်လိုက်သည်။
“ဝူ...ဝူ...”
စက္ကန့်သုံးဆယ်အတွင်းမှာပင် ငါးနက်များက နာကျင်တကြီး အော်လာကြသည်။ ၎င်းတို့၏ မျက်လုံးများက ရဲရဲနီလာသည်။ မြေခွေးလေးက ဂုဏ်ယူဝံ့ကြွားစွာဖြင့် မော့ကြည့်လိုက်သည်။
“အခု သူတို့က သမီးရဲ့ ကျွန်တွေ ဖြစ်သွားပြီ”
“သူတို့ကို တခြားမိစ္ဆာတွေကို သတ်ပစ်ပြီး အစ်ကိုတို့အတွက် လမ်းရှင်းပေးဖို့ ခိုင်းလိုက်ပါ”
ကျန်းရီသည် ညှို့ခံထားရသော သိန်းချီသည့် ငါးနက်များကို တွေ့လိုက်၍ မြေခွေးလေးကို လက်မထောင်ပြလိုက်သည်။ ယခုတွင် ရှောင်ဖေးတစ်ယောက် အလွန်ပျော်နေပေပြီ။ သူမသည် ငါးနက်များကို ထိန်းချုပ်၍ အခြားမိစ္ဆာများကို တိုက်ခိုက်လိုက်သည်။ ထို့ပြင် ငါးနက်များကို ဆက်ညှို့ရန်လည်း ကြိုးစားလိုက်သည်။
“သခင်လေး... အဲ့ငါးနက်တွေက နှေးလွန်းတယ်။ အဲ့ငါးတွေကို အရေးစိုက်မနေပါနဲ့တော့”
ရှောင်နူတစ်ယောက် စိတ်မရှည် ဖြစ်လာပေပြီ။ ငါးနက်များက အဆင့်မြင့် ကောင်းကင်ဧကရာဇ်များ၏ အမြန်နှုန်းလောက်နှင့်သာ သွားနေကြသည်။
“လောဖို့ မလိုပါဘူး”
ကျန်းရီ ပြန်ပြောလိုက်သည်။
“ပင်လယ်နက်က အရမ်းထူးဆန်းတယ်။ ငါတို့ လောလို့ မဖြစ်ဘူး။ မဟုတ်ရင် ငါတို့လည်း ဗုဒ္ဓအင်ပါယာတို့လို ပြန်ထွက်နိုင်တော့မှာ မဟုတ်ဘူး။ အရင်ဆုံး ရှောင်ဖေးကို ငါးနက်တွေကို တတ်နိုင်သမျှ များများ ထိန်းချုပ်ခိုင်းရမယ်။ ပြီးရင် အခြေအနေကို ရက်နည်းနည်းလောက် စောင့်ကြည့်ကြတာပေါ့”
နှစ်နာရီကြာပြီးနောက် ပင်လယ်နက်ထဲတွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ လူနှစ်ယောက်နှင့် မြေခွေးလေးတစ်ကောင်က ငါးနက်ပုံကြီးတစ်ပုံပေါ်တွင် ရပ်နေကြသည်။ သူတို့အုပ်စုကို သန်းချီသော ငါးနက်များက ဝန်းရံထားသည်။ လူနှစ်ယောက်၊ မြေခွေးတစ်ကောင်နှင့် ငါးနက်များက အတူတကွ ပင်လယ်ကို ဖြတ်သန်းနေသည်။
ငါးနက်များသည် စစ်တပ်ကြီးတစ်တပ်အလား ပင်လယ်နက်၏ အလယ်ဗဟိုသို့ ဦးတည်သွားနေသည်။ အရှေ့တွင် မိစ္ဆာများ ပေါ်လာတိုင်း ငါးနက်များက ရန်သူများကို အစိတ်စိတ်အမွှာမွှာ လုပ်ပစ်လိုက်ကြလေသည်။
***