← Chapters

တရားခံ ဘယ်သူလဲ

Vol. 16 Ch. 223

တရားခံ ဘယ်သူလဲ

Vol. 16 Ch. 223

ဘဝဟူသည် ချောက်နက်များနှင့် ပြည့်နေသည်။ သို့ပေမဲ့ အနက်ရှိုင်းဆုံးချောက်ကတော့ နောက်ကျောတည့်တည့်မှာ ရှိနေခြင်းကို မသိနိုင်ပေ။

ကံကောင်းစွာဖြင့် ယန်မူယဲ့က ထိုကိစ္စများကို ဂရုမစိုက်ပေ။

သူ့တွင် ဝိညာဉ်ဆေးပင်များ လစ်ဟင်းမနေသလို ဝိညာဉ်ကျောက်တုံးကိုလည်း မလိုအပ်ပေ။

အာခီမီပညာရပ်သည် သူ့စိတ်ခံစားချက်အပေါ်မှာပဲ မူတည်သည်။

အများဆုံး နောင်တွင် ထိုအလုပ်များကို ပိုလုပ်လိုက်ရုံပဲ ရှိသည်။

ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ယွမ်ထိုက်ဂိုဏ်း၏သခင်လေးက စိတ်လှုပ်ရှားစွာပြောသည်။

“ယွမ်ထိုက်ဂိုဏ်းကို ကယ်တင်ပေးတဲ့အတွက် အင်မော်တယ်ဟန်ကို ကျေးဇူးမတင်ရသေးဘူး”

ယခင်တစ်ခေါက်က တိမ်မြုံကမ်းပါးတွင် များပြားသောကျင့်ကြံသူများရှိသော်လည်း ဟန်မူယဲ့တစ်ယောက်သာ ထူစွန်းရှစ်ကို ခေါ်ပြီး ယွမ်ထိုက်ဂိုဏ်းကို ကူညီပေးခဲ့သည်။

သူ့အကူအညီကြောင့်မဟုတ်လျှင် ယွမ်ထိုက်ဂိုဏ်းသည် သူတို့၏ အမွေအနှစ်ကို ဆုံးရှုံးရလိမ့်မည်။

ထိုကိစ္စကြောင့် ယွမ်ထိုက်ဂိုဏ်းက ဟန်မူယဲ့ကို အကြွေးတင်နေသည်။

ယွမ်ထိုက်ဂိုဏ်းခေါင်းဆောင်က ကျေးဇူးကြွေးပြန်ဆပ်မည်ဟု လူသိရှင်ကြား ထုတ်ပြောခဲ့သည်။

ယွမ်ထိုက်ဂိုဏ်းသားတိုင်းက ပြန်ပြီးကျေးဇူးဆပ်ရမည်။

သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး ယဉ်ကျေးသောစကားများကို ပြောတော့မည့်အချိန်မှာ ယွမ်ထိုက်တာအိုဂိုဏ်း၏သခင်လေးက ရှေးတိုးလာပြီး တိုးတိုးလေးပြောသည်။

“အင်မော်တယ်ဟန်၊ အဲဒီအချိန်တုန်းက ငါတို့ယွမ်ထိုက်ဂိုဏ်းကို ကယ်ခဲ့တယ်။ တောင်ပိုင်းကုန်းမြေရဲ့ဘယ်မျိုးနွယ်စုက ငါတို့ယွမ်ထိုက်တောင်ကို တိုက်ခိုက်တာလဲ သိသလား”

ဟန်မူယဲ့၏ စိတ်ရှုပ်ထွေးနေသောမျက်နှာထားကို မြင်လိုက်ရသောအခါတွင် သခင်လေးက အံတင်းတင်းကြိတ်လျက် တီးတိုးပြောသည်။

“ရှန့်ယန်မိစ္ဆာဂိုဏ်းရဲ့ ခေါင်းဆောင်လီမူပိုင်က တောင်ဘက်ကုန်းမြေနဲ့ စစ်ပြေငြိမ်းဖို့လုပ်ချင်နေတယ်”

“သူက ငါတို့ယွမ်ထိုက်ဂိုဏ်းရဲ့အမြင်ကိုမေးပြီး ဘာလိုချင်လဲပြောတယ်”

ဂိုဏ်းသခင်လေး၏မျက်နှာပေါ်တွင် ဝမ်းနည်းမှုနဲ့ မကျေနပ်ချက်များပေါ်လာသည်။

“တခြားဟာတွေဆိုရင်တော့ အဆင်ပြေပါသေးတယ်။ ဒါပေမဲ့ ယွမ်ထိုက်ဂိုဏ်းကို တိုက်ခိုက်ခဲ့တဲ့မိစ္ဆာတွေက မြေကြီးကို သုံးပေအထိတူးပြီး ယွမ်ထိုက်တာအိုဂိုဏ်းကို အပြောင်ရှင်းသွားတယ်”

“ယွမ်ထိုက်တာအိုဂိုဏ်းက ဒီအမုန်းတရားကို ဘယ်တော့မှ မေ့သွားမှာမဟုတ်ဘူး”

“တောင်ဘက်ကုန်းမြေက အဲဒီမိစ္ဆာကို ထုတ်မပေးရင် ယွမ်ထိုက်တာအိုဂိုဏ်းက ဘယ်တော့မှ စစ်ပြေငြိမ်းမှာမဟုတ်ဘူး”

‘ယွမ်ထိုက်တာအိုဂိုဏ်းကို အပြောင်ရှင်းသွားတာက မိစ္ဆာတဲ့လား’ ဟန်မူယဲ့က တွေးသည်။

‘ဟုတ်တယ်။ ယွမ်ထိုက်တာအိုဂိုဏ်းကို အပြောင်ရှင်းသွားတာ မိစ္ဆာဘဲ’

‘မိစ္ဆာတွေက ဒီအပြစ်ကို ခံယူသင့်တယ်’

ယွမ်ထိုက်တာအိုဂိုဏ်း၏သခင်လေးက သူ့ကို ကြည့်နေကြောင်း မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က စဉ်းစားချင်ယောင်ဆောင်သည်။

“အခြေအနေက တကယ့်ကိုအလျင်လိုနေတယ်”

“ငါနားလည်ပြီ”

ဂိုဏ်းသခင်လေးက ခေါင်းညိတ်ပြီး သက်ပြင်းချသည်။

“အင်မော်တယ်ဟန်က ငါတို့ကိုကယ်ဖို့အတွက် အရဲစွန့်ခဲ့တယ်။ မင်းက တကယ့်ကို ဖြောင့်မတ်တာပဲ”

အကယ်၍ အဝိုင်းခံရလျှင် ကောင်းကင်ဘုံအဆင့်ပညာရှင်သည်ပင် သေသွားလိမ့်မည်။

ဟန်မူယဲ့က အလျင်လိုကြောင်းပြောလိုက်သောအခါတွင် လိမ်ညာခဲ့ခြင်းမဟုတ်ပေ။

“ဂိုဏ်းသခင်လေး၊ ငါက တခြားအရာတွေကိုတော့ သတိမထားမိဘူး။ ဒါပေမဲ့ အရှေ့မှာ ဦးဆောင်လာတာက အစိမ်းရောင်ဝံပုလွေတွေ ဖြစ်လိမ့်မယ်”

ဟန်မူယဲ့က အန္တရာယ်များလှသောအခြေအနေကို အမှတ်ရနေသကဲ့သို့ မျက်မှောင်ကြုတ်ထားသည်။

ယွမ်ထိုက်တာအိုဂိုဏ်းသခင်လေးက အံတင်းတင်းကြိတ်ပြီး ခေါင်းညိတ်သည်။

ဟန်မူယဲ့က ဆက်မပြောတော့ပေ။

အစိမ်းရောင်ဝံပုလွေကလန်သည် အနက်ရောင်ဝံပုလွေကလန်၏ လက်အောက်ခံဖြစ်သည်။ ဤတစ်ကြိမ်မှာ အနက်ရောင်ဝံပုလွေကလန်၏ ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက် သေဆုံးသွားပြီး တစ်ယောက်မှာ အံ့ဖွယ်ကောင်းကင်ကမ္ဘာမှ ထွက်သွားသည်။

ထို့အပြင် အစိမ်းရောင်ဝံပုလွေကလန်က ထိခိုက်မှုကြီးမားသောကြောင့် သူတို့ကိုအပြစ်ပုံချရန် အဆင်ပြေသည်။

ဂိုဏ်းသခင်လေး၏ ပုံစံအရ ထိုအရာကို မှတ်ထားမည့်ပုံပေါ်သည်။

ဟန်မူယဲ့က စိတ်သက်သာရာရစွာ သက်ပြင်းချသည်။

သူက ၂၀ရာနှုန်းသာ ယူခဲ့သည်။

ထိုအရာကိုရဖို့အတွက် နှစ်ပေါင်းတစ်ရာခန့် စုဆောင်းထားရလိမ့်မည်။

လမ်းတစ်လျှောက်တွင် ဟန်မူယဲ့က ယွမ်ထိုက်တာအိုဂိုဏ်း၏ သခင်လေးနှင့် စကားပြောလာခဲ့သည်။ ဂိုဏ်းသခင်လေး လုတောက်ခွန်သည် အလွန်ဖော်‌ရွေပြီး မောက်မာမှုမရှိပေ။

ထိုအရာက အမှန်ပင်ဖြစ်သည်။ ယွမ်ထိုက်တာအိုဂိုဏ်း၏ ဆင်းရဲနေသော လက်ရှိအခြေအနေကြောင့် သူက ပိုပြီး မောက်မာမှုကင်းမဲ့နေသည်။

ထို့အပြင် ဟန်မူယဲ့က သာမန်လူမဟုတ်ပေ။

သူက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အထူးချွန်ဆုံး လူငယ်မျိုးဆက်သစ်ဖြစ်သည်။ ဓားအင်မော်တယ်ဂုဏ်ပုဒ်ကိုလည်း ရထားပြီး အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဆေးလုံးဖော်စပ်ခြင်း၌ ထိပ်တန်းအဆင့်တွင်ရှိနေသည်။

လုတောက်ခွန်က ဟန်မူယဲ့နှင့် ဆက်သွယ်ဖို့ကြိုးစားနေသည်။ ဟန်မူယဲ့က သင်္ဘောပျံမှ ထွက်လာသောအခါတွင် ဝိညာဉ်ကျောက်တုံး သန်းနှစ်ဆယ်တန်သော စီးပွားရေးကို ပြုလုပ်နိုင်ခဲ့သည်။

နောက်နှစ်အနည်းငယ်အတွင်းမှာ ဟန်မူယဲ့သည် ယွမ်ထိုက်တာအိုဂိုဏ်းအတွက် အမြင့်ဆုံးအရည်အသွေးရှိသောဆေးလုံးများကို ဖော်စပ်ပေးလိမ့်မည်။ ထိုဆေးလုံးကို ပိုင်မိသားစုမှတစ်ဆင့် ဆက်သွယ်ရောင်းချလိမ့်မည်။

ဟန်မူယဲ့က အမြင့်ဆုံးအရည်အသွေးဆေးလုံးများထက် နိမ့်သောဆေးလုံးကို မဖော်စပ်ပေ။

အဆင့်ခြောက်ဆေးလုံးဖြစ်နေလျှင် အရည်အသွေးမကောင်းလည်း ရသည်ဟု လုတောက်ခွန်က ပြောခဲ့သည်။

သို့ပေမဲ့ ဟန်မူယဲ့က “အမြင့်ဆုံးအရည်အသွေးဆေးလုံးထက် အဆင့်နိမ့်ရင် မသန့်စင်ဘူး”ဟု ပြောခဲ့ပြီး ဆွေးနွေးမှုကို ဖြတ်ချလိုက်သည်။

သင်္ဘောပျံနှင့် နှစ်ရက်နှစ်ညကြာအောင် လိုက်ပါပြီးသောအခါတွင် ဟန်မူယဲ့က နှုတ်ဆက်ပြီး တိတ်ဆိတ်စွာထွက်သွားသည်။

လုတောက်ခွန်သည် ကုန်းပတ်မှာရပ်နေပြီး ထွက်သွားသော ဟန်မူယဲ့ကို ကြည့်နေသည်။

“သခင်လေး၊ အဲဒီလူက မသေဘူးဆိုရင် နောက်ထပ်ထူစွန်းရှစ်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဂိုဏ်းခေါင်းဆောင်က ပြောခဲ့တယ်”

လုတောက်ခွန်၏ဘေးတွင် လူအိုကြီးတစ်ယောက်က ရှေ့ထွက်လာပြီး တီးတိုးပြောသည်။

“သခင်းလေးက ဒီလူကို ဘယ်လိုထင်လဲ”

ထူစွန်းရှစ်သည် အ‌နောက်ဘက်နယ်စပ်ကုန်းမြေကို နှစ်တစ်ထောင်ဖိနှိပ်ခဲ့သည်။

ဖုန်းလင်ဂိုဏ်း၏ မျက်နှာတစ်ထောင်သူတော်စင်သည်ပင် ထူစွန်းရှစ်၏ ဓားတာအိုက အလွန်သန်မာပြီး အ‌နောက်ဘက်နယ်စပ်ကုန်းမြေတွင် နံပတ်တစ်ဖြစ်သည်ဟု ဝန်ခံခဲ့ရသည်။

ခဏလောက်တိတ်ဆိတ်ပြီးသောအခါတွင် လုတောက်ခွန်က ခပ်ဟဟရယ်လျက် ပြောသည်။

“မေးနေစရာ လိုသေးလို့လား”

“အင်မော်တန်ဟန်ရဲ့ ဓားကျွမ်းကျင်မှုက ပြိုင်ဘက်ကင်းတယ်။ ဆေးလုံးဖော်စပ်ခြင်းကလည်း ထိပ်တန်းအဆင့်မှာရှိတယ်။ အ‌နောက်ဘက်နယ်စပ်ကုန်းမြေက သူကြီးထွားလာတာကို စောင့်နေရမှာပဲမဟုတ်လား”

တိမ်မြုံကမ်းပါးတွင် ဟန်မူယဲ့၏ဓားနည်းစနစ်နှင့် ဓားလမ်းစဉ်ကို သန်းချီနေသောလူများ မြင်တွေ့ခဲ့ရသည်။

သူက ဆေးပညာနဲ့ပတ်သတ်ပြီး သိပ်မသိသော်လည်း အထက်တန်း အသိုင်းအဝိုင်းများကြားတွင် ဟန်မူယဲ့သည် အင်မော်တယ်အဆင့်ဆေးလုံးများကို ဖော်စပ်ခဲ့ကြောင်း သိနေကြသည်။

လုတောက်ခွန်ပြောခဲ့သည့်အတိုင်း အ‌နောက်ဘက်နယ်စပ်ကုန်းမြေ၏ ဓားကျင့်ကြံသူများက ထူစွန်းရှစ်နောက်တစ်ယောက်ဖြစ်လာမည့် ဟန်မူယဲ့ကို စောင့်မျှော်နေကြသည်။

သူက ထူစွန်းရှစ်ကို ကျော်ဖြတ်သွားဖို့ အလားအလာအရှိဆုံးလူဖြစ်သည်။

လုတောက်ခွန်က မျက်လုံးများကို အနည်းငယ်မှေးကျဉ်းလိုက်ပြီး ပြောသည်။

“ငါတို့ရဲ့လမ်းကြောင်းကို ဖျောက်ပစ်ရအောင်”

“အင်မော်တယ်ဟန်ပဲဖြစ်ဖြစ် ငါပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်လုံးကို ချက်ချင်းသေသွားစေချင်တဲ့လူတွေ အ‌နောက်ဘက်နယ်စပ်ကုန်းမြေမှာ ရှိတယ်”

သူ့စကားများကြောင့် အနောက်တွင် ရပ်နေသောလူအိုကြီးက ခေါင်းညိတ်လိုက်သည်။ သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး သင်္ဘောပျံသုံးစင်းက ဝိညာဉ်အလင်းများကို ရုတ်သိမ်းပြီး တိတ်ဆိတ်စွာပျံသန်းသွားသည်။

အ‌နောက်ဘက်နယ်စပ်ကုန်းမြေက ညီညွတ်မှုမရှိပေ။ ဂိုဏ်းကြီးကိုးဂိုဏ်းက တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း အကွက်ဆင်ရန် ချောင်းနေကြသည်။

တောင်ဘက်ကုန်းမြေ၏ အင်အားစုများလည်းရှိသေးသည်။

ယွမ်ထိုက်တာအိုဂိုဏ်းကျဆုံးသွားပြီး ဟန်မူယဲ့သေသွားရန် အလိုရှိနေသောလူများကို ဘယ်သူမှ မသိနိုင်ပေ။

အနည်းဆုံးတော့ ကျင့်ရှန်းဓားဂိုဏ်းသည် ထိုအတွေးများရှိနေသည်။ ထိုကိစ္စကို ဆောင်ရွက်လိုက်ပြီး ကျင့်ရှန်းဓားဂိုဏ်းကို အပြစ်ဖို့ချင်နေသော လူများလည်း ရှိသည်။

အကယ်၍ ဟန်မူယဲ့ကို တိုးတက်လာဖို့အတွက် နှစ်တစ်ရာအချိန်ပေးလိုက်လျှင် နှစ်တစ်ရာနောက်ပိုင်းမှာ တခြားဂိုဏ်းများက အခြေအနေကောင်းတော့မည် မဟုတ်ပေ။

....

မီးတောက်မိစ္ဆာတောင်ကြား။

ထို့ပါ့ချန်က မီးတောက်မိစ္ဆာတောင်ကြားကို ဖျက်ဆီးလိုက်သောအခါတွင် မိစ္ဆာနှင့် မိစ္ဆာသားရဲများသည် နေရာအနှံ့သို့ ပြန့်ကျဲသွားသည်။

သူတို့က အံ့ဖွယ်ကိုးပါးတောင်နှင့် ဝေးဝေမှာနေလျှင် ဆုံးရှုံးမှုကို ကာကွယ်နိုင်လိမ့်မည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက မိစ္ဆာရှင်းလင်းခြင်းတာဝန်ကို ထုတ်ပြန်ထား၏။

ဤဧရိယာသည် ကျင့်ကြံသူများ တာဝန်လက်ခံသောနေရာဖြစ်သည်။

ဟန်မူယဲ့သည် အစိမ်းရောင်ဝတ်စုံကို ဝတ်ထားပြီး နောက်ကျောတွင် ဓားတစ်လက် လွယ်ထားသည်။ လင်းရှန်ကတော့ မီးခိုးရောင် လေ့ကျင့်ရေးဝတ်စုံနှင့် နောက်ကျောတွင် ဓားတစ်လက်ရှိနေသည်။ သူတို့နှစ်ယောက်မှာ မီးတောက်မိစ္ဆာတောင်ကြား နေရာဟောင်းသို့ ရောက်နေကြသည်။

သူတို့ရှေ့တွင် ပြိုကျနေသောတောင်နှစ်လုံးရှိသည်။ တောင်များကြားတွင် မိုင်ဒါဇင်ချီပြီး ရှည်လျားသော ဓားအမှတ်အသားများ ရှိနေပြီး တောင်ကို ပြိုကွဲသွားစေသည်။

ဤနေရာသည် ထို့ပါ့ချန်နှင့် ဟူထိုက်ရှန့်တို့ တိုက်ခိုက်ခဲ့သောနေရာဖြစ်သည်။

လင်းရှန်၏ အစ်ကိုဖြစ်သူ လင်းချုံးရှောင်သေသွားသော နေရာလည်းဖြစ်သည်။

လင်းရှန်က လေးနက်သောမျက်နှာထားဖြင့် ကျောက်တုံးပေါ်တွင် ရပ်နေသည်။

ဆယ်နှစ်ကျော်ကြာသွားသော်လည်း ဤနေရာတွင် ဓားချီများရှိနေဆဲဖြစ်သည်။

တိုက်ပွဲက အလွန်ခမ်းနားခဲ့ကြောင်း မြင်နိုင်သည်။

“မင်းတို့ အဲဒီတောင်နှစ်လုံးကိုမြင်လား။ အဲဒီတောင်တွေကို အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ မြင့်မြတ်တဲ့အကြီးအကဲတစ်ယောက်ဖြစ်တဲ့ ကမ္ဘောမြေအဆင့်ကျင့်ကြံသူ ထို့ပါချန်က ဖြိုချခဲ့တာ”

အနီးပတ်ဝန်းကျင်မှ အသံတစ်သံထွက်လာသည်။

ဟန်မူယဲ့က လှည့်ကြည့်လိုက်သောအခါတွင် တပည့်ခုနစ်ယောက်ရှစ်ယောက်ခန့်ကို ဦးဆောင်လာပြီး ရှင်းပြနေသော ဆံပင်ဖြူနှင့် အဘိုးကြီးကို မြင်လိုက်ရသည်။

အသက် ၁၇၊ ၁၈နှစ်ခန့်ရှိသောတပည့်များက ရှေ့တွင်ရှိသောတောင်နှစ်လုံးကို ထိတ်လန့်စွာကြည့်လိုက်သည်။

ချီစုဆောင်းခြင်း ဒုတိယအဆင့်နှင့် တတိယအဆင့်မှာသာရှိသော အဆင့်နိမ့်ကျင့်ကြံသူများအတွက် ဓားတစ်လက်နှင့် တောင်ကိုဖြိုခွဲနိုင်သော ကြီးကျယ်မြင့်မြတ်သည့်လူတစ်ယောက်ကို တွေးကြည့်ရန် ခက်ခဲလှသည်။

“တောင်အိုရောင်းရင်းတို့က ဒီဓားအိုရဲ့အပျက်အစီးတွေကို လေ့လာဖို့ရောက်လာတာလား”

လူအိုကြီးက ဟန်မူယဲ့နဲ့လင်းရှန်တို့ကိုကြည့်လိုက်သည်။ သူ့မျက်လုံးများက တောက်ပနေပြီး ပြုံးပြသည်။

ဟန်မူယဲ့က ခေါင်းညိတ်သည်။ လင်းရှန်က ကျယ်လောင်စွာပြောသည်။

“ငါ့သခင်လေးက ဒီဓားအမှတ်အသားတွေကိုကြည့်ဖို့ အဝေးကြီးကနေ လာခဲ့တာ”

တောင်ကုန်းမှ ထွက်မလာခင်ကပင် ဟန်မူယဲ့နှင့် လင်းရှန်တို့သည် သူတို့၏နောက်ခံကို ဖုံးကွယ်ထားရန်အတွက် ဆွေးနွေးခဲ့သည်။

ယခုအချိန်မှာ ဟန်မူယဲ့၏အသက်ကို လိုချင်နေသောလူများ အများအပြားရှိနေသည်။

“ဟီးဟီး၊ မင်းတို့ ဓားအမှတ်အသားတွေကိုကြည့်ချင်ရင် ဆယ်မိုင်လောက် ရှေ့ဆက်သွားတာ ပိုကောင်းလိမ့်မယ်။ ဟိုနေရာမှာရှိနေတဲ့ ကျောက်တုံးစင်မြင့်ပေါ်ကနေပဲ ခံစားလို့ရမယ်”

လူအိုကြီးက ပြုံးလိုက်ပြီး ရှေ့ကို လက်ညှိုးညွှန်ပြသည်။

ထို့နောက် သူက နောက်မှာရှိနေသောလူငယ်များကို ကြည့်လိုက်ပြီးပြောသည်။

“မင်းတို့ရဲ့ကျင့်ကြံဆင့်က မလုံလောက်ဘူး။ မင်းတို့တွေ အဲဒီနေရာကိုသွားရင် ဓားချီကြောင့် မင်းတို့ရဲ့နှလုံးသားနဲ့အဆုတ်တွေ ဒဏ်ရာရသွားလိမ့်မယ်”

ဟန်မူယဲ့နဲ့လင်းရှန်က လက်သီးဆုပ်ပြီး ကျေးဇူးတင်လိုက်သည်။ ထို့နောက် ရှေ့သို့ပျံသန်းသွားသည်။

သူတို့နှစ်ယောက်က လေးနက်သော လှုပ်ရှားမှုပညာရပ်များကို အသုံးချမထားသောကြောင့် လူအိုကြီး၏နောက်မှာရှိနေသော လူငယ်တစ်ယောက် တိုးတိုးလေးပြောသည်။

“တတိယအဘိုး၊ သူတို့နှစ်ယောက် ဓားချီကို ရင်ဆိုင်နိုင်လား”

သူတို့နှစ်ယောက်၏ကျင့်ကြံဆင့်ကို မမြင်ရသော်လည်း လှုပ်ရှားမှုများကတော့ သာမန်ပဲဖြစ်သည်။

All Chapters