အဆင့်တက်ခြင်း
Vol. 4 Ch. 48
"Galaxy" တွင်၊ အရည်အချင်းသစ်ပင်များမှာ အမျိုးအစားများအလိုက် အနည်းငယ် ကွဲပြားသွားသည်။ ယန္တရားပညာရှင်အတွက် ယန္တရား အသိပညာ သစ်ပင်၊
တိုက်ခိုက်သူအတွက် ချီပညာရှင် သစ်ပင်၊
အက်စ်ပါများအတွက် DNA သစ်ပင်၊
မှော်ဆရာများအတွက် မန္တန် အသိပညာသစ်ပင်၊
စိတ်စွမ်းအားရှင်များအတွက် စိတ်စွမ်းအင် သစ်ပင်၊ ဟူ၍ အမျိုးမျိုးရှိကြသည်။
တိုက်ခိုက်သူများက ခွန်အားနှင့် တိုက်ခိုက်ရေးကို အာရုံစိုက်ကြပြီး၊ ချီစွမ်းအင်ကို လေ့ကျင့်ကြသည်။ သူတို့၏ စွမ်းရည်များတွင် [စွမ်းအင်ပေါက်ကွဲမှု] - မိမိကိုယ်ကို သေချာစွာ ရှင်းရှင်းလင်းလင်း သိမြင်စေနိုင်ခြင်း၊ [လှိုင်းရွေ့လျားခြင်း] - တိုက်ခိုက်မှုများကို ချက်ချင်းရှောင်တိမ်းနိုင်စေခြင်း - စသည့် စွမ်းရည်တစ်ချို့ ပါဝင်သည်။
စကြဝဠာအတွင်းရှိ တိုက်ခိုက်သူများမှာ မတူညီသော သင်ကြားနည်းများနှင့် နည်းစနစ်များကို အသုံးပြုကြသော်လည်း၊ အားလုံးမှာ ချီအသုံးပြုခြင်းကို အခြေခံထားခြင်းဖြစ်သည်။
အက်စ်ပါများက တစ်ယောက်ချင်းစီသည် မတူညီသည့် စူပါပါဝါများ ပိုင်ဆိုင်ကြ၍ ပို၍ တမူထူးခြားကြသည်။ အက်စ်ပါ၏ ခွန်အားကို သူတို့၏ DNA ကြီးထွားနှုန်းဖြင့် အကဲဖြတ်ကြသည်။ အရည်အချင်းများကို အဆင့်တက်ရင်ဖြင့် သူတို့၏ ပါဝါများအပေါ် ထိန်းချုပ်နိုင်မှုများ မြင့်မားလာသလို အမြန်နှုန်းလည်း တိုးတက်လာ၏။ ဥပမာအားဖြင့်၊ မက်ဂနီတို (X Men ဇာတ်လမ်းထဲက) - သူငယ်ရွယ်စဉ်အခါက အကြွေစေ့ကဲ့သို့ သေးငယ်သော အရာဝတ္ထုများကိုသာ ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော်လည်း၊ သူ၏ပါဝါများ ဖွံ့ဖြိုးလာသောအခါ ဘောလုံးပွဲကြည့်စင်ကြီး တစ်ခုလုံးကိုပင် ရွှေ့ပစ်နိုင်ခဲ့ပြီး၊ ကမ္ဘာ၏ သံလိုက်စက်ဝန်းများကိုပင် ထိန်းချုပ်နိုင်စွမ်း ရှိလာခဲ့သည်။ လုံလောက်သောအချိန်သာ ရှိပါက၊ အက်စ်ပါတစ်ယောက်၏ အလားအလာသည် ကန့်သတ်မရနိုင်ဟု ဆိုနိုင်သည်။
သေချာသည်က တူညီသော စူပါပါဝါရှိသည့် အက်စ်ပါ ၂ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အသုံးပြုပုံခြင်း မတူညီနိုင်ပေ။ ဥပမာ - လျပ်စစ်စွမ်းအား အသုံးပြုသူတိုင်းသည် တစ်ဦးနှင့်တစ်ဦး၏ စွမ်းဆောင်ချက်များနှင့် လျှပ်စစ်ကို ကြိုးကိုင်ခြယ်လှယ်ပြီး အသုံးချမှုများကို အတုယူနိုင်မည်မဟုတ်ပေ။ အတိုင်းအတာတစ်ခုအထိ၊ “Galaxy” တွင် ကစားသမားတစ်ဦးစီသည် မည်သည်ကို 'အထူးပြု' ၍ အသုံးချမည်ကို ရွေးချယ်ရမည်ဖြစ်သည်။
ဟန်ရှောင်းရှေ့ရှိ မျက်နှာပြင်က လင်းလက်လာသည်။
_____________________
ယန္တရားပညာ အဆင့်မြင့် အသိပညာ - အဆင့်မြင့် ကုန်ကြမ်းပေါင်းစပ်မှု
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ယန္တရားပညာရပ်နှင့် ပက်သက်၍ တစ်ခုသာ ရှိသော်လည်း ဟန်ရှောင်းက ထိုအသိပညာကို ပိုင်ဆိုင်ရ၍ တော်တော် ပျော်ရွှင်နေသည်။
အခု၊ ကြယ်နဂါးနိုင်ငံမှာ ငါ့ကိုဘယ်သူမှ မတားနိုင်တော့ဘူး။
ဟန်ရှောင်းက တွေဝေမနေဘဲ ခလုတ်ကို နှိပ်ချလိုက်သည်။ ချက်ချင်းပင်၊ စာသားများ အတန်းလိုက်နှင့် ရှုပ်ထွေးလှသော ပုံကြမ်းများ မျက်နှာပြင်ပေါ်၌ ပေါ်လာကြသည်။
_____________________
အဆင့်မြင့် အသိပညာ တွေ့ရှိပါသည်။
[အဆင့်မြင့် ကုန်ကြမ်းပေါင်းစပ်မှု]
သင်ယူရန် အရည်အချင်းအမှတ် ၂မှတ်ကို အသုံးပြုပါ။ Y/N
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
Yes
မျက်နှာပြင်ပေါ်ရှိ အသိပညာများ အားလုံးက ဟန်ရှောင်း၏ ခေါင်းထဲသို့ ကူးဝင်လာရာ ခေါင်းများပင် မူးဝေလာတော့သည်။
_____________________
သင်ယူနေဆဲဖြစ်သည်။ ပယ်ဖျက်ခြင်း မပြုပါနှင့်။
1%… 12%… 37%…
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
လုပ်ဆောင်ချက် တစ်ခုလုံးက စက္ကန့်အနည်းငယ်မျှသာ ကြာသော်လည်း၊ ဟန်ရှောင်းအတွက်မူ အချိန်အတော်ကြာသည့်ဟန် ရှိနေသည်။
ရုတ်တရက်၊ ဟန်ရှောင်းက ခေါင်းကို ဆတ်ခနဲ နောက်သို့ မော့လိုက်သည်။ အသိပညာများ ကူးယူခြင်းက အောင်မြင်စွာ ပြီးဆုံးသွား၏။
_____________________
အောင်မြင်သည်။ သင်သည် [အဆင့်မြင့် ကုန်ကြမ်းပေါင်းစပ်မှု] ကို သင်ယူပြီးပါပြီ။
အဆင့်မြင့် လက်နက်ပိုင်းဆိုင်ရာ အရည်အချင်းကို ဖွင့်လိုက်ပါပြီ။
[အဆင့် ၂၀ - စတင်သင်ယူသူ ယန္တရားပညာ ရာထူးတက်ခြင်းမစ်ရှင် ပြီးဆုံးပါပြီ။]
သင်သည် အောက်ဖော်ပြပါ အဆင့်တက်မှု ၃မျိုးထဲမှ တစ်မျိုးကို ရွေးချယ်နိုင်ပါပြီ။
အမြောက်မာစတာ၊ နည်းပညာရှင်၊ စစ်ယန္တရားသခင်
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ယန္တရားပညာရှင်တစ်ယောက်အတွက် ရွေးချယ်စရာ လမ်း ၃လမ်းရှိပြီး၊ တစ်လမ်းကို ရွေးချယ်ပြီးက နောက်ပြန်လှည့်၍မရသော ဆုံးဖြတ်ချက်ဖြစ်သည်။
အမြောက်မာစတာများသည် အဝေးပစ် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အမြောက်ကြီးများကို အထူးပြုလေ့လာကြသည်။ ပို၍မြင့်မားသော အဆင့်တွင်၊ သူတို့သည် ကြောက်မက်ဖွယ်ကောင်းသည့် ပစ်အားကို ပိုင်ဆိုင်ထားကြသည်။ “Galaxy” တွင် အမြောက်မာစတာများနှင့် ယှဉ်ပြိုင်လျှင် အနိုင်အရှုံးရလဒ်သည် အကွာအဝေးပေါ်တွင် မူတည်သည်ဟု လူသိများကြသည်။
အကယ်၍ ရန်သူ အမြောက်မာစတာက ၁၀၀ မီတာအတွင်းရှိပါက - တွေဝေမနေဘဲ၊ သူ့ကိုဝင်တိုက်နိုင်သည်။
အကယ်၍ မီတာ ၁,၀၀၀ အဝေးမှာ ရှိလျှင်၊ သတိနဲ့ လှုပ်ရှားသည်က ဉာဏ်ရှိသည်ဟု ဆိုနိုင်သည်.
အကယ်၍ မီတာ ၃,၀၀ အဝေးတွင် ဆိုပါက... ဒါက ကမ္ဘာရဲ့ အဆုံးသတ်တော့ မဟုတ်ပေမယ့် သိပ်မလိုတော့ဘူးလို့ ဆိုနိုင်တယ်။ မင်းကံကောင်းပါစေ...
တစ်ဖက်တွင်၊ စစ်ယန္တရားသခင်များက နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်ထားသည့် တိုက်ခိုက်ရေးလက်နက်များဖြင့် အနီးကပ်တိုက်ပွဲဝင်လေ့ရှိကြသည်။ အနီးကပ်တိုက်ပွဲများတွင် စစ်ယန္တရားသခင်များအတွက် ဇီဝချပ်ဝပ်တန်ဆာများမှ ရွေ့လျားနိုင်တဲ့ ဝတ်စုံတွေအထိ သူတို့စိတ်ကျေနပ်စေမည့် နည်းလမ်းများစွာ ရှိနေသည်။
နည်းပညာရှင်နှင့် နှိုင်းယှဉ်လိုက်ပါက ထို ၂မျိုးလုံးက ယန္တရားပညာ၏ အဓိကအနှစ်သာရနှင့် ဝေးကွာနေသေးသည်။ ထိုအရာက တီထွင်ဖန်တီးနိုင်မှုဖြစ်သည်။
ဒီဇိုင်းပုံစံများ၏ ၈၀% အထက်သည် နည်းပညာရှင်များအတွက်သာ ဖြစ်သည်။ ထို့ကြောင့် ထိုလမ်း ၂သွယ်မှ တစ်မျိုးကို ရွေးချယ်လိုက်ပါက များပြားလှသော အဆင့်မြင့်ပစ္စည်းများနှင့် ယန္တရားများကို ဖန်တီးနိုင်သည်စွမ်းရည်ကို လက်လွှတ်ဆုံးရှုံးခြင်းဟု ဆိုနိုင်ပေသည်.
အလဲအလှယ်အားဖြင့် သူတို့က နည်းပညာရှင်ထက် တိုက်ခိုက်ရေးပိုင်းတွင် အားသာကြပြီး၊ ကစားရသည်မှာလည်း ပို၍ ပျော်ဖို့ကောင်းလှ၏။ နောက်ဆုံးတော့လည်း၊ လူအများက ဖန်တီးထုတ်လုပ်ခြင်းကို ပျင်းစရာကောင်းသည်ဟု ယူဆကြသည် မဟုတ်လား။ နည်းပညာရှင်များသည် ဗားရှင်း (၃.၀) မတိုင်ခင်အထိ လူကြိုက်အနည်းဆုံး အမျိုးအစားဖြစ်လေသည်။
“Galaxy” တွင် ဟန်ရှောင်းက အခြား၂မျိုးထက် ပို၍ သဘောကျသောကြောင့် နည်းပညာရှင် အမျိုးအစားကို အဓိကထားခဲ့သည်။ ထို့ကြောင့် အစကတည်းက နည်းပညာရှင်လမ်းကြောင်းကိုသာ ရွေးချယ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။
_____________________
ဂုဏ်ပြုပါသည်။ သင်သည် အမျိုးအစားရာထူးတက်ခြင်းကို အောင်မြင်သွားပါပြီ။
မမြင်ရသော ဆန်းကြယ်သည့် စွမ်းအားတစ်မျိုးက သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်နေကြောင်း ဟန်ရှောင်း ခံစားမိနေသည်။
သင်သည် ယခု နည်းပညာရှင် (အဆင့် ၁) ဖြစ်သည်။
+30 ခွန်အား, +1 လက်စွမ်း, +1 ခံနိုင်ရည်, +3 ဉာဏ်ရည်
ပင်ကိုယ်အရည်အသွေးအမှတ် (Attribute Points) ၃မှတ် ရရှိပါသည်။
အရည်အချင်းအမှတ် ၁မှတ် ရရှိပါသည်။
သင်သည် ပထမ ရာထူးတက်မှု ပြီးမြောက်ခဲ့ပါသည်။ ခံနိုင်ရည် အမှတ်များ တိုးတက်လာပါသည်။
1 ခံနိုင်ရည် = 15 သွေးအမှတ်
1 ခံနိုင်ရည် = 18 သက်လုံ
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
အစမှအဆုံးထိ ကူဟွေ့နှင့် အခြားလူများ၏ မျက်လုံးထဲတွင် ဘာမှမဖြစ်ခဲ့သော်လည်း၊ ဟန်ရှောင်း၏ ခန္ဓာကိုယ်ထဲတွင်တော့ ပြောင်းလဲမှု အကြီးအကျယ် ဖြစ်သွားခဲ့လေပြီ။ ယခုအချိန်၌၊ သူ့ကို လွှမ်းခြုံထားသည့် ဆန်းကြယ်သောစွမ်းအင်က သူ့အတွက် စွမ်းအားအသစ် ပေးရုံတင်မကဘဲ - သူ၏ဆဲလ်အတွင်းရှိ ငြိမ်သက်နေသောစွမ်းအင်ကို နိုးထစေပြီး ပဲ့တင်ထပ်နေစေသည်။
ရုတ်တရက်၊ ဂိမ်းမျက်နှာပြင်က လင်းလက်လာသည်။
_____________________
သင် စွမ်းအင် ရင်းနှီးကျွမ်းဝင်မှု ရရှိခဲ့သည် - သတ္တု
သင် စွမ်းရည် အသစ်တစ်ခု ရရှိခဲ့သည် - စိတ်၏ရောက်ရှိခြင်း။
သင် စွမ်းအင် လေ့ကျင်ခြင်း နည်းစနစ်ကို သင်ယူပြီးပါပြီ။
သင် အလယ်အလတ်အဆင့် စက်ယန္တရားရင်းနှီးမှုကို သင်ယူပြီးပါပြီ။
သင် ဒီဇိုင်းပုံစံတစ်ခုကို သင်ယူပြီးပါပြီ - အထူး ပလက်တီနမ် အလွိုင်း
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
လုပ်ဆောင်ချက်ပြီးသွားသောအခါ၊ သူ့ခန္ဓာကိုယ်တစ်ခုလုံး အသစ်ဖန်တီးလိုက်သလို ဟန်ရှောင်ခံစားနေရသည်။
ယခုအခါတွင် သူသည် ကီးဘုတ်ပေါ်ရှိ ဖုန်မှုန့်လေးများကို ပြတ်သားစွာ မြင်နေရပြီး၊ အရင်က သတိမပြုမိနိုင်သော အခန်းပတ်လည်ရှိ လျပ်စီးကြောင်းများ၏ အသံကိုပင် ကြည်လင်စွာ ကြားနေရသည်။
“ငါလုပ်နိုင်ခဲ့ပြီ”
ဟန်ရှောင်းက ဂိမ်းမျက်နှာပြင်ကို ဆင့်ခေါ်လိုက်သည်။
____________________
နာမည်- ဟန်ရှောင်း
လူမျိုး - လူသား/ ကာဗွန်အခြေခံ (အဝါရောင်)
မော်ဒယ်- NPC (ဗားရှင်း 1.0 သို့ရေတွက်ခြင်း - ၁၃၈ ရက် ၃ နာရီ ၅၁ မိနစ်)
အဆင့် (Level) - ၂၁
အတွေ့အကြုံ - ၁၈၁,၀၀၀
အဓိက အမျိုးအစား (Main Class) - ယန္တရားပညာရှင် (စတင်သင်ယူသူ) – အဆင့်. ၁ အလုပ်သင် နည်းပညာရှင် (၀/၅၀,၀၀၀)
သွေးအမှတ် (HP) : ၆၇၀/၆၇၀
သက်လုံ - ၈၅၄/၈၅၄
ပင်ကိုယ်အရည်အသွေးများ - ခွန်အား ၃၁၊ လက်စွမ်း ၁၈၊ ခံနိုင်ရည် ၃၈၊ ဉာဏ်ရည် ၃၂၊ လျှို့ဝှက်ဆန်းကြယ်မှု ၁၊ ကျက်သရေ ၅၊ ကံကောင်းခြင်း ၁။
မသတ်မှတ်သေးသော အမှတ်များ - ၃
စွမ်းအင် (Energy) - ၁၆၀/၁၆၀ (အဆင့် ၃)
____________________
(အသစ်) စွမ်းအင်အမျိုးအစား : သံလိုက် - စက်ယန္တရားရင်းနှီးမှုတွင် အပိုဆုရရှိနိုင်သည်။
အဆင့် ၁ (၁၀) – [ခွန်အား + ၁၊ လက်စွမ်း + ၁၊ ခံနိုင်ရည် + ၁၊ အမြင့်ဆုံး သက်လုံ + ၂၀] ပစ္စည်းပြုလုပ်မှုအမြန်နှုန်း +၁%၊ စက်ပစ္စည်းစွမ်းအား +၁%
အဆင့် ၂ (၅၀) – [ခွန်အား + ၃၊ လက်စွမ်း + ၂၊ ခံနိုင်ရည် +၃၊ အမြင့်ဆုံး သက်လုံ + ၅၀] ပစ္စည်းပြုလုပ်မှုအမြန်နှုန်း +၂%၊ စက်ပစ္စည်းစွမ်းအား +၂%
အဆင့် ၃ (၁၀၀) – [ခွန်အား + ၃၊ လက်စွမ်း + ၃၊ ခံနိုင်ရည် + ၅၊ အမြင့်ဆုံး သက်လုံ + ၁၀၀] ပစ္စည်းပြုလုပ်မှုအမြန်နှုန်း +၃%၊ စက်ပစ္စည်းစွမ်းအား +၃%
စွမ်းအင်အဆင့် - ၉၈-၁၀၄
အဆင့်အတန်း (Grade) : E စူပါလူသား
[မင်းနောက်ဆုံးတော့ အဆင့်သစ်တစ်ခုကို ကူးပြောင်းသွားခဲ့ပြီ။ ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးမနေပါနဲ့၊ ခရီးလမ်းက အရှည်ကြီး လျှောက်ရဦးမှာ။]
____________________
အထူးပြုမှု : [အာရုံစူးစိုက်မှုကောင်းခြင်း] [အဆင့်နိမ့်စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်] [အလုပ်ကြိုးစားသူ]
(အသစ်) [စိတ်၏ရောက်ရှိခြင်း] - +၅ ဉာဏ်ရည်
____________________
အမျိုးအစား စွမ်းရည်များ (Class Abilities)
[အခြေခံစက်ယန္တရားရင်းနှီးမှု] - အဆင့် ၅
[အခြေခံထိန်းသိမ်းမှု] - အဆင့် ၁၀
[အခြေခံမွမ်းမံမှု] - အဆင့် ၁၀
[အခြေခံသန့်စင်ခြင်း] - အဆင့် ၁
Overload - အဆင့် ၁
ဒီဇိုင်းပုံစံ - ကောင်းကင်ပျံလွှား ဂလိုက်ဒါ – အဆင့် ၁
ဒီဇိုင်းပုံစံ - စက်ရုပ်ခြေလက်အင်္ဂါ – အဆင့် ၁
ဒီဇိုင်းပုံစံ - အပေါ့စား ယန္တရားလက် – အဆင့် ၁
ဒီဇိုင်းပုံစံ - ရိုဗာ – အဆင့် ၁
ဒီဇိုင်းပုံစံ - ပေါက်ကွဲအားပြင်းယမ်းမှုန့် – အဆင့် ၃
ဒီဇိုင်းပုံစံ - ပြန်သိမ်းနိုင်တဲ့ဓါး – အဆင့် ၂
(အသစ်) [အလယ်အလတ်အဆင့် စက်ယန္တရားရင်းနှီးမှု] - အဆင့် ၁ - ထုတ်လုပ်မှုအရည်အသွေး +၂ - ထုတ်လုပ်ရေးအမြန်နှုန်း +၂%
(အသစ်) [Strafe] ဗုံး/အမြောက် (သို့) စက်သေနတ်နဲ့ အဆက်မပြတ် ပစ်ခတ်ခြင်း - အဆင့် ၁
ကုန်ကျခြင်း - စွမ်းအင် ၃၊ သက်လုံ ၁၅
ပြန်သုံးနိုင်သည့်အချိန် - ၁၂စက္ကန့်
3 မီတာ အချင်းဝက်အတွင်း ၂စက္ကန့်ကြာ ချက်ခြင်းလှုပ်ရှားနိုင်သည်။ ထိုအချိန်အတွင်း ပစ်ခတ်မှုအမြန်နှုန်း ၁၅% တိုးပေးသည်။ သေနတ်ဖြင့်သာ အသုံးပြုနိုင်သည်။ (နောက်ဆုံးကျည်ဆံ၌ပင် အသုံးပြုနိုင်သည်။)
(အသစ်) ဒီဇိုင်းပုံစံ - ပလက်တီနမ် အလွိုင်း
အဆင့်အတန်း - အစိမ်း
ဤကုန်ကြမ်းကို အဆင့်မြင့် နည်းပညာဖြင့် ပြုလုပ်ထားသည်။ . ၎င်းသည် မြင့်မားသော ပုံဖော်နိုင်စွမ်းရှိပြီး သံချပ်ကာနှင့် စက်အမျိုးမျိုးပြုလုပ်ရန် သင့်လျော်သည်။
ပြုလုပ်ရန်လိုအပ်ချက် - အခြေခံသန့်စင်ခြင်း - အဆင့် ၅
____________________
အခြားစွမ်းရည်များ
အခြေခံတိုက်ခိုက်ရေး - အဆင့် ၁၀ – လက်နက်မဲ့တိုက်ခိုက်သည့်အခါ ထိခိုက်နိုင်မှု +၁၀% ၊ ခွန်အား +၂၊ ခံနိုင်ရည် +၁
အခြေခံပစ်ခတ်မှု - အဆင့် ၈ – တိကျမှု +၈% (အဝေးပစ်)
လုံးထွေးသတ်ပုတ်ခြင်း - အဆင့် ၅ – ပုတ်ထုတ်ခြင်း +၇% ၊ လက်နက်မဲ့တိုက်ခိုက်သည့်အခါ ထိခိုက်နိုင်မှု +၁၀%
ပစ်မှတ်တိကျခြင်း - အဆင့် ၁ – တိကျမှု +၃% ၊ အဝေးပစ် ထိခိုက်နိုင်မှု +၂%
အထူးစစ်ဆင်ရေးတိုက်ခိုက်မှုစွမ်းရည် - အဆင့် ၁ - Critical Rate (အနီးကပ်) +၆% ၊ (လက်ဗလာဖြင့်) +၄%
ခိုးဝှက်ခြင်း - အဆင့် ၁
(အသစ်) စွမ်းအင်လေ့ကျင့်ရေးနည်းစနစ် - +၁၀ စွမ်းအင် - ၀/၈၀ကြိမ် (တစ်ကြိမ်လျှင် အတွေ့အကြုံအမှတ် ၈၀၀ နှင့် သက်လုံအမှတ် ၅၀၀ ကုန်ကျမည်။ )
____________________
အရည်အချင်းအမှတ် - ၁၆
အရည်အချင်းသစ်ပင်
____________________
လက်နက်ပိုင်းဆိုင်ရာ
[အခြေခံတပ်ဆင်မှု] - အဆင့် ၁ (၀/၁)
[အခြေခံယန္တရားအင်ဂျင်နီယာပညာ] - အဆင့် ၂ (၀/၁)
[အခြေခံဇီဝအင်ဂျင်နီယာပညာ] - အဆင့် ၂ (၀/၁)
[အခြေခံလက်နက်ပညာ] - အဆင့် ၁ (၀/၁)
[အခြေခံကုန်ကြမ်းပေါင်းစပ်ခြင်း] - အဆင့် ၁ (၀/၁)
(အသစ်) [အဆင့်မြင်ကုန်ကြမ်းပေါင်းစပ်ခြင်း] - အဆင့် ၁ (၀/၂)
[၁၄ ခု မသင်ယူရသေးပါ။]
____________________
စွမ်းအင်
[၂၀ ခု မသင်ယူရသေးပါ။]
____________________
ထိန်းချုပ်မှု
[၂၀ ခု မသင်ယူရသေးပါ။]
____________________
ဂုဏ်သတင်း
ဂျာမီနယ်အဖွဲ့အစည်း – မုန်းတီးခြင်း (-၁,၀၀၀)
ကြယ်နဂါးနိုင်ငံ SDI (ဌာန ၁၃) – ကြားနေ (300/1000) – ခွင့်ပြုမိန့် အဆင့် ၁
ဒဏ္ဍာရီ: ၀
အခန်း (၄၈) ပြီး၏။
လင်းဆက်