ဆုံတွေ့မှု
Vol. 4 Ch. 56
Beta testers များတွင် အုပ်စု ၃ခု ရှိသည်။ ပထမအုပ်စုမှာ မဲဖောက်ခြင်းဖြင့် နေရာတစ်ခုရခဲ့သော ပုံမှန်ကစားသူများဖြစ်သည်။ ဒုတိယအုပ်စုတွင် ပရိုဂိမ်မာများ သို့မဟုတ် ထူးချွန်သည့် အရည်အသွေးရှိသူများ ဖြစ်ကြပြီး သူတို့အတွက် နေရာ သီးသန့်ဖယ်ထားပြီးဖြစ်သည်။ တတိယအုပ်စုသည် နေရာပြန်လည်ရောင်းချသူများထံမှ ဝယ်ယူထားခြင်းဖြစ်သည်။
ပုံမှန်ကစားသူများက ဂိမ်းကို စမ်းသပ်ကစားကြည့်ရုံသာ ဖြစ်သော်လည်း ကျန်သည့် ၂ဖွဲ့တွင်တော့ တူညီသော အကြောင်းပြချက်ရှိလေသည်။ သူများတွေထက် ပို၍ ရှေ့ရောက်နေရန်ဖြစ်သည်
"Beta test က ဂိမ်းထဲကအချိန်နဲ့ဆိုရင် ၁၂ရက်ပဲကြာတယ်။ ဒီအစပိုင်း စနစ်ရဲ့တောင်းဆိုချက်တွေကို လုပ်တာက အချိန်ဖြုန်းတာပဲဆိုတာ သိသာနေတာပဲ။ ငါတို့ကို မဖြစ်မနေ လုပ်ခိုင်းနေတာလည်း မဟုတ်ဘူးဆိုတာ မင်းလည်း သတိထားမိမှာပါ။ သူများတွေထက် ကြိုဆော့ရတာကို အခွင့်ကောင်းယူပြီး ဒီကမ္ဘာကြီးကို စူးစမ်းကြည့်ရအောင်။ ငါတို့က ဒီဂြိုလ်ကြီးရဲ့ လျှို့ဝှက်ချက်တွေနဲ့ ရတနာတွေကို အရင်ရှာတွေ့တာ ဖြစ်နိုင်တာပဲ။"
ဓါးရူးက ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်သည်။
အချိန်က တကယ်လည်း တကယ်ကို အကန့်အသတ်ရှိနေ၍၊ အစပျိုးဇုန်နားမှာပဲ ဝေ့လည်နေခြင်းမှာ တန်ဖိုးရှိသော အချိန်များကို ဖြုန်းတီးရာရောက်ပေသည်။ ဤနေရာတွင် စနစ်၏တောင်းဆိုချက်များကို ပြုလုပ်ခြင်းက ကစားသမားအသစ်များထက် အဆင့်တစ်ခု သာလွန်နေမည်မှာ သေချာသော်လည်း၊ အဲဒါက ဖြစ်နိုင်တာ အကုန်ပင်။
ချုံ့ပြောရသော်၊ စူးစမ်းလေ့လာခြင်းက ပို၍ အလားအလာရှိနိုင်သည် - သေချာပေါက် ပို၍ ပျော်ဖို့လည်း ကောင်းလိမ့်မည်။
"ဒါပေမယ့် မင်းတို့ငါ့ကို ဘာလို့ဒါတွေ ပြောပြနေတာလဲ။" သူက မေးလိုက်သည်။
Sleepy Winter က ရယ်လိုက်သည်။
အဲဒီ အဖွဲ့ကြီးတွေက သိပ်မကြာခင် ဒါကို သဘောပေါက်သွားမှာပဲ။ ပြဿနာက သူတို့က လူပိုများတယ်၊ အဲဒီတော့ မြေပုံကို အေးအေးဆေးဆေး ဝယ်နိုင်တယ်။ ငါတို့အဖွဲ့နဲ့ ပူးပေါင်းပါလား။ အဲဒါဆို ကိစ္စတွေ တော်တော် အဆင်ပြေသွားမှာပဲ။"
ဓါးရူးက ဖိတ်ခေါ်ချက်ကို လုံးဝတွေဝေမနေဘဲ လက်ခံလိုက်သည်။
"ကုန်ကျစရိတ်ကို ဘယ်လိုခွဲမလဲ။" Twinkle Fried Riceက မေးလိုက်သည်။
"ငါက အကြံပေးတာဆိုတော့ ငါပိုပြီးပေးပါမယ်။" Sleepy Winterက ပြန်ဖြေသည်။
"ငါလူတွေကို အကြွေးတင်ရတာ မကြိုက်ဘူး၊ ငါတစ်ထောင်ပေးမယ်" Rainy Kim က အေးစက်စက်နှင့် ဝင်ပြောသည်။ "ငါ့အပိုင်းပြီးပြီ။"
သူမက ချက်ချင်းပင် လှည့်ထွက်သွားပြီး၊ စနစ်၏တောင်းဆိုချက်များကို လုပ်ဆောင်ကာ ပိုက်ဆံရှာနေသည်။
Sleepy Winter က နှာခေါင်းကိုသာ ခါးသက်သက်ဖြင့် ပွတ်နေသည်။
'ငါတို့သိလာတာ နှစ်အတော်ကြာပြီ၊ ဘာလို့ ငါ့ကို အခွင့်အရေး မပေးတာလဲ...'
...
တောင်းဆိုချက်များကို ဆောင်ရွက်ခြင်းမှရသော ပိုက်ဆံများဖြင့် သူတို့ ၄ယောက်မှာ နောက်တစ်ရက်တွင် မြေပုံတစ်ခု ဝယ်နိုင်သွားသည်။ မြေပုံရလိုက်ခြင်းကြောင့် သူတို့၏ ကိုယ်ပိုင် မြေပုံပေါ်ရှိ မြူခိုးတစ်ချို့ ရှင်းလင်းသွားရုံသာမက၊ ဤဂြိုလ်ကြီး၏ လက်ရှိအခြေအနေများအတွက် အခြေခံအချက်အလက်များကိုလည်း သိလိုက်ရသည်။ နိုင်ငံ၆နိုင်ငံ၊ ဂျာမီနယ်အဖွဲ့အစည်း၊ တော်လှန်ရေးစစ်တပ်များနှင့် အခြားဂိုဏ်းအဖွဲ့များ စသည်တို့ ဖြစ်သည်။
ဒီအချက်အလက်တွေအရ၊ အင်အားအကြီးဆုံး ၂ခုက နိုင်ငံ၆နိုင်ငံနဲ့ ဂျာမီနယ်အဖွဲ့အစည်းပဲ။ နိုင်ငံ၆နိုင်ငံမှာ လေ့ကျင့်ရေးကျောင်းတွေနဲ့ အကယ်ဒမီတွေ အများကြီး ရှိတဲ့ပုံပဲ။ ကြည့်ရအောင်... ကြယ်နဂါးနိုင်ငံက မဆိုးဘူးလို့ ထင်ရတာပဲ။
ဦးချိုကြိးတောင်တန်းမှာ ကြယ်နဂါးနိုင်ငံအတွင်း တည်ရှိပြီး၊ ဘူတာရုံမှာလည်း သိပ်မဝေးလှပေ။
Sleepy Winter က ခေါင်းညိတ်လိုက်သည်။
"ငါတို့မှာ အချိန်အများကြီး မရှိဘူး။ မြို့တော်ကို ရောက်ဖို့ အချိန် ၃ရက်လောက် ကြာဦးမယ်။"
ဓါးရူးမှာ စိတ်ထဲက ညည်းလိုက်သည်။ သူ ဒီအဖွဲ့နှင့် ပူးပေါင်းမိတာကို နောင်တရစပြုလာသည်။ သို့သော်လည်း၊ ယခုမှ မဝံ့မရဲဖြစ်နေဖို့ နောက်ကျသွားပြီမှန်း သူသိ၏။
…
ခရီးက ကျော်သွား၍ မရပေ။ ထို့ကြောင့် တစ်ဖွဲ့လုံးမှာ ၃ရက်လုံးလုံး ထိုင်နေဖို့သာ ရှိ၏။ ရထားပေါ်တွင် စနစ်၏တောင်းဆိုချက်တစ်ချို့ ရှိနေပြီး ခြုံကြည့်လိုက်လျှင် ပျင်းစရာကောင်းသည့် ခရီးတော့မဟုတ်ပေ။ သူတို့၏ ပျင်းရိငြီးငွေ့မှုများကို နှိမ်နင်းဖို့ ဖိုရမ်လည်း ရှိနေသည်။ ဖိုရမ်တွင် ကစားသမားများက စတင်ဇုန်အသီးသီးရှိ သူတို့၏ အတွေ့အကြုံများကို တင်ပေးနေကြသည်။
အဲဒါက သူတို့အတွက် ဖျော်ဖြေမှုတစ်ခု ဖြစ်စေသည်။ ဓါးရူးအတွက်မှ လွဲ၍ဖြစ်သည်။ ဓါးရူးမှာ ကုန်ဆုံးသွားသည့် အချိန်များအတွက် ပူပန်နေ၏။
၃ရက်ကြာပြီးနောက်၊ ရထားက အနောက်ပိုင်းမြို့တော်သို့ ရောက်ရှိလာသည်။
သတ္တုခြံစည်းရိုးကြီးဆီသို့ ရောက်သောအခါ စနစ်က လူတိုင်းကို စာတိုများ ပို့ပေးပြီး၊ အသစ်တွေ့ရှိသည့် နေရာအကြောင်း အသိပေးခဲ့သည်။
"ဒါဆို၊ နေရာသစ်တွေ ရှာတွေ့တာကလည်း အတွေ့အကြုံအမှတ်တွေ ရတယ်ပေါ့၊ ဟမ်။"
"ဒါက အရမ်းမိုက်တာပဲ။" Twinkle Fried Rice က ဘေးပတ်လည်ကို ကြည့်ရင်း သက်ပြင်းရှိုက်လိုက်သည်။
လူများက သူတို့ကိုကြည့်နေသည့် ထူးဆန်းသည့်အကြည့်များကအစ အရာအားလုံးက တကယ်လိုပင် ။
သူတို့အဖွဲ့သည် လုံခြုံရေးဂိတ်တွင် လက်နက်များအတွက် စစ်ဆေးခံကြရသည်။
စစ်ဆေးပြီးနောက်၊ အစောင့်က သူတို့ကို ယာယီအိုင်ဒီကတ်တစ်ခုပေးလိုက်သည်။ သူတို့ ကြယ်နဂါးနိုင်ငံနှင့် ဂုဏ်သတင်းတစ်ခု ဖွင့်လိုက်ကြောင်း စနစ်မှ အကြောင်းကြားမှု ရရှိလိုက်၏။
_____________________
ကြယ်နဂါးနိုင်ငံ
ဂုဏ်သတင်း : ၀
လတ်တလော ရင်းနှီးမှု : ကြားနေ (ခေတ္တနိုင်ငံသား)
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
"ငါတို့ အဖွဲ့လိုက်ပဲ ဆက်သွားမလား ကိုယ့်လမ်းကိုယ်သွားကြမလား။" Sleepy Winterက မေးလိုက်သည်။
"ငါမင်းနဲ့ အတူသွားမယ်။" Twinkle Fried Rice က ပြုံးပြီး ပြန်ဖြေသည်။ သူတို့၂ယောက်လုံးသည် ဂိမ်းကလပ်တစ်ခုတည်းမှ ဖြစ်သည်။
Rainy Kim ကလည်း တစ်ယောက်တည်းထက်စာလျှင် သူတို့နှင့် ပူးပေါင်းရန် ဆုံးဖြတ်လိုက်သည်။
"ငါ့ကို အနိုင်မကျင့်နဲ။" သူမက တုံးတိကြီး ပြောလိုက်၏။
Sleepy Winter က ရယ်လိုက်သည်။ ရည်ရွယ်မထားဘဲနဲ့ဖြစ်ဖြစ် ဒီမိန်းကလေးက ချစ်စရာကောင်းအောင် ပြောတတ်လေသည်။ သူတို့ စကားခဏပြောကြပြီးနောက် Sleepy Winter က ဓါးရူးဘက်သို့လှည့်၍ မေးလိုက်သည်။ "မင်းရော ဘာလုပ်မှာလဲ။"
ဓါးရူးမှာ ဒီလို သိသိသာသာကြီး လျစ်လျူရှုခံလိုက်ရ၍ ဒေါသထွက်သွားသည်။ သို့သော်လည်း သူ့ကိုယ်သူ တွန်းအားပေးပြီး တွဲလိုက်သွားရန် မလိုမှန်း နားလည်သည်။
"မလို- မလိုပါဘူး။" သူက လက်ကို ဝှေ့ယမ်းရင်း အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
"ကောင်းပြီလေ၊ ကံကောင်းပါစေ။"
ဓါးရူးက နတ်ဘုရား၃ယောက် ထွက်သွားသည်ကို ကြည့်နေရင်း သူ့ကိုယ်သူ ပြောလိုက်သည်။ "သိပ်မကြာခင် ငါလည်း နာမည်ကြီးစေရမယ်။"
အနောက်ပိုင်းမြို့တော်သည် ပထမတန်းမြို့တော် ဖြစ်သည်မှာ သိသာလှသည်။ ဤနေရာတွင်၊ သူတို့၃ယောက်ကို ကျော်လွန်နိုင်ရန် အခွင့်အလမ်းပေါင်းများစွာရှိပြီး နံပါတ် ၁ ဖြစ်လာနိုင်သည်။
ရည်မှန်းချက် အသစ်ချပြီးနောက်၊ ဓါးရူးက အခြားအရပ်မျက်နှာတစ်ခုကို သွားရန် ဦးတည်လိုက်သည်။
ရုတ်တရက်၊ သူ့ကို မျက်နှာဖုံးနှင့် လူတစ်ယောက်က စောင့်ကြည့်နေသည်ကို သတိပြုလိုက်မိသည်။
ထိုလူ သူ့ကို ကြည့်နေသည့်ပုံက ထူးဆန်းနေသည်ဟု ထင်ရသည်။ ဓါးရူးမှာ ကျောရိုးတစ်လျှောက် အေးစက်သွားပြီး၊ ချက်ချင်းပင် 'စစ်ဆေးခြင်း'ကို လုပ်ဆောင်လိုက်၏။
_____________________
နာမည် : ဟန်ရှောင်း ?
အဆင့် : ?
အချက်အလက်များ : ?
???
အန္တရာယ်အဆင့် : သေစေနိုင်သည်။
အခန်း (၅၆) ပြီး၏။
လင်းဆက်
+++++