← Chapters

အကျိုးရလဒ်များ

Vol. 4 Ch. 52

အကျိုးရလဒ်များ

Vol. 4 Ch. 52

[ကယ်ဆယ်ခြင်း] ပြီးဆုံးသွားပါပြီ။ သင် အတွေ့အကြုံအမှတ် ၈,၀၀၀ ရရှိပါသည်။

ဂုဏ်သတင်း +၁၀၀ (ကြယ်နဂါးနိုင်ငံ SDI)

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

"အစ်ကိုရှောင်၊ မင်းက အကောင်းဆုံးပဲ။" လီယောင်၏ မျက်လုံးများမှာ လေးစားမှုများဖြင့် တောက်ပနေသည်။

"ဟား၊ မင်းအခုမှ သိတာလား။" ဟန်ရှောင်းက ဘဝင်ခိုက်နေသလို ပြန်ပြောလိုက်သည်။ ကျန်းဝေကလည်း သူဟန်ရှောင်းကို မှားယွင်းအကဲဖြတ်မိကြောင်း သိသဖြင့်၊ တောင်းပန်၏။ "မင်းရဲ့ အရည်အချင်းကို သံသယဝင်မိတာ တောင်းပန်ပါတယ်။ ဒီနေ့၊ မင်းရဲ့ညွှန်ကြားမှုနဲ့ ပစ္စည်းတွေကြောင့် အသက်ရှင်လျက် ပြန်လွတ်လာတာ။ အဖွဲ့က ကြိုဆိုပါတယ်။"

နောက်ကျတဲ့ ကြိုဆိုခြင်းက မကြိုဆိုတာထက်စာရင် ပိုကောင်းပါတယ်။

ဟန်ရှောင်းက ရယ်လိုက်သည်။

"ဒီလို ကိစ္စသေးသေးလေးအတွက် တောင်းပန်စရာ မလိုပါဘူး - ငါက သဘောထားကြီးတဲ့သူပါ။"

ကျန်းဝေမှာ ကျောရိုးတစ်လျှောက် စိမ့်သွားသလို ခံစားလိုက်ရသည်။ ဟန်ရှောင်း၏ စကားလုံးများက သူ့အတွက် ထူးခြားနေသည်။

"အိုး ဟုတ်သားပဲ" ဟန်ရှောင်းက ဆက်ပြောသည်။ မင်းရဲ့ သံချပ်ကာဝတ်စုံကို ဘယ်သူလုပ်ပေးတာလဲ။"

“အိုး၊ [တိုက်ခိုက်ရေးသံချပ်ကာဝတ်စုံ] ရဲ့ ရှေ့ပြေးပုံစံလေးတစ်ခုပါပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သီးစီးရပ်စ်နိုင်ငံနဲ့ စစ်ပွဲမှာ အပျက်အစီးတွေကြားက ရှာတွေ့ထားတာ။ အခုလောလာဆယ်တော့၊ ငါတို့ဆီမှာ ရှိတာတွေထဲမှာ ဒီတစ်ခုပဲ အလုပ်လုပ်တယ်။ သူတို့က ပြန်လည်ထုတ်လုပ်ဖို့တော့ ကြိုးစားကြတာပဲ၊ ဒါပေမယ့် တိုးတက်မှုက အရမ်းနှေးလွန်းတာရယ်၊ ပြုပြင်ထိန်းသိမ်းရတာလည်း ခက်ခဲတာရယ်ကြောင့် ငါ့ဆီရောက်လာတာပဲ။

[တိုက်ခိုက်ရေးသံချပ်ကာဝတ်စုံ] ကို တည်ဆောက်ရန်အတွက် ရှေ့ပြေးလိုအပ်ချက်တစ်ခုမှာ အဆင့်မြင့်လက်နက်ပိုင်းဆိုင်ရာအရည်အချင်း [အကြီးစားအသစ်ပြုပြင်ခြင်း] ဖြစ်သည်။ ထိုအရည်အချင်းကို ရရှိရန်မှာလည်း များစွာသော စွမ်းအားသုံးဝတ်စုံများ၊ စက်ပစ္စည်းကိုယ်ထည်များနှင့် ကြီးမားသော တိုက်ခိုက်ရေး စက်ယန္တရားများကို တည်ဆောက်ခဲ့ရန် လိုအပ်သည်။ အကယ်၍ သီးစီးရပ်စ်နိုင်ငံက ရှေးပြေးပုံစံသာ တီထွင်ခဲ့သည်ဆိုလျှင်တောင် ကြယ်နဂါးနိုင်ငံက အလွန်နောက်ကျပြီး ကျန်နေခဲ့ပြီဖြစ်သည်။

ဟန်ရှောင်းက သူ့အခွင့်အရေးကို မြင်၏။

“ပြုပြင်ထိန်းသိမ်းဖို့အတွက် ငါ့တာဝန်ထားလိုက်ပါ။”

“သေချာတာပေါ့။” ကျန်းဝေက ပျော်ရွှင်သွားသည်။ သူက အခု ဟန်ရှောင်း၏စွမ်းရည်ကို ယုံကြည်နေသည်။’

“ဒီအထူးကျည်ဆံတွေက နင့်ရဲ့ အသစ်ဖန်တီးထားတာတွေလား။” လီယာလင်းက စိတ်လှုပ်ရှားစွာဖြင့် ဖြတ်မေးလိုက်သည်။

ဟန်ရှောင်းက ပေါက်ကွဲအားပြင်းယမ်းမှုန့်အကြောင်းကို အပြည့်အစုံ ရှင်းပြလိုက်သည်။

ပုံမှန်အားဖြင့် မီးလောင်စေတတ်သော ကျည်ဆံများသည် ထိရောက်စွာ အလုပ်ဖြစ်ရန် လောင်ကျွမ်းနိုင်သော ပစ်မှတ်တစ်ခု လိုအပ်သည်။ သို့သော်၊ ပေါက်ကွဲအားပြင်းယမ်းမှုန့်တွင် အထူးဓါတ်ပစ္စည်းတစ်မျိုး ပါဝင်ပြီး ထိုဓါတ်ပစ္စည်းက လေနှင့်ထိတွေ့လိုက်သည်နှင့် အသက်ဝင်လာနိုင်သည်။ ထို့ပြင် ထိတွေ့သမျှ အရာအားလုံးကို မီးရှို့ပစ်နိုင်သည်။ ထိုအရာ၏ အပူချိန်နှင့် စွမ်းအားသည် မိုလိုတော့နှင့် နှိုင်းယှဉ်နိုင်ပြီး ပို၍ကြောက်ဖို့ကောင်းသည်က ကျည်ဆံထဲ ထည့်သုံးလို့ ရနိုင်ခြင်းပင်ဖြစ်သည်။ ဒါက ဘယ်လို ပွဲအပြောင်းအလဲကြီး ဖြစ်သည်ကို လူတိုင်းက မြင်နိုင်ကြသည်။

“မင်းဒါကိုရောင်းတာလား” မာချင်းယန်က တက်တက်ကြွကြွ မေးလိုက်သည်။

“ဒါပေါ့ - ကျည်တစ်တောင့်ကို ၅၀”

အခု ဒီကောင်တွေက ထိရောက်ကြောင်း သက်သေပြပြီးပြီ၊ ဈေးကွက်ထဲ ပို့ရမယ့်အချိန်ပဲ။

“ငါ အတောင့် ၂၀၀ လိုချင်တယ်။” မာချင်းယန်က ချက်ချင်းပြန်ပြောသည်။ “ပစ္စတိုအတွက် ၂၀၊ အသေးစားစက်သေနတ်အတွက် ၁၅၀၊ စနိုက်ပါရိုင်ဖယ်အတွက် ၃၀။”

“အိုကေ” ဟန်ရှောင်းက ဖြေလိုက်သည်။ “မင်းတစ်ရက်အတွင်း ရနိုင်တယ်။”

“မင်းစပြီး အမှာစာတွေ လက်ခံလို့ရပြီ။” သူက လီယာလင်းကို တစ်ယောက်ချင်း မှာကြားလိုက်သည်။ “အရင်ကလိုပဲ၊ ငါမင်းကို ၂၀% လျော့ဈေးပေးမယ်။”

လီယာလင်း၏ နှုတ်ခမ်းများက ပြုံးသွားသည်။

...

မစ်ရှင်တွင် မည်သို့ဖြစ်ခဲ့သည်က ဌာန၁၃တွင် တောမီးတစ်ခုလို ပြန့်နှံ့သွားသည်။ သဘာဝကျကျပင်၊ လောင်ကျွမ်းနိုင်တဲ့ကျည်ဆံကလည်း လူအများ ဆွေးနွေးစရာဖြစ်လာသည်။

"ဟန်ရှောင်းရဲ့ ပစ္စည်းအသစ်။"

"ငါကြားတာတော့ အဲ့ဒါက သူတို့ကို ကယ်ခဲ့တာတဲ့။"

ပြန်သိမ်းနိုင်တဲ့ဓါးကိစ္စကတည်းက ဟန်ရှောင်းသည် အာရုံစိုက်မှုများ ရရှိပြီးဖြစ်သည်။ မာချင်းယန်၏ ကျည်ဆံအတွက် အမှာစာသည်လည်း လူတိုင်းသိသည့် ကိစ္စဖြစ်လာပြီး၊ အေးဂျင့်များက လာရောက်မေးမြန်းကြသည်။ သူတို့ကို ကယ်တင်ခဲ့သည့် ဟန်ရှောင်းတို့အဖွဲ့ကို ပြန်ပေးဆပ်သည့်အနေဖြင့်၊ မာချင်းယန်က လေ့ကျင့်ရေးကွင်းတွင် တိုက်ရိုက်သရုပ်ပြပွဲ ပြုလုပ်ပေးခဲ့သည်။

လူတိုင်း ကျည်ဆံ၏အစွမ်းကြောင့် ကြောင်ငေးသွားကြပြီး၊ ပြပွဲပြီးသည်နှင့် သူတို့ပထမဆုံး လုပ်သည်မှာ လီယာလင်းကို ရှာ၍ အမှာစာများတင်ခြင်းပင် ဖြစ်သည်။ အရာအားလုံးက ဟန်ရှောင်း၏ အစီအစဉ်အတိုင်းသွားနေ၏။

ဒီဟာက တော်လှန်နိုင်သော တီထွင်မှုတစ်ခုဖြစ်ပြီး၊ ဤတစ်ကြိမ်တွင်တော့၊ ထိပ်တန်းအရာရှိများသည် အရင်တစ်ခေါက်ကလို မဖြစ်အောင် လုပ်ရမည်မှန်း သိနေကြသည်။

သူတို့က သုတေသနဌာန ဒါရိုက်တာကိုပင် သူဘာမှမလုပ်သေးခင် ခေါ်ယူသတိပေးခဲ့သည်။

ဌာနကလည်း ဟန်ရှောင်းကို အေးဂျင့်များအား ကျည်ဆံများ ထောက်ပံ့ပေးနိုင်ရန် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သည်။ ဟန်ရှောင်းကလည်း ဈေးအနည်းငယ်လျှော့၍ ကျည်ဆံ၅၀၀ကို ဒေါ်လာ ၂၀,၀၀၀ဖြင့်သာ ရောင်းချပေးခဲ့သည်။

ပထမဆုံးတစ်ရက်တည်းနှင့်ပင်၊ ဟန်ရှောင်း၏ စုဆောင်းထားမှုမှ ကျည်ဆံ ထောင်နှင့်ချီ၍ ရောင်းထွက်သွားပြီး ဒေါ်လာ ၂၀၀,၀၀၀ ရရှိလိုက်သည်။ မြေအောက်လောကမှ ရရှိခဲ့သော ၁,၅၀၀,၀၀၀နှင့် ပေါင်းလိုက်ပါက သူ၏ ချမ်းသာမှုမှာ သေးသေးလေးတော့ မဟုတ်တော့ပေ။

အမျိုးအစားအဆင့်တက်ခြင်းပြီးသည့်နောက်၊ ဟန်ရှောင်း၏ ထုတ်လုပ်နိုင်သည့် အမြန်နှုန်းသည်လည်း သိသိသာသာ တိုးတက်လာသည်။ သူက ယမ်းမှုန့်များ ထုတ်လုပ်ရေးကိုသာ အာရုံစိုက်ထားသည်။ သူ့ကို ထောက်ခံခြင်းကို ပြသသည့်အနေဖြင့်၊ ဌာန၁၃က ကျည်ခွံနှင့် ကျည်ကပ်များ ထောက်ပံ့ပေးရာ၊ လုပ်ငန်းစဉ်မှာ အကြီးအကျယ် အရှိန်ရလာ၏။ တစ်သုတ်လျှင် ကျည်ဆံ၃၀၀ ထုတ်လုပ်နိုင်ပြီး၊ ဟန်ရှောင်းက တစ်ရက်လျှင် ၁၀သုတ် ထုတ်လုပ်ပေးနိုင်သည်။ ကျည်ဆံများပြုလုပ်ခြင်းက ဟန်ရှောင်းကို ၁တောင့်လျှင် ၅-၁၀ အတွေ့အကြုံအမှတ်ပေးရာ၊ သူက တစ်ရက်အတွင်း အတွေ့အကြုံအမှတ် ၃၀,၀၀၀ အထိ ရရှိနေခြင်း ဖြစ်ပေသည်။

ဒါက သူ့အဆင့်တွင် အမြန်ဆုံး အတွေ့အကြုံအမှတ် တိုးပွားမှုနှုန်း ဖြစ်ပေလိမ့်မည်။

...

"ငါ့ကို မရောင်းဘူး။"

ကိုရက်က ဒေါသထွက်နေသည်။ အစက ပုံမှန်အတိုင်း တောင်းပန်လိုက်ရုံဖြင့် သူနှင့် ဟန်ရှောင်းကြားရှိ အကြိတ်အခဲများ ပြေလည်သွားမည်ဟု သူထင်ထားခဲ့သည် - ‌နောက်ဆုံးတော့ ပိုက်ဆံက ပိုက်ဆံပဲ မဟုတ်လား။ သို့သော်လည်း၊ လီယာလင်းက သူ့ကို ငြင်းပယ်ခဲ့သည်။

"ဟန်ရှောင်းက ပြောတယ်၊ မင်းကို နာမည်ပျက်စာရင်း သွင်းထားတယ်တဲ့။ ပြီးတော့ မင်းဆီက ပိုက်ဆံပဲဖြစ်ဖြစ်၊ တောင်းပန်တာပဲဖြစ်ဖြစ် ဘာမှလက်မခံဖို့ မှာထားတယ်။"

ပြန်သိမ်းနိုင်တဲ့ဓါးကို အပ်ဖို့ အစက တွေးထားကြသည့် အခြားအေးဂျင့်များသည် ကိုရက်ကို သူက ဦးဆောင်ခဲ့သည့်အတွက် ကျေးဇူးတင်နေကြသည်။ မဟုတ်ပါက သူတို့သည်လည်း တူညီသော ပြဿနာတက်နေလောက်ပြီ ဖြစ်သည်။

ကိုရက်က သူ့လုပ်ဖော်ကိုင်ဖက်များထံမှ ကျည်ဆံကို ပိုမြင့်သောဈေးနှင့် ဝယ်ယူရန် ကမ်းလှမ်းသော်လည်း၊ သူ့ကို ဘယ်သူကမှ မရောင်းချင်သည်ကို တွေ့ရသည်။ ကျည်တစ်တောင့် ၂၀၀ အထိပေးတာတောင် ဘယ်သူမှ သဘောမတူ‌ခဲ့ပေ၊ သူ့သူငယ်ချင်းတွေတောင် သဘောမတူခဲ့ပေ။

သူက အသိသာကြီး အကြဉ်ခံထားရသည်၊ သို့သော်လည်း ဘာကြောင့်ဆိုသည်ကို သူနားမလည်ပေ - သူ့သူငယ်ချင်းတစ်ယောက်က သူ့ကို ပြောပြသည့် အချိန်ထိဖြစ်သည်။ "မင်းကို ရောင်းလိုက်တာက ဟန်ရှောင်းကို ရန်စမိလိမ့်မယ်။ ဘယ်သူမှ သူ့ရဲ့ နာမည်ပျက်စာရင်း အသွင်းမခံချင်ကြဘူး။ သူ့မှာ ဒီထက်ပိုကောင်းတဲ့ ပစ္စည်းတွေ ထွက်လာနိုင်သေးတယ်။ ဘယ်သူက သူ့ပိုက်ဆံနဲ့သူ မင်းကို ကူညီမှာလဲ။"

သူ့စကားများက ကိုရက်ကို လှုပ်နှိုးလိုက်၏။ စဉ်းစားကြည့်လျှင် အရင်တစ်ခေါက်နှင့် လုံးဝကို ဆန့်ကျင်ဘက်ဖြစ်သည် - သူက ဟန်ရှောင်းကို ပိုက်ဆံအတွက် နင်းချခဲ့သည် မဟုတ်လား။

ကံမကောင်းစွာဖြင့်၊ ‌နောင်တရဖို့ နောက်ကျလွန်းသွားလေပြီ။

...

ထိုအချိန်တွင်၊ အလုပ်ခန်းတစ်ခုအတွင်း၌၊ လော်ရွှမ်း သူ့ရှေ့က ဘူးကိုဖွင့်လိုက်ရာ မီးလောင်ကျည် ‌အတောင့် ၂၀ပေါ်လာသည်။ သူက တစ်စုံတစ်ယောက်ကို ဝယ်ခိုင်းခဲ့ခြင်းဖြစ်သည်။

ဟန်ရှောင်းက ကိုရက်နှင့် သူ့အဖွဲ့ကိုသာ နာမည်ပျက်စာရင်း သွင်းခဲ့ခြင်းဖြစ်ပြီး သူ့ကို မဟုတ်ပေ။ ဟန်ရှောင်း၏ မျက်စိထဲတွင် လော်ရွှမ်းက သုတေသနဌာနတွင် သူ့အလုပ်သူလုပ်နေပြီး သူ၏ ဒီဇိုင်းပုံစံကို ပြန်လည်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ အနည်းဆုံးတော့၊ သူသည် ကိုရက်ပြုလုပ်ခဲ့သလို ကိုယ်ကျင့်သိက္ခာမကင်းမဲ့ချေ။ ယခု သုတေသနဌာနက စောင့်ကြည့်ခံနေရပြီး ဟန်ရှောင်းအနေဖြင့် စိတ်ပူစရာမရှိတော့ပေ။

ထပ်ပြောရလျှင်၊ လော်ရွှမ်းသည်လည်း သူ့ကဲ့သို့ ထောက်ပံ့ရေးဝန်ထမ်းမျှသာ ဖြစ်သည်။

သို့သော်ငြားလည်း၊ ထိုအရာက လော်ရွှမ်းကို နားလည်ရခက်စေပြီး ဟန်ရှောင်းကို မကျေမချမ်း ဖြစ်နေသည်။

"ရီးပဲပေါ့ကွာ ဟန်ရှောင်း၊ မင်းငါ့ကို လျစ်လျူရှုရလောက်အောင် အထင်မသေးနဲ့ကွ"

သူမသိသည်က ဟန်ရှောင်းက သူ့ကို အထင်အမြင်သေးနေသည် မဟုတ်ပေ - ထိုအစား သူ့ကို လုံးဝမမြင်ခြင်းပင်။

ဟန်ရှောင်းကို ရန်စခြင်းမှ ရှောင်ရှားရန်၊ သုတေသနဌာန ဒါရိုက်တာက မည်သူမျှ ဟန်ရှောင်း၏ ကျည်ဆံများကို လေ့လာခြင်းမပြုရန် အမိန့်ထုတ်ထားသည်။ သို့သော်လည်း လော်ရွှမ်းကတော့ သဘာဝကျစွာ ဂရုပင်မစိုက်ပေ။ ထို့ပြင် သူက ဟန်ရှောင်းထက်သာသည်ဟု တွေးနေဆဲဖြစ်သည်။ ပြန်သိမ်းနိုင်တဲ့ဓါးကဲ့သို့ ကျည်ဆံကိုလည်း အလွယ်တကူပင် ပြန်လည်ထုတ်လုပ်နိုင်လိမ့်မည်ဟု ထင်ထားသည်။

"ငါသာ အောင်မြင်ခဲ့ရင်၊ အထက်ကလူတွေက ငါ့ကိုပိုပြီး တန်ဖိုးထားမှာပဲ။ ငါကျရှုံးလို့ မဖြစ်ဘူး။ လော်ရွှမ်းက ထိုသို့ ပို၍ တွေးလေလေ၊ သူ့အတွက် သူ့အကြံအစည်က ပိုပြီး ပြည့်စုံလေဖြစ်နေသည်။

အသက်ပြင်းပြင်းရှူကာ သူ့ကိုယ်သူ ပြင်ဆင်လိုက်ပြီး၊ လော်ရွှမ်းက ကျည်ဆံ၏ အဖုံးကိုဖွင့်ပြီး အလုပ်စရန် ပြင်လိုက်သည်။ သူလုပ်ဖို့လိုသည်က အတွင်းရှိ မီးလောင်စေသည့်ပစ္စည်း၏ ဂုဏ်သတ္တိများကို စစ်ဆေးရန်ဖြစ်သည်။

ကလန့်

လော်ရွှမ်းက ကျည်ဆံကို ဆွဲထုတ်လိုက်သည်။

နောက်တစ်ဆင့်က အဖုံးကို ဖွင့်လိုက်ပြီး အတွင်းရှိ ပါဝင်ပစ္စည်းများကို ပွတ်တိုက်မှုမဖြစ်စေရန် အထူးစုပ်ခွက်ဖြင့် ထုတ်ယူရန်ဖြစ်သည်။

သတိကြီးစွာဖြင့်၊ အဖုံးကို ဖွင့်လိုက်သည်။

"အောင်မြင်ပြီ။ အခု ငါစမ်းသပ်ဖို့..."

သူ့အတွေး အဆုံးမသတ်ခင်မှာပင် ရုတ်တရက်ဆိုသလို တောက်ပနေသော မီးတောက်ကြီးက သူ့မြင်ကွင်းကို ဖုံးလွှမ်းသွားတော့သည်။

အခန်း (၅၂) ပြီး၏။

လင်းဆက်

+++++

All Chapters