← Chapters

အကြီးဆုံး ရိုက်စားလုပ်ခြင်း

Vol. 4 Ch. 58

အကြီးဆုံး ရိုက်စားလုပ်ခြင်း

Vol. 4 Ch. 58

ဟန်ရှောင်းက ကစားသမားများနှင့် အရောင်းအဝယ် ပြုလုပ်နိုင်မလားဟု သိချင်သွားသောအခါ၊ သူက ကလိမ်ကကျစ်ဖြင့် ရယ်မောလိုက်သည်။

"ဟေး ကောင်လေး၊ မဆိုးဘူးပဲ။ ငါက သဘောကျတဲ့သူတွေကိုပဲ ပစ္စည်းရောင်းတာ၊ ပြီးတော့ ငါမင်းကို သဘောကျတယ်။"

ဓါးရူး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

'ငါ့ရဲ့ အလေးပေးမှုက ကျသွားပြီ၊ ဒါပေမယ့် သူက ငါ့ကို သဘောကျတယ် ပြောနေတုန်းပဲ'

_____________________

သင် ဓါးရူးအတွက် ဆိုင်ဖွင့်ပြချင်ပါသလား။

Y/N

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

အတည်ပြုသည်။

ဆိုင်ခန်း မျက်နှာပြင် ချက်ချင်း ပေါ်လာ၏။ မျက်နှာပြင်ကို ၂ပိုင်း ပိုင်းထားသည်။ ဘယ်ဘက်ခြမ်းတွင် 'ပစ္စည်းများ' ဟု ခေါင်းစဉ်တပ်ထား၏။ ထိုနေရာတွင် ဟန်ရှောင်းသည် လက်ရှိတွင် သူ့တွင် မရှိသော်လည်း ပစ္စည်းများကို ခင်းကျင်းပြသရန် ဖြစ်နိုင်သည်ဟု စနစ်က အရိပ်အမြွက်ပြောထားသည်။ ညာဘက်ခြမ်းတွင် 'စကေးများ' ဟု ခေါင်းစဉ်တပ်ထားပြီး၊ ဟန်ရှောင်းက သူ၏ စကေးများကို ရောင်းချနိုင်သည်။ ဟန်ရှောင်းက ဆက်တင်များကို အနည်းငယ် အကြံအဖန်လုပ်လိုက်သည်။

_____________________

ကျေးဇူးပြု၍ ဈေးနှုန်းသတ်မှတ်ပါ။ သင်သည် ငွေကြေး၊ အတွေ့အကြုံအမှတ် သို့မဟုတ် ပစ္စည်းများကို ရွေးချယ်နိုင်သည်။

သင်သည် ဝယ်ယူနိုင်ရန် လိုအပ်ချက်များကိုလည်း သတ်မှတ်နိုင်သည်။ ဥပမာ အလေးပေးမှု၊ စကေးများ၊ အမျိုးအစားများ၊ စသည်ဖြင့်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

အတိုင်းအတာ တစ်ခုအထိ၊ ဟန်ရှောင်းသည် ရေပင်လယ်‌ဂြိုလ်၏ နိုင်ငံတကာ ငွေကြေးဖြင့် အရောင်းအဝယ် လုပ်နေသည်။ 'အီနာ' သည် စံသတ်မှတ်ထားသော စကြာဝဠာငွေကြေးဖြစ်သည်။ ဟန်ရှောင်း အံ့ဩရသည်က ဆိုင်ခန်းလုပ်ဆောင်ချက်က သူသိခဲ့ဖူးသော ငွေကြေးများထဲမှ ကြိုက်နှစ်သက်ရာ ငွေကြေးဖြင့် ဈေးနှုန်းသတ်မှတ်ခွင့်ပြုထားသည်။

ဟန်ရှောင်း အကြံတစ်ခု ရသွား၏။ 'ငါက အလေးပေးမှု လိုအပ်ချက်ကို ကစားလို့ရတာပဲ - ဆိုလိုတာက - တောင်းဆိုချက်တွေအတွက် ကစားသမားတွေကို ပြန်လာအောင် ဆွဲဆောင်လို့ရတယ်။’

စစ်သင်္ဘောတစ်စီးအတွက် 'အလင်းမဟာမိတ်များ' အဖွဲ့တွင် သူဘယ်လောက်တောင် အချိန်ကြာမြင့်စွာ ခက်ခဲလွန်းလှသည့် တောင်းဆိုမှုများကို အသည်းအသန် ပြုလုပ်ခဲ့ရကြောင်း သတိပြန်ရသွားသည်။

အခုတော့ အခြေအနေက ပြောင်းပြန်ဖြစ်သွားလေပြီ။

'ဒီဂိမ်းမျက်နှာပြင်က အမိုက်ဆုံးပဲ။'

ဆိုင်ခန်းမျက်နှာပြင်က ဓါးရူး၏ ရှေ့၌ပေါ်လာသည်။ ပစ္စည်းများကို ကြည့်ပြီးသောအခါ၊ သူမျက်လုံးမှာ မယုံကြည်နိုင်ဟန်ဖြင့် ပြူးကျယ်လာတော့သည်။

"နတ်ဘုရားအဆင့် ကိရိယာတွေ" လွှတ်ခနဲ အော်မိသွားသည်။

"[ပြန်သိမ်းနိုင်တဲ့ဓါး]၊ [မီးတောက်ကျည်]၊ [73-Wasp]၊ [ဂျက်ဆန်ခြေမှုန်းရေးရိုင်ဖယ်]၊ [ပြောင်းချောရိုင်ဖယ်]..."

ဓါးရူးမှာ ထိန်းမနိုင်သိမ်းမရ တုန်ခါနေသည်။ သူ့အတွက်တော့ ဒီပစ္စည်းတွေအားလုံးသည် အခြားကစားသမားများထက် ကျော်လွန်နိုင်သည့် 'နတ်ဘုရားအဆင့်ကိရိယာများ' ပင်ဖြစ်သည်။

သို့သော်လည်း၊ ဈေးနှုန်းကို ကြည့်လိုက်သည့်အခါ သူ့အမူအရာမှာ ပြောင်းလဲသွားသည်။ လူတစ်ယောက်က သူ့အပေါ် ရေခဲရေပုံးလိုက် လောင်းချလိုက်သလိုပင်။

ဈေးအချိုသာဆုံးဖြစ်သည့် [မီးတောက်ကျည်] ပင်လျှင် တစ်တောင့်ကို ဒေါ်လာတစ်ရာ ကျသင့်ပြီး၊ [အပေါ့စားယန္တရားလက်]ဆိုလျှင် အလေးပေးမှု ၁၀မှတ် လိုအပ်သည်။

'ဒါက နေ့ခင်းကြောင်တောင် ဓါးပြတိုက်တာပဲ။ ပြီးတော့ တောင်းဆိုချက်ပြီးသွားတာတောင် အလေးပေးမှု လျှော့ခံလိုက်ရတာ၊ ငါက ဘယ်လိုလုပ်ပြီး ဒီNPCဆီကနေ အလေးပေးမှုကို ရနိုင်မှာလဲ'

'ဒီNPCရဲ့ အန္တရာယ်အဆင့်က အရမ်းမြင့်နေတာ အံ့ဩစရာမရှိဘူး။ သူနဲ့ ဆက်သွယ်ဖို့ အရမ်းစောလွန်းသေးတယ်။'

သို့သော်ငြားလည်း၊ စကေးများကို ကြည့်လိုက်သော အခါမှ တကယ့်နာကျင်မှုက ဘာလဲဆိုတာ ဓါးရူးသိလိုက်၏။

[အခြေခံတိုက်ခိုက်ရေး]၊ [အခြေခံပစ်ခတ်ရေး]၊ ... စကေးများကို မြင်ရသည်တွင် ဓါးရူးမှာ သား‌ရည်ပင် ယိုလာ၏... ဈေးနှုန်းကို မတွေ့ခင် အထိသာဖြစ်သည်။

ထိုနေရာတွင် [ယန္တရားပညာရှင်အမျိုးအစား ပြောင်းလဲခြင်းကျမ်း]များလည်း ရှိသည်။ ယန္တရားပညာ စကေးများ အမျိုးမျိုးလည်း ရှိကြပြီး၊ ထိုစကေးများအားလုံးက [စွမ်းအင်လေ့ကျင့်ရေးနည်းစနစ်] လောက် စိတ်ဝင်စားဖို့တော့ မကောင်းပေ။

"နတ်ဘုရားအဆင့်စကေး"

ဟန်ရှောင်းက ဓါးရူး၏ တုန့်ပြန်မှုကို မြင်သည့်အခါ ခေါင်းကိုယမ်းလိုက်သည်။

"မင်းက ‘နည်းပညာရှင်’မဟုတ်ဘူး၊ ဒါကြောင့် ဒါကို မင်းသင်လို့မရဘူး။"

ယခုအချိန်တွင် ဓါးရူး၏စိတ်ထဲ၌ ဟန်ရှောင်းကို လျှို့ဝှက်NPCအဖြစ် မှတ်ယူလိုက်ပြီးဖြစ်သည်။

"ငါသာ သူ့ကို ဆရာတင်နိုင်ရင်၊ ငါကသေချာပေါက် အချိန်တိုအတွင်း အဆင့် ၁ ဖြစ်လာမှာပဲ။"

'ဒါပေမယ့်... ငါတကယ်ကြီး 'တိုက်ခိုက်သူ' ဖြစ်ချင်တာ...'

ဒါက ဂိမ်းထဲကနာမည်ဖြင့်ပင် အလွန်သိသာနေသည်။

'ချကွာ၊ ဒါက ပိုပြီး တန်မှာပါ။'

_____________________

သင် ယန္တရားပညာရှင်တစ်ယောက် ဖြစ်လာရန် သေချာပါသလား။

Y/N

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

“Yes!”

…

_____________________

[အခြေခံလက်နက်ပညာ] ကို သင်ယူပြီးပါပြီ။ သင် အတွေ့အကြုံအမှတ် ၅၀၀၊ ဒေါ်လာ ၁၀၀ ရရှိပါသည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

စကေးတစ်ခုကို ဝယ်ယူခြင်းသည် သင်တန်းတစ်ခုအတွက် သင်တန်းကြေး ပေးသလိုပင်။ ဟန်ရှောင်း၏ စကေးအဆင့်က မပြောင်းမလဲပဲ ရှိနေသည်။

သေချာသည်က ဟန်ရှောင်းပြသထားသော စကေးများသည် သာမန်မျှသာဖြစ်ပြီး အလွယ်တကူ ရရှိနိုင်သော စကေးများဖြစ်သည် - ဒါကို ကစားသမားများကတော့ အခုအချိန်တွင် မသိနိုင်သေးပေ။

...

ဤသည်ကို [စွမ်းအင်လေ့ကျင့်ရေးနည်းစနစ်] အပေါ် ဓါးရူး၏ တုန့်ပြန်မှုက အတည်ပြုပေးနေသည်။ အဆင့် ၂၀ရှိ ပထမဆုံး ရာထူးတက်ခြင်းပြီးသည့်နောက်တွင် ဤစကေးကို ဇာတ်ကောင်အားလုံးကို ပေးသည်ကို သူမသိကြောင်း သိသာနေသည်။

ဒါပေမယ့် ဟန်ရှောင်းက သူ့ကို ရိုက်စားလုပ်ရန် ကြိုးစားနေခြင်းတော့ မဟုတ်ပေ။ အခြားတစ်ဖက်တွင် သူကရည်ရွယ်ချက်ရှိရှိပင် ဈေးနှုန်းအား အတွေ့အကြုံအမှတ် ၁၀,၀၀၀ နှင့် ဒေါ်လာ ၃,၀၀၀ ထည့်ထားခြင်းက ဆိုင်ခန်းကို ပို၍ ကြည့်ကောင်းစေရန်သာ ဖြစ်သည်။ သူက အလေးပေးမှု ၁၀မှတ်တောင် ထည့်ထားလိုက်သေးသည်။

“အိုး ဟုတ်သားပဲ” ဟန်ရှောင်းက အလျှင်အမြန်ပင် ဓါးရူး၏ အလေးပေးမှုကို သုညသို့ ပြန်ပြောင်းခဲ့သည်။ ထိုအရာက ချက်ချင်းပင် သူ့ကို အထင်အမြင်မှားသွားစေသည်။

‘အလေးပေးမှုတိုးအောင်လို့ သူ့ဆီက များများဝယ်မှရမယ်။’

ရုတ်တရက်၊ NPC က ထွက်သွားတော့သည်။

“ငါမင်းကို ဘယ်မှာ ရှာရမလဲ။” ပျာယာခတ်သွားသော ဓါးရူးက အော်၍ မေးလိုက်သည်။

ဟန်ရှောင်း ခဏမျှစဉ်းစားလိုက်ပြီး ဝပ်ရှော့လိပ်စာရေးထားသည့် စာရွက်လေးကို ပေးလိုက်သည်။

ဓါးရူးက သူထွက်သွားသည်ကို ကြည့်နေရင်း စိတ်လှုပ်ရှားလာသည်။

‘ဒါငါ့ရဲ့ အခွင့်အရေးပဲ’

‘ဒီစကေးတွေ၊ ကိရိယာတွေနဲ့ဆိုရင် ငါထိပ်ဆုံးကို ရောက်နိုင်မှာပဲ။’

ရုတ်တရက်၊ သူ့အမူအရာ အေးစက်သွားသည်။

‘အခြားသူတွေ ဒီလျှို့ဝှက်တဲ့ NPC အကြောင်း သိသွားလို့မဖြစ်ဘူး။’

...

အနောက်ပိုင်းမြို့တော်ကဲ့သို့ မြို့တော်ကြီးထဲတွင်၊ Beta ကစားသူအနည်းငယ်မှာ တကယ်ကြီး မသိသာလှပေ။ အခုအချိန်တွင်၊ ဟန်ရှောင်းက သူတို့ကို စိတ်မဝင်စားသေးပေ။ တစ်ယောက်နှင့် သူဆက်သွယ်ရသည့် အကြောင်းရင်းက NPC လုပ်ဆောင်ချက်များကို စမ်းသပ်ရန်သာဖြစ်သည်။ ဒါကလည်း သူ့ကို စိတ်မပျက်စေခဲ့ပေ။ ဟန်ရှောင်းက ကစားသမားကို ရိုက်စားလုပ်ရန် နည်းလမ်းများ စဉ်းစားနေလေသည်။

‘ဓါးရူး...’

ဟန်ရှောင်းက ခုနက ကစားသမားအကြောင်း တွေးမိသောအခါ၊ အရင်ဘဝက ဇာတ်ကြောင်းများ သူ့စိတ်ထဲတွင် ပေါ်လာလေသည်။

သူ့အရင်ဘဝတွင်၊ ဓါးရူးသည် “Galaxy” ကစားသမားများထဲမှ ပထမအသုတ်ကစားသည့် ပရိုဂိမ်မာတစ်ယောက်ဖြစ်သည်။ ‘တိုက်ခိုက်သူ’ တစ်ယောက်အနေဖြင့်၊ ပထမဆုံးရာသီပြိုင်ပွဲတွင် အလျှင်အမြန် အောင်မြင်လာပြီး၊ နိုင်ငံတကာတွင် တရုတ်ပြည်ကို ကိုယ်စားပြုသည့် ၂၄ယောက်ထဲမှ တစ်ယောက်ဖြစ်လာသည်။ ဤဂုဏ်ပုဒ်တစ်ခုတည်းက ဒဏ္ဍာရီတစ်ယောက်အဖြစ် သူ့အဆင့်အတန်းကို ခိုင်မြဲစေခဲ့သည်။

ကံမကောင်းစွာဖြင့်၊ အခုတော့ ဤအနာဂတ် ‘တိုက်ခိုက်သူ’ တစ်ယောက်က ‘ယန္တရားပညာရှင်’ ဖြစ်သွားလေသည်။

ဤအချိန်ကာလတွင် ဓါးရူး၏ ကံကြမ္မာက ဘယ်လိုဖြစ်လာမလဲဆိုတာတော့ ဟန်ရှောင်း အတိအကျ မသိပေ။ ဒါပေမယ့် သူသိတာတစ်ခုကတော့ သိပ်မဝေးတော့သော အနာဂတ်တွင် တရုတ်ပြည်ကို ကိုယ်စားပြုမည့် ဓါးရူးဆိုတာ ရှိတော့မည်မဟုတ်ပေ။

ဟန်ရှောင်းက ယန္တရားပညာရှင် အမျိုးအစားကို ရွေးချယ်ရဲသည့် အကြောင်းအရင်းမှာ ဒါက နောက်ပိုင်းတွင် အသန်မာဆုံး အမျိုးအစားဖြစ်လာမည်ကို သိနေသောကြောင့်ဖြစ်သည်။ သို့သော်လည်း၊ ဒါက အခြားကစားသမားများ လုံးဝမသိနိုင်သည့် အရာဖြစ်သည်။ အမှန်တကယ်အားဖြင့်၊ ဟန်ရှောင်း၏ အရင်ဘဝက ဤအမျိုးအစားသည် အစပိုင်းတွင် အလွန်ညံ့ဖျင်းလှသည်။ ယန္တရားပညာရှင်အမျိုးအစားကို ရွေးချယ်ခဲ့ကြသည့် ပရိုများအပါအဝင် ဂိမ်မာပေါင်းများစွာက သူတို့၏ ဇာတ်ကောင်ကို လက်လွှတ်လိုက်ကြပြီး၊ အခြားအမျိုးအစားတစ်ခုကို ပြန်စခဲ့ကြသည်။

‘ငါသူ့ကို အကြီးအကျယ် ရိုက်စားလုပ်လိုက်သလိုပဲ...’

‘ရိုက်စားလုပ်တာလား၊ မဟုတ်ပါဘူး။ သူဖာသာ ဆုံးဖြတ်တာပဲလေ။ နောက်တစ်ဖက်ကကြည့်ရင်လည်း၊ သူနည်းနည်းလောက် သည်းခံနိုင်သွားရင် ငါ့ကိုကျေးဇူးတင်မှာပါ... ဟုတ်တယ်မဟုတ်လား...’

အခန်း (၅၈) ပြီး၏။

လင်းဆက်

+++++

All Chapters