လက်ဆောင်အတွက် ကျေးဇူးပါ
Vol. 5 Ch. 61
အခန်း (၆၁) လက်ဆောင်အတွက် ကျေးဇူးပါ
https://mmxianxia.com/wp-content/uploads/2023/09/FB_IMG_1695794126790.jpg
ဖုန်းကျွင်းက လက်နက်ကိရိယာ အပြည့်အစုံ တပ်ဆင်ထားသော သူ၏အဖွဲ့နှင့်အတူ နောက်ကျမှ ရောက်လာသည်။ ဟန်ရှောင်းမျက်နှာပေါ်ရှိ သွေးများကို တွေ့သောအခါ သူ၏ ပထမဆုံး တုန့်ပြန်မှုမှာ ဟန်ရှောင်း၏မေးစေ့ကို ဆွဲကြည့်ပြီး ဒဏ်ရာများကို စစ်ဆေးခြင်းဖြစ်သည်။
"မင်းဒဏ်ရာ ရထားသေးလား။"
"မင်းမျက်လုံး ကန်းနေလို့လား။" ဟန်ရှောင်းက ပြန်ပက်ရင်း သူ့မျက်နှာပေါ်ရှိ ကျည်ဆံရှပ်ထိထားသည့်နေရာကို လက်ညှိုးထိုးပြလိုက်သည်။
"တော်သေးတာပေါ့..." ဖုန်းကျွင်းက သက်ပြင်းချလိုက်ရင်း ဟန်ရှောင်းကို တောင်းပန်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ သူတို့က သူ့ကို လုံခြုံအောင်ထားရမည့် တာဝန်ကို ပျက်ကွက်ခဲ့သည် မဟုတ်လား။
"ဒါမင်းရဲ့အမှား မဟုတ်ပါဘူး။" ဟန်ရှောင်းက နှစ်သိမ့်လိုက်သည်။
"ဒီလူက ဂျာမီနယ်အဖွဲ့အစည်းရဲ့ လူသတ်သမား။" သူက ရှင်းပြရင်း နော်စာ၏ အလောင်းကို ညွှန်ပြလိုက်သည်။ "သူက ဘယ်တော့မှ မကျရှုံးဘူးတဲ့ လုပ်ကြံသတ်ဖြတ်သူပဲ။"
"နော်စာကော်နာ"
နော်စာကို နိုင်ငံ၆နိုင်ငံ အတွင်း၌ပင် ကြောက်ရွံ့ကြ၏။ တစ်ခါက၊ ကြယ်နဂါးနိုင်ငံ၏ ရာထူးကြီးတစ်ယောက်ကို နေ့ခင်းကြောင်တောင်၌ပင် လုံခြုံရေးတင်းကြပ်သည့်ကြားက သတ်ဖြတ်ခဲ့သေးသည်။
အလောင်းကို အတည်ပြုစစ်ဆေးပြီးသောအခါ၊ ဖုန်းကျွင်း၏ ထိတ်လန့်မှုသည် အံ့ဩမှုသို့ ပြောင်းလဲသွားတော့သည်။
"နေစမ်းပါဦး၊ သူက မင်းကို လုပ်ကြံဖို့လာတယ်... ဒါပေမယ့် မင်းက သူ့ကို ပြန်သတ်လိုက်တယ်။ မင်းအဲဒီလောက်တောင် သန်မာနေပြီလားး။"
"မင်းကရော အခုမှ သိတာလား။"
ဟန်ရှောင်းက သူ့ကို စူးစူးရှရှကြည့်လိုက်ပြီး ဂိမ်းမျက်နှာပြင်ကိုဖွင့်၍ တောင်းဆိုချက်၏ ဆုလာဘ်ကို စစ်ဆေးလိုက်သည်။
_____________________
ဇာတ်ကောင်ဆင့်ခေါ်ခြင်းကတ် : သင်သည် ဤဇာတ်ကောင်၏ စွမ်းရည်ကို တစ်ကြိမ် အသုံးပြုခွင့်ရှိသည်။
ဇာတ်ကောင် : နော်စာကော်နာ
စွမ်းရည် : ပုံရိပ်ယောင်ပါဝါ (E) - ဉာဏ်ရည်အမှတ် ၅၀ အထက်ရှိသူသာ ဤစွမ်းရည်ကို ခုခံနိုင်သည်။
အသုံးပြုမှု : ၀/၁
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ဇာတ်ကောင်ဆင့်ခေါ်ခြင်းကတ်သည် "Galaxy" တွင် အတော်လေးရှားပါး၏။ အထူးတောင်းဆိုချက်များမှသာ ရရှိနိုင်ပြီး၊ သူတို့၏ လုပ်ဆောင်ချက်မှာ ကစားသမားကို ကတ်ပေါ်တွင် ဖော်ပြထားသည့် NPC ၏ စွမ်းရည်ကို အသုံးပြုခွင့်ပေးထားသည်။ " Galaxy"တွင် လူများက ဒီကတ်ကို ရှာဖွေကြပြီး ပိုက်ဆံဖြင့် ပြန်ရောင်းကြသည်။ သို့သော် ချမ်းသာသော လူများသာ လက်လွတ်စပယ် သုံးပစ်နိုင်ကြသည်။ ဒီကတ်က ဟန်ရှောင်း၏စတိုင် မဟုတ်သော်လည်း၊ တစ်ခုခုရှိနေခြင်းက အမြဲတမ်း ပိုကောင်းသည် မဟုတ်လား။
ကံကောင်းစွာဖြင့်၊ ဟန်ရှောင်းက သူ့အမှတ်များအားလုံးကို ဉာဏ်ရည်အမှတ်သို့ ကြိုတင်၍ ဖြည့်ထားနိုင်ခဲ့သည်။ မဟုတ်ပါက အရာအားလုံးသည် ခြားနားသွားလိမ့်မည်။
'ဂျာမီနယ်အဖွဲ့အစည်း၊ လက်ဆောင်အတွက် ကျေးဇူးပါ။'
_____________________
သင်ဆုလာဘ်ကို ယခု လက်ခံလိုပါသလား။
Y/N
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
‘Yes.’
'အသုံးပြုမည်' ဟူသော ခလုပ်လေးတစ်ခု ဂိမ်းမျက်နှာပြင်တွင် ပေါ်နေပြီး၊ ဟန်ရှောင်း လိုအပ်သည့်အချိန်တွင် ချက်ချင်းအသုံးပြုနိုင်သည်။
တစ်ချိန်တည်းတွင်၊ ဓါးရူးကလည်း အခြေအနေကို နားလည်အောင် ကြိုးစားနေ၏။ သူက 'စစ်ဆေးခြင်း'ကို အသုံးပြုကြည့်သည့်အခါ၊ ဝတ်စုံနက်များဖြင့် ထူးဆန်းသည့် လူများသည် 'ကြယ်နဂါးနိုင်ငံ ဗဟာဗျူဟာ ကာကွယ်ရေးအဖွဲ့ဝင်များ' ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ မနေနိုင်ဘဲ ဟန်ရှောင်းကို အံ့ဩတကြီးဖြင့် ငေးကြည့်နေမိတော့သည်။
"မင်းသူ့ကို သိလား။" ဖုန်းကျွင်းက ဓါးရူးကို ညွှန်ပြရင်း သိလိုစိတ်ဖြင့် မေးလိုက်သည်။
"ခေါက်ထားလိုက်ပါ။"
ဖုန်းကျွင်းပေးသည့် လက်ကိုင်ပုဝါဖြင့် မျက်နှာပေါ်ရှိ သွေးများကို သုတ်နေရင်း ဟန်ရှောင်း မျက်မှောင်ကြုံ့သွားသည်။
"တကယ်လို့ နော်စာက ငါ့ကိုရှာတွေ့တယ်ဆိုရင်၊ ဂျာမီနယ်အဖွဲ့အစည်းကလည်း ငါဘယ်နေရာမှာ ရှိနေတယ်ဆိုတာ သိနေပြီလို့ ဆိုလိုတာပဲ။"
"အဲလို မဟုတ်လောက်ပါဘူး။" ဖုန်းကျွင်းက ပြန်ဖြေသည်။ "ထောက်လှမ်းရေးဌာနက နက်ဝပ်တစ်ခုလုံကို ပိတ်ချထားပြီးပြီ။ မင်းကိုရည်ညွှန်းတဲ့ အရာမှန်သမျှကို မလွှင့်ထုတ်နိုင်အောင် တားထားတယ်။
ဟန်ရှောင်း စိတ်ဓါတ်တက်ကြွသွားသည်။
"မင်းသေချာလား"
ဖုန်းကျွင်းက ခေါင်းညိမ့်လိုက်သည်။
"ဒါပေမယ့်... နော်စာက သေချာပေါက် တစ်ယောက်တည်း အလုပ်လုပ်မှာ မဟုတ်ဘူး။ ဒီသတင်းကို မြို့ထဲမှာရှိတဲ့ ဂျာမီနယ်စပိုင်တစ်ယောက်ယောက်ကို ပေးပြီးလောက်ပြီ။ သတင်းရောက်သွားဖို့က အချိန်တစ်ခုပဲလိုမှာ။
ဟန်ရှောင်းက ရုတ်ချည်းပင် လမ်းကြားထဲမှ ပြေးထွက်သွားသည်။
"ဟေး၊ မင်းဘယ်သွားမလို့လဲ။" ဖုန်းကျွင်းက အမြန်လှမ်းခေါ်လိုက်သည်။ "အစီရင်ခံဖို့ ငါမင်းကို ဌာနချုပ်ကို ပြန်ခေါ်သွားရဦးမယ်။"
"ရှင်းပြဖို့ အချိန်မရှိဘူး။ မြို့ရဲ့ထွက်ပေါက်တွေ အကုန်လုံးပိတ်ဖို့ ခွင့်ပြုချက်တောင်းလိုက်။"
နော်စာသည် မြို့ထဲရှိ စပိုင်များမှတစ်ဆင့် သူ့နေရာကို သိသွားပြီး၊ သူ့ကို လုပ်ကြံရန် တန်းလာခြင်း ဖြစ်နိုင်သည်။ ထိုအတိုင်းသာဆိုလျှင်၊ သိပ်နောက်မကျလောက်သေးပေ။
ဟန်ရှောင်းက စပိုင်နက်ဝပ်၏ ခေါင်းဆောင်က မည်သူမှန်း အတိအကျသိသည်။ သူ့ကို ယခုထိ မတိုက်ခိုက်ရသေးသည့် အကြောင်းအရင်းမှာ ဂျာမီနယ်အဖွဲ့အစည်းက နောက်တစ်ယောက် အလွယ်တကူ အစားထိုးလိုက်နိုင်သောကြောင့် ဖြစ်သည်။ တစ်ဖက်မှကြည့်လျှင်၊ သူ့ကို အသက်ရှင်လျက်ထားခြင်းက အကျိုးရှိနေသည်။
နော်စာ၏ သေဆုံးမှုက ဟန်ရှောင်းမြို့တော်ထဲတွင်ရှိကြောင်း သေချာသွားစေလိမ့်မည်။ သို့သော်ငြားလည်း သူသာ သတင်းအချက်အလက် မထွက်သွားအောင် တားနိုင်ခဲ့လျှင်၊ ဂျာမီနယ်အဖွဲ့အစည်းသည် သူ၏ နေရာအတိအကျကို သိနိုင်တော့မည် မဟုတ်ပေ။
သေချာသည်က ဒါတွေအားလုံးသည် မှန်းဆထားခြင်းသာ ဖြစ်သည်။ စပိုင်က သတင်းပေးရန် မြို့တော်ထဲမှ ထွက်သွားပြီးသည်လည်း ဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် ဒါကတော့ ကြိုးစားကြည့်သင့်သည်။
"လီယာလင်း၊ အခြားသူတွေကို ငါနဲ့ စီရင်စု ၈မှာ လာတွေ့ဖို့ ပြောလိုက်။ ကိုဩဒိနိတ်က... ကားမောင်းလာခဲ့ဖို့ မမေ့ပါနဲ့။"
"နေရာတွေအများကြီးထဲမှာမှ အဲဒီဆင်းရဲသားရပ်ကွက်မှာလား။ ငါက စားသောက်ဆိုင်ကောင်းကာင်းလေး မျှော်လင့်ထားတာ။"
"နောက်နေရမယ့် အချိန်မဟုတ်ဘူး၊ ငါပြောတဲ့အတိုင်း လုပ်လိုက်။"
ဖုန်းချပြီးနောက် ဟန်ရှောင်းက အနီးဆုံးကား၏ ပြတင်းပေါက်ကို ခွဲလိုက်ပြီး ခုန်ဝင်လိုက်သည်။
ကားပိုင်ရှင်မှာ ကားဘေးတွင် ဖုန်းပြောနေပြီး မှန်ကွဲသံကြားသောအခါ ထိတ်လန့်တကြား ဖြစ်သွားသည်။ ချက်ချင်းပင် ယာဉ်မောင်းနေရာသို့ ပြေးလာပြီး ဟန်ရှောင်း၏ ကော်လံကို ဆွဲလိုက်၏။
"မင်း၊ အခု ထွက်လာခဲ့စမ်း။"
နောက်တစ်စက္ကန့်တွင် ပိုင်ရှင်မှာ ကားထဲသို့ ကိုယ်တစ်ပိုင်း ဆွဲသွင်းခံလိုက်ရပြီး ခေါင်းမှာ စတီယာရင်ကို ဖိမိကာ ဟွန်းသံကျယ်လောင်စွာ ထွက်လာတော့သည်။
"အချိန်ကိုက်ပဲ"
ဟန်ရှောင်းက ထိုသနားစရာကားပိုင်ရှင်ဆီမှ ကားသော့ကို ရှာဖွေ၍ ယူလိုက်သည်။ ပိုင်ရှင်ကို အပြင်သို့ ပြန်ပစ်ထုတ်လိုက်ပြီး အရှိန်ပြင်းပြင်းဖြင့် မောင်းထွက်သွားတော့သည်။
ကားပိုင်ရှင်မှာ ကြမ်းပြင်ပေါ်တွင် မူးဝေပြီး ထိုင်နေရင်း ကျယ်လောင်စွာ အော်ပြောလိုက်တော့သည်။ "သေစမ်းကွာ၊ ဘယ်တုန်းကစပြီး ကားသူခိုးတွေက ဒီလောက်ဗြောင်ကျသွားတာလဲ။"
...
လမ်းမတစ်လျှောက်ကို မြွေလိမ်မြွေကောက် ဖြတ်ကျော်လာပြီးသောအခါ၊ သိပ်မကြာခင်မှာပင် ရဲတပ်ဖွဲ့၏ အချက်ပေးဥဩသံများကို ကြားလိုက်ရသည်။
"ရှေ့ကသွားနေတဲ့ကား၊ အခုချက်ချင်း ရပ်လိုက်ပါ။" မော်တော်ဆိုင်ကယ်ပေါ်မှ ရဲအရာရှိက လှမ်းအော်သည်။
ဟန်ရှောင်း၏ ကားပိုင်ရှင်၏ ယာဉ်မောင်းလိုင်စင်ကို ပစ်ပေးလိုက်ပြီး ပြန်အော်လိုက်သည်။ "မင်းတို့ ဖြတ်ချင်သလောက် ဖြတ်လိုက်။"
ရဲအရာရှိသည် စီရင်စု ၈သို့ ရောက်သည်အထိ ဟန်ရှောင်းနောက်သို့ လိုက်လာ၏။ ဟန်ရှောင်းက ကားပေါ်မှ ဆင်းလိုက်ပြီး အလျှင်အမြန် သွားရန်ပြင်နေသည်။ ဇွဲကောင်းသည့် ရဲအရာရှိက ပြေးလာပြီး သူ့လမ်းကို ပိတ်ရပ်လိုက်သည်။
"မင်း၊ အခုရပ်လိုက်စမ်း။"
ဟန်ရှောင်းက စိတ်တိုသွားဟန်ဖြင့် မျက်လုံးကို ပင့်လိုက်သည်။ ဘယ်ကဝင်လာမှန်း မသိသော လက်ဝါးစောင်းခုတ်ချက်က ရဲအရာရှိကို မေ့မျောသွားစေသည်။
လိမ်ရှုပ်နေသော လမ်းကြားများကို ဖြတ်သန်းပြီးနောက် - လမ်းတွင်လည်း လုယက်သူ၃ယောက်ကို ရှင်းထုတ်ခဲ့ပြီး - ဟန်ရှောင်းသည် ပျက်စီးယိုယွင်းနေသော ဘုရားကျောင်းလေးတစ်ခုသို့ ရောက်လာသည်။ လက်ရှိတွင် ထိုဘုရားကျောင်းကို အိမ်ခြေမဲ့များက နေထိုင်ရာအဖြစ် အသုံးပြုနေကြသည်။
ခေတ်ဟောင်း၏ စစ်ပွဲကာလများတွင်၊ ဘာသာရေးက လူအများအတွက် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုအဖြစ် တည်ရှိနေခဲ့သည်။ အချိန်ကာလတစ်ခုကြာအောင် ဤဘုရားကျောင်းက ယုံကြည်သက်ဝင်သူများကို စုစည်းထားနိုင်ခဲ့၏။
သို့သော်လည်း၊ သူတို့ယုံကြည်နေခဲ့ကြသည့် 'ကယ်တင်သူ'မှာ ဘယ်တော့မှ ပေါ်မလာခဲ့ပေ။ ထို့ကြောင့် နောက်ဆုံးတွင်တော့ လူများ၏ ယုံကြည်မှုများ ကွယ်ပျောက်သွားရ၏။
အဆောက်အဦးအတွင်းတွင် အိမ်ရာမဲ့ အနည်းငယ် ရှိနေသော်လည်း ဟန်ရှောင်းရှာဖွေနေသည့်သူကို မတွေ့ရပေ။ သူက အနီးဆုံးတစ်ယောက်ကို ဆွဲခေါ်လိုက်ပြီး မေးလိုက်သည်။ "အရပ်ရှည်ရှည်၊ မုတ်ဆိတ်မွေးတွေနဲ့ လက်မှာ အနီရောင်ဝံပုလွေပုံရှိတဲ့ လူတစ်ယောက်ကို မြင်ဖူးလား။"
အိမ်ရာမဲ့မှာ သွေးများဖုံးလွှမ်းနေသည့် ဟန်ရှောင်းကိုကြည့်ပြီး တုန်လှုပ်နေသည်။
"မင်းပြောတာ လုကောင်းအမ်းလား" သူက ကျိုးနွံစွာ ဖြေလိုက်သည်။ "ကျွန်တော်တို့က သူ့ကို 'လျှာမဲ့'လို့ ခေါ်ကြတယ်၊ သူတစ်ခါမှ စကားပြောတာ မကြားဖူးဘူး။ သူနေ့လည်က တစ်နေရာ သွားတယ်ထင်တယ်။"
နေ့လည်လား
ပုံမှန်မြို့သားများပင် မြို့တွင်းမှ ထွက်ခွါရန် ဂိတ် ၃ခုမှ တစ်ခုကို ဖြတ်သွားရမည်။ ယခု နေ့လည် ၂နာရီသာ ရှိသေး၍၊ ဟန်ရှောင်း သူ့ကိုတားဖို့ အခွင့်အရေး ရှိနိုင်သည်။
ဟန်ရှောင်းက ဌာန၁၃ကို ပိတ်ဆို့သည့်အမိန့်ရရန် ထည့်တွက်မထားပေ။ သူတို့ လုပ်ချင်လျှင်တောင်၊ ဆုံးဖြတ်ချက်ကျရန် အချိန်တစ်ခု ကြာပေဦးမည်။ အဲဒီအချိန်ဆိုလျှင်၊ လုကောင်းအမ်းမှာ မြို့တော်မှ ထွက်သွားလောက်ပြီ ဖြစ်နိုင်သည်။
ဟန်ရှောင်းက မျက်မှောင်ကြုတ်လိုက်သည်။ ထွက်ပေါက်၃ခုထဲက ဘယ်ထွက်ပေါက်မှာ လုကောင်းအမ်း ရှိမလဲ။ အချိန်က အလျှင်အမြန် ကုန်ဆုံးနေ၏။
အခန်း (၆၁) ပြီး၏။
လင်းဆက်
+++++