ကြားဖြတ်တိုက်ခိုက်ခြင်း
Vol. 5 Ch. 62
အခန်း (၆၂) ကြားဖြတ်တိုက်ခိုက်ခြင်း
https://mmxianxia.com/wp-content/uploads/2023/09/FB_IMG_1695794286812.jpg
လုကောင်းအမ်း ထွက်သွားတာ ၂နာရီတောင် မကြာသေးဘူး၊ အဓိပ္ပါယ်က နော်စာရဲ့ သတင်းကို အဲဒီတော့မှ ရတာပဲဖြစ်ရမယ်။
နော်စာက သူ့ကို လုပ်ကြံဖို့ တိုက်ရိုက်လာခဲ့တာဆိုတော့၊ သူက လုကောင်းအမ်းကို သူတို့ရဲ့အဖွဲ့ဆီ သတင်းပို့ဖို့ ခိုင်းလိုက်တာဖြစ်ရမယ်။ လုကောင်းအမ်းက ဟန်ရှောင်း သူ့ကို သိနေမယ်လို့ မမျှော်လင့်ထားဘူး။ ဒါကြောင့် သတင်းကို အမြန်ပို့ဖို့လိုမယ်လို့ တွေးထားမှာ မဟုတ်ပေ။ ဒီအခြေအနေအတိုင်းဆိုရင်၊ သူသုံးမယ့် ထွက်ပေါက်က အနီးဆုံးထွက်ပေါက်ပဲ ဖြစ်လိမ့်မယ် - အနောက်မြောက်ဘက်ထွက်ပေါက်။
သို့သော်လည်း၊ ပိုပြီးဝေးတဲ့ ထွက်ပေါက်တစ်ခုကို သုံးမှာလည်း ဖြစ်နိုင်တယ်။
ဘယ်ဟာ အမှန်ဖြစ်မလဲ မပြောနိုင်ပေ။
"အေး ဟန်ရှောင်း၊ ငါတို့ရောက်ပြီ။ ငါတို့ကို ဘာလို့ ဒီကိုခေါ်တာလဲ။"
လီယာလင်း၊ ကျန်းဝေနှင့် လမ်းဘတ်တို့ ရောက်လာကြသည်။ သူတို့က လီယာလင်း၏ အဝါရောင်ပြိုင်ကားကြောင့် အချိန်မီရောက်လာကြခြင်းဖြစ်သည်။
"အရေးပေါ်မစ်ရှင်။ ဂျာမီနယ်ရဲ့ စပိုင်တစ်ယောက်က အရေးကြီးတဲ့ သတင်းတစ်ခု ရသွားတယ်။ သူက အခုထိ မြို့ထဲက မထွက်လောက်သေးဘူး၊ ဒါပေမယ့် ထွက်ပေါက် ၃ပေါက်ထဲက ၁ပေါက်မှာ ဖြစ်နိုင်တယ်။
လီယာလင်းသည် အခြေအနေ၏ အရေးကြီးမှုကို ကြားလိုက်ရသောအခါ သူမ၏ မျက်နှာမှ အပြုံးများပျောက်ကွယ်သွားသည်။
"မင်းမှာ သူ့ဓါတ်ပုံရှိလား။" သူမက မေးလိုက်သည်။
ဟန်ရှောင်းက အနီးနားရှိ သတင်းစာတစ်စောင်ကို ကောက်ယူပြီး သု့မှတ်ဉာဏ် ဝေဝေဝါးဝါးထဲမှ လုကောင်းအမ်း၏ပုံကြမ်းကို ရေးဆွဲလိုက်သည်။ ထို့နောက် အိမ်ရာမဲ့ကို ဆွဲခေါ်လိုက်ပြီး "ဒါကိုကြည့်၊ လုကောင်းအမ်းနဲ့ တူရဲ့လား။"
"မျက်လုံးက အောက်နည်းနည်း ကျရမယ်... နှာခေါင်းက နည်းနည်းပိုကောက်တယ်... ဆံပင် ပိုပြီးတိုတယ်..."
ထိုလု၏ အကူအညီဖြင့် လုကောင်းအမ်းနှင့် ၇၀-၈၀ ရာခိုင်နှုန်းတူညီသည့် ပုံကြမ်းကို ရရှိသွားသည်။ ထို့နောက် သူ့အဖွဲ့သား ၃ယောက်ကို ပေးလိုက်ပြီး ညွှန်ကြားလိုက်သည်။ "ငါတို့ လူခွဲပြီး သွားရအောင်။ ပြီးတော့ လုံခြုံရေးအရာရှိတွေကို ဒီလူကို ရှာဖို့ ပြောထားလိုက်။ လီယာလင်းနဲ့ ငါက သူ့ကားနဲ့ အနီးဆုံးထွက်ပေါက်ကို သွားမယ်၊ မင်းတို့၂ယောက်ကျ ကျန်တဲ့ ၂ခုကို သွားလိုက်။"
ဟန်ရှောင်းက သူတို့ကို အမိန့်ပေးနေသည့်အတွက် ကျန်းဝေ၏ မျက်နှာမှာ ရှုံမဲ့သွားသည်။ 'ငါက ဒီအဖွဲ့ရဲ့ ခေါင်းဆောင်ရော ဟုတ်သေးရဲ့လား'
သို့ရာတွင်၊ အရေးပေါ်ကိစ္စဖြစ်နေ၍ သူက လျှော်ပေးလိုက်သည်။
သူတို့ စပြီးထွက်သည်နှင့် ဟန်ရှောင်းက လီယာလင်းကား၏ ယာဉ်မောင်းနေရာကို ခုန်ဝင်လိုက်၏။
"ဟေး ဒါငါ့ရဲ့ကား။" လီယာလင်းက ချက်ချင်း ကန့်ကွက်လိုက်သည်။ "ငါမောင်းမယ်။"
"မင်းမောင်းတာ အရမ်းနှေးတယ်။"
"နင်က ထိပ်တန်းအေးဂျင့်တစ်ယောက်ရဲ့ ကားမောင်းစကေးကို မယုံဘူးလား။" လီယာလင်းက ယမ်းပုံမီးကျသွားပြီး သူမ၏ မျက်ခုံးများမှာ ဒေါင်လိုက်ဖြစ်လုနီးပါး တွန့်လိမ်သွားသည်။ ကံမကောင်းစွာဖြင့်၊ ငြင်းခုံနေရန် အချိန်မရှိမှန်း သိသောကြောင့် ခရီးသည်ခုံ၌သာ ဆောင့်ကြီးအောင့်ကြီး ဝင်ထိုင်လိုက်ရသည်။
"ခါးပတ်ပတ်ထားဦး။" ဟန်ရှောင်းက သတိပေးလိုက်သည်။
လီယာလင်းက သူ့ကို မျက်လုံးလှန်ကြည့်ပြီး "နင်နောက်နေတာလား၊ ငါက 'တိုက်ခိုက်သူ'၊ နင်ဘယ်လောက်မြန်မြန်မောင်းမောင်း ငါက အဆင်ပြေတယ်။"
"အဆင်ပြေသလိုသာလုပ်။" ဟန်ရှောင်းက ခပ်တည်တည်ပင် ခေါင်းညိတ်ပြပြီး လီဗာကို နင်းလိုက်တော့သည်။
...
နာရီဝက်ကြာသော်၊ အဝါရောင်ပြိုင်ကားလေးတစ်စီး တောင်ဘက်ဝင်ပေါက်နား၌ ပေါ်လာသည်။ စက်ဝိုင်းအပြည့်နီးပါး လှည့်ပတ်သွားသော ကားသည် ရုတ်တရတ် ရပ်တန့်သွားသည့် အချိန်တွင် လမ်းပေါ်တွင် အနက်ရောင် တာယာအမှတ် လေးခု ကျန်ခဲ့သည်။
"ဝေါ့___"
"ဟေး၊ ဟေး၊ ငါထင်တာ မင်းက 'တိုက်ခိုက်သူ'ဆို"
"နင်... ငါ့ကို စကားမပြောနဲ့ - ဝေါ့____"
လီယာလင်းက ကားတံခါးကိုမှီရင်း မရပ်မနား အန်နေ၏။
"နာရီဝက်အတွင်း၊ ကားအက်စီးဒန့် ၂၇ခု... ဒါမှမဟုတ် ၂၈ခုလား။ ခေါင်းတွေ ချာချာလည်လွန်းလို့ မှတ်တောင် မမှတ်နိုင်တော့ဘူး။"
"နင့်ကို ဘယ်သူ ကားမောင်းသင်ပေးတာလဲ။"
ဟန်ရှောင်းက မျက်ခုံးပင့်လိုက်ပြီး
"ကားမောင်းတာ သင်စရာ လိုလို့လား။"
"မ-မလိုဘူးလား။"
"ပထမဆုံး ယာဉ်မောင်းဆိုရင် သူ့ကို သင်ပေးမယ့်သူ မရှိဘူးလေ၊ မဟုတ်ဘူးလား။"
လီယာလင်းမှာ ဟန်ရှောင်း၏ ပြီးပြည့်စုံလှသော ယုတ္တိဗေဒတွင် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူမ ပြန်ပြောမည် အပြုတွင်၊ အန်ချင်စိတ် ဖြစ်လာပြန်ပြီး သူမခေါင်းကို ဘေးသို့ စောင်းလိုက်ရသည်။
"တကယ်ကြီးလား၊ ငါမောင်းတာ နည်းနည်းမြန်သွားတာပါ၊ ဒါပါပဲ။"
"နည်းနည်းမြန်သွားတယ် ဟုတ်လား။ နင့်ရဲ့ အဘိဓာန်မှာ ဘရိတ်ဆိုတာတောင် ရှိလို့လား။"
"ကောင်းပါပြီ၊ ကောင်းပါပြီ။ အချိန် မဖြုန်းကြရအောင်။"
လီယာလင်းက မတ်တပ်ရပ်ရန် ကြိုးစားလိုက်ရာ၊ ဟန်ချက်ပျက်သွားပြီး သူမ၏ အန်ဖတ်ပုံပေါ်သို့ ပြုတ်ကျတော့မလို ဖြစ်သွားသည်။ ကံကောင်းစွာဖြင့်၊ ဟန်ရှောင်းက အချိန်မီ ထိန်းပေးလိုက်၏။ သူ့ခေါင်းကိုခါရင်း၊ သူမကို ကင်းတဲနားသို့ ဆွဲခေါ်လာသည်။
ကင်းတဲနား ရောက်သောအခါ၊ အစောင့်စစ်သားက လှမ်းအော်လိုက်သည်။ "ရပ်၊ မင်းတို့ရဲ့ ID ပြ။"
ဟန်ရှောင်းက အိတ်ကိုစမ်း၍ ID ကတ်ကို ထုတ်ရန် ပြင်လိုက်သော်လည်း သူယူလာဖို့ မေ့သွားမှန်း သတိရသွားပြီး သူ၏ အမူအရာမှာ တောင့်တင်းသွားသည်။ မမေးမမြန်းနှင့် လီယာလင်း၏ အိတ်ကပ်ထဲကို လှမ်းရှာလိုက်သည်။
အပေါ်အိတ်... မရှိ
အောက်ဘက်အိတ်... မရှိ
"မင်းရဲ့ကတ်ရော" သူက မေးလိုက်သည်။
လီယာလင်းမှာ တည့်တည်းမတွေးနိုင်အောင်ပင် ရီဝေဝေဖြစ်နေသည်။ ဟန်ရှောင်းကတော့ သူမ၏ တစ်ကိုယ်လုံးကို ပွတ်သပ်ရင်း ကတ်ကို ရှာဖွေနေသည်။
'ငါ- ငါအခွင့်အရေး အယူခံလိုက်ရပြီ။"
"အား၊ ငါတွေ့ပြီ။" ဟန်ရှောင်း ပျော်သွား၏။ ရှိုးပွဲကို အငမ်းမရကြည့်နေသည့် အစောင့်ကို ပြလိုက်၏။
"အိုး၊ မင်းတို့က အေးဂျင့်တွေပဲ၊ ဝင်လာခဲ့ပါ။"
ဟန်ရှောင်းက ရှေ့တစ်လှမ်း တိုးလိုက်သော်လည်း၊ လီယာလင်းက သစ်ပင်တစ်ပင်လို ရပ်နေပြီး သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ဘာဖြစ်နေတာလဲ၊ မြန်မြန်လာလေ။"
လီယာလင်းက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီူ သူ့ကိုယ်သူ ထိန်းလိုက်သည်။
"ငါ့ ID ကတ် ပြန်ပေး။" သူမက ခပ်တောင့်တောင့်ကြီး ပြော၏။
"ဘာလို့ဒီလောက် ဇီဇာကြောင်နေတာလဲ။" ဟန်ရှောင်းက စိတ်မရှည်တော့ဘဲ ပြန်ပြောသည်။ သူက လမ်းပြန်လျှောက်လာပြီး ကတ်ကို သူမ၏ ဘောင်းဘီနောက်အိတ်ထဲ ပြန်ထည့်ပေးလိုက်တော့သည်။
လီယာလင်းမျက်လုံးများ ပြူးကျယ်သွား၏။
'ငါ- ငါအခွင့်အရေး နောက်တကြိမ် အယူခံလိုက်ရပြန်ပြီ။"
ဟန်ရှောင်းက ကင်းတဲသို့ အမြန်လျှောက်သွားပြီး စစ်တပ်အရာရှိကို လုကောင်းအမ်း၏ ပုံကြမ်း ပေးလိုက်သည်။
"စနစ်က ရှာဖွေနေတုန်း ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ။"
လီယာလင်းသည် နှုတ်ခမ်းကို ကိုက်လျက်သား ကင်းတဲထဲသို့ ဝင်လာသည်။ ဟန်ရှောင်းက သူမကို ကိုင်တွယ်ခဲ့သော်လည်း ယုတ်မာသည့်စိတ် ပါသည့်ပုံ မပေါ်ပေ။ ထို့ကြောင့် ဟန်ရှောင်းကို ဒေါသထွက်ရလည်း ခက်နေ၏။ သူမက လုံးဝ မကြည်မလင်ဖြစ်နေပြီး သူ့ကိုသာ မျက်စောင်းလှမ်းလှမ်း ထိုးနေတော့သည်။
…
လုကောင်းအမ်းသည် ‘မုန်တိုင်းမျက်လုံး’ ထောက်လှမ်းရေးအဖွဲ့အစည်းအတွက် အလုပ်လုပ်နေသည်။ ထိုအဖွဲ့အစည်းသည် ဂျာမီနယ်အဖွဲ့အစည်း လက်အောက်ရှိ များစွာသော လျှို့ဝှက်အဖွဲ့များထဲမှ တစ်ခုဖြစ်သည်။
မြို့အများစုတွင်၊ ‘မုန်တိုင်းမျက်လုံး’၌ ဂျာမီနယ်အဖွဲ့အစည်းကို သတင်းပြန်ပို့ရန် တာဝန်ယူရသည့် ဆက်သွယ်ရေး ခေါင်းဆောင်တစ်ယောက်ရှိသည်။ ထို့အပြင် သတင်းစုဆောင်းရန်နှင့် ထိုခေါင်းဆောင်ဆီသို့ သတင်းပြန်ပို့ရန် ပုန်းကွယ်နေသော အေးဂျင့်တစ်ချို့လည်း ရှိကြသည်။
လုကောင်းအမ်း၏ အေးဂျင့်တစ်ယောက်က ဇီးရိုးကိုဖော်ပြထားသည်နှင့် တူသော လူတစ်ယောက်ကို စီရင်စု ၇ တွင် မြင်ရကြောင်း သတင်းပို့ခဲ့သည်။ ပထမတွင် ဟန်ရှောင်း၏ တည်နေရာမှာ မသေချာသေးသဖြင့်၊ လုကောင်းအမ်းက ရှာဖွေစုံစမ်းလေသည်။ ထပ်ခါထပ်ခါ ရှာဖွေမှုအပြီးတွင်၊ စီရင်စု ၇ မှ နေရာတစ်နေရာကို ပိတ်ဆို့ထားပြီး ဌာန၁၃မှလည်း အနီးကပ် စောင့်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ ထိုနေရာက ဇီးရိုးပုန်းကွယ်နေသည့် နေရာဖြစ်ဖို့ များသည်။
မြို့ထဲမှ အပြင်သို့ ဆက်သွယ်၍မရသည်ကို တွေ့သောအခါ၊ ဌာန၁၃က သူ့အကြောင်း တစ်နည်းနည်းဖြင့် သတင်းရသွားပြီမှန်း သိသွားသည်။ ထို့ကြောင့်၊ သူက ခြေရာဖျောက်ရန် ဆုံးဖြတ်လိုက်ပြီး ခြေရာခံ၍ မရစေရန် ကွန်ပျူတာကို တစ်စစီဖြုတ်ပစ်ကာ မြို့ထဲမှ ထွက်ခွါရန် ထွက်ပေါက်သို့ ဦးတည်သွားတော့သည်။
အခုအချိန်တွင်၊ လုကောင်းအမ်းသည် မြို့၏ထွက်ပေါက်သို့ ဦးတည်နေသည့် လူအုပ်ကြားထဲတွင် ကိုယ်ယောင်ဖျောက်ထား၏။
‘နော်စာက လုပ်ကြံတာကို ပြီးသွားလောက်ပြီ။’
ရုတ်တရက်၊ သူ့ရှေ့ရှိ သံမဏိတံခါးကြီးမှာ ပိတ်သွား၏။
“ဘာဖြစ်တာလဲ”
“ဘာလို့ ရပ်သွားတာလဲ”
“ထွက်ပေါက်ကို ခဏပိတ်ထားဖို့ အမိန့်ရထားတယ်။” စစ်သားက ကြေညာလိုက်သည်။ လူအုပ်ကြား၌ ဆူဆူညံညံ ဖြစ်သွားသည်။
‘ဘာလို့ ဂိတ်တံခါးကို ပိတ်လိုက်တာလဲ’ လုကောင်းအမ်းက ထိတ်လန့်သွားသည်။ ‘နော်စာ မအောင်မြင်လို့လား’
သူက ပြီးခဲ့သည့် ၂နှစ် ၃နှစ်လုံး အလွန်သတိထား၍ နေထိုင်ခဲ့ရာ၊ သူ့ကို ရှာတွေ့သွားမည်ကို စိတ်မပူပေ။
“အဲဒါ သူပဲ”
နောက်မှ ရုတ်တရက် အော်သံကြောင့် လုကောင်းအမ်း လှည့်ကြည့်လိုက်သည်။ တပ်ဖွဲ့တစ်ဖွဲ့က သူရှိရာသို့ အန္တရာယ်ပြုမည့်ဟန်ဖြင့် ဦးတည်၍ လာနေသည်။
‘မဖြစ်နိုင်ဘူး’
လုကောင်းအမ်းက ချက်ချင်းပင် ဘေးပတ်လည်ကိုကြည့်၍ ပြေးပေါက်ရှာလေသည်။ သို့သော် နောက်ကျသွားပြီဖြစ်၏။ သူကို လူအုပ်က ဝန်းရံထားသည်သာမက၊ အနီးဝန်းကျင်တွင်လည်း စစ်သားများစွာက ရှိနေသည်။ မျှော်လင့်ချက်မရှိတော့သည့်အတွက်၊ သူက မခုခံတော့ဘဲ စစ်သားများက သူ့ကို မြေကြီးပေါ်သို့ မှောက်ချခြင်းကို ခွင့်ပြုလိုက်သည်။
ဟန်ရှောင်းရောက်လာသောအခါ၊ သူစိတ်အေးသွား၏။
“ငါတို့ အချိန်မီသွားတာပဲ”
“နင်တကယ် လုပ်နိုင်ခဲ့ပြီ” လီယာလင်းက အံ့ဩနေသည်။
“မင်းတို့က ငါမှန်း ဘယ်လိုသိတာလဲ” လုကောင်းအမ်းက ဟန်ရှောင်းကို မော့ကြည့်ပြီး မေးလိုက်သည်။
ဟန်ရှောင်းက သူ့ကို ရှင်းရှင်းလေး ပြန်ကြည့်လိုက်သည်။ “Galaxy” တွင် အနောက်ပိုင်းမြို့တော်အတွင်း၌ လုကောင်းအမ်းသည် ဂျာမီနယ်နှင့် မဟာမိတ်ဖွဲ့ထားသော ကစားသမားများအတွက် အဓိက အဆက်အသွယ်ဖြစ်သည်။
လုကောင်းအမ်းက သူ့ကံကြမ္မာကို လက်ခံလိုက်ပြီး၊ သူ့သွားကြားထဲ ဖွက်ထားသည့် အဆိပ်အိတ်ကို ဖောက်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။ သူ့ဘဝတစ်ခုလုံး မြှုပ်နှံထားခဲ့သည့် အဖွဲ့အစည်း၏ သတင်းအချက်အလက်များကို ပေါက်ကြားစေမည့်အစား အသေသာခံလိုက်မည်။
ရုတ်တရက်၊ ဟန်ရှောင်းက သေနတ်ကို ဆွဲထုတ်ပြီး လုကောင်းအမ်း၏ ခေါင်းကို ပစ်ချလိုက်သည်။ သွေးနှင့် ဦးနှောက်များ ပျံ့ကြဲသွားတော့သည်။
_____________________
သင် လုကောင်းအမ်း (အဆင့် ၁၂) ကို သတ်ခဲ့ပါသည်။ အတွေ့အကြုံအမှတ် ၃,၅၀၀ ရရှိပါသည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ဟန်ရှောင်းက သေနတ်ကို မြှောက်လိုက်ပြီး ပြောင်းဝမှ မီးခိုးများကို မှုတ်ထုတ်လိုက်သည်။
‘မင်းသေချင်ရင်လည်း၊ အနည်းဆုံးတော့ ငါ့ကို အတွေ့အကြုံအမှတ်လေး ပေးသွားဦးပေါ့။’
“ဘာလို့ သူ့ကို သတ်လိုက်တာလဲ။”
လီယာလင်းက ဟန်ရှောင်း၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် ကြက်သေသေနေသည်။ ဌာန၁၃က သူ့ဆီကနေ အရေးကြီး သတင်းအချက်အလက်များကို ဆွဲထုတ်နိုင်ပေလိမ့်မည်။
“သူ့ရဲ့ သွားနဲ့ လက်သည်းတွေကြားထဲမှာ အဆိပ်အိတ်ရှိတယ်။ သူ့အဝတ်တွေကြားမှာတောင် အပ်လေးတွေ ဖွက်ထားသေးတယ်။ ငါတို့ သူ့ ကိုယ့်ကိုယ်ကိုယ် သတ်သေမှာကို တားလို့မရဘူး။”
ဟန်ရှောင်းက ခေါင်းကို ယမ်းလိုက်သည်။
ဘာပဲဖြစ်ဖြစ်၊ လုကောင်းအမ်း သေဆုံးခြင်းက ဟန်ရှောင်းအတွက် တကယ်ကို အသေးအဖွဲပင်။ သူလိုအပ်သည့် သတင်းအချက်အလက်များက ပိုင်ဆိုင်ထားပြီးဖြစ်သည်။ သို့ရာတွင်၊ ကိစ္စတွေက နည်းနည်းတော့ အန္တရာယ် များလာ၏။
‘ကြည့်ရတာ နည်းနည်းတော့ အရှိန်တင်မှထင်တယ်’ သူက တွေးမိလိုက်သည်။
အခန်း (၆၂) ပြီး၏။
လင်းဆက်
+++++