အရိုးစွပ်ပြုတ်
Vol. 88 Ch. 1220
“ကောင်လေး... မင်းက ပိန်လိုက်တာ။ မြန်မြန်လာ... အသားတွေများများစား။ အာဟာရပြည့်အောင် စားမှပေါ့။ ပြီးခဲ့တဲ့နှစ်တွေအတွင်း မင်း အပြင်ဘက်မှာ တစ်ယောက်တည်း လေလွင့်နေရတော့ ခက်ခဲခဲ့မှာပဲ... ဟုတ်တယ်မလား”
လူရိုင်းမလေးက စားပွဲပေါ်တွင် ပန်းကန်များ ချလိုက်ပြီး ကျန်းရီ၏ ရင်ဘတ်ကို ပွတ်သပ်လိုက်သည်။ ထို့နောက် မယုံနိုင်သောလေသံဖြင့် ပြောသည်။
“ကောင်လေး... မင်းရဲ့ အသားအရေက ချောမွေ့လိုက်တာ။ အင်း... ငယ်ရတာ ကောင်းလိုက်တာ”
ထင်ထားသလိုပင်...
ယခုတွင် ကျန်းရီတစ်ယောက် ဆွံ့အနေပေပြီ။ ပုန်း၍လည်းမရ၊ ဆက်နေ၍လည်းမရ ဖြစ်နေသည်။ သူက လေလွင့်ကလေးငယ်တစ်ယောက်လို ဟန်ဆောင်ရမည်ဖြစ်သည်။ သူ အတင်းကာရော ပြုမူလိုက်လျှင် သူမက သံသယဖြစ်သွားနိုင်သည်။
“ကောင်လေး... လာ..မြန်မြန် စွပ်ပြုတ်သောက်လိုက်”
လူရိုင်းမလေးက ကျန်းရီဘေးတွင် ထိုင်ကာ စွပ်ပြုတ်ပန်းကန်လုံးကို ကျန်းရီ၏ ပါးစပ်နားသို့ ယူပေးလိုက်သည်။ ကျန်းရီသည် မငြင်းနိုင်တော့သဖြင့် စွပ်ပြုတ်ကို တစ်ငုံသောက်လိုက်သည်။ စွပ်ပြုတ်က ဝမ်းထဲ ရောက်သွားသောအခါ သူ့တစ်ကိုယ်လုံး ပူလာသည်။ များပြားသောစွမ်းအင်များက ဝမ်းမှနေ၍ တစ်ကိုယ်လုံးကို ပျံ့နှံ့သွားသည်။ သူ့ကြွက်သားများက ချက်ချင်းလက်ငင်းပင် ကြီးထွားလာသည်ဟု သူခံစားလိုက်ရသည်။
‘ဒါကဘာလဲ။ ဘာလို့ ဒီစွပ်ပြုတ်က ထိပ်တန်းအဆင့် ဝိညာဉ်ဆေးပင်တွေထက်တောင် ပိုကောင်းနေရတာလဲ’
ကျန်းရီ အံ့အားသင့်သွားသည်။ ထို့ပြင် ကျန်းရီသည် တုန်လှုပ်ဖွယ်ကိစ္စတစ်ခုကိုလည်း သိလိုက်ရသည်။ ထိုစွပ်ပြုတ်တွင် ကာမအားတိုးဆေးပါသည်။ ထူးဆန်းသော စွမ်းအင်တစ်ခုက သူ့ဂွကြားသို့ ဆင်းသွားပြီး ရုတ်တရက်ကြီး ထောင်မတ်မှု ဖြစ်လာလေသည်။
“ကောင်လေး... ထပ်သောက်လိုက်ပါဦး။ အဲ့ဒါမှ မင်း ပိုပြီးသန်မာလာမှာ”
လူရိုင်းမလေးက ကျန်းရီ၏ ပခုံးပေါ် လက်တင်လိုက်ပြီး စွပ်ပြုတ်ပန်းကို ကျန်းရီ၏နှုတ်ခမ်းတွင် တေ့လိုက်သည်။ ကျန်းရီသည် မငြင်းဆန်ဝံ့သဖြင့် စွပ်ပြုတ်တစ်ပန်းကန်လုံးကုန်အောင် သောက်လိုက်ရသည်။ စွမ်းအင်များက သူ့တစ်ကိုယ်လုံးတွင် ပျံ့နှံ့နေသည်။ သူ့ညီလေးကလည်း ပို၍ထကြွလာသည်။
လူရိုင်းမလေးက ထိုမျှနှင့် မရပ်သေးပေ။ ကျန်းရီကို စွပ်ပြုတ်ပန်းကန်ထဲတွင် ကျန်နေသည့် အဖက်များကိုလည်း ကုန်အောင် စားခိုင်းလိုက်သည်။ ထို့နောက် သူမ၏လက်က အောက်ဘက်သို့ လျှောဆင်းလာသည်။ သူမ ပြုံး၍ ပြောလေသည်။
“ကောင်လေး... အရသာရှိရဲ့လား။ အခု အရင်ကထက် ပိုသန်မာလာပြီလို့ ခံစားရလား။ အဲ့ဒါက တော်ဝင်အရိုးစွပ်ပြုတ်ပဲ။ သာမန်လူတွေက အဲ့စွပ်ပြုတ်ကို သောက်ခွင့်မရှိဘူး...”
ကျန်းရီ၏ ဂွကြားတွင် ဖုဖောင်းနေသည်ကို မြင်ရသည်။ သူ အိုးတိုးအန်းတန်း ပြုံးကာ ပြန်ပြောလိုက်သည်။
“အဲ့ဒါက တကယ် အာဟာရဖြစ်ပါတယ်...”
“ဟီးဟီး...”
လူရိုင်းမလေးက တင်ကြွ၍ စွပ်ပြုတ်ပန်းကန်ကို စားပွဲပေါ် လှမ်းတင်လိုက်သည်။ ထို့နောက် ကျန်းရီကို ကြည့်ကာ ပြောသည်။
“မင်း ပူနေတယ်လို့ ခံစားရလား။ ငါ မင်းကို အပူထုတ်ပေးမယ်”
လူရိုင်းမလေးသည် ပြောပြောဆိုဆို ကျန်းရီ၏လက်ကို ပွတ်သပ်လိုက်သည်။ ထို့နောက် ရင်ဘတ်ကို ဆက်၍ပွတ်သပ်သည်။ သူမ၏ ကျန်လက်တစ်ဘက်က ကျန်းရီ၏ ဂွကြားဆီသို့ ဦးတည်နေသည်။ ထို့နောက် သူမသည် ကိုယ်ကိုင်းကာ ကျန်းရီ၏ပါးကို နမ်းလိုက်သည်။ ကျန်းရီတစ်ယောက် သူမ၏ လျှာကိုပင် ခံစားလိုက်ရသည်။ သူမက ခိုးခိုးခစ်ခစ်ရယ်၏။
“ကောင်လေး... မကြောက်ပါနဲ့။ မမက မင်းကို ကောင်းအောင် လုပ်ပေးမှာပါ...”
‘လခွမ်းနဲ့မှ...’
ကျန်းရီ ဆက်၍ မတည်ငြိမ်နိုင်တော့ပေ။ ထိုမိန်းမက တကယ့်ကို မိန်းမပျက်ပင်။ သို့မဟုတ် ဤနေရာမှ လူများက လိင်ကိစ္စတွင် ပွင့်လင်းကြခြင်းလော။ သူတို့က ကောင်းအောင်လုပ်ပေးနိုင်မည့် လူများကို ရှာနေကြခြင်းလော။ ယခုတွင် ထိုမိန်းမက ကျန်းရီ၏ ခန္ဓာကိုယ်နှင့် ဆော့ကစားနေပေသည်။
သို့သော် ကျန်းရီသည် ထိုမျှလွယ်သော ယောက်ျားတစ်ယောက် မဟုတ်ပေ။ ရေခြားမြေခြား တိုင်းတစ်ပါးတွင် သူ မည်သို့ ပွေရှုပ်နိုင်မည်နည်း။ ထိုလူရိုင်းမ၏ ရုပ်ရည်က မဆိုးလှသော်လည်း သူ စိတ်မပါပေ။ ထို့ကြောင့် သူ့ခေါင်းထဲမှ မေ့ရူကို ညွှန်ကြားလိုက်သည်။
“မေ့ရူ... အဲ့စွပ်ပြုတ်မကို ထိန်းချုပ်လိုက်”
ရွှစ်...ရွှစ်...
ကျန်းရီ၏ ခေါင်းထဲမှနေ၍ အနက်ရောင်အလင်းတန်းတစ်ခု ထွက်သွားပြီး လူရိုင်းမလေး၏ ခေါင်းထဲသို့ ဝင်သွားသည်။ ထိုအခိုက်တွင် သူမက ကျန်းရီ၏ လည်ပင်းကို ယက်နေပေပြီ။ မေ့ရူရှိနေ၍သာ တော်တော့သည်။ ထိုမိန်းမသည် မေ့ရူ၏ ထိန်းချုပ်မှုကို ခံလိုက်ရသည်နှင့် ဝိညာဉ်ကျွန် ဖြစ်သွားပေလိမ့်မည်။
ဖြန်း...
မေ့ရူက လူရိုင်းမ၏ ခေါင်းထဲမှ ထွက်လာပြီး ကျန်းရီ၏ခေါင်းထဲသို့ ပြန်ဝင်သွားသောအခါ ကျန်းရီသည် လူရိုင်းမ၏ ပါးကို ခပ်ဆတ်ဆတ် ရိုက်လိုက်သည်။ ထို့နောက် လည်ပင်းမှ သူမ၏ တံတွေးများကို သုတ်ပစ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မေ့ရူထံ အသံပို့လွှတ်လိုက်သည်။
“မင်းရဲ့ စိတ်ကို သုံးပြီး ဒီမိန်းမကို အပြင်ထွက်သွားခိုင်းလိုက်။ ပြီးတော့ လူရိုင်းအုပ်စုခေါင်းဆောင်ကို ခေါ်လိုက်”
မေ့ရူသည် လူရိုင်းမလေးကို တဲပြင်သို့ ခပ်သွက်သွက် ထွက်သွားစေလိုက်သည်။ မကြာခင်မှာပင် လူရိုင်းခေါင်းဆောင် ဝင်လာသည်။ ကျန်းရီ ဒေါသူပုန်ထပေပြီ။ သူ အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
“မိန်းမတွေကို ဒီတဲထဲ ဝင်မလာပါစေနဲ့လို့ ငါ မင်းကို မပြောလိုက်ဘူးလား”
“အရှင်...”
လူရိုင်းခေါင်းဆောင်တွင် ထူးဆန်းသော အမည်ရှိသည်။ သူ့အမည်မှာ ချွေးယဲ့ပင်။ သူသည် ကျန်းရီကို ခါးသက်သက် မျက်နှာထားဖြင့်ကြည့်၍ ဆိုသည်။
“သူက မျိုးနွယ်ခေါင်းဆောင်တစ်ယောက်ရဲ့ သမီး ချွေးလီပါ။ သူ ဝင်လာချင်ရင် ကျွန်တော် သူ့ကို မတားနိုင်ပါဘူး။ အရှင်... အရှင် ချွေးလီကိုလည်း ထိန်းချုပ်လိုက်တာပါလား”
ကျန်းရီ မျက်လုံးပင့်လိုက်သည်။ အတော်ကြာမှ သူ ပြောလိုက်သည်။
“ဒီက မိန်းမတွေ အကုန်လုံးက အဲ့လိုပွင့်လင်းကြတာလား”
“ပွင့်လင်းတာလား”
ချွေးယဲ့သည် ကျန်းရီ၏စကားကို နားမလည်နိုင် ဖြစ်သွားသည်။ ကျန်းရီက စိတ်မရှည်ဟန်ဖြင့် ထပ်ပြောသည်။
“ငါပြောတာက... သူတို့က လူတိုင်းနဲ့ လုပ်ကြတာလား”
“အို့...”
နောက်ဆုံးတွင် ချွေးယဲ့ နားလည်သွားပြီး ရယ်လိုက်သည်။
“အရှင်... အရှင်က ကျွန်တော်တို့ မျိုးနွယ်စုကို သိပ်နားမလည်သေးတဲ့ပုံပဲ။ ယောက်ျားနဲ့ မိန်းမက တစ်ယောက်ရဲ့ရုပ်ကိုတစ်ယောက် ကြိုက်ကြရင် အဲ့ဒါကို လုပ်နိုင်ပါတယ်။ ဟီးဟီး...”
“သူက ဘယ်ယောက်ျားဆိုတာကို ဂရုမစိုက်ဘူးလား”
ကျန်းရီသည် ရှက်ကိုးရှက်ကန်းဖြင့် နှာခေါင်းကုတ်လိုက်သည်။ ချွေးယဲ့ ရှင်းပြလိုက်မှ သူ နားလည်သွားသည်။ ယခုတွင် သူသည် သေမင်းကုန်းမြေမှ ကိစ္စများကို ပို၍ အံ့အားသင့်နေပေပြီ။
ဤနေရာမှ သာမန်လူများသည် လက်ထပ်မည့်အကြောင်းကို ပြောပင်မပြောကြချေ။ သူတို့၏ ဘဝက အလွန်ရှုပ်ထွေးသည်။ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်သည် တစ်ယောက်၏ရုပ်ရည်ကို တစ်ယောက်က သဘောကျလျှင် အတူအိပ်နိုင်ကြသည်။ မျိုးနွယ်စုခေါင်းဆောင်များနှင့် မျိုးနွယ်စုထဲမှ အရေးကြီးပုဂ္ဂိုလ်များသာ သူတို့အိမ်တွင် မိန်းမများ ခေါ်ထားနိုင်သည်။ ချွေးယဲ့၏ မျိုးနွယ်မှ မျိုးနွယ်ခေါင်းဆောင်တွင် မိန်းမဆယ်ယောက်ကျော်၊ ကလေးတစ်ရာကျော် ရှိသည်။
မျိုးနွယ်စုထဲမှ အခြားမိန်းမများသည် မျိုးနွယ်စုထဲမှ အခြားယောက်ျားများနှင့် လှည့်ပတ် အိပ်ကြသည်။ သူမတို့ မွေးသော ကလေးများကိုလည်း အားလုံးက အတူတကွ ပျိုးထောင်ကြသည်။ ပုံမှန်အားဖြင့် ယောက်ျားများက အပြင်သို့ အမဲလိုက်ထွက်ကြပြီး မိန်းမများက ကလေးထိန်းကြသည်။
အစောတွင် ကျန်းရီ သောက်ခဲ့သော စွပ်ပြုတ်က အမှန်ပင် ကောင်းသည်။ ထိုစွပ်ပြုတ်မှာ ရှားပါးသော သားရဲတစ်ကောင်၏ အရိုးများနှင့် ပြုတ်ထားသော စွပ်ပြုတ်ပင်။ ထိုသားရဲ၏ အရိုးတွင် အားကောင်းသော ကာမအားတိုးဓာတ်ပါသည်။ ဤနေရာမှ လူရိုင်းအားလုံးက သန်မာနေခြင်းမှာ ထိုကဲ့သို့သော စွပ်ပြုတ်မျိုးကို ငယ်ငယ်ကတည်းက သောက်ခဲ့ရ၍ ဖြစ်သည်။
“ကောင်းပြီ... ပြန်သွားတော့။ သတင်းအချက်အလက်တွေ ထပ်ရှာပါ။ သူတော်စင်အင်ပါယာမြို့ကို သွားနိုင်မယ့် အခွင့်အရေးတွေ့ရင် ကျွန်တော့်ကို ချင်းချင်း အကြောင်းကြားပါ။ ပြီးတော့... ကျွန်တော်စားဖို့ အာဟာရရှိတဲ့ စွပ်ပြုတ်တွေ ထပ်ပြုတ်ပေးပါ”
ကျန်းရီသည် ဒေါသပြေသွားပြီဖြစ်၍ မင်း၊ ငါနှင့် မပြောတော့ဘဲ ကျွန်တော်ဟုသာ ပြောလိုက်သည်။ ထို့နောက် လက်ဝှေ့ယမ်းကာ ချွေးယဲ့ကို ပြန်သွားခိုင်းလိုက်သည်။ တစ်နာရီ ကြာပြီးနောက် ချွေးယဲ့က စွပ်ပြုတ်တစ်ပန်းကန်သယ်၍ ပြန်ရောက်လာသည်။ ကျန်းရီသည် ထိုစွပ်ပြုတ်ကို သောက်ပြီးနောက် ပို၍သန်မာလာသည်ဟု ခံစားလိုက်ရသည်။ ထိုစွပ်ပြုတ်သည် အပြင်ဘက်မှ ထိပ်တန်းအဆင့် ဆေးလုံးများနှင့် တူညီပေသည်။
***
ထိုသို့ဖြင့် ကျန်းရီသည် သက်ရှည်မျိုးနွယ်စုတွင် နေထိုင်ခဲ့သည်။ သူသည် မျိုးနွယ်စုအကြောင်းကို ပိုလေ့လာရင်း ခန္ဓာကိုယ်ကို အားဖြည့်ရန် အားဖြည့်စွပ်ပြုတ်များ သောက်ခဲ့သည်။ သူသန်မာနေမှ သူတော်စင်အင်ပါယာမြို့သို့ သွားသောအခါ ကြုံရမည့် အန္တရာယ်များနှင့် ရင်ဆိုင်နိုင်မည်ဖြစ်သည်။ သူသည် ထွက်ခွာနိုင်မည့် အခွင့်အရေးကို စိတ်ရှည်ရှည် စောင့်ဆိုင်းနေပေသည်။
ခုနစ်ရက်ကြာပြီးနောက် ကျန်းရီသည် ချွေးယဲ့နှင့် အခြားလူရိုင်းများနှင့်အတူ အမဲလိုက်ထွက်သည်။ အပြင်သို့ ရောက်သောအခါ သူသည် ဗုဒ္ဓအင်ပါယာနှင့် လျှို့ဝှက်တွေ့ဆုံလိုက်ပြီး သိရှိထားရသော အကြောင်းများကို ပြောပြလိုက်သည်။ သူက သူတော်စင်အင်ပါယာမြို့ထဲသို့ ဝင်နိုင်ရန် ပြင်ဆင်နေသဖြင့် မစိုးရိမ်ဘဲ စောင့်နေပါဟုလည်း ပြောလိုက်သည်။
နှစ်ပတ်ကြာပြီးနောက် သတင်းအချို့ကို ရလေသည်။ တစ်လအတွင်းတွင် ဘုန်းတော်ကြီးတစ်ပါးက သက်ရှည်မျိုးနွယ်စုသို့ လာရောက်မည်ဖြစ်သည်။ ထိုအခါကျလျှင် သက်ရှည်မျိုးနွယ်စုသည် လူလွှတ်၍ သူ့ကို ကြိုဆိုရမည်ဖြစ်ပြီး ပြန်လည်းလိုက်ပို့ရမည်ဖြစ်သည်။ မျိုးနွယ်စုထဲတွင် ချွေးယဲ့က အင်အားကြီး သူရဲကောင်းတစ်ယောက်ဖြစ်သည်။ သူသာ ဘုန်းတော်ကြီးကို ပြန်ပို့ရမည့် တာဝန်ကို ရလျှင် ကျန်းရီကို သူနှင့်အတူ သူတော်စင်အင်ပါယာမြို့သို့ ခေါ်သွားနိုင်မည်ဟု ဆိုသည်။
ယခုတွင် ကျန်းရီက ချွေးယဲ့၏ မွေးစားသားအဖြစ် နေထိုင်နေသည်။ ထို့ကြောင့် ချွေးယဲ့က သူ့သားကို အပြင်သို့ ခေါ်သွားခြင်းမှာ ပုံမှန်သာဖြစ်သည်။ လူများက သံသယဖြစ်ကြမည် မဟုတ်ပေ။ ကျန်းရီသည် ထိုသတင်းကို ကြားရသောအခါ ပို၍ အားတက်လာသည်။ သက်ရှည်မျိုးနွယ်စုထဲတွင် ချွေးယဲ့က အတော်လေးကျော်ကြားသည်။ ထို့ကြောင့် သူသည် သူတော်စင်အင်ပါယာမြို့သို့ သံသယမဖြစ်စေဘဲ သွားနိုင်သည်။
တစ်လကုန်သွား၏။
ကျန်းရီသည် ခန္ဓာကိုယ် ပိုသန်မာလာစေရန်အတွက် စားနိုင်သောက်နိုင်သလောက် စားလာသည်။ သူ၏စွမ်းရည်များက အားကောင်းနေပြီဖြစ်သော်လည်း သူ၏ ခွန်အား၊ အမြန်နှုန်းနှင့် ခံနိုင်ရည်က လူရိုင်းများနှင့် မယှဉ်နိုင်သေးပေ။ သူ၏ခန္ဓာကိုယ်ကု အနည်းငယ်ထပ်၍ သန်မာအောင် လုပ်နိုင်လျှင် သူ့ကိုယ်သူ ပိုကာကွယ်နိုင်ရုံသာမက တိုက်ခိုက်ရာတွင်လည်း အထောက်အကူ ရပေလိမ့်မည်။
အရိုးစွပ်ပြုတ်က အမှန်ပင် ကောင်းသည်။ သို့သော် ပြဿနာမှာ ကာမအားတိုးဓာတ်လည်း ပါနေခြင်းဖြစ်သည်။ ထို့ကြောင့် ကျန်းရီတစ်ယောက် နေ့တိုင်း ထောင်မတ်နေရသည်။ ထို့ကြောင့် ချွေးလီကို မြင်သောအခါတွင်ပင် သူ စိတ်ပါနေမိသည်။ သို့သော် သူ စိတ်ကို တင်းထားသည်။ ထို့ပြင် သူသည် ဆန်းကြယ်နတ်ဘုရားနန်းတော်အတွင်းသို့ ဝင်ထွက်ကာ စိတ်ဖြေ၍လည်း မရပေ။ မျိုးနွယ်စုခေါင်းဆောင်က ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အရှိန်အဝါကို အာရုံခံမိသွားနိုင်သည်။ ထို့ကြောင့် သူသည် စိတ်ကိုသာ ချုပ်တည်းထားရလေသည်။
“မင်း အဲ့ဒါကို သောက်မှာလား”
ကျန်းရီသည် စားပွဲပေါ်ရှိ တော်ဝင်အရိုးစွပ်ပြုတ်ကို ကြည့်လိုက်ပြီး သံမဏိချောင်းတစ်ချောင်းကဲ့သို့ တင်းမာနေသော သူ့ဂွကြားကို ဆက်ကြည့်လိုက်သည်။ ရင်ထဲတွင် တွေဝေမှုများ ပြည့်နှက်လာသည်။ သူ ထိုစွပ်ပြုတ်ကို ဆက်သောက်လျှင် စိတ်ကို ထိန်းထားနိုင်လောက်တော့မည် မဟုတ်ပေ။
***