← Chapters

ကယ်ဆယ်ရေးမစ်ရှင် - ၁

Vol. 4 Ch. 50

ကယ်ဆယ်ရေးမစ်ရှင် - ၁

Vol. 4 Ch. 50

ဟန်ရှောင်းက မျက်ခုံးပင့်လိုက်သည်။

ယုံကြည်မှုတစ်ခု တည်ဆောက်ရန်က အမှန်ပင် အချိန်တစ်ခု လိုအပ်သည် - ကျန်းဝေက အလွန်ပွင့်လင်းတာ ဖြစ်လိမ့်မည်။ ဒါပေမယ့် သံသယဖြစ်စရာမလိုဘဲ သူက ခေါင်းဆောင်တစ်ယောက်၏ တာဝန်အတိုင်း ဆောင်ရွက်ခြင်းဖြစ်သည်။ ဟန်ရှောင်းက စော်ကားသည်ဟု မခံစားရပေ။

သို့သော်လည်း၊ သူ့ကို ကန်ထုတ်မည့် အခွင့်အရေးကတော့ ဘယ်တော့မှ ဖြစ်လာမည်မဟုတ်ပေ - နောက်ဆုံးမှာ ထိပ်တန်းအရာရှိတွေကပဲ ဆုံးဖြတ်ချက်ချခြင်း ဖြစ်သည်။

ကျန်းဝေ ကိုယ်တိုင်လည်း ဒီအချက်ကို သဘောပေါက်ထားသည်။ သို့သော်၊ အဖွဲ့၏ ခေါင်းဆောင်အနေဖြင့် နောက်ခံက ပဟေဠိဖြစ်နေသည့် လူတစ်ယောက်ကို ချက်ချင်းကြီး လက်မခံနိုင်ပေ - အထက်လူကြီးများကလည်း ဟန်ရှောင်းနှင့် ပက်သက်၍ သတင်းအချက်အလက် တစ်ခုမှ သူ့ကို မပေးခဲ့ပေ။

ထို့အပြင်၊ သူ့မျက်လုံးထဲ၌၊ ဟန်ရှောင်းက လူသစ်လေးသာဖြစ်ပြီး သူတကယ် ဘာလုပ်နိုင်သည်ကို မမြင်ရသေးပေ။ သူတို့၏ လုပ်ငန်းနယ်ပယ်တွင်၊ အမှား‌သေးသေးလေးတစ်ခုက ကြီးမားသော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် လူသစ်တစ်ယောက်ကို ရုတ်တရက်ခန့်လိုက်ခြင်းက ရယ်စရာကိစ္စတော့ မဟုတ်ပေ။

သေချာတာက ကျန်းဝေသည် လူသစ်များကို အထင်အမြင်သေးနေခြင်း မဟုတ်။ သို့သော်လည်း အေးဂျင့်အသစ်တစ်ယောက်သည် ၂နှစ် ၃နှစ်ခန့် လေ့ကျင့်ပြီးမှ လျှို့ဝှက်စစ်ဆင်ရေးအဖွဲ့အတွက် စဉ်းစားပေးရန် အခွင့်အရေး ရသင့်ပေသည်။

ငါတို့ဆီကို ဘယ်ကောင်က ဒီလူသစ်လေး ထည့်ပေးလိုက်တာလဲ။ ငါတို့ကို ကလေးထိန်းများ ထင်နေတာလား။

သူတို့က အားလုံးကို ပေါ့ပေါ့လေး တွေးနေတာပဲ။ အကုန်လုံး ရီးပဲပေါ့ကွာ။

ကျန်းဝေက ဟန်ရှောင်းကို စစ်ဆေးနေရင်း အကယ်၍သာ ဟန်ရှောင်းက အဖွဲ့နှင့် အစေးမကပ်ပါက ဖြစ်လာမယ့် ဂယက်ရိုက်မှုတွေကို လျစ်လျူရှုပြီး ဟန်ရှောင်းကို အခြားအဖွဲ့တစ်ဖွဲ့ဆီကို ကန်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။

တစ်ချိန်တည်းတွင်၊ ဟန်ရှောင်းက သူ၏ စိတ်ထဲ ဘာတွေးနေသလဲကို မသိပေ။ သို့သော် ကျန်းဝေ၏ မျက်လုံးများတွင် မလိုမုန်းတီးမှုများ တဖြည်းဖြည်း ပြည့်နှက်လာသည်ကို တွေ့နေရသည်။

ရုတ်တရက်၊ လီယောင်၏ လပ်တော့တွင် အသိပေးချက်ပေါ်လာသည်။ သူက ခေါင်းကို ကြိုးစားပမ်းစား လှည့်ကြည့်လိုက်ပြီး သူ့အမူအရာက ချက်ချင်းပြောင်းလဲသွားကာ အော်ပြောလိုက်သည်။ "အရေးပေါ်မစ်ရှင် တစ်ခုရှိတယ်၊ ငါတို့ကို ချက်ချင်း ထွက်ခွါစေချင်တယ်။"

"အသေးစိတ်ပြော" ကျန်းဝေက မျက်နှာထားတင်းတင်းဖြင့် မေးလိုက်သည်။

မာချင်းယန်တို့အဖွဲ့ ဂျာမီနယ်စခန်းကို တိုက်ခိုက်တဲ့ မစ်ရှင်မှာ ချုံခိုတိုက်ခိုက်ခံရတယ်။ အထက်ကလူတွေက ငါတို့ကို ချက်ချင်း စစ်ကူပေးစေချင်တယ်။ ကျန်တာကို လေယာဉ်ပေါ်မှာ ပြောလိမ့်မယ်။

"ဂျာမီနယ်စခန်းကို တိုက်ခိုက်တာ" ဟန်ရှောင်းက သိချင်နေသည်။ ဘာတွေဖြစ်ခဲ့လဲဆိုတာ သူအကြမ်းဖျင်း ခန့်မှန်းလို့ ရသွားသည်။ သူက ဌာန၁၃ကို စခန်း၃ခုအကြောင်း သတင်းပေးခဲ့သည် မဟုတ်လား။ထိုစခန်း၃ခုလုံးမှာ ကြယ်နဂါးနိုင်ငံ၏ ပိုင်နက်အတွင်း ရှိနေကြသည်။ ထို့ကြောင့် ကြယ်နဂါးနိုင်ငံက သူ၏တပ်ဖွဲ့များကို ချက်ချင်းပင် စေလွှတ်ပြီး စခန်း ၂ခုကို ဖျက်စီးခဲ့သည်။ စခန်း ၂ခု ပျက်စီးသွားခြင်းမှ ဟန်ရှောင်းသည်လည်း အောင်မြင်မှုရာခိုင်နှုန်း ၂% ရရှိခဲ့သည်။ သို့သော်ငြားလည်း၊ ဂျာမီနယ်အဖွဲ့အစည်းက အရူးတွေတော့ မဟုတ်ပေ။ တတိယစခန်း တိုက်ခိုက်ခံရလိမ့်မည်ကို တွက်ချက်ထားမိပြီးဖြစ်သည်။ သိသာစွာပင် သူတို့က ထောင်ချောက်ဆင်ထားခဲ့၏။

ကျန်းဝေက မဆိုင်းမတွပင် တံခါးဆီသို့ ထွက်သွားသည်။ ဟန်ရှောင်းအနားရောက်သောအခါ ခဏရပ်လိုက်ပြီး မျက်မှောင်ကြုတ်၍ ညွှန်ကြားလိုက်၏။ "လီယောင်၊ မင်းနောက်မှာ နေခဲ့ပြီး ငါတို့ကို ထောက်ပံ့ပေး။ ဟန်ရှောင်း၊ မင်းက လူသစ်ပဲ၊ ဒါက မင်းအတွက် အခွင့်အရေးကောင်း တစ်ခု၊ မင်းအသုံးဝင်ချင်ရင် လီယောင်နဲ့ အတူနေပြီး သေချာသင်ယူ။

လီယောင်က တစ်ခုခု ပြောချင်သော်လည်း သူက တွေဝေနေ၏။ ဟန်ရှောင်းက ပြုံးလိုက်ပြီး ရိုးရိုးလေးသာ ပြန်ဖြေလိုက်သည်။ "ကောင်းပြီ။"

ကျန်းဝေက ပင့်ကူနက်မစ်ရှင်တွင် မပါဝင်ခဲ့သည့်အတွက် လီယာလင်းဆီမှသာ အပေါ်ယံလောက် သိခဲ့ရသည်။ သူက ဟန်ရှောင်း၏ စွမ်းဆောင်ရည်ကို မယုံကြည်သေးပေ။ ဟန်ရှောင်းက ကြိတ်၍ သက်ပြင်းချလိုက်သည်။ သူလည်း ဒါကို ကောင်းကောင်းနားလည်၏။

ဟန်ရှောင်းက ခေတ္တမျှ စဉ်းစားပြိးနောက် လီယာလင်းကို ပေါက်ကွဲအားပြင်းကျည်ကပ် ၄ခု ထုတ်ပေးလိုက်သည်။

"မိတ်ဆွေတစ်ယောက်ဆီက လက်ဆောင်လို့ သဘောထားပေါ့။"

ကျည်ကပ်တွေကို မြင်လိုက်သည်နှင့် လီယာလင်း၏ မျက်လုံးများ အရောင်လက်သွားသည်။

"ဒါမင်းရဲ့ တီထွင်မှု အသစ်လား။"

ဟန်ရှောင်းက ရယ်လိုက်သည်။

""ဒါတွေကို မဖြုန်းတီးနဲ့နော် - ဒါတွေက တော်တော်မီးလောင်လွယ်တယ်။"

...

_____________________

သင် အမျိုးအစား E မစ်ရှင်ကို ဖွင့်လိုက်ပါပြီ။

မစ်ရှင် ဖော်ပြချက် : ရန်သူများ၏ လိုက်လံပစ်ခတ်ခြင်း ခံနေရသည့် လျှို့ဝှက်စစ်ဆင်ရေးအဖွဲ့ကို အကူအညီပေးပါ။ သင်၏တာဝန်မှာ သင်၏အဖွဲ့ဝင်များကို ဤတာဝန်ပြီးမြောက်ရန် ကူညီပါ။

မစ်ရှင်ပြီးမြောက်ရန် လိုအပ်ချက် : မာချင်းယန်တို့အဖွဲ့ကို အောင်မြင်စွာ ကယ်ဆယ်ပါ။

မစ်ရှင်ဆုလာဘ် : အတွေ့အကြုံအမှတ် ၈,၀၀၀

အပိုဆုလာဘ် : မရှိ။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

အတွေ့အကြုံအမှတ် ၈,၀၀၀တည်းလား ဟန်ရှောင်း ဝမ်းနည်းသွားသည်။ နောက်တန်းထောက်ပံ့ရေးအတွက်တော့ အဆင်ပြေသားပဲ။

"ညီအစ်ကိုဟန်..." လီယောင်က ပြောလိုက်သည်။ "ခေါင်းဆောင်က မင်းကို မကြိုက်တာ မဟုတ်ပါဘူး၊ သိပ်စိတ်ပူမနေပါနဲ့။"

"ငါသိပါတယ်။" ဟန်ရှောင်းက ပုံမှန်အတိုင်းပင် ပြန်ဖြေလိုက်ပြီး လီယောင်စိတ်ပူနေသည်ကို ဖြေလျော့‌ပေးလိုက်သည်။

ထို့နောက် သူက လပ်တော့ ၃လုံးကို ထုတ်လိုက်ပြီး အဖွဲ့၏ ဗီဒီယိုနှင့် အသံများ ရိုက်ကူးမှုကို ချိန်ညှိနေသည်။ ပထမလူ၏ ထုတ်လွှင့်မှုမှတစ်ဆင့် အဖွဲ့သား ၃ယောက်လုံး လေယာဉ်ပေါ်ရောက်နေပြီကို တွေ့ရသည်။

ရုံးချုပ်၏ အောက်ခြေတွင် အထူးရထားလမ်း တစ်ခုရှိနေပြီး အေးဂျင့်နှင့် ဝန်ထမ်းများကို လေယာဉ်ကွင်းသို့ အမြန်ဆုံး ပို့ဆောင်ပေးနိုင်သည်။

ဂျက်လေယာဉ်ပေါ်တွင် အခြားလျှို့ဝှက်စစ်ဆင်ရေးအဖွဲ့ဝင်များ ၁၂ယောက်လည်း လိုက်ပါလာသည်။ လမ်းခရီးတွင် ဟန်ရှောင်း၊ လီယာလင်းနှင့် လီယောင်တို့က စကားအနည်းငယ် ပြောဆိုနေကြပြီး ကျန်းဝေနှင့် လမ်းဘတ်က မျက်လုံးများမှိတ်၍ အနားယူနေကြသည်။

တစ်နာရီခန့် ကြာသောအခါ၊ ဂျက်လေယာဉ်က ခရီးဆုံးသို့ ရောက်လာသည်။

နေရာမှာ အေးစက်နေသည့် ကန္တာရတစ်ခုဖြစ်ပြီး ရှည်လျားသော သဲတောင်ပူစာများနှင့် ပြည့်နေသည်။ ခြစ်ခြစ်တောက်ပူနေသောနေက မိုးပြာရောင်ကောင်းကင်ထက်တွင် ချိတ်ဆွဲနေသည်။ ပြင်းထန်လှသော အပူချိန်‌ကြောင့် တံလျက်များ တလက်လက်ထနေပြီး၊ မြေကြီးကလည်း တငွေ့ငွေ့ ပူလောင်နေသည်။ သဲပူများပေါ် နင်းလိုက်သည်နှင့် အေးဂျင့်များ၏ ဖိနပ်များမှ ညှော်နံ့များပင် ထွက်ပေါ်လာသည်။

"ငါတို့ရောက်ပြီ။" ကျန်းဝေက လေးနက်သောအသံဖြင့် သတင်းပို့လိုက်သည်။

အဖွဲ့သား ၃ယောက်လုံးမှာ ဝတ်စုံပြည့် ဝတ်ဆင်ထားကြသည်။ လီယာလင်းက အဝါရောင်ဟူဒီနှင့် အနက်ရောင် ကိုယ်ကျပ်ဝတ်စုံကိုသာ ဝတ်ဆင်ထားပြီး ခါးတွင် ပြန်သိမ်းနိုင်တဲ့ဓါးကို ချိတ်ဆွဲထားသည်။ နောက်ကျော၌ အပေါ့စားယန္တရားလက်ထည့်ထားသော အနက်ရောင်ကျောပိုးအိတ် တစ်လုံးကိုလည်း လွယ်ထားသည်။ လမ်းဘတ်က မွမ်းမံထားသော ပြန်သိမ်းနိုင်တဲ့ဓါး ၁၀ချောင်းနှင့် ကြီးမားသော ရိုင်ဖယ်တစ်လက်ကို သယ်ဆောင်လာသည်။ ကျန်းဝေ၏ ကိရိယာကမူ ဟန်ရှောင်းကိုပင် အံ့အားသင့်သွားစေသည်။

စွမ်းအင်သုံး သံချပ်ကာဝတ်စုံ ဖြစ်သည်။

ကျန်းဝေ၏ ခန္ဓာကိုယ်တစ်ခုလုံးကို တောင့်တင်းခိုင်မာသော မီးခိုးရောင် သံချပ်ကာ ဝတ်စုံဖြင့် ဖုံးအုပ်ထားသည်။ ဝတ်စုံပေါ်တွင် တိုက်ပွဲဝင် အမှတ်အသားများဖြစ်သော ဒဏ်ရာဒဏ်ချက် အနည်းငယ် ရှိနေ၏။

ခေါင်းဆောင်းသည် အလယ်ခေတ်ကကဲ့သို့ မျက်လုံးနေရာတွင်သာ အပေါက်လေးများ ပါရှိသည်။ သို့သော် လက်မောင်းများကတော့ မွမ်းမံထားပြီး စက်သေနတ် ၂လက် တပ်ဆင်ထားသည်။ ကျည်ခါးပတ်က သံချပ်ကာအောက်တွင် ဖုံးအုပ်ထားပြီး ကျည်ဖြည့်သောနေရာမှာ ပေါင်နားတွင်ဖြစ်သည်။ နောက်ကျောတွင် သံမဏိခြောက်ထောင့်ဒိုင်းတစ်ခု ရှိနေပြီး၊ လိပ်တစ်ကောင်နှင့် ဆင်တူနေသည်။ ခြုံငုံ၍ပြောရလျှင် ဝတ်စုံက ပြိုင်ဘက်ကင်းအောင် ကြီးမားလေးလံလှသော သံတုံးကြီးနှင့် တူညီနေပြီး ရှိုးပြရန်သာ လုပ်ထားသည်နှင့် တူနေသည်။

ထိုအရာကြီးက ဟန်ရှောင်း၏ စိတ်ဝင်စားမှုကို လှုံ့ဆော်လိုက်သည်။

ဤသည်မှာ [တိုက်ခိုက်ရေးသံချပ်ကာဝတ်စုံ]၏ ရှေ့ပြေးပုံစံတစ်ခု ဖြစ်သည်။ ဗားရှင်း (၁.၀) တွင် ရရှိနိုင်သည့် ဝတ်စုံအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။

နိုင်ငံ၆နိုင်ငံသည် မတူညီသော အဆင့်မြင့် အသိပညာများ ပိုင်ဆိုင်ထားကြပြီး သူတို့ထုတ်လုပ်လိုက်သော ဝတ်စုံများသည်လည်း တစ်ခုနှင့်တစ်ခု မတူညီကြပေ။

သီးစီရပ်နိုင်ငံသည် သံချပ်ကာဝတ်စုံများကို စတင်ထုတ်လုပ်ခဲ့သည့် နိုင်ငံဖြစ်သည်။ ဂိမ်းစတင်ပြီး အချိန်တစ်ခုအကြာတွင် သူတို့က [တိုက်ခိုက်ရေးသံချပ်ကာဝတ်စုံ] တစ်ခုဖြစ်သည့် အသေးစားမော်ဂျူလာမိုဘိုင်းဝတ်စုံကို ပြုလုပ်ခဲ့ကြသည် - ရေပင်လယ်ဂြိုလ်၏ ပထမဆုံး သံချပ်ကာဝတ်စုံတစ်ခုဖြစ်သည်။ ယခုအချိန်တွင် ထိုဝတ်စုံက ထုတ်လုပ်ရန် ကြိုးစားဆဲ ကာလမှာပင် ရှိနေဦးပေမည်။ ကျန်းဝေ၏ ဝတ်စုံမှာ ရှေ့ပြေးပုံစံမျှသာ ဖြစ်သော်လည်း၊ ဌာန၁၃က ဘယ်လိုလုပ်ပြီး သီးစီးရပ်၏ နည်းပညာကို ရရှိနိုင်ခဲ့သလဲဆိုတာ ဟန်ရှောင်း သိချင်နေမိသည်။

"Galaxy" တွင်၊ သီးစီရပ်နိုင်ငံ၏ အဆင့်အတန်းမြင့်သော ကစားသမားများသာ [တိုက်ခိုက်ရေးသံချပ်ကာဝတ်စုံ]ကို ဝယ်ယူနိုင်ကြသည်။ အလွန် တန်ဖိုးကြီးမြင့်လှပြီး၊ ထိန်းသိမ်းမှုနှင့် ပြုပြင်ရေးပြုလုပ်ရန်ပင် ဒေါ်လာ သောင်းနှင့်ချီ၍ ကုန်ကျနိုင်၏။ ထိုအရာက ကစားသမားအများစု တတ်နိုင်သော အရာ မဟုတ်ပေ။

နောက်တန်းထောက်ပံ့ရေးအနေဖြင့် ဟန်ရှောင်း၏ တာဝန်တွင် ကိရိယာများကို ပြုပြင်ထိန်းသိမ်းရေးလည်းပါဝင်ရာ၊ ကျန်းဝေ၏ ဝတ်စုံသည်လည်း သူ့တာဝန် ဖြစ်လာနိုင်ပေသည်။

လျှို့ဝှက်ကုတ်နှင့် ပိတ်ထားခြင်း မရှိပါက နည်းပညာရှင်များသည် ကိရိယာများ၏ ဒီဇိုင်းပုံစံကို ပြန်လည်ထုတ်လုပ်နိုင်ကြသည်။

အကယ်၍ နည်းပညာရှင်က လိုအပ်သည့် အသိပညာကိုသာ ပိုင်ဆိုင်ပြီးနှင့်ပါက၊ ပို၍မြန်ဆန်စွာပင် လုပ်ဆောင်နိုင်ပေသည်။ လိုအပ်သည့် အသိပညာမရှိပါကလည်း စက်ပစ္စည်းတစ်ခု သို့မဟုတ် နည်းပညာတစ်ခုကို ပြန်လည်ထုတ်လုပ်နိုင်သေးသည် - အချိန်ပိုမို ကြာမြင့်မည်ဖြစ်ပြီး၊ အတွေ့အကြုံအမှတ်လည်း အမြောက်အများ လိုအပ်လိမ့်မည်ဖြစ်သည်။ ထို့ပြင်၊ ရလဒ်က တစ်ခါတစ်ရံ 'ပြီးပြည့်စုံမှုမရှိ' ဟု ထွက်လာတတ်သေးသည်။

[တိုက်ခိုက်ရေးသံချပ်ကာဝတ်စုံ]ကို ပြုလုပ်ရန် လိုအပ်သော အသိပညာမှာ သီးစီးရပ်နိုင်ငံမှ ပိုင်ဆိုင်သော 'အဆင့်မြင့် လက်နက်ပိုင်းဆိုင်ရာ အသိပညာ' ဖြစ်သည်။

ဟန်ရှောင်းက သူ၏လက်ကို ကိုက်ရင်း စဉ်းစားနေသည်။ အကယ်၍ သူသာ သံချပ်ကာဝတ်စုံ၏ ဒီဇိုင်းပုံစံကို ပြန်လည်ထုတ်လုပ်နိုင်ပါက၊ မပြည့်မစုံပင် ဖြစ်စေကာမူ၊ တိုက်ခိုက်ရေးနည်းလမ်းတစ်ခု ရရှိနိုင်ပြီး၊ သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို တိုးတက်စေနိုင်သည်။ သို့သော်ငြားလည်း၊ သူ့မှတ်ဉာဏ်ထဲရှိ ပို၍ တန်ဖိုးရှိပြီး အသုံးဝင်သည့် ဒီဇိုင်းပုံစံများအပေါ်တွင် အတွေ့အကြုံအမှတ်များကို အသုံးချခြင်းက ပိုကောင်းသည်ဟု တွေးမိသောအခါ၊ သံချပ်ကာဝတ်စုံကို ပြန်လည်ထုတ်လုပ်ရန် လက်လျှော့လိုက်သည်။

လီယောင်က စကားပြောစက်မှ ပြောလိုက်သည်။ "မာချင်းယန်ရဲ့အဖွဲ့က ၁၃ကီလိုမီတာ အဝေးမှာရှိတယ်။ သံချပ်ကာကား ၁၅စီးနဲ့ ရဟတ်ယာဉ်တစ်စီး နောက်က လိုက်လာနေတယ်။ တွေ့ဆုံမယ့်နေရာကို ၃ကီလိုမီတာအဝေးက တောင်ကုန်းပေါ်လို့ သတ်မှတ်ထားတယ်။ ရည်ရွယ်ချက်က ရန်သူတွေကို အရှိန်နှေးအောင်လုပ်ပြီး မာချင်းယန်အဖွဲ့နဲ့ ချိတ်ဆက်ဖို့ပဲ။ ရန်သူကို အတင်း ဝင်မတိုက်ပါနဲ့။ ငါသူတို့ကို တည်နေရာ ပို့ပေးထားတယ်။ အခု၊ အသင့်ပြင်ထားတော့။"

သူ၏ ညွှန်ကြားချက်မှာ နောက်တန်းထောက်ပံ့သူတစ်ယောက် ပီသစွာ ရှင်းလင်းလှသည်။ အဖွဲ့၏ တတိယမျက်လုံးအဖြစ် ဆောင်ရွက်ပေးပြီး တိကျသော‌ တည်နေရာနှင့် ဗျုဟာမြောက်သော အကြံဉာဏ်တို့ကို ထောက်ပံ့ပေးနေသည်။

အဖွဲ့သား ၃ယောက်နှင့် ကျန်သောအဖွဲ့သည် တောင်ကုန်းထက်သို့ ရောက်လာကြပြီး ရန်သူကို စောင့်နေကြသည်။

တခဏအကြာတွင်၊ ကားအင်ဂျင်သံများက နီးကပ်လာ၏။ ကျယ်ပြန်လှသော ကန္တာရထဲတွင် ကားတစ်စီးကို ဒါဇင်ခန့်ရှိသည့် ကားများက လိုက်ဖမ်းနေသည်ကို မြင်နေရ၏။ သေနတ်သံများကလည်း မရပ်မနား ထွက်ပေါ်နေပြီး၊ ထွက်ပြေးနေသည့်ကားနောက်တွင် မီးခိုးတန်းနှင့် ပေါက်ကွဲမှုများ ဖြစ်ပေါ်နေသည်။

ကားပေါ်တွင် ပါသူများက မာချင်းယန်တို့အဖွဲ့ပင် ဖြစ်၏။

"အသင့်ပြင်။" ကျန်းဝေက တင်းကြပ်စွာ အမိန့်ပေးလိုက်ပြီး ဂျာမီနယ်၏ယာဉ်များ ပစ်ကွင်းအတွင်း ဝင်လာသည်အထိ စောင့်နေ၏။ "ပစ်"

ရုတ်တရက်၊ တောင်ကုန်း၏နောက်ကွယ်မှ ကျည်ဆံမိုးများ ရွာကျလာပြီး အံ့ဩနေသော ဂျာမီနယ်အေးဂျင့်များအပေါသို့ မိုးကြိုသလို ဆင်းသက်လာသည်။ ယာဉ်များကို ထိမှန်သည့် ကျည်ဆံနှင့် သတ္တုသံများကလည်း မရပ်မနား ထွက်ပေါ်လာတော့သည်။

ရုတ်တရက်ဖြစ်လာသော ချုံခိုတိုက်ခိုက်မှုကြောင့်၊ ဦးဆောင်လာသည့် ဂျာမီနယ်ယာဉ်မှာ ပစ်ခတ်မှုကို တိုက်ရိုက်မထိစေရန် ကွေ့ဝိုက်လိုက်ရပြီး လမ်းချော်ကာ မှောက်တော့မလိုပင် ဖြစ်သွားသည်။

အခန်း (၅၀) ပြီး၏။

လင်းဆက်

All Chapters