← Chapters

အခုကစပြီး မင်းက ငါ့အပိုင် ဖြစ်သွားပြီ

Vol. 88 Ch. 1225

အခုကစပြီး မင်းက ငါ့အပိုင် ဖြစ်သွားပြီ

Vol. 88 Ch. 1225

ဝုန်း...

ကျန်းရီသည် မိုးကြိုးပစ်ချခံလိုက်ရသလိုမျိုး ခံစားလိုက်ရ၏။ သူက သူတော်စင်မအပေါ် အကွက်ချောင်းနေခဲ့သလို သူတော်စင်မကလည်း သူ့ကို ချောင်းနေခဲ့ပေသည်။ အစောတွင် သူမက စွန့်စား၍ တိုက်ခိုက်ခဲ့သည်မှာ မိစ္ဆာနဂါးဘုရင်ကို ဒဏ်ရာအပြင်းအထန်ရသွားအောင် လုပ်ရန်သာ မဟုတ်ဘဲ ကျန်းရီကို လှည့်စားရန်လည်း ဖြစ်သည်။

“အရှင်... ဒီသူတော်စင်မရဲ့ စိတ်ဝိညာဉ်ကို မယုံနိုင်လောက်အောင် စွမ်းအားကြီးတဲ့ ရှေးဟောင်းအသုံးအဆောင်တစ်ခုက ကာကွယ်ပေးထားတယ်။ သူ့ရဲ့ စိတ်ဝိညာဉ်ကို တိုက်ခိုက်ဖို့ မလွယ်ဘူး”

တစ်ချိန်တည်းနီးပါးပင် မေ့ရူက ကျန်းရီထံသို့ အတွေးပို့လွှတ်လိုက်သည်။ ကျန်းရီ စိတ်ဓာတ်ကျသွားသည်။ သူသည် မီးနဂါးဓားကို ထုတ်၍ သူတော်စင်မကို သတ်ပစ်ချင်စိတ်ပင် ပေါက်လာသည်။ ထိုအခိုက်တွင် သူမ၏ လက်ထဲရှိ အနီရောင်ကြာပွတ်တစ်ချောင်းကို သူ သတိပြုမိလိုက်သည်။ ထိုကြာပွတ်က သူတို့နှစ်ယောက်ကို ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ရစ်ပတ်လိုက်သည်။

“ဒီကြာပွတ်... ဘာလို့ ဒီကြာပွတ်က ရှင်းမုန့်ဝမ်ရဲ့ ကြာပွတ်နဲ့ တစ်ပုံစံတည်း တူနေရတာလဲ။ မင်းက ကောင်းကင်တမလွန်ဂိုဏ်းကလား”

ကျန်းရီသည် ထိုကြာပွတ်ကို မြင်ခဲ့ဖူး၏။ ထိုကြာပွတ်က အဆုံးမဲ့ပင်လယ်နက်တွင် ကျန်းရှောင်နူကို ဖမ်းချုပ်ရန် သုံးခဲ့သော ကြာပွတ်ဖြစ်ပြီး သူ့ကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့သည်။ ယခုတွင် ထိုကြာပွတ်က ပြန်ထွက်ပေါ်လာပြီး သူ့ကို လှုပ်၍မရနိုင် ရစ်ပတ်ထားသည်။

“ဟားဟား... ကျန်းရီ၊ ရှင် သေမင်းရဲ့ သိပ်သည်းပင်လယ်ထဲကို ဝင်လာကတည်းက ကျရှုံးဖို့ သေချာနေပြီ”

ကျန်းရီနှင့် သူတော်စင်မတို့က အတူရစ်ပတ်ခံထားရဆဲဖြစ်ပြီး မြေပြင်တွင် ဆက်၍ တုန်ယင်နေကြသည်။ သူတို၏ ခန္ဓာကိုယ်အနေအထားက အတော်လေး တစ်မျိုးဖြစ်နေသည်။ ထို့ပြင် သူတို့က လေသံတိုးတိုးဖြင့် ပြောနေကြခြင်းဖြစ်သည်။ ကျန်လူရိုင်းများသည် မိစ္ဆာနဂါးဘုရင်နှင့် အလုပ်များနေဆဲဖြစ်၍ သူတို့နှစ်ယောက်ကို အာရုံမစိုက်နိုင်သေးပေ။

ကျန်းရီ၏ မီးနဂါးဓားက မီးဝိညာဉ်ပုလဲထဲတွင် ဖြစ်သည်။ မီးဝိညာဉ်ပုလဲနှင့် ဆန်းကြယ်နတ်ဘုရားနန်းတော်က သူ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲတွင်ဖြစ်သည်။ ရှေးဟောင်းနတ်ဘုရားလက်စွပ်က အရှက်လုံအောင် ဖုံးသော တိရိစ္ဆာန်သားရေထဲတွင်ဖြစ်သည်။ ယခုတွင် ကြာပွတ်၏ ရစ်ပတ်မှုကို ခံထားရရာ ကျန်းရီသည် သူ့လက်နက်များကို မထုတ်နိုင်ဖြစ်နေသည်။

ထို့ပြင် ကြာပွတ်က သူ့အတွင်းအားကို ရှုပ်ထွေးလာစေကြောင်း ကျန်းရီ သတိပြုမိလိုက်သည်။ သူ လက်နက်များကို ထုတ်နိုင်ခဲ့လျှင်ပင် မည်သည့် တိုက်ခိုက်မှုမှ ထုတ်လွှတ်နိုင်မည် မဟုတ်ပေ။ သူသည် အသက်တစ်ရှူစာအကွာရှိ လှပသော မျက်နှာလေးကို ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် သရော်သည့် အရိပ်အယောင်များ ရှိနေကြောင်းကို တွေ့လိုက်ရသည်။ နောက်ဆုံးတွင် သူ သူမ၏ ဗျူဟာများကို နားလည်သွားပေပြီ။ သူမသည် သူ့ကို မလှုပ်နိုင်အောင် ချုပ်ထားပြီးမှ ခက်ထန်သူရဲကောင်းအချို့ကို ခေါ်၍ သူ့အား သတ်ခိုင်းမည့်ပုံပင်။

‘ငါ ဘာလုပ်သင့်လဲ။ ငါ ဘာလုပ်သင့်လဲ’

ထိုအရေးအကြီးနေသည့်အခိုက်တွင် ကျန်းရီ အသည်းအသန် တွေးတောလိုက်သည်။ စက္ကန့်အနည်းငယ်အတွင်း ဖြေရှင်းနည်းကို မစဉ်းစားမိပါက သူ အသတ်ခံရပေလိမ့်မည်။ ယခုတွင် သူ အတွင်းအား သုံး၍ မရတော့ပေ။ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်က ရုတ်တရက် ထွက်ပေါ်လာကာ သူ့အား ကာကွယ်ပေးမည်၊ မပေးမည်ကိုလည်း မည်သူမှ မသိနိုင်ပေ။

“အရှင်... သူ့ရဲ့ စိတ်ဝိညာဉ်ကို ကာကွယ်ပေးနေတဲ့ ခုခံရှေးဟောင်းအသုံးအဆောင်က အရမ်း စွမ်းအားကြီးပါတယ်။ အဲ့ဒါကို ဖောက်နိုင်ဖို့ ရက်နည်းနည်းလောက် လိုပါလိမ့်မယ်”

မေ့ရူက ကျန်းရီထံသို့ အတွေးပို့လွှတ်လိုက်သည်။ ကျန်းရီ၏ နှလုံးသားက ချောက်နက်ကြီးထဲသို့ ကျသွားလေသည်။ သူက မည်သည့်တိုက်ခိုက်မှုကို ထုတ်၍ မရသလို မေ့ရူကလည်း သူတော်စင်မ၏ စိတ်ဝိညာဉ်ကို မထိန်းချုပ်နိုင် ဖြစ်နေသည်။ သို့ဖြစ်ရာ သေခြင်းတရားကိုသာ စောင့်နေရပေတော့မည်။

‘ငါ့မှာသာ သက်တန့်ဝိညာဉ်လှံ ရှိနေသေးရင်...’

ကျန်းရီ သက်ပြင်းလေးလေးတစ်ချက် ချလိုက်သည်။ သို့သော် သက်တန့်ဝိညာဉ်လှံအကြောင်းကို တွေးမိသောအခါ သူ ရုတ်တရက် တုန်ယင်သွားပြီး မျက်လုံးများ အရောင်လက်သွားသည်။ အသုံးအဆောင်ဝိညာဉ်သည် မေ့ရူကို ဖိနှိပ်ရန် သူ၏ မူလစိတ်ဝိညာဉ်ကို ထိန်းချုပ်ခဲ့စဉ်က သူ့မူလစိတ်ဝိညာဉ်က အလွန်အားကောင်းကြောင်း ပြောခဲ့သည်။

“မင်းမှာ ဒီလိုစွမ်းအားကြီး ရတနာတစ်ခု ရှိနေတာတောင် ဘယ်လို သုံးရမလဲ မသိဘူးပေါ့လေ။ မင်းက ကိုယ့်ရဲ့မူလစိတ်ဝိညာဉ်ကိုတောင် ဖျက်ဆီးပစ်ဖို့ တွေးလိုက်သေးတယ်ပေါ့။ အဲ့စိတ်ဝိညာဉ်ဓားကို ဘယ်လိုသုံးရတယ်ဆိုတာကို ကြည့်ထား”

အသုံးအဆောင်ဝိညာဉ် ပြောခဲ့သော စကားများက ကျန်းရီ၏ ခေါင်းထဲတွင် ပြန်ပေါ်လာသည်။ ကျန်းရီ၏ မျက်နှာထားက ရုတ်တရက် ရူးသွပ်သွား၏။ ထို့နောက် သူသည် သူ၏မူလစိတ်ဝိညာဉ်ကို စိတ်ဝိညာဉ်ပင်လယ်အတွင်းမှ ထုတ်လိုက်သည်။ မူလစိတ်ဝိညာဉ်က သူ၏မျက်ခုံးနှစ်ခုကြားမှ ထွက်လာပြီး သူတော်စင်မ၏ မျက်ခုံးနှစ်ခုကြားထဲသို့ ဝင်သွားသည်။

မူလစိတ်ဝိညာဉ်မှာ လူတစ်ယောက်၏ အခြေခံအကျဆုံးအရာဖြစ်သည်။ စိတ်ဝိညာဉ်ပျက်စီးသွားလျှင် လူလည်း သေရပေလိမ့်မည်။ အကယ်၍ စိတ်ဝိညာဉ်က ထိခိုက်သွားမည်ဆိုလျှင် လူသည်လည်း အပြင်းအထန် ‌ခေါင်းကိုက်ကာ ရူးသွပ်သွားနိုင်သည်။ ထို့ကြောင့် စိတ်ဝိညာဉ်ကို မထိခိုက်အောင် ကာကွယ်ရမည်ဖြစ်သည်။

သို့သော် ကျန်းရီက သူ၏ မူလစိတ်ဝိညာဉ်ကို သူ့ကိုယ်တွင်းမှ ထွက်သွားစေလိုက်ပြီး အခြားတစ်ယောက်၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်ရန် အသုံးပြုခဲ့သည်။ ထိုလုပ်ရပ်ကို အခြားသူများသာ သိသွာလျှင် ကျန်းရီတစ်ယောက် ရူးနေပြီဟု ထင်သွားကြပေလိမ့်မည်။

မိမိ၏ စိတ်ဝိညာဉ်က အခြားတစ်ယောက်၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်နိုင်မည်ဆိုလျှင်ပင် မိမိစိတ်ဝိညာဉ် ထိခိုက်သွားသည်နှင့် မိမိက သေလျှင်သေ၊ မသေလျှင် ရူးသွားနိုင်ပေသည်။

ကျန်းရီသည် ထိုအကြောင်းကို ရှင်းရှင်းလင်းလင်းသိ၏။ ထို့ပြင် သူ၏ မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်အပြင်သို့ ထွက်သွားလျှင် မည်သို့ ဖြစ်မည်ကို သူ မသိပေ။ သို့သော် သူ့တွင် အခြား‌ရွေးချယ်စရာ ရှိပါသေးသလော။ လက်ရှိအခြေအနေတွင် သူ တတ်နိုင်သမျှ ကြိုးစားရုံသာ ရှိတော့ပေသည်။

“အန်...”

လှပသော သူတော်စင်မသည် သူမ၏ စိတ်ဝိညာဉ်ပင်လယ်အတွင်းသို့ အခြားစိတ်ဝိညာဉ်တစ်ခု ဝင်လာသည်ကို ခံစားလိုက်ရ၏။ သူမသည် ကျန်းရီကို သတ်ရန် တစ်စုံတစ်ယောက်အား လှမ်း၍ အမိန့်ပေးလိုသော်လည်း ထိုအခိုက်တွင် သူမ၏ စိတ်ဝိညာဉ်ကို ကာကွယ်ရန်သာ အာရုံစိုက်ထားရလေသည်။

ရွှစ်...ရွှစ်...

မီးနဂါးဓားလေးက ကြောက်မက်ဖွယ်အရှိန်အဝါနှင့်အတူ သူတော်စင်မ၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ပျံဝင်လာသည်။ ထို့ကြောင့် မေ့ရူတစ်ယောက် ကြောက်ရွံ့တုန်လှုပ်သွားသည်။ ကျန်းရီက အလွန်ရူးသွပ်လှပေသည်။

ထိုအခိုက်တွင် ကျန်းရီသည် သူ့တစ်ကိုယ်လုံးက သူတော်စင်မ၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ရောက်သွားသလိုမျိုး ခံစားလိုက်ရ၏။ သူသည် သူတော်စင်မ၏ မူလစိတ်ဝိညာဉ်တွင် ဆန်းကြယ်သောချိပ်စည်းတစ်ခု ရှိနေသည်ကိုလည်း ခံစားနေရသည်။ ထိုချိပ်စည်းက ခပ်ရေးရေး တောက်ပနေပြီး သူမ၏ မူလစိတ်ဝိညာဉ်ကို ကာကွယ်ပေးနေသည်။

“ချိုးဖျက်”

ကျန်းရီသည် မီးနဂါးဓားလေးအား ထိန်းချုပ်၍ ထိုချိပ်စည်းအကာအရံကို အပြင်းအထန် ဝင်တိုက်စေလိုက်သည်။ ထိုချိပ်စည်းအကာအရံ ပျက်စီးသွားလျှင် မေ့ရူက သူတော်စင်မ၏ မူလစိတ်ဝိညာဉ်ကို တိုက်ခိုက်ကာ သူမကို ထိန်းချုပ်နိုင်ပေလိမ့်မည်။

“ရူးတာပဲ... ဒါက ရူးသွပ်တာပဲ”

မေ့ရူသည် လိပ်ပြာလွင့်မတတ် ကြောက်နေ၏။ ကျန်းရီ၏ စိတ်ဝိညာဉ်သာ ဖျက်ဆီးခံလိုက်ရလျှင် ကျန်းရီ သေသွားပေလိမ့်မည်။ ထိုအခါကျလျှင် သူ၏ အသုံးအဆောင်ဝိညာဉ်ကလည်း ပျောက်ကွယ်သွားနိုင်သည် မဟုတ်လော။ သို့ဆိုလျှင် သူမပါ သေဆုံးသွားမည်လော။ သူမ မသိပေ။ သူမသည် မီးနဂါးဓားလေးက တောက်ပနေသော ချိပ်စည်းအကာအရံထံသို့ ပျံသန်းသွားသည်ကို ကြည့်၍သာ နေနိုင်လေသည်။

ဝုန်း...

မေ့ရူသည် ကျယ်လောင်သာ အသံကြီးကို ကြားလိုက်ရပြီး တစ်ကိုယ်လုံး တုန်ယင်သွားသည်။ မီးနဂါးဓားက ချိပ်စည်းအကာအရံကို အပြင်းအထန် ဝင်တိုးလိုက်သည်။ အကာအရံပေါ်တွင် အက်ကြောင်းများ ထင်လာသောအခါ မေ့ရူ ဝမ်းသာသွား၏။ မီးနဂါးဓားလေးကမူ မည်သို့မှ မထိခိုက်သွားပေ။ ဓားပေါ်တွင် မီးနဂါးသုံးကောင် ကူးခတ်နေပြီး အလွန်အားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ထို့ကြောင့် မေ့ရူတစ်ယောက် တဆတ်ဆတ် တုန်ယင်နေပေသည်။

“မဟုတ်ဘူး...”

သူတော်စင်မ၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် အားကောင်း၍ ခက်ထန်သော အတွေးတစ်စ ဖြတ်သန်းလာသည်။ ကျန်းရီနှင့် မေ့ရူတို့သည် ထိုအတွေးစကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရ၏။ သူတော်စင်မ၏ စိတ်ဝိညာဉ်က အပြင်းအထန် စတင်တုန်ခါလာသည်။ သို့သော် မီးနဂါးဓားလေးသည် လုံးဝမတုံ့ဆိုင်းဘဲ ချိပ်စည်းအကာအရံကို ထပ်မံ ဝင်တိုးလိုက်သည်။ အကာအရံက ပေါက်ကွဲပျက်စီးသွား၏။ ချပ်စည်းအရောင်အဝါများလည်း ပျောက်ကွယ်သွားသည်။

“မေ့ရူ အခုပဲ”

ကျန်းရီက မေ့ရူထံ အတွေးပို့လွှတ်လိုက်သည်။ သူမသည် ချက်ချင်း အသိပြန်ကပ်လာပြီး အနက်ရောင် မြူခိုးတန်းများကို ပစ်လွှတ်ကာ သူတော်စင်မ၏ စိတ်ဝိညာဉ်ကို လွှမ်းခြုံစေလိုက်သည်။ သို့သော် သူတော်စင်မ၏ စိတ်ဝိညာဉ်က အတော်လေး သန်မာရာ အချိန်တိုအတွင်း ထိန်းချုပ်နိုင်မည် မဟုတ်ပေ။

“ဟွန်း...”

ကျန်းရီသည် ဒေါသထွက်လာ၍ မီးနဂါးဓားလေးကို ထိန်းချုပ်ကာ သူတော်စင်မ၏ စိတ်ဝိညာဉ်ကို ခပ်ဖွဖွ ဝင်တိုးစေလိုက်သည်။ သူမ၏ စိတ်ဝိညာဉ်ပေါ်တွင် အက်ကြောင်းလေးအနည်းငယ် ထင်သွားသည်။ ထို့နောက် စက္ကန့်ပိုင်းအတွင်းမှာပင် မေ့ရူက ထိုစိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်လိုက်လေသည်။

“ကောင်းပြီ”

ကျန်းရီသည် မီးနဂါးဓားလေးကို သူတော်စင်မ၏ စိတ်ဝိညာဉ်ပင်လယ်ထဲမှ ပြန်ထုတ်လိုက်ပြီး သူ့ မျက်ခုံးနှစ်ခုကြားထဲ ပြန်သွင်းလိုက်သည်။ မီးနဂါးဓားလေးက သူ့ စိတ်ဝိညာဉ်ပင်လယ်ထဲ ပြန်ရောက်မှ သူ စိတ်အေးသွားသည်။ ထို့နောက် ကျန်းရီသည် သူ၏စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို အကြိမ်အနည်းငယ် စစ်ဆေးကြည့်လိုက်၏။ မည်သည့်ထိခိုက်မှုမှ မရှိကြောင်း အတည်ပြုပြီးမှ သူ မျက်လုံးများ ဖွင့်လိုက်သည်။

ဟူး...ဟူး...

ကျန်းရီ အသက်ပြင်းပြင်း မှုတ်ထုတ်လိုက်၏။ သူ့တစ်ကိုယ်လုံး ချွေးများရွှဲနေပြီး အဆက်မပြတ် တုန်ယင်နေသည်။ ကျန်းရီသည် သူ လုပ်ခဲ့သော လုပ်ရပ်ကို ပြန်တွေးကာ တုန်လှုပ်နေမိသည်။ အကယ်၍ မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲမှ ထွက်သွားပြီးနောက် သူ သေဆုံးသွားလျှင် မည်သို့ လုပ်မည်နည်း။ မူလစိတ်ဝိညာဉ်က မသန်မာ၍ ချိပ်စည်းအကာအရံကို မဖျက်ဆီးနိုင်ခဲ့လျှင် မည်သို့ဖြစ်မည်နည်း။ သူတော်စင်မတွင် စွမ်းအားကြီး စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခု ရှိနေ၍ သူ၏ စိတ်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရမည်ဆိုလျှင် အသို့ဖြစ်သွားမည်နည်း။

‘ပြီးသွားပြီ... အားလုံးပြီးသွားပြီ။ ငါ နိုင်ခဲ့ပြီ’

ကျန်းရီသည် သူ့ကိုယ်သူ အားပေးနေ၏။ ထို့ပြင် သေရေးရှင်ရေး အခြေအနေမဟုတ်လျှင် ထိုသို့ ထပ်မလုပ်ရန်လည်း ဆုံးဖြတ်လိုက်သည်။ ယင်းက အန္တရာယ်များလွန်းသည်။ သူသည် သူ၏အသက်နှင့် ကစားခဲ့ခြင်းဖြစ်သည်။

ရွှစ်...ရွှစ်...

မေ့ရူက အနက်ရောင် အလင်းတန်းတစ်တန်းအလား ပြန်ထွက်လာ၏။ ထိုအခိုက်တွင် သူတော်စင်မ၏ မျက်လုံးများ ပွင့်လာသည်။ သို့သော် သူမ၏ မျက်ဝန်းများထဲ၌ စိုးရိမ်မှုနှင့် အကြောက်တရားများ ပြည့်နှက်နေသည်။

ကျန်းရီသည် ထိုလှပသောမျက်နှာလေးကို ကြည့်လိုက်ပြီး အလွန်ကျေနပ်သွား၏။ ရုတ်တရက် သူ အရှေ့သို့ တိုးကာ သူတော်စင်မ၏ ပါးလေးကို နမ်းလိုက်သည်။ ထို့နောက် သူ ပြုံး၍ ပြောလိုက်လေသည်။

“တောင်းပန်ပါတယ် မိန်းမလှလေး။ အခုကစပြီး မင်းက ငါ့အပိုင် ဖြစ်သွားပြီ”

***

All Chapters