← Chapters

သောက်ကျိုးနည်းဂိုဏ်း

Vol. 16 Ch. 222

သောက်ကျိုးနည်းဂိုဏ်း

Vol. 16 Ch. 222

“ဘာအရေးကြီးကိစ္စရှိလို့လဲ”

ထို့ပါ့ချန်က ဟန်မူယဲ့ကိုကြည့်ပြီး ပြောသည်။

“အရင်တစ်ခေါက် ကျင်းယန်မြို့မှာ ဟွမ်ကျန်းရှုံးရဲ့သမီးအကြီးဆုံး မွေးတုန်းကတောင် မင်းမသွားခဲ့ဘူးလေ”

လုချန်းဖျင်သည် သမီးတစ်ယောက်မွေးခဲ့ပြီး ဟန်မူယဲ့ကို နာမည်ပေးရန်အတွက် လူတစ်ယောက် စေလွှတ်၍ တောင်းဆိုခဲ့သည်။

ဟန်မူယဲ့သည် ကျင်းယန်မြို့သို့သွားရန် စီစဉ်ခဲ့သော်လည်း ကျင်းကျီက သူ့ကို တားဆီးခဲ့သည်။

နောက်ဆုံးတွင်တော့ သူက လက်ဆောင်အများအပြားနှင့်အတူ ကျန်းမင်နှင့် ကျင်းယွမ်ကို လွှတ်လိုက်သည်။

ဟန်မူယဲ့သည် မွေးစားသမီးကို ဟွမ်ကျစ်ဟူဟု နာမည်ပေးသည်။ သူမ အသက်ကြီးလာသောအခါတွင် အံ့ဖွယ်ကိုးပါးတောင်၏ ဓားစံအိမ်သို့ခေါ်ပြီး ကိုယ်တိုင်သင်ကြားပေးမည်ဟုလည်း ကတိပေး၏။

ဟန်မူယဲ့သည် ဖြစ်နိုင်ချေရှိသော အန္တရာယ်များကို ကာကွယ်ဖို့အတွက် အံ့ဖွယ်ကိုးပါးတောင်မှာ ပုန်းနေရသည်။

ထို့ပါ့ချန်၏ စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ခေါင်းညိတ်ပြီး ပြောသည်။

“ကျွန်တော့ ကျင့်ကြံဆင့်က အခြေခံအုတ်မြစ်ဆဌမအဆင့်မှာ ရပ်နေတယ်။ အတွေ့အကြုံနည်းနည်း သွားရှာဖို့လိုတယ်။ မဟုတ်ရင် ဘယ်အချိန်မှ အဆင့်တက်နိုင်မလဲ မသိဘူး”

ဟန်မူယဲ့သည် ကျင့်ကြံရန်အတွက် အရင်းအမြစ်များ လိုအပ်နေခြင်း မရှိပေ။

တိမ်မြုံကမ်းပါး၏ တိုက်ပွဲအတွေ့အကြုံကြောင့် ခန္ဓာကိုယ်ကျင့်ကြံခြင်းနှင့် စွမ်းအင်ကျင့်ကြံခြင်းတို့သည် ယခင်နှစ်မှာ လျင်မြန်စွာ တိုးတက်လာခဲ့သည်။

ခန္ဓာကိုယ်ကျင့်ကြံခြင်းသည် အခြေခံအုတ်မြစ် တတိယအဆင့်မှာရှိပြီး စွမ်းအင်ကျင့်ကြံခြင်းမှာ အခြေခံအုတ်မြစ်ဆဌမအဆင့်၌ ရှိသည်။

၎င်းသည် ကျင့်ကြံဆင့် တိုးတက်လာခြင်းသာ ဖြစ်ပြီး တိုက်ရိုက်ရေးစွမ်းရည်ကိုတော့ သူကိုယ်တိုင်သာ သိပေသည်။

မည်သို့ဆိုစေ ဓားစံအိမ်တွင် သူ မည်သို့ ကျင့်ကြံနေခြင်း မည်သူမှ မသိနားမလည်ကြပါ။

သို့ပေမဲ့ လက်ရှိတွင် သူ့ကျင့်ကြံခြင်းမှာ နှေးကွေးလာသည်။

အကြောင်းကား သူ့ဗီဇပါရမီသည် အတော်လေး နိမ့်ကျသောကြောင့် ဖြစ်သည်။

သူ ကျင့်ကြံနေသော နည်းစနစ်မှာ အလွန်အဆင့်မြင့်သည်။ အံ့ဖွယ်နေမင်းနည်းစနစ်ဖြင့် သိပ်သည်းထားသောဓားချီသည် ပထမတန်းစားထက် ကျော်လွန်၏။

အံ့ဖွယ်နေမင်းနည်းစနစ်ဖြင့် ကျင့်ကြံထားသော ဝိညာဉ်ချီမှာလည်း အားကောင်းသည်။ ထိုဝိညာဉ်ချီသည် သူ့ဝိညာဉ်သွေးကြောနှင့် ဒန်ထျန်ကို ဖိနှိပ်ထားပြီး အားကောင်းစွာ လည်ပတ်နေကြသည်။

အထူးသဖြင့် သူ့ဗီဇပါရမီဖြစ်သည်။ သူသည် ဆေးလုံးများသောက်ခဲ့သော်လည်း ဗီဇပါရမီမှာ သတ္တမတန်းစား၌သာ ရှိသည်။

ယခင်က အဆင်ပြေသော်လည်း လက်ရှိတွင်တော့ သူက ကမ္ဘာမြေအဆင့်သို့ ရောက်ခါနီး ဖြစ်သောကြောင့် ကန့်သတ်ချက်များကို ခံစားလာရသည်။

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ထို့ပါ့ချန်က မျက်မှောင်ကြုတ်သည်။

ရတနာ…။

အခွင့်အလမ်း…။

ထိုကိစ္စသည် ကျင့်ကြံခြင်းနှင့် သက်ဆိုင်နေသောကြောင့် ထို့ပါ့ချန် တုံ့ဆိုင်းနေသည်။

၎င်းသည် ကျင့်ကြံခြင်း ဖြစ်သည်။ အခွင့်အရေးအတွက် မတိုက်ခိုက်လျှင် လက်လွှတ်ရလိမ့်မည်။

အတွေ့အကြုံရှာရန် ခွင့်မပြုလျှင် သူသည် ဟန်မူယဲ့၏ ကျင့်ကြံခြင်းကို တားဆီးသလိုဖြစ်နေလိမ့်မည်။

ထို့အပြင် ကျင့်ကြံသူများသည် တစ်သက်လုံး ဂိုဏ်းထဲတွင် ပုန်းနေပြီး ကျင့်ကြံ၍ မဖြစ်ပေ။

“စိတ်မပူပါနဲ့။ ကျွန်တော် တိတ်တိတ်လေး ထွက်သွားမှာပါ”

“တခြားလူတွေကို လှည့်စားဖို့အတွက် ယွမ်ထိုက်ဂိုဏ်းရဲ့သခင်လေးနဲ့ သွားချင်တယ်”

တုံ့ဆိုင်း‌နေသော ထို့ပါ့ချန်ကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့ကပြောသည်။

ယခင်က ဟွမ်လောင်လျှို၏ တောင်းဆိုမှုကြောင့် ဟန်မူယဲ့သည် လုချန်းဖျင်ကို အဖော်လုပ်ပြီး ဓားဝယ်ရန် တောင်ခြေဈေးသို့ သွားခဲ့သည်။ သူသည် တစ်ကိုယ်တော်ကျင့်ကြံသူ ထန်ယွမ်ဟောင်နှင့် တွေ့ဆုံပြီး သူ့ဓားမှတစ်ဆင့် သူ့ဖခင် ထန်ကျီး၏ လျှို့ဝှက်ချက်ကို မြင်ခဲ့သည်။

တိမ်မြူရွှေကြာပန်း။

တိမ်မြူရွှေကြာပန်းအစေ့သည် ကျင့်ကြံခြင်းပါရမီကို တစ်ဆင့်မြှင့်ပေးနိုင်သည်။

ကျင့်ကြံခြင်းပါရမီကို ပြောင်းလဲပေးနိုင်သော ရတနာမှာ ကျင့်ကြံသူများအားလုံးကို ရူးသွပ်သွားစေနိုင်သည်။

ဟန်မူယဲ့၏ ခန့်မှန်းချက်အရ တိမ်မြူရွှေကြာပန်းအစေ့သည် မကြာခင် ရင့်တော့မည်ဖြစ်သည်။

တိုက်ဆိုင်စွာဖြင့် ယွမ်ထိုက်ဂိုဏ်း၏ သခင်လေးသည် အလည်အပတ် ရောက်လာ၏။ သူ့ဂိုဏ်းသို့ ပြန်မည့်လမ်းမှာ တိမ်မြူရွှေကြာပန်း ရှိသောနေရာကို ဖြတ်သွားရပေမည်။

ထိုနေရာမှာ မီးတောက်မိစ္ဆာတောင်ကြားနှင့် သိပ်မဝေးပေ။

ထို့ပါ့ချန်က ခေါင်းညိတ်သည်။ သူက တစ်ဖက်သို့လှည့်ပြီး စားပွဲရှည်ပေါ်တွင် ရှိနေသော ကျားဖြူပန်းချီစာလိပ်ကို သိမ်းလိုက်ပြီး ဟန်မူယဲ့ဆီကို ပေးသည်။

“မင်းမှာ အကာအကွယ် ရတနာတွေ မလိုဘူးဆိုတာ ငါသိတယ်။ ဒီစာလိပ်ကို မင်းနဲ့ယူသွားလိုက်။ အနည်းဆုံးတော့ မင်းရဲ့တိုက်ခိုက်နိုင်စွမ်းကို တိုးတက်လာစေလိမ့်မယ်”

ထိုစကားများကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ပြုံးလိုက်ပြီး ကျားဖြူပန်းချီစာလိပ်ကို ယူလိုက်သည်။

ထို့ပါ့ချန် ရေးဆွဲထားသော ကျားဖြူပန်းချီစာလိပ်သည် တိုက်ခိုက်နိုင်စွမ်းမရှိပေ။

ကျားဖြူပန်းချီစာလိပ်သည် ဝိညာဉ်နိုးထခြင်းအဆင့်ကျင့်ကြံသူကိုသာ တားဆီးနိုင်သည်။

သူ ခန်းဆောင်ထဲမှ ထွက်လာသောအခါတွင် ခန်းဆောင်နောက်သို့ တစ်ချက်ကြည့်ပြီး အပြင်သို့ ထွက်သွား၏။

သူ ထွက်သွားသောအခါတွင် အိုမင်းနေသောမျက်နှာနှင့် ငွေရောင်ဆံပင်များရှိသော ဂိုဏ်းခေါင်းဆောင်ကျင်းကျ် ထွက်ပေါ်လာသည်။

“ဒီကလေးက ဘာနည်းစနစ်ကို ကျင့်ကြံနေတာလဲမသိဘူး။ သူ့စိတ်စွမ်းအားက ပိုပြီး ထက်မြက်လာတယ်”

ကျင်းကျီက ခေါင်းခါလျှက် ပြောသည်။

ထို့နောက် သူက ထို့ပါ့ချန်ဘက်သို့ လှည့်လိုက်ပြီး ပြောသည်။

“မင်းရဲ့ အပြောင်းအလဲတွေကို သူသိနေမှာ သေချာတယ်”

ကျင်းကျီ၏ စကားကို ကြားလိုက်ရသောအခါတွင် ထို့ပါ့ချန်က လေးနက်သော မျက်နှာထားနှင့် ခေါင်းညိတ်သည်။ သူသည် သူ၏ ကြွတက်နေသော အရှိန်အဝါအား ဖိနှိပ်ထားရ၏။

“မင်းမြန်မြန်လုပ်ဖို့လိုမယ်။ ငါက အကြာကြီးခံတော့မှာမဟုတ်ဘူး”

ကျင်းကျီက အောက်တွင် ရှိနေသော အံ့ဖွယ်ကိုးပါးတောင်ကို ကြည့်လိုက်ပြီး ကြေကွဲစွာ ရေရွတ်သည်။

“ကျုပ် နားလည်ပါတယ်”

ထို့ပါ့ချန်က လေးနက်သောအသံဖြင့် ပြောသည်။

....

ဓားစံအိမ်သို့ ပြန်ရောက်သောအခါတွင် ဟန်မူယဲ့သည် တတိယထပ်သို့ တိုက်ရိုက် တက်သွားလိုက်သည်။ သူက လက်ဆန့်ထုတ်လိုက်လျှင် သုံးချောင်းထောက်ဆေးပေါင်းဖိုမှာ ညင်သာစွာလွင့်မျောလာသည်။

သွေး‌ကြောဖွင့်ဆေးလုံး၏ လုပ်ဆောင်ချက်သည် ကမ္ဘာမြေအဆင့်စွမ်းအားကို ကြိုတင်အာရုံခံခြင်း ဖြစ်သည်။

ဆေးသောက်လိုက်သောအချိန်တွင် ကမ္ဘာ‌လောကနှင့် ဆက်သွယ်နေသော ပုံရိပ်ယောင်ဝိညာဉ်သွေးကြောတစ်ခု ပေါ်လာပြီး ကမ္ဘာမြေအဆင့်၏ ဝိညာဉ်သွေးကြောဖွင့်ခြင်းစွမ်းအားကို ကြုံတွေ့ရလိမ့်မည်။

အင်မော်တယ်အဆင့် သွေးကြောဖွင့်ဆေးလုံးသည် လူတစ်ယောက်ကို ဝိညာဉ်သွေးကြောအပိုရလာအောင် လုပ်ပေးနိုင်သည်။

ဟန်မူယဲ့က ဆေးပေါင်းဖိုထဲသို့ ဓားချီများ ထည့်သွင်းလိုက်သည်။ သူက ဆေးပင်ကိုထုတ်ယူပြီး သွေးကြောဖွင့်ဆေးလုံးကို စတင်ဖော်စပ်၏။

ဆေးပေါင်းဖိုနှစ်ခုထဲတွင် စုစုပေါင်း‌ ဆေးခြောက်လုံးရှိသည်။

ဆေးလုံးတိုင်းက အစိမ်းရောင်သန်းနေပြီး တိမ်များနှင့် လွှမ်းခြုံထားပုံရသည်။

အင်မော်တယ်အဆင့်။

အင်မော်တယ်အဆင့်ဆေးလုံးများသည် အလွန်သန့်စင်ပြီး အသိစိတ်ရှိကြသည်။

ထိုဆေးလုံးထဲတွင် အညစ်အကြေးများမပါပေ။ ဆေးစွမ်းအားကို ဖြည်းဖြည်းချင်းချေဖျက်ခြင်း သို့မဟုတ် တိုက်ရိုက်စားသုံးခြင်းတို့ ပြုလုပ်မည်ဆိုလျှင် အထဲတွင်ရှိသော ဆေးစွမ်းအားသည် လူတစ်ယောက်၏ ဝိညာဉ်သွေးကြောများကို မထိခိုက်စေနိုင်ပေ။

ဟန်မူယဲ့က ဆေးပေါင်းဖိုနှင့် ဆေးလုံးများကို သိမ်းဆည်းလိုက်ပြီး ဓားစံအိမ်၏ ပထမထပ်သို့ ဆင်းလာခဲ့သည်။

ပထမထပ်တွင် လျှိုဟုန်နှင့် ယန်မင်ရွှမ်တို့သည် ဓားများကို သန့်ရှင်းရေးလုပ်နေပြီး လင်းရှန်ကတော့ တံခါးစောင့်တာဝန်ကျနေသည်။

“စီနီယာအစ်ကိုဟန်”

ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် ယန်မင်ရွှမ်နှင့် လျှိုဟုန်တို့က လျင်မြန်စွာရောက်လာသည်။

“ကောင်းမိသားစုက အရည်အ‌သွေးကောင်းတဲ့ဓားတွေ ပို့လိုက်တယ်။ ဓားစံအိမ်ထဲမှာ နေရာချပြီးပြီ”

ယန်မင်ရွှမ်က ဟန်မူယဲ့ကို စာအုပ်တစ်အုပ် ထုတ်ပေးလိုက်သည်။

ဓားစံအိမ်ကိုတာဝန်ယူထားသော ဟန်မူယဲ့သည် အကြီးအကဲတစ်ယောက်နှင့် တူညီသောအာဏာရှိသည်။

သူက ကိစ္စရပ်များအားလုံးကို ဟန်မူယဲ့ဆီသို့ တင်ပြရသည်။

ဟန်မူယဲ့က စာအုပ်ကို အသာအယာလှန်ကြည့်လိုက်ပြီး ပြုံးသည်။

“မိန်းကလေးကောင်း မလာဘူးလား”

ထိုအရာက ရယ်စရာ‌ကောင်းသည်။ လျှိုဟုန်အတွက် လျှိုချွမ်ရီက ကောင်းမိသားစု၏ အကြီးဆုံးသမီးကောင်းအီနှင့် လက်ထပ်ပေးရန် စီစဉ်ထားသည်။

ထို့ကြောင့် ဓားများကို ကိုယ်တိုင်လာပို့သောကောင်းအီနှင့် ဓားကို လက်ခံရသောလျှိုဟုန်တို့မှာ မသက်မသာ ခံစားနေကြရ၏။

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် လျှိုဟုန်က ခေါင်းခါလိုက်ပြီး ပြောသည်။

“လက်ရှိမှာ ကောင်းမိသားစုက ဓားအသစ်ကိုဖန်တီးနေတယ်။ သူမကလည်း အလုပ်ရှုပ်နေလောက်တယ်”

ပျက်စီးမှုမရှိလျှင် တည်ဆောက်မှုမရှိနိုင်ပေ။ ကောင်းမိသားစုခေါင်းဆောင်သည် လက်ပြတ်သွားသောကြောင့် ကောင်းမိသားစုက ဓားသန့်စင်ခြင်းနည်းလမ်းအမျိုးမျိုးကို တီထွင်နေသည်။ ထို့ကြောင့် ထုတ်လုပ်ထားသောဓားများ အရေအတွက်တိုးလာသည်။

ကောင်းမိသားစု ပြန်လည်နိုးထလာတော့မည်ဖြစ်သည်။

ထိုအရာက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် မြေးမကို လက်ဆက်ပေးရန်ဆန္ဒရှိသော ကောင်းအန်ချွန်းနှင့်လည်း သက်ဆိုင်နေလိမ့်မည်။

“ငါ မကြာခင်မှာ တောင်အောက်ကိုဆင်းလိမ့်မယ်။ မင်းတို့ ဂရုစိုက်ထားလိုက်ကြ”

ဟန်မူယဲ့က စာအုပ်ကိုသိမ်းပြီး လက်မြှောက်လိုက်သောအခါတွင် အစိမ်းရောင်ဆေးနှစ်လုံး ပေါ်လာသည်။

အင်မော်တယ်အဆင့် သွေးကြောဖွင့်ဆေးလုံး…။

တစ်လုံးကို ဝိညာဉ်ကျောက်တုံး သုံးသန်းတန်သည်။

“မင်းတို့ရဲ့ကျင့်ကြံဆင့်က ကမ္ဘာမြေအဆင့်နဲ့ သိပ်မဝေးတော့ဘူး။ ဒီဆေးနှစ်လုံးကို အရင်ဆုံးသန့်စင်ပြီး ဒန်ထျန်ထဲမှာ ပျိုးထောင်ထားလိုက်”

ဤနေရာက ဓားစံအိမ်ဖြစ်သည်။

ဤနေရာတွင်ရှိသော ဆေးတစ်လုံးကို အပြင်ဘက်ရှိ ကျင့်ကြံသူများ တစ်သက်လုံးမရနိုင်ပေ။

ယန်မင်ရွှမ်နှင့် လျှိုဟုန်တို့က ဦးညွှတ်ပြီး ဆေးလုံးကို လက်ခံလိုက်သည်။

စီနီယာအစ်ကိုဟန်၏ ဆုလာဘ်ကို လက်ခံရမည်။

ထိုအရာက ဓားစံအိမ်၏ စည်းမျည်းဖြစ်သည်။

“လေ့ကျင့်ရေးမှူးလင်း၊ ဒီတစ်ခေါက် တောင်အောက်ကို အဖော်လိုက်ခဲ့ပါဦး”

ဟန်မူယဲ့က တံခါးဝသို့ရောက်သောအခါတွင် လင်းရှန်ကိုကြည့်ပြီး ပြုံးပြသည်။

ကောင်းကင်ဘုံအဆင့် ကျောက်စိမ်းအရိုးကို ရထားသော လင်းရှန်သည် ပို၍ သန်မာလာသည်။

သူသည် လေးနက်သောတောင်တစ်လုံးကဲ့သို့ တံခါးတွင် ရပ်နေသည်။

ဓားတစ်သန်းခုတ်ချက်အား လေ့ကျင့်သူဖြစ်သော သူသည် မလှုပ်ရှားပါဘဲနှင့်ပင် အချိန်မရွေးပြိုကျလာနိုင်သော တောင်တစ်လုံးကဲ့သို့ ဖိအားများ ထုတ်ပေးနေသည်။

ကျောက်တုံးသုံးတုံးစံအိမ်ကို တာဝန်ယူထားသော‌ ကျောက်ဖူသည် လက်ရှိအချိန်မှာ ဓားစံအိမ်သို့ သိပ်မလာတော့ပေ။ သူက လင်းရှန်၏ ကျင့်ကြံခြင်း ထပ်မံတိုးတက်သွားခြင်းကို မခံစားနိုင်ပေ။

ထိုအရာက ကြီးမားသောရိုက်ချက်တစ်ခုဖြစ်သည်။

“တောင်အောက်မှာ မင်းကိုကာကွယ်ပေးဖို့ ငါ့တာဝန်ပါပဲ”

လင်းရှန်က ခေါင်းညိတ်သည်။

ဓားစံအိမ်နှင့် အံ့ဖွယ်ကိုးပါးတောင်ကုန်းက ဟန်မူယဲ့၏အရေးပါပုံကို နားလည်သည်။

တစ်ရက်အကြာတွင် ပေတစ်ရာရှည်သော သင်္ဘောပျံတစ်စင်းသည် အံ့ဖွယ်ကိုးပါးတောင်မှ ညင်သာစွာပျံတက်လာသည်။

သင်္ဘောပျံ၏ ဘေးတွင် ပေသုံးဆယ်ရှိသော လှေပျံနှစ်စင်းက အဖော်လုပ်ပေးနေသည်။

ပေတစ်ရာရှည်သော သင်္ဘောပျံပေါ်တွင် ဟန်မူယဲ့နှင့် မျက်နှာချင်းဆိုင် ထိုင်နေသော အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူကြီးက လက်သီးဆုပ်လိုက်ပြီး ညင်သာစွာပြောသည်။

“ငါ့သားအတွက် အင်မော်တယ်အဆင့်သွေးကြောဖွင့်ဆေးလုံးကို ဖော်စပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး ပြောသည်။

“အဲဒါက မပြောပလောက်ပါဘူး။ ခင်ဗျားတို့က အခကြေးငွေပေးခဲ့တာပဲ”

ထိုစကားကိုကြားလိုက်ရ‌သောအခါတွင် အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူကြီးက ရှက်ရွံ့သွားသည်။

“ငါတကယ်ကိုပဲ စိတ်မကောင်းဖြစ်မိပါတယ်။ ငါတို့ယွမ်ထိုက်တာအိုဂိုဏ်းက အတော်လေးဆုံးရှုံးသွားတယ်။ ဝိညာဉ်ဆေးပင် ငါးဖုံစာနဲ့ ဝိညာဉ်ကျောက်တုံး သုံးသန်းကိုပဲ ထုတ်ပေးနိုင်တယ်”

“ငါတကယ်ကိုပဲ ရှက်မိပါတယ်”

ဟန်မူယဲ့၏မျက်ခုံးများ တွန့်သွားသည်။

ဝိညာဉ်ဆေးပင် ငါးဖုံစာ…။

ဝိညာဉ်ကျောက်တုံး သုံးသန်း…။

ဂိုဏ်းက သူ့အတွက် ဝိညာဉ်ဆေးပင် သုံးဖုံစာနှင့် ဝိညာဉ်ကျောက်တုံးရှစ်သိန်းကိုသာ ပေးခဲ့သည်။

‘သောက်ကျိုးနည်း ပွဲစားဂိုဏ်းပဲ’ သူတွေးမိသည်။

ဂိုဏ်းက သူ့အား အတော်လေး ရိုက်မည်ဟု သူ မထင်ထားချေ။

All Chapters