← Chapters

နှစ်ပေါင်းသောင်းချီ သူတော်စင်ပမာ နေထိုင်ခြင်း

Vol. 16 Ch. 218

နှစ်ပေါင်းသောင်းချီ သူတော်စင်ပမာ နေထိုင်ခြင်း

Vol. 16 Ch. 218

"ဒီသစ်တုံးကို ယဲ့မျိုးနွယ်တောင်ကြားကို ပြန်ယူသွားပြီး စိုက်ထားလိုက်မယ်။ ဘာအမျိုးအစားပေါက်လာနိုင်မလဲ"

ယဲ့ချန်၏စိတ်ထဲတွင် နေရာတစ်နေရာက ချက်ချင်းထွက်ပေါ်လာသည်။ ဤသစ်တုံးတွင် အလွန်ပြင်းထန်သော အသက်အားရှိသဖြင့် သာမန်သစ်ပင်အမျိုးအစားမဟုတ်ဟု သူက ခံစားနေရသည်။

ယဲ့ချန်အနေဖြင့် လေလံပွဲပြီးဆုံးလျှင် ယဲ့မျိုးနွယ်ရှိသော တောင်ကြားသို့ ပြန်ရမည့်ပုံပေါ်သည်။ သူက ဖခင်၊ အစ်ကိုများ၊ ဦးလေးများနှင့်မတွေ့ဖြစ်သည်မှာ အချိန်ကြာမြင့်နေခဲ့သဖြင့် သတိရမိသည်။ သူ၏အဘိုးက ကျောက်စိမ်း​မြို့သို့ရောက်နေသော်လည်း အန္တရာယ်များမရှိစေလိုသဖြင့် သွားမတွေ့နိုင်ခဲ့ပေ။ ထို့ကြောင့် ယဲ့ချန်မှာ ခါးသက်သော ခံစားချက်တစ်ခုကို စိတ်ထဲတွင် ခံစားနေရသည်။

ယဲ့ချန်က သစ်တုံးကိုလေ့လာခြင်းအား ရပ်တန့်လိုက်သည်။ ထို့နောက် ၎င်းကို လက်မောင်းကာအတွင်း သိမ်းဆည်းကာ ကောင်းကင်ချီနှင့်ဝိညာဥ်အသိစိတ်ကို စတင်ကျင့်ကြံခဲ့သည်။

နက်ခရိုရေကန်တွင် ကျင့်ကြံခြင်းမှစတင်၍ ယဲ့ချန်သည် ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်အပေါ် ပိုမိုနက်ရှိုင်းစွာ နားလည်လာခဲ့သည်။ သူ၏ကိုယ်တွင်းရှိ ချီစက်ဝိုင်းကိုးခုက တုန်ခါနေပြီး ဖြည်းညှင်းစွာ အသွင်ပြောင်းနေကြသည်။ ကျင့်ကြံဆင့်က မြေဝိဇ္ဇာအလယ်အဆင့်တွင် ရပ်တန့်နေသော်လည်း ကိုယ်တွင်းရှိကောင်းကင်ချီပမာဏက တစ်နေ့တခြားတိုးပွားလာနေသည်။ လက်ရှိတွင် ချီစက်ဝိုင်းများက အလိုလိုလည်ပတ်နေကြသဖြင့် ယဲ့ချန်က မကျင့်ကြံလျှင်တောင် အလိုလိုကျင့်ကြံပြီးဖြစ်သည်။ သူက တစ်ရက်ကျင့်ကြံလျှင် သာမန်လူများ တစ်လကျင့်ကြံသည်နှင့် တူညီလေသည်။

တွက်ချက်ကြည့်လျှင် မြေဝိဇ္ဇာထိပ်ဆုံးအဆင့်သို့ ရောက်နိုင်ရန် အများဆုံး အချိန်တစ်လသာ လိုအပ်ပေမည်။

ကျင့်ကြံနှုန်းက အံ့သြဖွယ်ကောင်းလောက်အောင် မြန်ဆန်လာသော်လည်း ယဲ့ချန်က ကျေနပ်မနေနိုင်ပေ။ လူသားများကြားတွင် သူက အလွန်မြန်ဆန်နိုင်သော်လည်း ဤလောကတွင် နတ်ဘုရင်များကဲ့သို့ အစွမ်းထက်သားရဲကြီးများ ရှိနေခဲ့သည်။

ယဲ့ချန်၏ကျင့်ကြံနှုန်းက ရှောင်ရိကို မယှဥ်နိုင်ပေ။ သူက စားလိုက်အိပ်လိုက်ဖြင့် ကျင့်ကြံဆင့်မြင့်တက်နေသူ ဖြစ်သည်။ ထို့အပြင် အလွန်အစွမ်းထက်သော ထန်တိုက်လင်ကလည်း ယဲ့ချန်ကို ဖိအားများပေးနေသည်။ သူက ငါးနှစ်အတွင်း ထန်တိုက်လင်နှင့်တိုက်ခိုက်ရမည်ဖြစ်ကာ တစ်ဖက်လူကလည်း မကျင့်ကြံဘဲ ထိုင်နေမည်မဟုတ်ပေ။

ဤကမ္ဘာတွင် လူသားများက ကောင်းကင်သားရဲများထက် အမှန်တကယ်နိမ့်ကျနေပြီး အစွမ်းထက်ကျင့်ကြံသူများ ပျောက်ကွယ်နေသည်။ ယဲ့ချန်က နတ်ဘုရင်များစွာကို မြင်တွေ့ဖူးသော်လည်း နတ်ဝိဇ္ဇာတစ်ယောက်ကို ကြားပင်မကြားဖူးချေ။

အရာအားလုံးက သူ့အတွက် ဆန်းကျယ်သော ပဟေဠိများဖြစ်ကာ လက်ရှိတွင် မဖြေရှင်းနိုင်ပေ။ ကျင့်ကြံဆင့်မြင့်တက်လာမှသာ အသိပညာအမြင်များ တိုးလာပေလိမ့်မည်။ ယဲ့မျိုးနွယ်တွင် နေထိုင်ချိန်က ယဲ့ချန်နှင့် လက်ရှိယဲ့ချန်၏အသိအမြင်ကပင် ဤလောကအပေါ် ကြီးစွာခြားနားနေပြီ ဖြစ်သည်။

ကောင်းကင်ချီကို ကျင့်ကြံပြီးနောက် ဝိညာဥ်ကိုကျင့်ကြံရန် ယဲ့ချန်သည် ကောင်းကင်ကြယ်တာရာတံဆိပ်တော်အတွင်း ဝင်ရောက်လိုက်သည်။ ခရမ်းမီးတောက်ကြယ်ခြင်္သေ့က ယဲ့ချန်ကို မြင်သောအခါ ဒေါသတကြီးဟိန်းဟောက်လိုက်သည်။

"ခွေးကောင်လေး မင်း ဘာလာလုပ်ပြန်ပြီလဲ"

သူက ယဲ့ချန်နှင့်တိုက်ပွဲကို စိတ်ပျက်နေပြီဖြစ်သည်။ ဝိညာဥ်စစ်သည်တော်ကို မည်မျှဖျက်ဆီးပါစေ ယဲ့ချန်ကို မသတ်နိုင်ခဲ့ပေ။ ထို့အပြင် ယဲ့ချန်နှင့်တိုက်ပွဲတွင် စွမ်းအားများအသုံးပြုနေရလျှင် ကြယ်တာရာတံ​ဆိပ်ကို ချိုးဖျက်ရာ၌ အချိန်များ ပိုမိုကြာရှည်သွားပေလိမ့်မည်။

"ခြင်္သေ့အိုကြီး တိုက်ခိုက်ကြရအောင်"

ယဲ့ချန်၏ကိုယ်တွင်းမှ ရွှေသံချပ်ဝတ်ဝိညာဥ်စစ်သည်တော် ထွက်ပေါ်လာသည်။ ၎င်းက ဓားရှည်တစ်ချောင်းကိုဆွဲကိုင်ပြီး ခြင်္သေ့ကြီးထံ တဟုန်ထိုးဝင်ရောက်သွားခဲ့သည်။

"ဘုန်း ဘုန်း ဘုန်း"

ပေါက်ကွဲသံများနှင့်အတူ သားရဲကြီးနှင့် ဝိညာဥ်စစ်သည်တော်၏ အနီးကပ်တိုက်ပွဲက စတင်ခဲ့လေသည်။

အတိတ်တွင် ခြင်္သေ့ကြီးသည် ဝိညာဥ်စစ်သည်တော်ကို လက်ဝါးတစ်ချက်တည်းဖြင့် ဖျက်ဆီးရန် အဆင့်နိမ့်သိုင်းပညာကိုသာ အသုံးပြုခဲ့သည်။ သို့သော် လက်ရှိတွင် ပိုမိုအစွမ်းထက်လာသော ၎င်းကိုရင်ဆိုင်ရန် သူက အဆင့်မြင့်သိုင်းပညာများကို ထုတ်သုံးလာသည့်တိုင် တစ်ချက်တည်းဖြင့် အနိုင်မယူနိုင်ချေ။

ဝိညာဥ်စစ်သည်တော်၏ဓားချက်က ခြင်္သေ့ကြီးကို ထိသွားသဖြင့် သူက ဒေါသတကြီးဖြစ်နေခဲ့သည်။

"ခွေးကောင်လေး ငါ တကယ်ဒေါသထွက်သွားပြီ"

ခြင်္သေ့ကြီး၏မျက်လုံးထဲတွင် ခရမ်းရောင်မီးတောက်များ ရုတ်တရက်ထွက်ပေါ်လာသည်။

"ဝိညာဥ်စစ်သည်တော်က လှုပ်မရတော့ဘူး"

ခြင်္သေ့ကြီး၏ ဓားတစ်ချောင်းပမာစူးရှသော အကြည့်နှင့် ရင်ဆိုင်ရချိန်တွင် ယဲ့ချန်သည် ဝိညာဥ်စစ်သည်တော်ကို မထိန်းချုပ်နိုင်တော့ပေ။

"ပေါက်ကွဲစမ်း"

ခြင်္သေ့ကြီးက ဟိန်းဟောက်လိုက်သောအခါ ဘန်းခနဲမြည်သံနှင့်အတူ ဝိညာဥ်စစ်သည်တော်က မီးခိုးများအဖြစ် အဆုံးသတ်သွားခဲ့သည်။

အကြည့်တစ်ချက်က ဝိညာဥ်စစ်သည်တော်ကို ဖျက်ဆီးလိုက်နိုင်သဖြင့် ယဲ့ချန်က ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ ခြင်္သေ့ကြီးထံတွင် ကြောက်မက်ဖွယ်စွမ်းရည်မျိုးရှိနေသဖြင့် ဝိညာဥ်အသိစိတ်ပင် ထိခိုက်သွားရသည်။ ယဲ့ချန်က နာကျင်စွာဖြင့် ရင်ဘတ်ကို လက်ဖြင့်ဖိကာ တင်ပျဥ်ခွေထိုင်ချလိုက်ရသည်။ ထို့နောက် ကောင်းကင်ချီများကို လည်ပတ်လိုက်သဖြင့် ပျက်စီးသွားသော ဝိညာဥ်စစ်သည်တော်က ဖြည်းညှင်းစွာ ပြန်လည်ဖြစ်တည်လာသည်။

ယဲ့ချန်က ပိုးဟပ်တစ်ကောင်ပမာ အသက်ပြင်းနေသောကြောင့် ခြင်္သေ့ကြီးမှာ ကြမ်းပြင်ကို လက်ဖြင့် ဒေါသတကြီးရိုက်ပုတ်နေမိသည်။ သာမန်ကောင်းကင်သားရဲများဆိုလျှင် ဝိညာဥ်အသိစိတ် ပျက်စီးသွားလျှင် လချီအနားယူရမည်ဖြစ်သည်။ ဒဏ်ရာပြင်းထန်ပါက သေပင်သေနိုင်လေသည်။

တစ်စုံတစ်ယောက်၏သားရဲ မဖြစ်လိုသော အကြောင်းအရင်းက ခြင်္သေ့ကြီးထံတွင် ခိုင်ခိုင်မာမာရှိနေခဲ့သည်။ သူ၏အရင်သခင်နှင့် အိပ်မက်ဆိုးပမာဘဝက ခေါင်းထဲ၌ ပြန်လည်ထွက်ပေါ်လာသည်။

"ခြင်္သေ့လေး ငါ့ကို ဖက်ပါဦး"

"ခြင်္သေ့လေးရေ အစ်ကိုကြီးနဲ့ ရေအတူတူချိုးရအောင်"

"ငါက အထီးကြီး။ ဒီကောင်ကလည်း အထီး။ ဒါကို ငါနဲ့လာကျီစယ်နေတယ်။ သူရဲကောင်းဆန်ဆန် ကြီးကျယ်မြင့်မြတ်တဲ့ ကြယ်ခြင်္သေ့ရဲ့အသွင်အပြင်က ဘယ်မှာလဲ။ နှစ်ပေါင်းသုံးထောင်လုံးလုံး ဒီကောင့်ကိုအဖော်ပြုပြီး ခြင်္သေ့မတစ်ကောင်ကိုတောင် မထိခဲ့ရဘူး။ ငါက တဏှာမကြီးပေမယ့် နှစ်ပေါင်းသောင်းချီအောင် သူတော်စင်လို မနေနိုင်ဘူးကွ"

သခင်ဟောင်းနှင့် မှတ်ဉာဏ်များကို တွေးမိလိုက်သောအခါ ခြင်္သေ့ကြီးက စိတ်ထဲမှ နာကျင်စွာအော်ဟစ်လိုက်မိသည်။ နောက်ပိုင်းတွင် သူ၏သခင်ကို အစွမ်းထက်သူတစ်ယောက်က သတ်ဖြတ်၍ သူ့ကို ဤနေရာတွင်ချုပ်နှောင်ခဲ့သည်။ နှစ်ပေါင်းထောင်ချီအောင် ချုပ်နှောင်ခံရခြင်းက အထီးချင်းကျီစယ်ခံရခြင်းထက် သာလွန်သည်ဟု သူက လက်ခံခဲ့သည်။

ထိုအချိန်တွင် ယဲ့ချန်၏ဝိညာဥ်စစ်သည်တော်က ဓားကိုဝင့်၍ နောက်တစ်ကြိမ် တိုက်ခိုက်လာပြန်သည်။

"ဘာဖြစ်ဖြစ် ငါက မင်းရဲ့သားရဲမလုပ်နိုင်ဘူး။ ဘယ်သူမှ ငါ့ကို အညံ့ခံခိုင်းလို့မရစေရဘူး"

ခြင်္သေ့ကြီးက ကောင်းကင်သို့မော့၍ ဟိန်းဟောက်လိုက်သည်။ ထို့နောက် ခရမ်းရောင်မီးလုံးတစ်ခုကို ဝိညာဥ်စစ်သည်တော်ထံ ထွေးထုတ်လိုက်သည်။

"ဒီကောင်ကြီးက ဘယ်လိုလုပ် အစွမ်းထက်လာပြန်တာလဲ"

ယဲ့ချန်က ဝိညာဥ်စစ်သည်တော်နှင့် မီးလုံးကို ထိပ်တိုက်ရင်ဆိုင်စေသည်။ သို့သော် ခဏအတွင်း သူ၏ဝိညာဥ်စစ်သည်တော်က ပြာဖြစ်အောင် မီးရှို့ခံလိုက်ရ​ပေသည်။

"ဘန်း ဘန်း ဘန်း"

ဝိညာ်စစ်သည်တော်က ထပ်ကာထပ်ကာ ဖျက်ဆီးခံနေရသော်လည်း ယဲ့ချန်က တည်ငြိမ်စွာဖြင့် ပြန်လည်ဖွဲ့စည်းလိုက်သည်။ သူက လူမဆန်သောနာကျင်မှုကို ဆက်တိုက်ခံစားနေရသော်လည်း အံကိုတင်းတင်းကြိတ်ပြီး စွမ်းအင်များကုန်ခမ်းသည်အထိ တောင့်ခံခဲ့သည်။ နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်က အကန့်အသတ်သို့ရောက်သောအခါ ကောင်းကင်ကြယ်တာရာတံဆိပ်အတွင်းမှထွက်၍ နှစ်ခြိုက်စွာ အိပ်စက်လိုက်လေသည်။

အမွေးပွလေးသည် တံဆိပ်အတွင်းမှ ပင်ပန်းကြီးစွာထွက်လာသော ယဲ့ချန်အိပ်ပျော်သွားသည်ကို စောင့်ကြပ်ပေးနေခဲ့သည်။ ထို့နောက် သူမက ယဲ့ချန်ထံချဥ်းကပ်သွားကာ ချောမောသော မျက်နှာကို လက်ဝါးလေးများဖြင့် ပွတ်သပ်ပေးလိုက်၏။

ယဲ့ချန်အိပ်ပျော်နေစဥ် သူ၏မျက်ခုံးများက ပင်ပန်းမှုကြောင့် မျက်မှောင်ကြုတ်နေခဲ့သည်။ သူက အိပ်စက်နေသော်လည်း နာကျင်မှုနှင့်မောပန်းမှုက စိတ်ကို နှိပ်စက်နေပုံပေါ်သည်။

အမွေးပွလေးက ပုံရိပ်ယောင်ပုလဲကို ထုတ်ယူလိုက်သည်။ ထို့နောက် ၎င်းကို ယဲ့ချန်၏မျက်နှာပေါ်သို့ အဖြူရောင်အလင်းများ ဖြာကျစေခဲ့သည်။ အချိန်ခဏအတွင်း ယဲ့ချန်၏တင်းမာနေသော မျက်နှာထား ပြေလျော့သွားကာ တည်ငြိမ်အေးချမ်းသွားခဲ့သည်။

အမွေးပွလေး၏ခန္ဓာကိုယ်က နာကျင်နေဟန်ဖြင့် တစ်ချက်မျှလှုပ်ခါသွားသည်။ သူမက ယဲ့ချန်ကို ကူညီပေးပြီးနောက် ပုံရိပ်ယောင်ပုလဲကိုပြန်သိမ်းကာ အိပ်စက်ရန် လှဲချလိုက်သည်။

ညက အေးချမ်းတိတ်ဆိတ်စွာ ကျော်လွန်သွားခဲ့သည်။

နိုးထလာသော ယဲ့ချန်က ကျောဆန့်၍ အညောင်းဖြေလိုက်သည်။ သူက ဤတစ်ခေါက်တွင် ကောင်းမွန်စွာအိပ်စက်ခဲ့ရသဖြင့် စွမ်းအင်များ ပြည့်ဝနေသည်။ သူ၏အိပ်မက်ထဲတွင် အမွေးပွလေးက လှပသော ကိုယ်လုံးတီးမိန်းမပျိုလေးတစ်ယောက်အဖြစ် အသွင်ပြောင်းသွားခဲ့သည်။ သူမ၏ပြည့်စုံသော ကောက်ကြောင်းများနှင့် ကျောက်စိမ်းဖြူရောင် အသားအရေကို ကောင်းကင်ဘုံမှနတ်မိမယ်များပင် မယှဥ်နိုင်ချေ။ ယဲ့ချန်က ဤအိပ်မက်မျိုးမက်မိသည့်အတွက် ရှက်ရွံ့နေမိသည်။ သူက တဏှာကြီးသော ယောကျ်ားတစ်ယောက်ပုံ ဖြစ်နေသည်ပင်။

ထိုအချိန်တွင် ပေါင်ကြားမှ စေးကပ်ကပ်ခံစားမှုတစ်ခုကို ခံစားလိုက်ရသဖြင့် သူက ရေချိုးခန်းအတွင်း ဝုန်းခနဲဝင်ပြေးသွားခဲ့သည်။

တည်းခိုခန်းမှ အသင့်ပြင်ပေးထားသော ရေဖြင့်သန့်စင်ပြီးနောက် ယဲ့ချန်က အဝတ်အစားလဲနေချိန်တွင် အိပ်ရာထက်မှ အသံတစ်ခု ကြားလိုက်ရသည်။

"အမွေးပွလေး နိုးပြီလား"

ယဲ့ချန်က မေးလိုက်သည်။

"ကွိ"

အမွေးပွလေးက ပျင်းရိစွာအော်မြည်လိုက်သော်လည်း သူမ၏အသံက ချိုသာကြည်လင်နေသည်။

ယဲ့ချန်နှင့်အမွေးပွလေးက မင်ဝူနှင့်ရွှမ်းယီ၏အခန်းသို့ ရောက်သောအခါ နှစ်ယောက်လုံး နိုးနေပြီးဖြစ်သည်။ ရှောင်ရိကမူ အလွန်အိပ်မောကျနေသဖြင့် ယဲ့ချန်က အိပ်ရာပေါ်မှဆွဲချခဲ့ရသည်။ ရေချိုးကန်အတွင်းရှိနေသော ဝူစီက တစ်ညလုံးအိပ်စက်ခြင်းမရှိဘဲ ပျော်ရွှင်စွာ ဆော့ကစားနေပုံပေါ်သည်။

နံနက်စာစားပြီးနောက် သူတို့အဖွဲ့သည် ယမန်နေ့ကထက် ပိုမိုလူထူထပ်နေသော လမ်းမှတဆင့် အဓိကလေလံပွဲကျင်းပမည့် လေလံအိမ်သို့ ချီတက်ခဲ့ကြသည်။ မြို့စောင့်ရဲမက်များက ယဲ့ချန်တို့ကို လာရောက်ကြိုဆိုပြီး လေလံအိမ်၏ အကြီးဆုံးခန်းမတစ်ခုထံ ခေါ်ဆောင်လာခဲ့သည်။ ထိုနေရာတွင် အဆင့်အမြင့်ဆုံး သီးသန့်ခန်းများအနက်မှ တစ်ခုကို စီစဥ်ထားပြီးဖြစ်သည်။

ဂုဏ်သရေရှိ သီးသန့်ခန်းငါးဆယ်တွင် နှစ်ဆယ်၌ ဧည့်သည်များရောက်ရှိနေသည်။ ကျန်အဆင့်နိမ့် သီးသန့်ခန်းများလည်း ပြည့်နှက်နေပြီး ခန်းမအတွင်း၌ လူပေါင်းထောင်ချီက နေရာယူထားကြသည်။ အဓိကလေလံပွဲသို့ တက်ရောက်ရန် ဧည်သည့်တော်များစွာ ရောက်ရှိလာကြသည်။

သာမန်လူများက ဤအခမ်းအနားတွင် ပါဝင်ခွင့်မရှိဘဲ ခန်းမအတွင်းထိုင်နေသူများမှာ ချမ်းသာသောကုန်သည်များ၊ သိုင်းပညာမျိုးနွယ်များမှ ကျင့်ကြံသူများနှင့် သေးငယ်သောတိုင်းပြည်များ၏ ဘုရင်များ စသည်တို့ဖြစ်သည်။

တစ်နာရီအတွင်း ဧည့်သည်တော်များအားလုံး တဖွဲဖွဲရောက်ရှိလာကာ နောက်ဆုံးတွင် အဓိကလေလံပွဲ စတင်ပြီဖြစ်သည်။ ယဲ့ချန်က ခန်းမတစ်ခုလုံးကို ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းပြီး ကောင်းကင်သားရဲအချို့ကို တွေ့ခဲ့သော်လည်း နတ်ဘုရင်ကို ရှာမတွေ့ခဲ့ပေ။

အရွယ်ရောက်ကာလှပသော ပါးလွှလွှဝတ်စုံတစုံကို ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက်က ခန်းမရှေ့သို့ ထွက်လာခဲ့သည်။ သူမက ဆံပင်ကို ခပ်မြင့်မြင့်မြှောက်စီးထားပြီး စင်ရော်တောင်မျက်ခုံးလေးများက ပေါ်လွင်နေသည်။ ကြီးမားဝိုင်းစက်၍ ကြည်လင်တောက်ပသော မျက်ဝန်းအစုံ၊ ဖြောင့်စင်းသော နှာတံနှင့် ပါးလွှာသော နှုတ်ခမ်းတို့က သူမ၏အလှကို ပိုမိုပေါ်လွင်စေသည်။ အထက်တန်းဆန်ကာ ညှို့ငင်အားပြင်းလှသော ဤမိန်းမပျို၏ကောက်ကြောင်းများနှင့် နို့နှစ်ရောင်အသားအရေက ပါးလွှာသော ဝတ်စုံအောက်မှ ထင်ထင်ရှားရှားထွက်ပေါ်နေသည်။ မိန်းမပျိုက နတ်ဘုံနတ်နန်းမှ ဆင်းသက်လာသော အလှနတ်မိမယ်တစ်ပါး ဖြစ်လေသည်။

All Chapters