← Chapters

အပိုင်း(၅၂၄)

Vol. 35 Ch. 524

အပိုင်း(၅၂၄)

Vol. 35 Ch. 524

ထိုက်ခက်က သူ၏ခေါင်းအားအနည်းငယ်ခါယမ်း

ပြလိုက်ပြီးနောက် ဝမ်ရှန့်ကိုပြောလိုက်သည်။

“ကျုပ်က ထိုက်မိသားစုရဲ့ဒုတိယ သားပဲ.

ဒီတော့ ကျုပ်မှာစားဖို့သောက်ဖို့ငွေကြေးချို့တဲ့မနေဘူး.. ဒါပေမဲ့.. ခုဏကလူငယ်က တစ်ယောက်ချင်းတိုက်ဖို့ လူရှာနေတယ်လို့ ပြောခဲ့တယ်…သူကဒီလူငယ်လေးနဲ့ တစ်ယောက်ချင်းတိုက်ဖို့ ပြောနေတာလို့ကျုပ်ထင်တယ်”

ထိုက်ခက်က ဝမ်ရှန့်အားပြောလိုက်ပြီးနောက်  ရှစ်ဖုန့်အားပြုံး၍ပြောလိုက်သည်။

“ကြယ်သုံးပွင့်အင်ပါယာနယ်ပယ်

တစ်ယောက်က ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်

တစ်ယောက်ကို စိန်ခေါ်ချင်တယ်တဲ့..မင်းတော့

တော်တော်လေးပွဲဦးထွက်ကောင်းနေတာပဲ…ဒီလိုဆိုရင်ရော”

ထိုက်ခက်က စကားပြောရင်း ဝမ်ရှန့်ဘက်သို့လှည့်လိုက်သည်။ သူကပြောလိုက်၏။

“ခင်ဗျားလူတွေရဲ့ကျင့်ကြံမှုက  အရမ်းနိမ့်တယ် ဒါကြောင့် ကျုပ်နိုင်မယ်ဆိုရင်တောင် ကျုပ်စိတ်မဝင်စားဘူး. ဒါပေမဲ့ကျုပ်နဲ့အတူ ခင်ဗျားအကွက်နည်းနည်း

လောက်လှုပ်ရှားပြီးတော့ဂုဏ်သိက္ခာအတွက်ဖလှယ်ချင်လား”

ဤအရာအားကြားလိုက်ရသောအခါတွင် ထိုက်ခက်က   ပေါင်းပင်များအားရှင်းလင်းပြီး

အဆုံးသတ်၌သူနှင့် တစ်ယောက်ချင်းတိုက်ခိုက်ချင်နေသည်ကို  ဝမ်ရှန့်သဘောပေါက်လိုက်သည်။ သူကလျှင်မြန်စွာလက်ကိုဝေ့ယမ်း

လိုက်ပြီးပြောလိုက်၏။

“ကျုပ်..ကျုပ်က ဘယ်လိုလုပ်ပြီးတော့ ဒါကိုလုပ်နိုင်မှာလဲ. ကျုပ်က သခင်လေးကိုမှမယှဉ်နိုင်တာ.. ကျုပ်ဝန်ခံပါတယ်..ကျုပ်ဝန်ခံတယ် သခင်လေးကိုမနိုင်ဘူးလို့ ဝန်ခံပါတယ်. ဒုတိယသခင်လေး”

“ဒါပေမဲ့”

ဝမ်ရှန့်၏ စကားများအားကြားလိုက်ရသောအခါတွင်  ထိုက်ခတ်၏မျက်နှာထက်၌  လှောင်ပြောင်သော အပြုံး

တစ်ခုပေါ်လာသည်။ သူကပြောလိုက်သည်။

“ခုဏကလူငယ်ဆီကနေက အကယ်၍မင်းသာအရှုံးကိုဝန်ခံရင်

ဒူးထောက်ရမယ်လို့ပြောတာကျုပ်ကြားခဲ့တယ်..ဟုတ်တယ်မလား.. မင်းခုဏကပြောခဲ့တယ်မလား..

မပြောခဲ့ဘူးလား.. “

စကားပြောနေရင်း ထိုက်ခက်က ပြုံးနေသောမျက်နှာနှင့်  လှည့်၍ကြယ်သုံးပွင့်အင်ပါယာနယ်ပယ်  လူငယ်အားပြောလိုက်သည်။

ထိုက်ခက်ရောက်လာကတည်းက ကြယ်သုံးပွင့်အင်ပါယာနယ်ပယ်

လူငယ်မှာ ယခင်ကကဲ့သို့ ရန်လိုမှုများရှိမနေတော့ပေ။

ယခု ထိုက်ခက်က သူ့အား တည်ပြောနေသည်ကိုကြား

လိုက်ရသောအခါတွင် ပျာယာခတ်လာပြီး ဘာလုပ်ရမည်မှန်းမသိတော့ချေ။ သူသည်အထစ်ထစ်အငေါ့ငေါ့ဖြစ်နေပြီး  ဘယ်လိုဖြေရမှန်းမသိတော့ချေ။

“ရှင် ဒီဒုတိယသခင်လေးကိုသိလား”

ဤအချိန်တွင်   ရွက်ကြမ်းရေကြို ကောင်မလေးက  ရှစ်ဖုန့်ဘက်သို့လှည့်လိုက်ပြီး သူမ၏မျက်နှာထက်၌ ဒေါသတို့ဖြင့်ပြည့်နှက်နေသည်။ သူမက အေးစက်သောအသံတိုးတိုးဖြင့်ပြောလိုက်သည်။

“ဒီသခင်လေးသူ့ကိုမသိဘူး”

ရှစ်ဖုန့်ကဂရုမထားဟန်ဖြင့်ပြန်ဖြေလိုက်သည်။

“ဟမ့်.. ရှင့်ကိုဘယ်သူကယုံမှာလဲ”

ရှောင်းယီက နှာမှုတ်လိုက်ပြီးပြောလိုက်သည်။

“ရှင့်ကိုသူကူညီနေတယ်ဆိုတာသိသာနေတာပဲ”

“ဒါက မင်းရဲ့လူတွေလွန်သွားလို့လေ.. ဘေးကရပ်ကြည့်နေတဲ့သူတွေတောင် ရပ်မနေနိုင်တော့ဘူး..”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ဟမ့်..  ရှင်တို့လိုလူတွေက မြွေတွေနဲ့ကြွက်တွေရဲ့အ

သိုက်တစ်ခုလိုပဲ. ရှင်တို့တွေတစ်ယောက်မှ မကောင်းဘူး”

ရှောင်းယီကပြောလိုက်ပြီးနောက် လှည့်လိုက်ကာ ရှေ့သို့ကြည့်လိုက်သည်။

ဤအချိန်တွင်ဒုတိယသခင်လေးထိုက်ခတ်က ထပ်မံစကားပြောလိုက်သည်။သူက ကြယ်သုံးပွင့်အင်ပါယာနယ်ပယ်

လူငယ်အားပြောလိုက်၏။

“ဘာဖြစ်လို့လဲ.. မင်းကခုဏကတော်တော်လေးကိုမောက်မာနေတာပါ.ဘာလို့အခုအရမ်းကြောက်နေရတာလဲ”

“ဒီသခင်လေး ခုဏတုံးကမင်းပြောတာကိုကြားပါတယ်.. မင်းတို့ရဲ့ကြေးစားအဖွဲ့ကအရမ်း

သန်မာတာကြောင့် မိသားစုအချိုက အမှိုက်သခင်လေးအချို့က ယှဉ်လို့မရဘူးဆိုတာမင်းပြောခဲ့တယ္.. အခု ထိုက်မိသားစုက အမှိုက်ဖြစ်တဲ့သခင်လေးက  မင်းကို ယှဉ်ပြိုင်ချင်တယ်လေ”

“ဒု..ဒုတိယသခင်လေး ကျုပ်..ကျုပ်ပြောတာက သူ့ကိုပါ သခင်လေးကိုမဟုတ်ပါဘူး.”

ထိုက်ခတ်ပြောသည်အားကြားပြီးနောက်   လူငယ်က ရှစ်ဖုန့်အားအလျှင်အမြန်လက်ညှိုးထိုး၍‌ ထိုက်ခုတ်ကိုရှင်းပြလိုက်သည်။

“ဟားဟား”

ထိုက်ခတ်က ၎င်းပြောသည်အားကြားပြီး

နောက်ရယ်မောလိုက်သည်။

ဤအချိန်တွင် ရှင်းဟွေ့ စားသောက်ဆိုင်ထဲရှိ အားလုံ၏ မျက်လုံးများက   ကန်းချမ်း ကြေးစားအဖွဲ့နှင့်ထိုက်ခတ်ပေါ်

တွင်စူးစိုက်ထားကြသည်။  တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်၏။

“ဒီထိုက်မိသားစုရဲ့ဒုတိယသခင်

လေးကအပေါ်ယံမှာ ရွှင်ပျတဲ့ပုံစံရှိနေပေမဲ့ တွေးကြည့်ရင် သူကအရမ်းကြောက်ဖို့ကောင်းပြီး  ပြဿနာကိုမွှေနှောက်ရှာတတ်တဲ့

လူစားမျိုးပဲ.. ဒီကန်းချမ်းကြေးစားအဖွဲ့က

ဘယ်လိုဖြစ်ပြီးတော့သူနဲ့မှာ ပြဿနာသွားတက်ရတာလဲ”

“ငါလည်းအဲ့အကြောင်းကိုကြားဖူးတယ်..အခု ကန်းချမ်းကြေးစားအဖွဲ့က

ဒုက္ခရောက်ပြီလို့ငါထင်တယ်”

ထိုက်ခတ်မှာ ရယ်မောပြီးနောက်ဘာမှ

ပြောကြားခြင်းမရှိချေ။ ခဏကြာပြီးနောက်သူကန်းချမ်းကြေးစားအဖွဲ့မှလူများအားအပြုံးတစ်ခုနှင့်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဒီလိုလုပ်ကြစို့”

“ဒီလိုဆိုရင်ရော..ဒီသခင်လေးကအခုကိစ္စမှာ မင်းတို့အားလုံးကို စိန်ခေါ်မယ်..

အကယ်၍ မင်းတို့အားလုံးကဒီသခင်လေးကို မယှဉ်နိုင်ဘူးလို့ခံစားရရင် ဒီသခင်လေးကိုရှုံးကြောင်း

ဝန်ခံပြီးတော့ မင်းတို့ရဲ့စဉ်းမျဉ်းအရပဲ. မင်းတို့အားလုံးဒီသခင်လေး

အတွက်ဒူးထောက်ကြ”

“မင်း”

“ဒါက..ဘယ်လိုလုပ်ပြီးဒါကဖြစ်နိုင်မှာလဲ”

“တစ်ယောက်ယောက်ရဲ့ရှေ့မှာ

ဘယ်လိုလုပ်ပြီးဒူးထောက်နိုင်မှာလဲ”

“ဟင်အင်း.ငါတို့ကဘယ်လိုလုပ်ပြီး

တော့ဒီလိုအရှက်ခွဲတာကိုခံနိုင်မှာလဲ”

“ဒါက..ဒါကအရမ်းများသွားပြီ”

ထိုက်ခတ်၏ စကားလုံးတို့ထွက်လာ

ပြီးပြီးချင်း ကန်းချမ်းကြေးစားအဖွဲ့များ

လူငယ်တို့၏အမူအယာများမှာ သိသိသာသာကိုပြောင်းလဲကုန်သည်။ သူတို့၏ မျက်နှာထက်၌ ဒေါသတို့ဖြစ်ပေါ်လာပြီး သူတို့၏ဦးလေး ဝမ်ရှန့်ကိုကြည့်လိုက်သည်။

“ထိုက်ခက်..အရမ်းလွန်မလာနဲ့”

ဟူဟောက်က ဒေါသတကြီးပြောလိုက်သည်။ သူကထိုက်ခတ်အားအကြောက်အလန့်မဲ့ ကြည့်လိုက်၏။ သူ၏မျက်နှာကဗုံးတစ်လုံးအား

စားထားရသလိုနီမြန်းနေသည်။ အချိန်မရွေးပေါက်ကွဲရန်အဆင့်သင့်ဖြစ်နေ၏။

“တော်လောက်ပြီ..အရမ်းကြီးမလွန်နဲ့တော့”

ဤအချိန်တွင် စားပွဲမှ ဂရုမထားသောအသံတစ်ခု

ထွက်ပေါ်လာသည်။ ထို့နောက် အားလုံး၏အကြည့်များက အသံလာရာဆီသို့ လှည့်လိုက်ကြသည်။ ပြောလိုက်သောသူကရှစ်ဖုန့်ပင်ဖြစ်၏။

ရှစ်ဖုန့်က ထိုခတ်ကိုသိနေသလိုမျိုးပြောလိုက်သည်။

“သူတို့တကယ်ပဲအချင်းချင်းသိကြတာပဲ”

ရှစ်ဖုန့်၏စကားအားကြားပြီး

နောက်တွင်အချို့လူများကရှစ်ဖုန့်အား  မုန်းတီးစွာကြည့်လိုက်ကြသည်။

ဤအချိန်တွင်  ထိုက်ခတ်ပြဿနာရှာနေရခြင်းမှာ ဤလူကြောင့်ဖြစ်သည်ဟုသူတို့

ယုံကြည်ကြ၏။

များစွာသောလူများက ထိုက်ခတ်ထက်ရှစ်ဖုန့်အားပို၍ ဒေါသထွက်နေကြသည်။

“အိုး”

ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် ထိုက်ခတ်က အဓိပ္ပါယ်ပါသောအကြည့်ဖြင့်ကြည့်လိုက်ပြီးပြုံးလိုက်သည်။

“အိုး. သူတို့တွေခုဏတုံးကမင်းကိုပစ်မှတ်ထားနေတာကိုငါမြင်ပါတယ်..မဟုတ်ဖူးလား…. မင်းကြည့်ရတာ မိသားစုတစ်ခုခုကဖြစ်ပုံရတယ်”

“ဒီသခင်လေးဘယ်ကလဲဆိုတာ

မင်းအပူမပါဘူး”

ရှစ်ဖုန့်က အေးအေးဆေးဆေးပင်ပြောလိုက်သည်။

“မင်းကထိုက်ခတ်မလား. မင်းအခုလစ်လို့ရပြီ”

“အာ”

“အာ”

“ဒါက”

ရှစ်ဖုန့်၏ စကားများ ကန်းချမ်းကြေးစားအဖွဲ့၏လူများအားတုန်လှုပ်အံ့အားသင့်သွားစေသည်။ ခန်းမအတွင်းရှိကြည့်နေသူများပင်  အံ့အားသင့်စွာအာမေဋိတ်သံများ

ထွက်သွားကြသည်။ ဤကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်လူငယ်၏ စကားများအရ ၎င်းကထိုက်မိသားစုမှဒုတိယသခင်လေးထက်ပို၍အစွမ်းထက်သလိုဖြစ်နေသည်။

“သူက ထိုက်မိသားစုကဒုတိယသခင်လေးကို ထွက်သွားဖို့တကယ်ပြောရဲတာပဲ. သူကဘယ်လိုလူစားမျိုးလဲ”

“မင်း.မင်းကဘယ်အင်အားစုကလဲကွ”

ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက်

ထိုက်ခတ်၏အမူအယာက လေးနက်မှုအဖြစ်ပြောင်းသွားသည်။

ဤလူ၏နောက်ခံကရိုးရှင်းပုံမရချေ။

စားသောက်ဆိုင်၏ရှေ့၌ အဆင့်ခုနှစ်သူတော်စင်နယ်ပယ် ကျားဖြူတစ်ကောင်ရှိနေသည်။ ထိုက်ခတ်ရောက်လာကတည်းက ၎င်းအားမြင်တွေ့ပြီးဖြစ်သည်။ သူဆိုင်အတွင်းဝင်လာစဉ်တုံးက စားသောက်ဆိုင်အတွင်း၌အ

ကောင်ကြီးတစ်ကောင်ကောင်ရှိနေမည်ဟုထင်ခဲ့သည်။ သို့သောသူဝင်လာသောအခါတွင် စားသောက်ဆိုင်တွင်လူများက

မျက်နှာဟောင်းများသာဖြစ်သည်

ကိုသူသဘေပေါက်လိုက်၏။ မရင်းနီးသော သူဟူ၍ ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်

ဤလူငယ်သာရှိသည်ဖြစ်သည်။

ကျားဖြူက၎င်း၏စီးနင်းသားရဲဖြစ်ပုံရသည်။  ဤလူ၏ ကျင့်ကြံမှုက ကြယ်တစ်ပွင့် အင်ပါယာနယ်ပယ်၌သာရှိသောလည်း  အဆင့်ခုနှစ်သူတော်စင်နယ်ပယ်စီး

နင်းသားရဲရှိနေခြင်းကြောင့် ၎င်း၏သရုပ်မှန်နှင့် နောက်ခံမှာ  ထူးခြားသည်ဖြစ်ရမည်ဖြစ်သည်။

ထိုက်ခတ်၏မေးခွန်းအားကြားပြီးနောက်ရှစ်ဖုန့် စိတ်မရှည်စွာဖြင့်မျက်မှောင်ကြုတ်လိုက်သည်။ သူကပြောလိုက်၏။

“မင်းခုဏတုံးကဒီသခင်လေးပြောတာကိုမကြားဘူးလား. ဒီသခင်လေး ဘယ်ကလာတယ်ဆိုတာမင်းအပူမပါဘူး..ဒီသခင်လေးကမင်းကိုထွက်သွားဖို့ပြော

နေရင်ထွက်သွားလိုက်. မင်းဘာလို့မေးခွန်းတွေအများ

ကြီးလာပြီးမေးနေတာလဲ”

“မင်း.”

“မင်း”

“ဒုတိယသခင်လေကို ဘယ်လိုတောင်ဒီလိုပြောရဲတာလဲကွ”

ရှစ်ဖုန့်စကားဆုံးပြီးပြီးချင်း  ထိုက်ခတ်ဘာမှမပြောခင် သူ၏နောက်၌ ရှိနေသောသန်မာသည့် လူငါးယောက်ကရှေ့သို့ထွက်လာပြီး ရှစ်ဖုန့်အားဒေါသတို့ဖြင့်ပြည့်နှက်နေသောမျက်နှာဖြင့် လက်ညှိုးထိုးပြီး ဒေါသတကြီးအော်ပြောလိုက်သည်။

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

All Chapters