← Chapters

ဖုံးကွယ်‌နေသော

Vol. 4 Ch. 53

ဖုံးကွယ်‌နေသော

Vol. 4 Ch. 53

ကလင် ကလင် ကလင်

မီးက ပြန့်နှံ့လာသည်နှင့်အမျှ ကျယ်လောင်လှသော မီးအချက်ပေးသံက စင်္ကြန်လမ်းတစ်လျှောက်လုံး ဆူညံနေသည်။ ထူထဲလှသော အနက်ရောင်မီးခိုးလုံးကြီးက သုတေသနဌာနတစ်ခုလုံး ပြည့်နှက်နေပြီး ဌာနမှ ဝန်ထမ်းများကလည်း ဘေးလွတ်ရာသို့ ပြေးလွှားနေကြသည်။

မီးသတ်ရေပန်းများက အလျှင်အမြန်ပင် မီးကို ငြိမ်းသတ်လိုက်သော်လည်း စာရွက်စာတမ်းများစွာကတော့ ပျက်စီးသွား၏။ မီးပွားများက ကွန်ပျူတာနှင့် စက်ပစ္စည်းများမှ ထွက်လာနေသည်။ နံရံနှင့် မျက်နှာကျက်များမှာ လောင်ကျွမ်းထားသော အနက်ရောင်အမှတ်များဖြင့် ပြည့်နေသည်။

“ဘာကစပြီး မီးလောင်စေတာလဲ။” ကြေကွဲနေသည့် သုတေသနဌာန ဒါရိုက်တာက အပျက်အစီးများကိုကြည့်ပြီး ကျယ်လောင်စွာ မေးမြန်းလိုက်သည်။

လုံခြုံရေးများ ခဏအကြာ၌ ရောက်ရှိလာပြီး စစ်ဆေးမှုများ စတင်လေသည်။

“မီးက ဝပ်ရှော့ စပြီးလောင်တာ။”

တစ်ကိုယ်လုံး စိုရွှဲနေပြီး မျက်နှာတစ်ခုလုံးလည်း မဲသဲနေသည့် လော်ရွှမ်းကို အစောင့်များက ထိန်းမပေးလျက် ခေါ်ထုတ်လာကြသည်။ သူ၏ မျက်ခုံးမွေးများ အပါအဝင် ဆံပင်များအားလုံးလည်း မီးလောင်ကုန်ပြီး၊ သူ့ကို ကြည့်ရသည်မှာ ဆေးဘဲဥတစ်လုံးနှင့် တူနေ၏။

အလျှင်အမြန် တုန့်ပြန်နိုင်မှုနှင့် အနီးအနားရှိ မီးသတ်ဆေးဘူးကြောင့်သာ ပုံမပျက်သွားခြင်းဖြစ်သည်။

မီးလောင်စေသည့် ပစ္စည်းမှာ အငွေ့ဖြစ်လိမ့်မည်ဟု သူမထင်ထားပေ။ အဲဒါက လေထုနှင့် ထိတွေ့သည်နှင့် လောင်ကျွမ်းသွားနိုင်သည်။

လော်ရွှမ်းက သိသိသာသာ သူ့ကိုယ်သူ ပိုတွက်မိနေခြင်းပင်။

“ငါရှုံးသွားပြီ...” သူ မသက်မသာဖြင့် ဝန်ခံလိုက်ရ၏။

လုံခြုံရေးတစ်ယောက်က သူ့လက်ကို ဖြန့်လိုက်ပြီး ကျည်ခွံတစ်ချို့ကို ပြလိုက်သည်။ ထိုကျည်ခွံများက နက်မှောင်နေသော်လည်း၊ အရင်က ကြက်သွေးရောင် ဖြစ်ကြောင်း သိသာနေသည်။

“ဒါက ပေါက်ကွဲအားပြင်းယမ်းမှုန့်တွေရဲ့ ကျည်ခွံပဲ။ မင်းရဲ့လူတွေက ဒါကို ဓါတ်ခွဲကြည့်နေတာ။”

သုတေသနဌာန ဒါရိုက်တာမှာ ချက်ချင်းပင် ဒေါသပြင်းစွာထွက်သွားသည်။ ပြောစရာစကားရှာမရဘဲ၊ လော်ရွှမ်းကိုသာ ဒေါသတကြီး လက်ညိုးသာထိုးနိုင်တော့သည်။

‘ငါ့ရဲ့အမိန့်တွေက ပေါ့ပေါ့လေးလို့ ထင်နေတာလား’

‘အထက်ကလူတွေက စုံစမ်းတဲ့အခါ၊ ဒါတွေက ငါ့ခေါင်းပေါ် ကျလာဦးမှာပဲ’

‘ခွေးသူတောင်းစား’

ကူဟွေ့လည်း အခင်းဖြစ်ရာ နေရာသို့ ရောက်ရှိလာ၏။ ပျက်စီးမှုကို မြင်ရပြီး သူ့မျက်နှာကြီး မဲမှောင်သွားသည်။

“မင်းဖာသာ ရှင်းပြစမ်း”

သုတေသနဌာန ဒါရိုက်တာက သူ့ရှေ့မှ လော်ရွှမ်းကို ဆတ်ခနဲဆွဲလိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။ “ဒါ သူ့ဖာသာသူ လုပ်တာ။”

ကူဟွေ့က လော်ရွှမ်းကို ကြည့်လိုက်သည်။

“မင်းတစ်ခုခု ပြောစရာရှိလား။”

လော်ရွှမ်းက ခေါင်းငုံ့ထားလိုက်သည်။ သူအောင်မြင်ပြီး အကျိုးခံစားရမည်ဟု ထင်ခဲ့သည်။ သို့သော် ထိုအစား အမိန့်မနာခံမှုနှင့် ရုံးချုပ်ကို ထိခိုက်စေမှုများဖြင့်သာ အဆုံးသတ်သွားသည်။ ဒါက သူ့အလုပ်အကိုင်ရဲ့ အဆုံးသတ် ဖြစ်သွားနိုင်သည်။

“မင်း ထောက်ပံ့ရေးဌာနကို ပြန်သွားရမယ်။” ကူဟွေ့က အေးစက်စက် ပြောလိုက်ပြီး လှည့်ထွက်သွားသည်။

လော်ရွှမ်း တဆတ်ဆတ် တုန်နေသည်။ အရင်က ထောက်ပံ့ရေးဌာနမှ အထင်အမြင်မကောင်းဘဲ ထွက်ခဲ့ခြင်းဖြစ်ရာ၊ ပြန်သွားရခြင်းသည် သူ့အတွက် မကောင်းသည့်နိမိတ်ဖြစ်သည်။

အသေအချာပင်၊ ထောက်ပံ့ရေးဌာနသို့ ရောက်သောအခါ၊ သူ၏အရင်က လုပ်ဖော်ကိုင်ဖက်များက သူ့ကို မြင်သောအခါ လျစ်လျူရှုနေကြသည်။ သူ့အပေါ် မျှော်လင့်ချက်ကြီးခဲ့သည့် ဒါရိုက်တာပင် သူ့ကို မတွေ့ချင်ပေ။ ဒါရိုက်တာက အတွင်းရေးမှုးကိုသာ စေလွှတ်လိုက်ပြီး အဖွဲ့ခွဲအသေးလေးမှ သူ၏ နေရာအသစ်ကို အကြောင်းကြားပေးခဲ့သည်။

အကယ်၍ သူသာ စိတ်သဘောထား မကျဉ်းမြောင်းဘဲ သူ့ကိုယ်သူ အထင်မကြီးခဲ့လျှင်၊ သူ့လမ်းကြောင်းမပျောက်ဘဲ ဒီလိုအဆုံးသတ်လိမ့်မည် မဟုတ်ပေ။

“ငါ မရင့်ကျက်ခဲ့တာပဲ...” လော်ရွှမ်းက ခါးသီးစွာ ဝမ်းနည်းပူဆွေးနေသည်။

...

ဟန်ရှောင်းက ဖုန်းကျွင်းထံမှ လော်ရွှမ်း ဘာလုပ်ခဲ့သည်ကို ကြားလျှင် ထိတ်လန့်သွားသည် - ဖန်တီးခဲ့သူဖြစ်သည့် သူပင်လျင် မီးလောင်ကျည်ကို လျှောက်မဖွင့်ရဲပေ။

‘ဒီကောင်က သတ္တိတော့ ရှိတာပဲ’

သို့သော်လည်း၊ ဒီကိစ္စက သူ့အတွက် မထိခိုက်ပေ။ အဆုံးမှာတော့၊ လော်ရွှမ်းက သူ့အတွက် နာမည်တစ်ခုသာ ဖြစ်သည်။

သိပ်မကြာခင်၊ ကျန်းဝေ၏ ဝတ်စုံက သူ့အလုပ်ခန်းသို့ ရောက်လာသည်။ လေ့လာကြည့်သောအခါ၊ ထိုအရာက တကယ်ပင် အကြမ်းထည်ပဲ ရှိသေးသည့် ရှေ့ပြေးပုံစံဖြစ်သည်။

_____________________

တိုက်ခိုက်ရေးသံချပ်ကာဝတ်စုံ (ရှေ့ပြေးပုံစံ)

အမျိုးအစား : မော်ဂျူလာ အသေးစား စွမ်းအင်အသုံးပြု ဝတ်စုံ

အဆင့်အတန်း : အဖြူရောင်

အချက်အလက်များ : ၆၈၂/၁၄၀၀ ခိုင်ခံ့မှု၊ ၃၅ ခုခံနိုင်မှု

ပါဝါအဆင့် : ၈၆

စွမ်းအင်အဆင့် : ၂၅၀/၂၅၀

ကြိုတင်လိုအပ်ချက်များ : ၄၂ ခွန်အား၊ ၄၈ ခံနိုင်ရည်

အပိုအချက်အလက်များ : -၁၀ လက်စွမ်း

အမြင့် : ၁.၉၅ မီတာ

အလေးချိန် : ၃၇၀ ကီလိုဂရမ်

ထိန်းချုပ်မှုနည်းလမ်း : လူကိုယ်တိုင် (အပြည့်အစုံ)

စွမ်းအင်အရင်းအမြစ် : လျှပ်စစ်

တိုက်ပွဲတွင် ကုန်ကျမှုနှုန်း : ၅ စွမ်းအင်/မိနစ်

အဓိကပါဝါ : ၁၂၅/၁၃၀

_____________________

ကိုယ်ထည်မော်ဂျူး

Spring-piston Absorber (ဝန်အား 65%) လျှော့ချသည်။

ပါဝါ : ၂၀

_____________________

ညာလက်မောင်း မော်ဂျူး : ကြီးမားသော Calibre ပြောင်းဝ ၃ခုပါ စက်သေနတ်

ထိခိုက်နိုင်မှု : ၁၀၅-၁၂၅

ပစ်ခတ်နှုန်း : ၅ ချက်/စက္ကန့် (ပြောင်းဝတစ်ခုလျှင်)

အမြင့်ဆုံးပစ်ခတ်မှုနှုန်း : ၈ ချက် /စက္ကန့် - ၅ စက္ကန့်အတွင်း (ပြောင်းဝတစ်ခုလျှင်)

ကျည်ကပ်ဝင်ဆန့်နိုင်မှု : ၃၀ (ကျည်ဆန်ခါးပတ်အတွင်း +၁၂၀)

ပါဝါအဆင့် : ၇၅

ပါဝါ : ၃၅

_____________________

ဘယ်လက်မောင်း မော်ဂျူး : ကြီးမားသော Calibre ပြောင်းဝ ၃ခုပါ စက်သေနတ်

_____________________

ညာလက်ကောက်ဝတ် မော်ဂျူး- ဓား

ထိခိုက်နိုင်မှု : ၁၂-၁၅

ပါဝါအဆင့် : ၉

ပါဝါ : ၅

_____________________

ခြေထောက် မော်ဂျူး : Spring Boosters

+၁၅ အမြန်နှုန်း

အသုံးပြုချိန်တွင် ၁ စွမ်းအင်/ မိနစ် ကို သုံးစွဲသည်။

ပါဝါ : ၃၀

_____________________

ပူးတွဲပါရှိခြင်း : အနီအောက်ရောင်ခြည်အမြင်

ပါဝါ : မရှိ

ပူးတွဲပါရှိခြင်း : ခြောက်ထိပ်ချွန်းဒိုင်း (ထိခိုက်နိုင်မှုကို ၁၂%) လျှော့ချပေးသည်။

ပါဝါ : မရှိ

_____________________

ကိရိယာအကြံပြုချက် - ဤစက်ဆုပ်ရွံရှာစရာကောင်းသော ဝတ်စုံသည် ကမ္ဘာပေါ်ရှိ သံချပ်ကာဝတ်စုံများအားလုံးအတွက် အရှက်ရစရာတစ်ခုဖြစ်သည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

ဟန်ရှောင်း သဘောတူရပေမည်။ ဒါက တကယ်ကိုပင် ရုပ်ဆိုးလှသည့် ဒီဇိုင်းတစ်ခုဖြစ်သည်။ ကြည့်ရသည်မှာ တစ်ယောက်ယောက်က သတ္တုပြားတစ်ချို့ကို ဝရိန်ဆော်လိုက်ဖို့ ဆုံးဖြတ်လိုက်သည့် ပုံစံဖြစ်သည်။

ပါဝါနည်းသည်ကို အသာထားဦး၊ ပေါင်းစည်းထားသော ဆားကစ်တစ်ခုပေါ်တွင်ပင် မလည်ပတ်ပေ။ ကျန်းဝေက တိကျသည့် ပစ်ခတ်မှုများအစား တစ်ပြုံတစ်ခေါင်းကြီး ပစ်ခတ်နေသည်မှာ အံ့ဩစရာ မဟုတ်ပေ - ချိန်ရွယ်ပေးသည့်စနစ်လည်း မပါဝင်ပေ။ ဆားကစ်ပြားပါဝင်သည့် သံချပ်ကာဝတ်စုံတစ်ခုက တိုက်ခိုက်နေစဉ်အတွင်း အရေးကြီးသော အချက်အလက်များကို လက်ခံရယူပြီး ပြန်လည်ထုတ်လွှင့်နိုင်သည်။

ထို့အပြင်၊ ဝတ်စုံတစ်ခုလုံးတွင် အော်တိုစနစ်ပါဝင်သည့်နေရာမှာ ခြေထောက်ဖြစ်သည်။ ခြေထောက်မှတစ်ပါး ဝတ်စုံ၏ ကိုယ်ထည်တစ်ခုလုံးကို လူကိုယ်တိုင် ထိန်းချုပ်နေရသည်။ ဒါက ကျန်းဝေဘာကြောင့် ဒိုင်းကိုမသုံးသလဲဆိုတာကို ရှင်းပြနေသည် - သူမသုံးနိုင်၍ဖြစ်သည်။

“လာစမ်းပါ၊ ဒါက ရှေ့ပြေးပုံစံ ဆိုပေမယ့်လည်း၊ အချစ်မေတ္တာတွေ နည်းနည်းပြစမ်းပါ၊ သောက်ရူးရဲ့”

ဟန်ရှောင်းက ဝတ်စုံကို လက်ပိုက်လျက်သား စစ်ဆေးနေစဉ်၊ များပြားလှသော အကြံဉာဏ်များ ခေါင်းထဲပေါ်လာသည်။ သို့သော်လည်း၊ အလောတကြီး အဆင့်မြှင့်ဖို့က စောလွန်းသေးသည်။ သူချိန်ညှိချင်သည်များကို ပြုလုပ်ရန်အတွက် အသိပညာများလိုအပ်ပြီး သူ့တွင်လက်ရှိ မပိုင်ဆိုင်ထားသေးချေ။ ထို့ကြောင့် ရိုးရှင်းသော ပြုပြင်မွမ်းမံမှုတစ်ချို့ ပြုလုပ်ပြီးနောက်၊ ဟန်ရှောင်းက ဖုန်းကျွင်း အကူအညီတောင်း၍ ကျန်းဝေထံ ပြန်ပို့လိုက်သည်။

အခုလောလောဆယ်၊ ဟန်ရှောင်း၏ အဓိက အမှုထားစရာကိစ္စမှာ အောင်မြင်စွာ ဖျက်စီးပြီးသွားသော ဂျာမီနယ်စခန်းများနှင့် ပက်သက်၍ဖြစ်ပြီး နောက်တစ်ခုမှာ ကြယ်နဂါးနိုင်ငံကို ဘယ်သတင်းအချက်အလက် ပေးရမလဲဟူ၍ပင် ဖြစ်သည်။

ဖမ်းဆီးရမိသော စခန်း ၃ခုသာလျှင် ကြယ်နဂါးနိုင်ငံအတွင်း တည်ရှိနေခြင်းဖြစ်သည်။ ကြယ်နဂါးနိုင်ငံက ဂျာမီနယ်အဖွဲ့အစည်းကို ဆက်လိုက်တိုက်ခိုက်ချင်ပါက၊ အခြားနိုင်ငံတစ်ခုအတွင်း တိုက်ခိုက်ရပေမည်။ နိုင်ငံ၆နိုင်ငံကြားရှိ ဆက်ဆံရေးမှာ တကယ်ကြီး ကောင်းနေသည်တော့ မဟုတ်ရာ မည်သူမျှလည်း ဆက်လက်၍ မတိုက်ခိုက်လိုကြပေ။ များပြားလှစွာသော အရင်းအမြစ်များသည်လည်း အပြောင်းအလဲကာလတွင် ကုန်ခန်းသွားခဲ့သည် မဟုတ်လော။ နိုင်ငံတိုင်းသည် အခုမှ အသစ်ပြန်လည်စတင်နေဆဲ ရှိသေးသည်။

ထို့ကြောင့်၊ ကြယ်နဂါးနိုင်ငံအနေဖြင့် အခြားနိုင်ငံတစ်ခုနှင့် ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်ပြီး၊ ဖြစ်မြောက်ရန်မှာလည်း ရှုပ်ထွေးလွန်းလှ၏။ ဟန်ရှောင်းသည်လည်း အဓိကသတင်းရင်းမြစ်ဖြစ်၍ သူကိုယ်တိုင် တိုက်ရိုက်ပါဝင်ရပေမည်။

မေးခွန်းမှာ အထက်ကပုဂ္ဂိုလ်များက ဟန်ရှောင်းကို အနောက်ပိုင်းမြို့တော်မှ ထွက်ခွါခွင့် ပြုပါ့မလား။

ရုတ်တရက်၊ ဖုန်းသံမြည်လာ၏။ ဖုန်းကျွင်းဖြစ်သည်။ သူက လေးနက်စွာ ပြောသည်။ “ဟန်ရှောင်း၊ ဂျာမီနယ်ဝန်ထမ်းတွေ လှုပ်ရှားနေကြပြီ။ သူတို့ကို ကြည့်ရတာ မင်းက ငါတို့နဲ့ဆိုတာ သိသွားတဲ့ပုံပဲ၊ ပြီးတော့ မင်းကို လိုက်ရှာနေတယ်။”

“ငါသိပြီ”

ဟန်ရှောင်းက ဒါကို မျှော်လင့်ထားပြီးဖြစ်သည်။ ဟီလာ သတိပြုမိသွားမည်ကို သိလျက်နှင့် လီယာလင်းကို ယန္တရားလက်သုံးဖို့ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

“စိတ်ချပါ။ မင်းအနားမှာ ၂၄/၇ စောင့်ကြပ်ပေးနေတဲ့လူတွေရှိတယ်။”

အနောက်ပိုင်းမြို့တော်မှာ ဌာန၁၃၏ နယ်မြေဖြစ်သည်။ ဂျာမီနယ်အဖွဲ့အစည်းက ဟန်ရှောင်း၏ တည်နေရာအတိအကျကို ရှာတွေ့ခဲ့လျှင်ပင်၊ သူတို့က သူ့ကို မထိနိုင်ပေ - အနည်းဆုံးတော့ အလွယ်တကူ မထိနိုင်ပေ။

“ကြည့်ရတာ ငါလည်း ကာကွယ်ရေးတစ်ချို့ ပြင်ဆင်ထားဦးမှပဲ။”

“ငါ့အတွက် လက်နက်တိုက်ကနေ Berserk Eagle ပစ္စတို ၂လက် ယူလာပေးပါလား။”

Berserk Eagle ပစ္စတိုသည် အနီးကပ်ပစ်ခတ်နိုင်ပြီး ကျည်ဆံကြီးဖြင့် ပစ်ခတ်ရသော သေနတ်ဖြစ်သည်။ မီတာ ၃၀အတွင်းတွင် သေနတ်၏ ပါဝါမှာ စနိုက်ပါရိုင်ဖယ်ဖြင့်ပင် နှိုင်းယှဉ်နိုင်သည်။

ထိုအရာက သူ၏ [Strafe] နှင့်ဆိုလျှင် အံ့ဩလောက်အောင် အလုပ်ဖြစ်ပေလိမ့်မည်။

သို့သော်လည်းပဲ၊ ဟန်ရှောင်းက ဒီထက် လိုအပ်နေသေးသည်။

၃ရက်တာ ကာလအတွင်၊ ဟန်ရှောင်းသည် ယမ်းမှုန့်များ ပြုလုပ်ခြင်းမှ အတွေ့အကြုံအမှတ် ၁၀၀,၀၀ ရရှိလိုက်သည်။ ထိုမှ ၄၀,၀၀၀ ကို [အခြေခံသန့်စင်ခြင်း] အဆင့် ၅ သို့ တိုးမြှင့်ရန် ဆုံးဖြတ်လိုက်သည်။ [ပလက်တီနမ်အလွိုင်း] ပြုလုပ်ရန်အတွက် လိုအပ်ချက်ကို ဖြည့်ဆည်းလိုက်ခြင်းပင်။

“အဆင့်မြှင့်တင်ရမယ့်အချိန်ပဲ။”

...

လွန်ခဲ့သော ရက်အနည်းငယ်က၊ ကြယ်နဂါးအေးဂျင့်တစ်ယောက်၏ လက်ထဲတွင် ယန္တရားလက် ပေါ်လာခြင်းက၊ သူတို့၏ စခန်း၃ခုကို ဇီးရိုးက ဖော်ထုတ်လိုက်ကြောင်း ဘော့စ်က ကောက်ချက်ချနိုင်သွားသည်။

“သူက စိတ်စွမ်းအားရှင်များလား”

ဇီးရိုးက ထိပ်တန်းလျှို့ဝှက်ချက် သတင်းများ ရရှိနေသည့်အပေါ် ဘော့စ်က ရှင်းပြရခက်နေသည်။ တကယ်တမ်းတွင်၊ သူက ဇီးရိုးကို တစ်ခါမှ သံသယမဝင်ဖူးပေ။ ထိုအစား သူတို့အဆင့်အတွင်း သစ္စာဖောက်ရှိနေသည်ဟု မှားယွင်းယူဆမိကာ ကွန်မန်ဒါတစ်ယောက်ကိုပင် မှားပြီး သတ်လိုက်သေးသည်။

သူ့စိတ်က ဇီးရိုး သူတို့ကို ဖျက်စီးပစ်မည်ဟု ကြေညာခဲ့သော လွန်ခဲ့သော တစ်လကို ပြန်ရောက်သွားသည်။

ဘော့စ် လက်သီးဆုပ်လိုက်သည်။

“ငါမင်းကို လျှော့တွက်မိလိမ့်မယ်၊ ဒါပေမယ့် မင်းက ဘာမှမဟုတ်သေးပါဘူး - မင်းမှာ အချက်အလက်တွေ ထပ်ပြီးရှိဦးမယ်လို့ ငါမယုံဘူး။”

“ငါ့အမိန့်ကို ဖြန့်လိုက် : လေလွင့်သွားလာသူတစ်ချို့ကို စုဆောင်းပြီး ကြယ်နဂါးနိုင်ငံထဲမှာ ဟန်ရှောင်းကို ခြေရာခံလိုက်။ သူ့ကို ရှာတွေ့တဲ့သူကို ဂျာမီနယ်အဖွဲ့အစည်းက ဆုလာဘ်ပေးမယ်။”

“သူ့ကိုတွေ့ရင်၊ ရိုစာကို လွှတ်ပြီး သတ်ခိုင်းလိုက်”

ရိုစာသည် ဟီလာကဲ့သို့ပင် ဂျာမီနယ်၏ ကွန်မန်ဒါတစ်ယောက်ဖြစ်သည်။ သူမက လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်လည်း ဖြစ်သည်။

ကွန်မန်ဒါတစ်ယောက်ချင်းစီတွင် သူတို့၏ ကိုယ်ပိုင်ထူးခြားမှုများရှိပြီး၊ ကွန်မန်ဒါ ဘယ်နှယောက်ရှိလဲကို ဘယ်သူမှ မသိကြပေ - ဂျာမီနယ်အေးဂျင့်များကိုယ်တိုင်ပင် မသိကြပေ။

ဘော့စ်က အဝေးသို့ ငေးကြည့်လိုက်သည်။

‘ကြယ်နဂါးနိုင်ငံရဲ့ ကာကွယ်မှုရနေတာက လုံခြုံပြီလို့ ထင်နေတာလား’

‘နုံလိုက်တာကွာ’

အခန်း (၅၃) ပြီး၏။

လင်းဆက်

+++++

All Chapters