Beta Test
Vol. 4 Ch. 54
အခန်း (၅၄) Beta Test
ပလက်တီနမ်အလွိုင်းသည် ရှားပါးသော သတ္တုရိုင်းများကို ပေါင်းစပ်ထားသော သတ္တုစပ်တစ်မျိုးဖြစ်သည်။ ဟန်ရှောင်းက ထိုသတ္တုရိုင်းများကို ဝယ်ယူရန် ငွေကြေးတော်တော်လေး သုံးလိုက်ရသည်။
အလွိုင်းကို ပြုလုပ်ပြီးနောက်၊ ဟန်ရှောင်းက ပြန်သိမ်းနိုင်တဲ့ဓါးနှင့် အပေါ့စားယန္တရားလက်နောက်တစ်ခုကို ပြုလုပ်လေသည်။ ထင်ထားသလိုပင် နှစ်မျိုးလုံးမှာ သာမန်ထက်မြင့်သော ရလဒ် ရလာခဲ့သည်။ ပြန်သိမ်းနိုင်တဲ့ဓါးက ပို၍ပင် အဆင့်မြင့်သေးသည်။
_____________________
ပြန်သိမ်းနိုင်တဲ့ ပလက်တီနမ်ဓါး
အဆင့် : အစိမ်းရောင်
အခြေခံအချက်အလက်များ - 24-28 ထိခိုက်နိုင်မှု၊ 355/355 ခိုင်ခံ့မှု
အပိုဆုစာရင်းများ- +3 လက်စွမ်း
အရှည် 0.77 မီတာ
အလေးချိန် 8.7 ကီလိုဂရမ်
အပိုသက်ရောက်မှုများ-
ပြန်သိမ်းနိုင်သည် - ဤဓား၏ဓားကို ပြန်သိမ်းနိုင်သည်။
တာရှည်ခံခြင်း - ဤဓားရှိ ပလက်တီနမ်သတ္တုစပ်သည် ယိုယွင်းပျက်စီးမှုတို့ကို လျော့နည်းစေသည်။
မှတ်ချက် - ဤဓားကို ဒိုင်းတစ်ခုအဖြစ်ပင် အသုံးပြုနိုင်သည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
နောက်ရက်တွင်၊ ဖုန်းကျွင်းက Berserk Eagles ၂လက်ကို ယူလာပေး၏။ Berserk Eagles ၏ သေနတ်ပြောင်းမှာ ပုံမှန်ပစ္စတိုတစ်လက်ထက် အနည်းငယ်ပိုရှည်ပြီး၊ အနီးကပ်တိုက်ပွဲတွင် ဖျက်ဆီးနိုင်စွမ်း ပိုရှိသည်။ စမ်းသပ်မှုများအရ၊ စမ်းသပ်ခံအရုပ်၏ ဦးခေါင်းကိုပင် ပဲ့ထွက်စေနိုင်သည်။ ပြန်ကန်အားလည်း အတော်ပင်ပြင်းထန်လှသော်လည်း ဟန်ရှောင်းအတွက်ကတော့ အသာအယာပင် ထိန်းချုပ်နိုင်စွမ်းရှိ၏။
ပေါ်လာမယ့် လုပ်ကြံသတ်ဖြတ်သူတွေကို ဒီသေနတ် ၂လက်က ပြန်သိမ်းနိုင်တဲ့ ပလက်တီနမ်ဓါးနဲ့အတူ သူ့ရဲ့အစောင့်အရှောက်အဖြစ် ရှိနေပေလိမ့်မည်။ ဟန်ရှောင်းက ကျည်ကပ်များကို ဝှက်၍သိမ်းဆည်းနိုင်ရန် သူ့အဝတ်အစားများကိုလည်း လဲလှယ်ထား၏။ မီးလောင်ကျည် ၂ကပ်နှင့် သာမန်ကျည် ၄ကပ်တို့ဖြစ်သည်။ သာမန်ကျည်ဆံများအတွက် ဟန်ရှောင်းက Berserk Eagleနှင့် ပိုလိုက်ဖက်သည့် ဖောက်ထွင်းနိုင်အားကောင်းသော သံမဏိကျည်ဆံကို ရွေးချယ်ထားသည်။
ဟန်ရှောင်းက အချက်အလက်ပြဇယားကို ဖွင့်လိုက်ပြီး သူ၏ ကျန်ရှိနေသည့် အတွေ့အကြုံအမှတ်များကို စစ်ဆေးလိုက်သည်။ ၂၀၀,၀၀၀ နီးပါး ရှိနေသေးသည်။
ဗားရှင်း (၁.၀) “Galaxy” တွင်၊ အဆင့်တက်နေမည့်အစား အတွေ့အကြုံအမှတ်များကို စကေးများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အခြေအနေတစ်ခုတွင် အသင့်တော်ဆုံးဖြစ်သည်ဟူသော အတွေးအခေါ်တစ်ခု ရှိခဲ့သည်။
ထိုအတွက် အကြောင်းပြချက်မှာ၊ သေဆုံးခြင်းအတွက် နစ်နာမှုမှာ အဆင့် ၂၀ မှ ၃၀ ဝန်းကျင်တွင် အနည်းအကျဉ်းသာရှိသည်။ ထိုအဆင့်သည် PVP (တစ်ယောက်ချင်းတိုက်ပွဲ)များအတွင်း စကေးများကို အရောင်တင်ရန် အသင့်တော်ဆုံးအဆင့်ဖြစ်သည်။ ကံမကောင်းစွာဖြင့်၊ အဲဒါက လူတစ်ယောက်ရဲ့ ပရိယာယ်မျှသာ ဖြစ်နေသည်။
ဗားရှင်း (၁.၀)တွင် စနစ်က ပထမဆုံး အဆင့်၆၀ ရောက်ရှိသည့် ကစားသမားကို ကြေညာလိုက်သည့်အခါ ဆာဗာတစ်ခုလုံး ကြောင်အသွားပြီး၊ ဒေါသအကြီးအကျယ် ထွက်သွားကြသည်။ ထိုသူမှာ အခြားလူ မဟုတ်ဘဲ အပေါ်ကအတွေးအခေါ်ကို အကြံပြုခဲ့တဲ့သူပင် ဖြစ်သည်။
ဟန်ရှောင်းက အတွေ့အကြုံအမှတ် ၁၈၀,၀၀၀ ကို အသုံးပြု၍ အဆင့် ၃ကြိမ်တက်ရန် ဆုံးဖြတ်လိုက်သည်။
_____________________
[စတင်သင်ယူသူ နည်းပညာရှင်] အဆင့်တက်ပါပြီ။ +30 စွမ်းအင်၊ +1 လက်စွမ်း, +1 ခံနိုင်ရည်, +1 ဉာဏ်ရည်, +3 မသတ်မှတ်သေးသော အမှတ်များ၊ + 1 အရည်အချင်းအမှတ်
[စတင်သင်ယူသူ နည်းပညာရှင်] အဆင့်တက်ပါပြီ။ +30 စွမ်းအင်၊ +1 လက်စွမ်း, +1 ခံနိုင်ရည်, +1 ဉာဏ်ရည်, +3 မသတ်မှတ်သေးသော အမှတ်များ၊ + 1 အရည်အချင်းအမှတ်
[စတင်သင်ယူသူ နည်းပညာရှင်] အဆင့်တက်ပါပြီ။ +30 စွမ်းအင်၊ +1 လက်စွမ်း, +1 ခံနိုင်ရည်, +1 ဉာဏ်ရည်, +3 မသတ်မှတ်သေးသော အမှတ်များ၊ + 1 အရည်အချင်းအမှတ်
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
အသစ်ရရှိသော အမှတ်များအပြင်၊ ဟန်ရှောင်းက [စွမ်းအင်လေ့ကျင့်ရေးနည်းစနစ်] ကို လွန်ခဲ့သည့် ရက်များအတွင်း လေ့ကျင့်နေခြင်းမှ စွမ်းအင် ၃၀ ကိုလည်း ရရှိခဲ့သေးသည်။ ထို့ကြောင့် သူ၏ စွမ်းအင်မှာ ၂၈၀ ရှိနေပြီး အဆင့် ၄ ဖြစ်သည်။
_____________________
အဆင့် ၄ စွမ်းအင် (၂၀၀):
+3 ခွန်အား၊ +၄ လက်စွမ်း၊ +၅ ခံနိုင်ရည်၊ +၄ ဉာဏ်ရည်၊ + ၁၅၀ အမြင့်ဆုံး သက်လုံ၊ +၄% ပစ္စည်းပြုလုပ်မှုအမြန်နှုန်း၊ +၄% စက်ပစ္စည်းစွမ်းအား
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ဟန်ရှောင်းက စုစုပေါင်း +၁၀ ခွန်အား၊ +၁၀ လက်စွမ်း၊ +၁၄ ခံနိုင်ရည်၊ +၈ ဉာဏ်ရည်၊ + ၃၂၀ အမြင့်ဆုံး သက်လုံ၊ +၁၀% ပစ္စည်းပြုလုပ်မှုအမြန်နှုန်း၊ +၁၀% စက်ပစ္စည်းစွမ်းအား ရရှိလိုက်ပြီး၊ သူ၏ အချက်အလက်စုစုပေါင်း၏ သုံးပုံတစ်ပုံမျှ ရှိနေသည်။
အစတုန်းက၊ ဟန်ရှောင်းသည် ဂျာမီနယ်ဓါတ်ခွဲခန်းမှ သေချာပေါက် လွတ်မြောက်စေရန် ခွန်အားနှင့် ခံနိုင်ရည်တို့တွင် အမှတ်တော်တော်များများ ရင်းနှီးခဲ့ရသည်။ ယခုအချိန်တွင်တော့၊ ဉာဏ်ရည်တစ်ခုတည်းအပေါ်တွင်သာ အာရုံစိုက်ရန် လိုတော့သည်။ ဉာဏ်ရည်သည် ယန္တရားပညာရှင် တစ်ယောက်အတွက် အလိုအပ်ဆုံးအမှတ်လည်းဖြစ်သည်။ သူက ချက်ချင်းပင် မသတ်မှတ်သေးသော အမှတ် ၉ မှတ်ကို ဉာဏ်ရည်အမှတ်သို့ ပေါင်းထည့်လိုက်သည်။ စုစုပေါင်း ၅၈မှတ်သို့ ရောက်ရှိသွားသည်။
ယခု အဆင့် ၂၄၊ စတင်သင်ယူသူ နည်းပညာရှင် အဆင့် ၄၊ ဟန်ရှောင်း၏ တိုက်ခိုက်မှုစွမ်းရည်မှာ ၁၆၀ အုန်နာဖြစ်သည်။
“ဒီနှုန်းအတိုင်းဆိုရင် ငါက ပထမအသုတ် ကစားသမားတွေထဲထက် အချိန်တစ်ခုအထိ တော်တော်သန်မာနေပြီပဲ...”
ရုတ်တရက်၊ အသိပေးအသံ ထွက်ပေါ်လာသည်။
ဟန်ရှောင်းက အသိပေးချက်ကို ဖွင့်လိုက်သည့်အခါ၊ သူလုံးဝ အံ့ဩသွားသည်။
_____________________
Beta testing စတင်ပါတော့မည်။
အချက်အလက်များ ရယူနေသည်…
အချက်အလက် ရယူခြင်း ပြီးစီးပါပြီ
Beta Test ကာလ : ၁၂ ရက်
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
“Beta testing‽
“ငါ ဒါကို လုံးဝမေ့နေတာပဲ။”
Beta Test ကာလက အလွန်တိုတောင်းလှသည်၊ ထို့ပြင် နေရာလွတ် ၃၀,၀၀၀ သာရှိ၏။ ထိုထဲမှ အများစုကို စီးပွားရေးလုပ်ငန်းကြီးများနှင့် ဂိမ်းအဖွဲ့အစည်းများမှ ရယူထားကြသည်။ ကျန်ရှိသည့် အနည်းငယ်သော နေရာများကိုသာ မဲဖောက်ခြင်းဖြင့် ဖြန့်ဝေပေးကြသည်။ ဟန်ရှောင်းက ထိုနေရာတစ်ခုကို ရရှိရန် ကံမကောင်းခဲ့ပေ။
သူ့မှတ်ဉာဏ်ထဲတွင်၊ Beta Test သည် ဂိမ်းကို တရားဝင်ဖြန့်ချီခြင်းမပြုမီ တစ်ပတ်အလိုတွင် ကျင်းပခြင်းဖြစ်သည်။ ဂိမ်းထဲတွင် တစ်လကျော်ခန့်ဖြစ်သည်။ သို့သော်၊ သူ၏ ဂိမ်းမျက်နှာပြင်တွင် စနစ်က ၁၃၀ ရက်လိုသေးသည်ဟု ပြနေသည်။
“ဖြစ်နိုင်တာက ဂိမ်းထဲကနာရီက ဆာဗာကျသွားတဲ့အချိန် သွားတဲ့ပုံမတူတာဖြစ်မယ်။ ဒါပဲဖြစ်ရမယ်။ ဗားရှင်းUpdate တစ်ခုစီက ၂-၃ရက်လောက်ကြာတယ်။ ဒါပေမယ့် Update တစ်ခုနဲ့ တစ်ခုကြားမှာဆိုရင် ဂိမ်းထဲမှာ တစ်နှစ်လောက်ကြာသွားနိုင်တယ်။ ဒါက အဓိပ္ပါယ်ရှိတယ်။
ဟန်ရှောင်းက မေးစေ့ကို လက်ဖြင့်ပွတ်နေရင်း မုတ်ဆိတ်မွေးများ ပေါက်နေသည်ကို သတိပြုမိသည်။ သူက “Galaxy” ထဲ ရောက်နေတာ နှစ်ဝက်ခန့်ရှိနေပြီ။ သူက ရုတ်တရက် သူ၏ အတိတ်ဘဝမှ အငြင်းပွားဖွယ် Update တစ်ခုကို သတိရလိုက်သည် - ‘ရွေးချယ်ခံရသူ’။ ထို Update က အခြားသော Update များနှင့်မတူပေ။ အခြား Update များတွင် ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲစေမည့် ပွဲတော်များနှင့် အဖြစ်အပျက်များ ပါရှိပြီး၊ ထို Update တွင်မူ ဘာမှ မပါဝင်ချေ။ တစ်ယောက်မှာ ထိုဗားရှင်း၏ ခေါင်းစဉ်နှင့် ဘာတွေပါဝင်သလဲကို နားမလည်ကြပေ။
ရုတ်တရက်၊ ဂိမ်းမျက်နှာပြင်က လင်းလက်လာသည်.
_____________________
NPC လုပ်ဆောင်ချက်များ ပွင့်သွားပါပြီ။
ဆွေးနွေးခန်း ပွင့်သွားပါပြီ။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
NPC လုပ်ဆောင်ချက်များ... အဲဒါက ဘာကြီးလဲ
ဘာအချက်အလက်မှ ထပ်မပေးထားသည့်အတွက်၊ ကြည့်ရတာတော့ ဟန်ရှောင်းက သူ့ဖာသာသူ စမ်းသပ်ကြည့်ရမည့်ပုံပင်။ ဘာပဲဖြစ်ဖြစ်၊ NPC များ အနေဖြင့် - တောင်းဆိုမှုများ ထုတ်ပေးခြင်း၊ ပစ္စည်းများ ဝယ်ယူခြင်းနှင့် ရောင်းချခြင်း၊ စကေးများ သင်ကြားပေးခြင်း - စသည့် ကစားသမားများနှင့် ဆက်သွယ်မည့်နည်းလမ်းများ ဖြစ်နိုင်သည်။
Beta Test တွင်၊ ကစားသမား ၃၀,၀၀၀ ကို ဒါဇင်နှင့်ချီသည့် ဂြိုလ်များပေါ်သို့ ဖြန့်ကျက်ထားသည်။ ဟန်ရှောင်းက ဒါနဲ့ပက်သက်ပြီး စိတ်ထဲသိပ်မထားပေ။ ဂြိုလ်တစ်ခုတွင် ကစားသမား တစ်ထောင် နှစ်ထောင်လောက်က ဘာမှ ကြီးကြီးကျယ်ကျယ်တော့ ဖြစ်စေမှာမဟုတ်။ တကယ် ဂိမ်းစထွက်သည့် အချိန်မှသာ တွေ့ရမည်ဖြစ်သည်။
သို့ရာတွင်၊ သူတို့ထဲမှ တစ်ချို့နှင့် အပြန်အလှန် ဆက်သွယ်ရခြင်းသည် သူ၏ NPC လုပ်ဆောင်ချက်များကို လေ့လာဖို့ အခွင့်အရေးကောင်းဖြစ်သည်။
တစ်ဖက်တွင် ဆွေးနွေးခန်းကတော့ ဟန်ရှောင်းအတွက် အကျွမ်းတဝင် ရှိပြီးသားပင်။ ကစားသမားများ မကြာခဏ စုဝေးလေ့ရှိသည့် နေရာဖြစ်ပြီး - အထူးသဖြင့် ပြန်၍ အသက်မရှင်လာခင် စောင့်ဆိုင်းကြသည့် နေရာဖြစ်သည်။
"ငါတို့ ပြန်ဆုံကြဦးမယ် ထင်တာပဲ။ အချိန်ကျလာလို့ ဒါတွေက ပွင့်လာတာ ဖြစ်နိုင်တယ်။"
ဆွေးနွေးခန်းအတွက် ခလုတ်မှာ ဂိမ်းမျက်နှာပြင်၏ ထောင့်နားတွင်ရှိသည်။ ဖွင့်လိုက်သောအခါ၊ ဟန်ရှောင်းမှာ ဘာမှ မရှိသော ဆွေးနွေးခန်းကိုသာ တွေ့လိုက်ရသည်။ အကောင့်နာမည်က ညာဘက်အပေါ်ထောင့်တွင် 'ဧည့်သည်'ဟု ပြလျက်သားရှိသည်။ ထို့ပြင် စာရင်းသွင်းနိုင်သည့် ခလုတ်မှာ မှိန်နေ၏။
ဟန်ရှောင်းက သိချင်စိတ်ဖြင့် နှိပ်ကြည့်လိုက်သည်။
_____________________
Dive-Capsule ကို ဆက်သွယ်ရန် ကြိုးစားနေပါသည်။
(TL Note : Dive-Capsule ဆိုတာ ဂိမ်းဆော့တဲ့အခါ ဝင်ဆော့ရတဲ့ နေရာမျိုး၊ VR Capsule လို့လဲ ခေါ်ကြတယ်။ ဘယ်လိုပုံလဲဆိုတာ cmt မှာ ကြည့်ပါ။)
ကစားသမားကို မတွေ့ရှိပါ။
စာရင်းသွင်းခြင်း ကျရှုံးပါသည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ဟန်ရှောင်းတစ်ယောက် ဘာဖြစ်တာလဲဆိုတာ နားလည်ဖို့ အချိန်ခဏ ယူလိုက်ရသည် - ဆွေးနွေးခန်းအတွက် အကောင့်မှာ အသုံးပြုသူ၏ Dive-Capsule တွင်ပါသော နံပါတ်ကိုသာ အသုံးပြု၍ ဖွင့်လှစ်နိုင်သည်။ ဤစည်းမျဉ်းက အခြား ဝင်ရောက်နှောင့်ယှက်မည့် လူများကို ကာကွယ်ရန် ထားရှိခြင်းဖြစ်သည်။
"အင်း၊ ငါက အကောင့်ဖွင့်လို့မရပေမယ့်၊ ဝင်တော့ ဖတ်လို့ရပါသေးတယ်။"သူ၏ လက်ရှိအခြေအနေ၊ လက်ရှိတည်ရှိမှုနှင့် ပက်သက်ပြီး ဟန်ရှောင်းတွင် မေးခွန်းပေါင်းများစွာ ရှိနေသည်။ အရင်ဘဝက သူ၏နာမည်ကို စောင့်ကြည့်နေလျှင် ဤဆေးနွေးခန်းက သူ့ကို အဖြတစ်ခုခု ပေးနိုင်လိမ့်မည်။
"Beta ဆော့မယ့်သူတွေနဲ့ ဆက်သွယ်ရမှာ ကောင်းတဲ့တစ်ချက်ပဲ။"
...
ဇာတ်ကောင်နာမည် : ဓါးရူး
ပုံမှန်ချိန်ညှိမှု ရွေးချယ်ထားပါသည်။
ဇာတ်ကောင်ဖန်တီးခြင်း ပြီးဆုံးပါပြီ။
လူမျိုး : လူသား (အဝါရောင်)
သင်၏ ကြိုက်နှစ်သက်မှုများအရ၊ သင်သည် ရေပင်လယ်ဂြိုလ်နှင့် ကိုက်ညီပါသည်။
စတင်သည့်နေရာ : ဦးချိုကြီးရွာ (24.152, 182.644)
(TL Note : ဦးချိုကြီးရွာဆိုတာ Big Horn Village ကို ပြန်ထားတာနော်၊ ဦးချိုဆိုတဲ့ လူကြီးရဲ့ရွာမဟုတ်ပါဘူး။ ကျွဲတို့ သမင်တို့ရဲ့ ဦးချိုကို ပြောတာပါ။)
မွေးဖွားနေပါသည်... ကျေးဇူးပြု၍ စောင့်ဆိုင်းပေးပါ...
အခန်း (၅၄) ပြီး၏။
လင်းဆက်
+++++